Premier League Transfer News

ေနာက္ဆုံးရ မန္ခ်က္စတာယူႏုိက္တက္သတင္းမ်ား စုစည္းမွဳ – ၁၈.၁၀.၂၀၂၀

– နယူးကာဆယ္လ္အသင္းနဲ႔ပြဲမွာ အေကာင္းဆုံးေျခစြမ္းျပခဲ့ၿပီး တစ္ဂိုးသြင္းယူႏုိင္ခဲ့သလို အသင္းေဖာ္ေတြအတြက္ ႏွစ္ဂိုး ဖန္တီးေပးႏုိင္ခဲ့တဲ့ တုိက္စစ္မွဴး မားကပ္စ္ ရက္ရွ္ဖို႔ဒ္ဟာ ကမာၻ႕အေကာင္းဆုံးကစားသမားလို႔ မန္ခ်က္စတာယူႏုိက္တက္ပရိသတ္ေတြ ခ်ီးက်ဴးေနၾက။

– မန္ခ်က္စတာယူႏုိက္တက္အသင္းအေနနဲ႔ ရီးရဲလ္မက္ဒရစ္အသင္းရဲ႕ ဥ႐ုေဂြးကြင္းလယ္လူ ဖက္ဒါရီကို ဗယ္လ္ဗာဒီကို အလိုရွိေနၿပီး ေရာင္းခ်ဖို႔ ရွိေနတဲ့ ေပါလ္ ေပါ့ဘာကို ကမ္းလွမ္းလာခဲ့ရင္ အလိုက္ေပးဖို႔ ေတာင္းဆုိသြားမယ္လုိ႔ စီစဥ္ထား။

– သူ႕ရဲ႕အသင္းေဟာင္း နယူးကာဆယ္လ္ကို အႏုိင္ရခဲ့တဲ့ ယူႏုိက္တက္ရဲ႕ မာတာ၊ ရက္ရွ္ဖို႔ဒ္နဲ႔ ဘ႐ူႏုိ ဖာနန္ဒက္စ္တုိ႔ကို အလန္ ရွီးရားက ခ်ီးက်ဴးသြားခဲ့ၿပီး အသင္းကို အေျပာင္းအလဲလုပ္ရဲခဲ့တဲ့ ဆုိးလ္ရွားကလည္း အသိအမွတ္ျပဳဖို႔ ထုိက္တန္တယ္လို႔ ပရီးမီးယားလိဂ္ ဂႏၴဝင္တုိက္စစ္မွဴးေဟာင္းဆုိ။

– အသင္းအတြက္ အေရးပါတဲ့ ေခ်ပဂိုးကို ေထာင့္ကန္ေဘာကေန ေခါင္းတုိက္သြင္းယူေပးႏုိင္ခဲ့တဲ့ အသင္းေခါင္းေဆာင္ ဟာရီ မက္ဂြဳိင္းယားက ယူႏုိက္တက္အေနနဲ႔ စိုးရိမ္စရာ အေျခအေနကို ေရာက္ေနတယ္လို႔ ေျပာေနၾကတာကို လက္မခံႏုိင္ဘဲ ခုမွ ရာသီအစသာ ရွိေသးတယ္လုိ႔ တုံ႔ျပန္။

– ဘ႐ူႏို ဖာနန္ဒက္စ္ရဲ႕ ပင္နယ္တီကို ကာကြယ္သြားခဲ့တဲ့ နယူးကာဆယ္လ္ဂိုးသမား ကားလ္ ဒါလိုးကို နည္းျပ ဆုိးလ္ရွား ခ်ီးက်ဴးသြားခဲ့ၿပီး သူ႕ရဲ႕ ဂိုးသမား ေဒးဗစ္ ဒေဟးယားကေတာ့ ႏုိင္ပြဲရေအာင္ အေရးပါတဲ့ ကာကြယ္မွဳေတြ လုပ္ႏုိင္ခဲ့တယ္လို႔ အသိအမွတ္ျပဳ ဝန္ခံသြား။

– အသင္းရဲ႕ ဟန္ခ်က္ကို ထိန္းညႇိဖို႔အတြက္ ခံစစ္ကစားသမားေတြကို ထည့္သြင္းခဲ့ရလို႔ ဗန္ဒဘိခ္ကို ပြဲမထုတ္ႏုိင္တာလို႔ ဆုိးလ္ရွားက ရွင္းလင္းသြားခဲ့ၿပီး ကစားသမားအေနနဲ႔ ေနာက္ကို ဒီထက္ ပုိကစားရမယ္လို႔ ဆုိလုိက္သလို ဂရင္းဝုဒ္ကေတာ့ ႀကံ့ခိုင္မွဳ မျပည့္ဝခဲ့ဘူးလို႔ ထုတ္ျပန္။

– ပင္နယ္တီကန္ရာမွာ သူေရြးခ်ယ္ခဲ့တဲ့ ေထာင့္က မမွန္ခဲ့လို႔ ကာကြယ္ခံခဲ့ရတာျဖစ္ၿပီး ေနာက္ပြဲေတြမွာ ပိုေကာင္းေအာင္ ႀကဳိးစားမယ္လို႔ ဘ႐ူႏို ဖာနန္ဒက္စ္ ဆုိလုိက္သလို အသင္းေခါင္းေဆာင္ ဟာရီ မက္ဂြဳိင္းယားရဲ႕ စိတ္ဓာတ္နဲ႔ ေခ်ပဂိုးကိုေတာ့ ခ်ီးက်ဴးသြားခဲ့။

REF: INTERNET SOURCES
PHOTOS CREDIT TO OWNERS
SPORTS A2Z.

UNICODE:

– နယူးကာဆယ်လ်အသင်းနဲ့ပွဲမှာ အကောင်းဆုံးခြေစွမ်းပြခဲ့ပြီး တစ်ဂိုးသွင်းယူနိုင်ခဲ့သလို အသင်းဖော်တွေအတွက် နှစ်ဂိုး ဖန်တီးပေးနိုင်ခဲ့တဲ့ တိုက်စစ်မှူး မားကပ်စ် ရက်ရှ်ဖို့ဒ်ဟာ ကမ္ဘာ့အကောင်းဆုံးကစားသမားလို့ မန်ချက်စတာယူနိုက်တက်ပရိသတ်တွေ ချီးကျူးနေကြ။

– မန်ချက်စတာယူနိုက်တက်အသင်းအနေနဲ့ ရီးရဲလ်မက်ဒရစ်အသင်းရဲ့ ဥရုဂွေးကွင်းလယ်လူ ဖက်ဒါရီကို ဗယ်လ်ဗာဒီကို အလိုရှိနေပြီး ရောင်းချဖို့ ရှိနေတဲ့ ပေါလ် ပေါ့ဘာကို ကမ်းလှမ်းလာခဲ့ရင် အလိုက်ပေးဖို့ တောင်းဆိုသွားမယ်လို့ စီစဉ်ထား။

– သူ့ရဲ့အသင်းဟောင်း နယူးကာဆယ်လ်ကို အနိုင်ရခဲ့တဲ့ ယူနိုက်တက်ရဲ့ မာတာ၊ ရက်ရှ်ဖို့ဒ်နဲ့ ဘရူနို ဖာနန်ဒက်စ်တို့ကို အလန် ရှီးရားက ချီးကျူးသွားခဲ့ပြီး အသင်းကို အပြောင်းအလဲလုပ်ရဲခဲ့တဲ့ ဆိုးလ်ရှားကလည်း အသိအမှတ်ပြုဖို့ ထိုက်တန်တယ်လို့ ပရီးမီးယားလိဂ် ဂန္ထဝင်တိုက်စစ်မှူးဟောင်းဆို။

– အသင်းအတွက် အရေးပါတဲ့ ချေပဂိုးကို ထောင့်ကန်ဘောကနေ ခေါင်းတိုက်သွင်းယူပေးနိုင်ခဲ့တဲ့ အသင်းခေါင်းဆောင် ဟာရီ မက်ဂွိုင်းယားက ယူနိုက်တက်အနေနဲ့ စိုးရိမ်စရာ အခြေအနေကို ရောက်နေတယ်လို့ ပြောနေကြတာကို လက်မခံနိုင်ဘဲ ခုမှ ရာသီအစသာ ရှိသေးတယ်လို့ တုံ့ပြန်။

– ဘရူနို ဖာနန်ဒက်စ်ရဲ့ ပင်နယ်တီကို ကာကွယ်သွားခဲ့တဲ့ နယူးကာဆယ်လ်ဂိုးသမား ကားလ် ဒါလိုးကို နည်းပြ ဆိုးလ်ရှား ချီးကျူးသွားခဲ့ပြီး သူ့ရဲ့ ဂိုးသမား ဒေးဗစ် ဒဟေးယားကတော့ နိုင်ပွဲရအောင် အရေးပါတဲ့ ကာကွယ်မှုတွေ လုပ်နိုင်ခဲ့တယ်လို့ အသိအမှတ်ပြု ဝန်ခံသွား။

– အသင်းရဲ့ ဟန်ချက်ကို ထိန်းညှိဖို့အတွက် ခံစစ်ကစားသမားတွေကို ထည့်သွင်းခဲ့ရလို့ ဗန်ဒဘိခ်ကို ပွဲမထုတ်နိုင်တာလို့ ဆိုးလ်ရှားက ရှင်းလင်းသွားခဲ့ပြီး ကစားသမားအနေနဲ့ နောက်ကို ဒီထက် ပိုကစားရမယ်လို့ ဆိုလိုက်သလို ဂရင်းဝုဒ်ကတော့ ကြံ့ခိုင်မှု မပြည့်ဝခဲ့ဘူးလို့ ထုတ်ပြန်။

– ပင်နယ်တီကန်ရာမှာ သူရွေးချယ်ခဲ့တဲ့ ထောင့်က မမှန်ခဲ့လို့ ကာကွယ်ခံခဲ့ရတာဖြစ်ပြီး နောက်ပွဲတွေမှာ ပိုကောင်းအောင် ကြိုးစားမယ်လို့ ဘရူနို ဖာနန်ဒက်စ် ဆိုလိုက်သလို အသင်းခေါင်းဆောင် ဟာရီ မက်ဂွိုင်းယားရဲ့ စိတ်ဓာတ်နဲ့ ချေပဂိုးကိုတော့ ချီးကျူးသွားခဲ့။

REF: INTERNET SOURCES
PHOTOS CREDIT TO OWNERS
SPORTS A2Z.