Premier League

ေနာက္ဆုံးရ အာဆင္နယ္သတင္းမ်ား စုစည္းမွဳ – ၁၈.၁၀.၂၀၂၀

– အာဆင္နယ္အသင္းရဲ႕ အသင္းေခါင္းေဆာင္ေဟာင္း တုိနီ အက္ဒမ္စ္က မန္ခ်က္စတာစီးတီးကို ရွဳံးနိမ့္ခဲ့တဲ့ပြဲမွာ ေနာက္ခံလူ ဘယ္လာရင္ရဲ႕ ခံစစ္ကစားပုံက ေလ်ာ့ရဲလြန္းသလို ဂိုးသမား လီႏိုကလည္း ေဘာလုံးကို အႏၲရာယ္ရွိတဲ့ ေနရာမ်ဳိးကို ပုတ္ထုတ္တတ္တာ အက်င့္ျဖစ္ေနၿပီလို႔ ေဝဖန္။

– ၿပီးခဲ့တဲ့ အစ္တီဟတ္က ပရီးမီးယားလိဂ္ အေဝးကြင္းရွဳံးပြဲမွာ အာဆင္နယ္အသင္းဟာ တုိက္စစ္ကို အင္တိုက္အားတုိက္ ကစားခ်င္စိတ္မ်ဳိး မေတြ႕ရဘူးလို႔ စကိုင္းစပုိ႔စ္တင္ဆက္သူ ဂယ္ရီ နဗီးလ္ သုံးသပ္သြားခဲ့။

– လူငယ္ကြင္းလယ္လူ ဂ်ိမ္းစ္ အုိလာယင္ကာကို အေျပာင္းအေရႊ႕ေနာက္ဆုံးရက္မွာ ဒုတိယတန္းကလပ္ ေဆာက္သန္းဒ္အသင္းဆီ သုံးလအငွားခ်ထားဖို႔ အာဆင္နယ္အသင္း ဆုံးျဖတ္ခဲ့ၿပီး ဇန္နဝါရီမွာ ထပ္မံဆုံးျဖတ္ႏုိင္။

– ၿပီးခဲ့တဲ့ ညက ကစားခဲ့တဲ့ အာဆင္နယ္အသင္းေရာ မန္ခ်က္စတာစီးတီးအသင္းပါ ေကာင္းေကာင္းေလ့က်င့္ထားတဲ့ အသင္းေတြ ျဖစ္ၿပီး ႏွစ္သင္းေတြ႕ဆုံခ်ိန္မွာ ကြာျခားသြားတာကေတာ့ မန္စီးတီးက ရသမွ် အခြင့္အေရးကို အဆုံးသတ္ေကာင္းခ်ိန္မွာ အာဆင္နယ္ကေတာ့ အခြင့္အေရးေတြကို လႊင့္ပစ္ခဲ့တာလုိ႔ မီကာ ရစ္ခ်တ္ယွဥ္ျပ။

– မန္ခ်က္စတာစီးတီးနဲ႔ပြဲမွာ ေသာမတ္စ္ ပါေတးကို ပြဲမထြက္ခိုင္းခဲ့တာဟာ အသင္းသစ္၊ အသင္းေဖာ္သစ္၊ ပတ္ဝန္းက်င္သစ္ေတြနဲ႔ အသားက်ဖို႔ အခ်ိန္ေပးခဲ့တာျဖစ္ၿပီး တကယ္တမ္း ပါဝင္ကစားရာမွာလည္း သူဟာ ပြဲစိမ္းေနျခင္းမ်ဳိး မရွိခဲ့ဘူးလို႔ အာတီတာေျပာၾကား။

– အာဆင္နယ္နဲ႔ပြဲမွာ မန္ခ်က္စတာစီးတီးေနာက္ခံလူ ေဝၚလ္ကာရဲ႕ ေခါင္းအျမင့္ကို ေျခေထာက္ေျမႇာက္ဝင္ခဲ့တာကို VAR နဲ႔ ပင္နယ္တီ သတ္မွတ္ေပးခဲ့သင့္တယ္လုိ႔ စကိုင္းစပုိ႔စ္ရဲ႕ ဂယ္ရီ နဗီးလ္နဲ႔ မီကာ ရစ္ခ်တ္တုိ႔ သုံးသပ္။

– အက္စတန္ဗီလာအသင္းကို တန္းဆင္းဇုန္႐ုန္းဖို႔ ေရာက္လာတာမဟုတ္ဘဲ အသင္းသစ္နဲ႔အတူ ဥေရာပပြဲေတြ ကစားခြင့္ကို ရွာေဖြသြားဖို႔ ရည္ရြယ္ခ်က္နဲ႔ ေျပာင္းေရႊ႕လာခဲ့တာလို႔ အာဆင္နယ္ပရိသတ္ေတြ လြမ္းဆြတ္ဆဲျဖစ္တဲ့ ဂိုးသမား အီမီ မာတီနက္ဇ္ဆုိ။

REF: INTERNET SOURCES
PHOTOS CREDIT TO OWNERS
SPORTS A2Z.

UNICODE:

– အာဆင်နယ်အသင်းရဲ့ အသင်းခေါင်းဆောင်ဟောင်း တိုနီ အက်ဒမ်စ်က မန်ချက်စတာစီးတီးကို ရှုံးနိမ့်ခဲ့တဲ့ပွဲမှာ နောက်ခံလူ ဘယ်လာရင်ရဲ့ ခံစစ်ကစားပုံက လျော့ရဲလွန်းသလို ဂိုးသမား လီနိုကလည်း ဘောလုံးကို အန္တရာယ်ရှိတဲ့ နေရာမျိုးကို ပုတ်ထုတ်တတ်တာ အကျင့်ဖြစ်နေပြီလို့ ဝေဖန်။

– ပြီးခဲ့တဲ့ အစ်တီဟတ်က ပရီးမီးယားလိဂ် အဝေးကွင်းရှုံးပွဲမှာ အာဆင်နယ်အသင်းဟာ တိုက်စစ်ကို အင်တိုက်အားတိုက် ကစားချင်စိတ်မျိုး မတွေ့ရဘူးလို့ စကိုင်းစပို့စ်တင်ဆက်သူ ဂယ်ရီ နဗီးလ် သုံးသပ်သွားခဲ့။

– လူငယ်ကွင်းလယ်လူ ဂျိမ်းစ် အိုလာယင်ကာကို အပြောင်းအရွှေ့နောက်ဆုံးရက်မှာ ဒုတိယတန်းကလပ် ဆောက်သန်းဒ်အသင်းဆီ သုံးလအငှားချထားဖို့ အာဆင်နယ်အသင်း ဆုံးဖြတ်ခဲ့ပြီး ဇန်နဝါရီမှာ ထပ်မံဆုံးဖြတ်နိုင်။

– ပြီးခဲ့တဲ့ ညက ကစားခဲ့တဲ့ အာဆင်နယ်အသင်းရော မန်ချက်စတာစီးတီးအသင်းပါ ကောင်းကောင်းလေ့ကျင့်ထားတဲ့ အသင်းတွေ ဖြစ်ပြီး နှစ်သင်းတွေ့ဆုံချိန်မှာ ကွာခြားသွားတာကတော့ မန်စီးတီးက ရသမျှ အခွင့်အရေးကို အဆုံးသတ်ကောင်းချိန်မှာ အာဆင်နယ်ကတော့ အခွင့်အရေးတွေကို လွှင့်ပစ်ခဲ့တာလို့ မီကာ ရစ်ချတ်ယှဉ်ပြ။

– မန်ချက်စတာစီးတီးနဲ့ပွဲမှာ သောမတ်စ် ပါတေးကို ပွဲမထွက်ခိုင်းခဲ့တာဟာ အသင်းသစ်၊ အသင်းဖော်သစ်၊ ပတ်ဝန်းကျင်သစ်တွေနဲ့ အသားကျဖို့ အချိန်ပေးခဲ့တာဖြစ်ပြီး တကယ်တမ်း ပါဝင်ကစားရာမှာလည်း သူဟာ ပွဲစိမ်းနေခြင်းမျိုး မရှိခဲ့ဘူးလို့ အာတီတာပြောကြား။

– အာဆင်နယ်နဲ့ပွဲမှာ မန်ချက်စတာစီးတီးနောက်ခံလူ ဝေါ်လ်ကာရဲ့ ခေါင်းအမြင့်ကို ခြေထောက်မြှောက်ဝင်ခဲ့တာကို VAR နဲ့ ပင်နယ်တီ သတ်မှတ်ပေးခဲ့သင့်တယ်လို့ စကိုင်းစပို့စ်ရဲ့ ဂယ်ရီ နဗီးလ်နဲ့ မီကာ ရစ်ချတ်တို့ သုံးသပ်။

– အက်စတန်ဗီလာအသင်းကို တန်းဆင်းဇုန်ရုန်းဖို့ ရောက်လာတာမဟုတ်ဘဲ အသင်းသစ်နဲ့အတူ ဥရောပပွဲတွေ ကစားခွင့်ကို ရှာဖွေသွားဖို့ ရည်ရွယ်ချက်နဲ့ ပြောင်းရွှေ့လာခဲ့တာလို့ အာဆင်နယ်ပရိသတ်တွေ လွမ်းဆွတ်ဆဲဖြစ်တဲ့ ဂိုးသမား အီမီ မာတီနက်ဇ်ဆို။

REF: INTERNET SOURCES
PHOTOS CREDIT TO OWNERS
SPORTS A2Z.