Premier League

ေနာက္ဆုံးရ လီဗာပူးလ္သတင္းမ်ား စုစည္းမွဳ – ၁၈.၁၀.၂၀၂၀

– အဲဗာတန္နဲ႔ပြဲမွာ ဂိုးသမား ေဂ်ာ္ဒန္ ပစ္ခ္ဖို႔ဒ္ရဲ႕ ၾကမ္းတမ္းတဲ့ ဖ်က္ထုတ္မွဳနဲ႔ ရင္ဆုိင္ခဲ့ရတဲ့ လီဗာပူးလ္ေနာက္ခံလူ ဗာဂ်ီးလ္ ဗန္ဒိုက္ အေနနဲ႔ စိုးရိမ္စရာ ဒဏ္ရာနဲ႔ ရင္ဆုိင္ေနရၿပီး ဒူးတြင္းအရြတ္စုတ္ျပဲသြားတယ္လို႔ သတင္းေတြ ထြက္ေနသလို မွန္ကန္ခဲ့ရင္ ၇ လကေန ၈ လအထိ ျပန္ေကာင္းဖို႔ အခ်ိန္ယူရႏုိင္။

– ဗန္ဒိုက္ကို ကာလၾကာရွည္ အနားယူရေစမယ့္ ဒဏ္ရာမ်ဳိးနဲ႔ ရင္ဆုိင္ရေအာင္ ဖ်က္ထုတ္ခဲ့တဲ့ ဂိုးသမား ပစ္ခ္ဖို႔ဒ္အေနနဲ႔ ျဖစ္ရပ္ကို လူကၽြံေဘာ သတ္မွတ္ေပးခဲ့လုိ႔သာ အနီကတ္ အျပမခံခဲ့ရတာျဖစ္ၿပီး သူ႕အေနနဲ႔ လီဗာပူးလ္အသင္းေခါင္းေဆာင္ ဟန္ဒါဆန္ကေနတစ္ဆင့္ ေတာင္းပန္သြားခဲ့။

– ပြဲခ်ိန္ မိနစ္ ၉၀ မွာ သီယာဂို အယ္လ္ကန္တာရာကို ၾကမ္းၾကမ္းတမ္းတမ္း ဖ်က္ထုတ္လုိ႔ အနီကတ္ ျပခံခဲ့ရတဲ့ ရစ္ခ်ာလစ္ဆန္ရဲ႕ ေတာင္းပန္စကားကို မထုတ္ျပန္ခင္ တြစ္တာမွာ အနီကတ္ျဖစ္သင့္ရဲ႕လားလို႔ စဥ္းစားေနတဲ့ အီမိုဂ်ီကို တင္ခဲ့တာေၾကာင့္ သူ႕ရဲ႕ စကားကို လီဗာပူးလ္ပရိသတ္ေတြ သံသယဝင္ေနၾက။

– လိဒ္စ္ယူႏိုက္တက္အသင္းမွာ ေျခစြမ္းျပေနခဲ့တဲ့ အဂၤလန္လက္ေရြးစင္ကြင္းလယ္လူ ကယ္လ္ဗင္ ဖိလစ္ကို ေခၚယူဖို႔ လီဗာပူးလ္နဲ႔ စပါးစ္တုိ႔ အၿပဳိင္ျဖစ္ေနၾကၿပီး ေယာ့ရွဳိင္းယားကလပ္ဘက္က ေပါင္သန္း ၅၀ သတ္မွတ္ထား။

– အဲဗာတန္နဲ႔ပြဲမွာ ေနာက္ဆုံးမိနစ္အႏုိင္ဂိုးကို လူကၽြံတယ္လို႔ သတ္မွတ္ပ်ယ္ဖ်က္ခဲ့တဲ့ VAR ဆုံးျဖတ္ခ်က္ဟာ ဆာဒီယို မာေနးရဲ႕ ဘယ္အစိတ္အပုိင္းက လူကၽြံတာလဲဆုိတာ ရွင္းရွင္းလင္းလင္း ထုတ္ျပန္ေပးဖို႔ လီဗာပူးလ္အသင္းေတာင္းဆိုထား။

– ေဘာလုံးကစားနည္းအတြက္ ပြဲတြင္းဆုံးျဖတ္ခ်က္ေတြ မွန္ကန္ျပည့္စုံေစခ်င္လုိ႔ ခြင့္ျပဳထားခဲ့တဲ့ VAR ဟာ ပြဲေတြကို ဖ်က္ဆီးေနၿပီျဖစ္ၿပီး စိတ္လွဳပ္ရွားစရာ၊ ရင္ခုန္စရာ အေရးပါတဲ့ အခိုက္အတန္႔ေတြ ေပ်ာက္ဆုံးေနခဲ့ၿပီလို႔ ကြင္းလယ္လူေဟာင္း ဒန္နီ မာဖီ ေဝဖန္။

REF: INTERNET SOURCES
PHOTOS CREDIT TO OWNERS
SPORTS A2Z.

UNICODE:

– အဲဗာတန်နဲ့ပွဲမှာ ဂိုးသမား ဂျော်ဒန် ပစ်ခ်ဖို့ဒ်ရဲ့ ကြမ်းတမ်းတဲ့ ဖျက်ထုတ်မှုနဲ့ ရင်ဆိုင်ခဲ့ရတဲ့ လီဗာပူးလ်နောက်ခံလူ ဗာဂျီးလ် ဗန်ဒိုက် အနေနဲ့ စိုးရိမ်စရာ ဒဏ်ရာနဲ့ ရင်ဆိုင်နေရပြီး ဒူးတွင်းအရွတ်စုတ်ပြဲသွားတယ်လို့ သတင်းတွေ ထွက်နေသလို မှန်ကန်ခဲ့ရင် ၇ လကနေ ၈ လအထိ ပြန်ကောင်းဖို့ အချိန်ယူရနိုင်။

– ဗန်ဒိုက်ကို ကာလကြာရှည် အနားယူရစေမယ့် ဒဏ်ရာမျိုးနဲ့ ရင်ဆိုင်ရအောင် ဖျက်ထုတ်ခဲ့တဲ့ ဂိုးသမား ပစ်ခ်ဖို့ဒ်အနေနဲ့ ဖြစ်ရပ်ကို လူကျွံဘော သတ်မှတ်ပေးခဲ့လို့သာ အနီကတ် အပြမခံခဲ့ရတာဖြစ်ပြီး သူ့အနေနဲ့ လီဗာပူးလ်အသင်းခေါင်းဆောင် ဟန်ဒါဆန်ကနေတစ်ဆင့် တောင်းပန်သွားခဲ့။

– ပွဲချိန် မိနစ် ၉၀ မှာ သီယာဂို အယ်လ်ကန်တာရာကို ကြမ်းကြမ်းတမ်းတမ်း ဖျက်ထုတ်လို့ အနီကတ် ပြခံခဲ့ရတဲ့ ရစ်ချာလစ်ဆန်ရဲ့ တောင်းပန်စကားကို မထုတ်ပြန်ခင် တွစ်တာမှာ အနီကတ်ဖြစ်သင့်ရဲ့လားလို့ စဉ်းစားနေတဲ့ အီမိုဂျီကို တင်ခဲ့တာကြောင့် သူ့ရဲ့ စကားကို လီဗာပူးလ်ပရိသတ်တွေ သံသယဝင်နေကြ။

– လိဒ်စ်ယူနိုက်တက်အသင်းမှာ ခြေစွမ်းပြနေခဲ့တဲ့ အင်္ဂလန်လက်ရွေးစင်ကွင်းလယ်လူ ကယ်လ်ဗင် ဖိလစ်ကို ခေါ်ယူဖို့ လီဗာပူးလ်နဲ့ စပါးစ်တို့ အပြိုင်ဖြစ်နေကြပြီး ယော့ရှိုင်းယားကလပ်ဘက်က ပေါင်သန်း ၅၀ သတ်မှတ်ထား။

– အဲဗာတန်နဲ့ပွဲမှာ နောက်ဆုံးမိနစ်အနိုင်ဂိုးကို လူကျွံတယ်လို့ သတ်မှတ်ပျယ်ဖျက်ခဲ့တဲ့ VAR ဆုံးဖြတ်ချက်ဟာ ဆာဒီယို မာနေးရဲ့ ဘယ်အစိတ်အပိုင်းက လူကျွံတာလဲဆိုတာ ရှင်းရှင်းလင်းလင်း ထုတ်ပြန်ပေးဖို့ လီဗာပူးလ်အသင်းတောင်းဆိုထား။

– ဘောလုံးကစားနည်းအတွက် ပွဲတွင်းဆုံးဖြတ်ချက်တွေ မှန်ကန်ပြည့်စုံစေချင်လို့ ခွင့်ပြုထားခဲ့တဲ့ VAR ဟာ ပွဲတွေကို ဖျက်ဆီးနေပြီဖြစ်ပြီး စိတ်လှုပ်ရှားစရာ၊ ရင်ခုန်စရာ အရေးပါတဲ့ အခိုက်အတန့်တွေ ပျောက်ဆုံးနေခဲ့ပြီလို့ ကွင်းလယ်လူဟောင်း ဒန်နီ မာဖီ ဝေဖန်။

REF: INTERNET SOURCES
PHOTOS CREDIT TO OWNERS
SPORTS A2Z.