Premier League
တစ်နေ့တာ ကရိုဏ်း။
UNICODE: ၁၈.၁၀.၂၀၂၀၊ ၁၃၈၂ ခုနှစ်၊ သီတင်းကျွတ်လဆန်း ၂ ရက်၊ တနင်္ဂနွေနေ့၊ ပြဿဒါး၊ သမားဖြူ၊ နဂါးပေါ်၊ မဟာရက်ကြမ်း။
တစ်နေ့တာ တိထီနှင့် ယုဂ်။
ညနေ ၁၈:၂၇ အထိ တိထီ ၂ လုံး။ ကျော်လျှင် ၃ လုံး။ အထူးယုဂ်ကောင်း (သို့) ယုဂ်ဆိုးမရှိ။
တစ်နေ့တာ နက္ခတ်နှင့် ယုဂ်။
နံနက် ၉:၅၀ အထိ သွာတိနက္ခတ်။ တစ်နေ့လုံးနှင့် နောက်တစ်နေ့နံနက် ၇:၀၇ အထိ ဝိသာခါနက္ခတ်။ ကျော်လျှင် အနုရာဓနက္ခတ်။ ညနေ ၁၈:၁၁ အထိ ပီတိယုဂ်၊ နှစ်သက်ခြင်း၊ ဆွဲဆောင်မှုရှိခြင်း၊ ပျော်ရွှင်ခြင်း၊ ပေါ့ပေါ့ပါးပါးအလုပ်များ၊ အပန်းဖြေခြင်းများစသည်တို့ လုပ်ဆောင်ရန်ကောင်း။ ကျော်လျှင် အယုသ္မာန်ယုဂ်၊ အသက်ရှည်ခြင်း၊ ကျန်းမာခြင်း၊ ကျန်းမာရေးနှင့် ပတ်သက်သည့် ကိစ္စများ၊ ဆေးဝါးမှီဝဲခြင်း၊ ဆေးရုံဆေးခန်း တက်ရောက်၍ ခွဲစိတ်ခြင်း၊ ကုသမှု ခံယူခြင်းများ လုပ်ဆောင်ရန်ကောင်း။
တစ်နေ့တာ ကရိုဏ်း။
နံနက် ၈:၁၅ အထိ ဗလဝကရိုဏ်း၊ ဂုဏ်သရေပြည့်စုံ၊ လေ့လာသင်ကြား၊ ဂါရဝပြုမှုများနှင့် အခမ်းအနားများ လုပ်ဆောင်ရန်ကောင်း။ ညနေ ၁၈:၂၇ အထိ ကောလဝကရိုဏ်း၊ ပေါင်းသင်းဆက်ဆံ၊ အသိုင်းအဝိုင်းချဲ့ထွင်၊ မင်္ဂလာကိစ္စများ လုပ်ဆောင်ရန်ကောင်း။ နံနက် ၄:၄၃ အထိ တေတုလကရိုဏ်း၊ စကားကောင်း ပြောဆိုခြင်း၊ ရာထူးတိုးတက်ခြင်း၊ တည်ဆောက်ခြင်းများ လုပ်ဆောင်ရန်ကောင်း။ ကျော်လျှင် ကရဇကရိုဏ်း၊ စိုက်ပျိုးခြင်း၊ လုပ်ငန်းအတွင်း ငွေကြေးစိုက်ထည့်ခြင်း၊ တာဝန်ယူတာဝန်ခံခြင်းများ လုပ်ဆောင်ရန်ကောင်း။
တစ်နေ့တာ ကံကောင်းရာအရပ်နှင့် ဆောင်ရန် အရောင်။
ညနေ ၁၈:၂၇ အထိ မြောက်နှင့် အနောက်၊ အဝါရောင်။ ကျော်လျှင် အရှေ့မြောက်နှင့် မြောက်၊ မိုးပြာရောင်။
ဉာဏ်နှင့်ယှဉ်၍ အောင်မြင် မင်္ဂလာရှိကြစေ။
ထူးဧဝ (သင်၏ မင်္ဂလာရှိသော အတိုင်ပင်ခံ)