Match Report Premier League

အႏုိင္အရွဳံး မေပၚခဲ့ဘဲ အျငင္းပြားစရာေတြနဲ႔ ဂုဏ္သိကၡာကုိ မွ်ေဝခဲ့တဲ့ မာေဆးဆုိက္ဒ္ဒါဘီ

ဒီေန႔ပြဲမွာ လီဗာပူးလ္ဘက္က ဂိုးသမား အယ္လစ္ဆန္ကလြဲလုိ႔ လူစုံထုတ္ကစားလာခဲ့သလို အိမ္ရွင္ အဲဗာတန္ကလည္း သူတုိ႔ရဲ႕ အေကာင္းဆုံးလူစာရင္းကို ခင္းက်င္းခဲ့ၿပီး ေျခစြမ္းျပေနတဲ့ အတြဲအဖက္ေတြကိုပဲ ထုတ္သုံးလာခဲ့ေပမယ့္ Intensity ပုိင္းမွာေတာ့ လက္ရွိခ်န္ပီယံေတြကို မယွဥ္ႏုိင္ခဲ့တာကို ေတြ႕ခဲ့ရပါတယ္။

လီဗာပူးလ္ကေတာ့ ပြဲစတယ္ဆုိရင္ပဲ အျမန္ဆုံး တုိက္စစ္ကို ေဖာ္ေဆာင္သြားခဲ့ၿပီး လ်င္လ်င္ျမန္ျမန္ပဲ ခ်ိတ္ဆက္ခဲ့သလို ညာေတာင္ပံက ဆာလားက ဘယ္ျခမ္းက ေရာဘတ္ဆန္ဆီ ပို႔ေပးရာမွာ ေမာတတ္ရဲ႕လားလို႔ ေမးခြန္းထုတ္ရမလိုျဖစ္ေနတဲ့ စေကာ့တလန္သားက ထိုးေဖာက္ၿပီး ခ်ဳိးေပးတာကို မာေနးက ပြဲခ်ိန္ ၂ မိနစ္မွာ အနီးကပ္ကန္သြင္းၿပီး ဦးေဆာင္ႏုိင္ခဲ့တာပါ။

အဲဗာတန္ကေတာ့ သူတုိ႔ရဲ႕ ကြင္းလယ္ကစားသမား သုံးဦးျဖစ္တဲ့ အယ္လန္၊ ဒူကူေရးနဲ႔ အန္ဒရီ ဂိုမက္ဇ္တုိ႔ကို ခင္းက်င္းရာမွာ အနည္းငယ္ ျပႆနာရွိေနခဲ့ၿပီး Class B အဆင့္က ႐ုန္းမထြက္ႏုိင္ေသးဘူးလုိ႔ပဲ ေဝဖန္ရမွာျဖစ္သလို လီဗာပူးလ္ရဲ႕ လ်င္ျမန္တဲ့ ကစားပုံကို တုံ႔ျပန္ႏုိင္ဖို႔ ႐ုန္းကန္ေနခဲ့ရပါတယ္။ ပြဲခ်ိန္ ၁၁ မိနစ္မွာေတာ့ လူကၽြံေဘာကေန ပစ္ခ္ဖို႔ဒ္နဲ႔ ထိခိုက္မိခဲ့တဲ့ ဗန္ဒိုက္ ဒဏ္ရာမသက္သာတာေၾကာင့္ ေစာေစာစီးစီးပဲ လူစားလဲခဲ့ရပါတယ္။

ပြဲခ်ိန္ ၁၉ မိနစ္မွာေတာ့ တန္ျပန္တုိက္စစ္ကေန ထိုးေဖာက္လာတဲ့ ကဲလ္ဗတ္-လူဝင္ရဲ႕ ကန္ခ်က္ကေန ရရွိခဲ့တဲ့ ေထာင့္ကန္ေဘာကို ဟားမက္စ္ ႐ိုဒရီးရက္ဇ္ကန္တင္ေပးတာကေန ေနာက္ခံလူ မုိက္ကယ္ ကီးန္က ေခါင္းတုိက္ၿပီး ေခ်ပႏုိင္ခဲ့ပါတယ္။ ဒီေထာင့္ကန္ေဘာ ေပးရမွဳနဲ႔ ဒီဂိုးမွာ အက္ဒရီယန္ရဲ႕ ကာကြယ္ပုံေတြကေတာ့ ေျပာစရာလည္းျဖစ္ေနခဲ့ပါတယ္။

စီးရီးေအကြင္းလယ္လူ အယ္လန္ကေတာ့ ပရီးမီးယားလိဂ္မွာ အသားက်ဖို႔ လိုအပ္ေနဆဲျဖစ္ၿပီး လီဗာပူးလ္တုိ႔အေနနဲ႔ သူ႕ကို ဖိအားေပးရာမွာ ေဘာလုံးေတြ ဆုံးရွဳံးခဲ့သလို အန္ဆယ္ေလာ့တီရဲ႕ ဟာကြက္ေတြကို ကေလာ့ပ္ရဲ႕လူေတြ အဆုံးမသတ္ႏုိင္ခဲ့တာေၾကာင့္သာ ပထမပုိင္းမွာ တစ္ဂိုးစီ သေရက်ေနခဲ့တာျဖစ္ၿပီး ပြဲက ဧည့္သည္ေတြရဲ႕ ပြဲပဲ ျဖစ္ေနခဲ့ပါတယ္။

ဒုတိယပုိင္းမွာေတာ့ အိမ္ရွင္ေတြ ဟားမက္စ္ရဲ႕ ေျခစြမ္းျပမွဳနဲ႔ ပုိမုိထိုးေဖာက္လာႏုိင္ခဲ့ၿပီး ကဲလ္ဗတ္-လူဝင္ရဲ႕ အနီးကပ္ ပိတ္သြင္းခ်က္ အဆုံးသတ္ပုံ အားနည္းခဲ့လို႔ ဧည့္သည္ေတြ သက္သာခဲ့ရသလို Second Ball ေတြ ေကာင္းတဲ့ လီဗာပူးလ္ကြင္းလယ္လူေတြေၾကာင့္လည္း အဲဗာတန္ေနာက္တန္းက အႀကိမ္ႀကိမ္ ကန္ခြင့္ေပးေနခဲ့ရပါတယ္။

ပြဲခ်ိန္ ၇၂ မိနစ္မွာေတာ့ ဟန္ဒါဆန္ရဲ႕ ျဖတ္တင္ေဘာကို ယယ္ရီ မီနာ တားဆီးရာက ျပန္က်လာတာကို ဆာလားက အျမန္ဆုံးလွမ္းကန္ၿပီး ဦးေဆာင္ဂိုး ထပ္သြင္းခဲ့ပါတယ္။ BT Sport ရဲ႕ ေၾကျငာသူကေတာ့ ဒါကို Instinctive Finish လို႔ ခ်ီးက်ဴးသြားခဲ့ၿပီး အေသြးထဲ အသားထဲက အဆုံးသတ္ဖို႔ ဗီဇပါလာတဲ့ ဆာလားရဲ႕ ကန္ခ်က္ကေတာ့ သပ္ရပ္လြန္းေနခဲ့ပါတယ္။

ဒီေနာက္ပုိင္းမွာေတာ့ ဆီဂါ့ဒ္ဆန္နဲ႔ အီဝိုဘီတုိ႔ကိုထည့္ၿပီး အဲဗာတန္တုိ႔ တုိက္စစ္ျမႇင့္ၿပီး ခံစစ္ကို အသားမေပးေတာ့တာေၾကာင့္ လီဗာပူးလ္တုိ႔ ပိုထိုးေဖာက္ႏိုင္ခဲ့သလို ဂိုးသမား ပစ္ခ္ဖုိ႔ဒ္ကေတာ့ ေတာ္ေတာ္ေလး ကာကြယ္ခဲ့ရတာပါ။ ပြဲခ်ိန္ ၈၁ မိနစ္မွာေတာ့ ဘယ္ျခမ္းကေန ဒီညီရဲ႕ ျဖတ္တင္ေဘာကို ကဲလ္ဗတ္-လူဝင္က သူ႕ရဲ႕ Jumping Power နဲ႔ လီဗာပူးလ္ေနာက္ခံလူႏွစ္ဦးၾကားထဲက ေခါင္းတုိက္ေခ်ပသြားႏုိင္ခဲ့ပါတယ္။

ပြဲခ်ိန္ ၈၉ မိနစ္မွာေတာ့ သီယာဂိုကို ဖ်က္ထုတ္တာၾကမ္းတဲ့ ရစ္ခ်ာလစ္ဆန္ ထုတ္ပယ္ခံခဲ့ရၿပီး နာက်င္အခ်ိန္ပုိအျဖစ္ ၇ မိနစ္အထိ ကစားခဲ့ရသလို မာေနးရဲ႕ဂိုး လူကၽြံေနလို႔ အဲဗာတန္တုိ႔ ရွဳံးပြဲမရွိစံခ်ိန္ကို ဆက္ထိန္းသိမ္းႏုိင္ခဲ့တာျဖစ္ေပမယ့္ သူတုိ႔ကို လ်င္ျမန္တဲ့ တုိက္စစ္ေတြက ဘယ္လိုမ်ဳိး တစ္စစီ ဆုတ္ျဖဲႏုိင္သလဲဆုိတာကိုေတာ့ တျခားအသင္းေတြက သိရွိသြားၿပီလို႔လည္း ဆုိႏုိင္မွာျဖစ္ပါတယ္။

ဒီေန႔ပြဲရလဒ္ေၾကာင့္ အဲဗာတန္တုိ႔ ပထမေနရာကို ဆက္လက္ထိန္းသိမ္းထားႏိုင္ဆဲျဖစ္ၿပီး လီဗာပူးလ္အသင္းကေတာ့ တျခားအသင္းေတြ ပြဲမကစားခင္အထိ ဒုတိယေနရာမွာ ရပ္တည္ႏုိင္ခဲ့သလို ပရီးမီးယားလိဂ္ရဲ႕ ၿပဳိင္ဆုိင္မွဳကေတာ့ ဒီရာသီမွာ ပုိမုိျပင္းထန္မယ့္ အမွတ္ေပးဇယားရဲ႕ ရပ္တည္မွဳကိုလည္း ေတြ႕ျမင္ထားရပါေၾကာင္း ေဖာ္ျပလုိက္ရပါတယ္။

REF: DAILY MAIL
PHOTOS CREDIT TO OWNERS
SPORTS A2Z.

UNICODE: ဒီနေ့ပွဲမှာ လီဗာပူးလ်ဘက်က ဂိုးသမား အယ်လစ်ဆန်ကလွဲလို့ လူစုံထုတ်ကစားလာခဲ့သလို အိမ်ရှင် အဲဗာတန်ကလည်း သူတို့ရဲ့ အကောင်းဆုံးလူစာရင်းကို ခင်းကျင်းခဲ့ပြီး ခြေစွမ်းပြနေတဲ့ အတွဲအဖက်တွေကိုပဲ ထုတ်သုံးလာခဲ့ပေမယ့် Intensity ပိုင်းမှာတော့ လက်ရှိချန်ပီယံတွေကို မယှဉ်နိုင်ခဲ့တာကို တွေ့ခဲ့ရပါတယ်။

လီဗာပူးလ်ကတော့ ပွဲစတယ်ဆိုရင်ပဲ အမြန်ဆုံး တိုက်စစ်ကို ဖော်ဆောင်သွားခဲ့ပြီး လျင်လျင်မြန်မြန်ပဲ ချိတ်ဆက်ခဲ့သလို ညာတောင်ပံက ဆာလားက ဘယ်ခြမ်းက ရောဘတ်ဆန်ဆီ ပို့ပေးရာမှာ မောတတ်ရဲ့လားလို့ မေးခွန်းထုတ်ရမလိုဖြစ်နေတဲ့ စကော့တလန်သားက ထိုးဖောက်ပြီး ချိုးပေးတာကို မာနေးက ပွဲချိန် ၂ မိနစ်မှာ အနီးကပ်ကန်သွင်းပြီး ဦးဆောင်နိုင်ခဲ့တာပါ။

အဲဗာတန်ကတော့ သူတို့ရဲ့ ကွင်းလယ်ကစားသမား သုံးဦးဖြစ်တဲ့ အယ်လန်၊ ဒူကူရေးနဲ့ အန်ဒရီ ဂိုမက်ဇ်တို့ကို ခင်းကျင်းရာမှာ အနည်းငယ် ပြဿနာရှိနေခဲ့ပြီး Class B အဆင့်က ရုန်းမထွက်နိုင်သေးဘူးလို့ပဲ ဝေဖန်ရမှာဖြစ်သလို လီဗာပူးလ်ရဲ့ လျင်မြန်တဲ့ ကစားပုံကို တုံ့ပြန်နိုင်ဖို့ ရုန်းကန်နေခဲ့ရပါတယ်။ ပွဲချိန် ၁၁ မိနစ်မှာတော့ လူကျွံဘောကနေ ပစ်ခ်ဖို့ဒ်နဲ့ ထိခိုက်မိခဲ့တဲ့ ဗန်ဒိုက် ဒဏ်ရာမသက်သာတာကြောင့် စောစောစီးစီးပဲ လူစားလဲခဲ့ရပါတယ်။

ပွဲချိန် ၁၉ မိနစ်မှာတော့ တန်ပြန်တိုက်စစ်ကနေ ထိုးဖောက်လာတဲ့ ကဲလ်ဗတ်-လူဝင်ရဲ့ ကန်ချက်ကနေ ရရှိခဲ့တဲ့ ထောင့်ကန်ဘောကို ဟားမက်စ် ရိုဒရီးရက်ဇ်ကန်တင်ပေးတာကနေ နောက်ခံလူ မိုက်ကယ် ကီးန်က ခေါင်းတိုက်ပြီး ချေပနိုင်ခဲ့ပါတယ်။ ဒီထောင့်ကန်ဘော ပေးရမှုနဲ့ ဒီဂိုးမှာ အက်ဒရီယန်ရဲ့ ကာကွယ်ပုံတွေကတော့ ပြောစရာလည်းဖြစ်နေခဲ့ပါတယ်။

စီးရီးအေကွင်းလယ်လူ အယ်လန်ကတော့ ပရီးမီးယားလိဂ်မှာ အသားကျဖို့ လိုအပ်နေဆဲဖြစ်ပြီး လီဗာပူးလ်တို့အနေနဲ့ သူ့ကို ဖိအားပေးရာမှာ ဘောလုံးတွေ ဆုံးရှုံးခဲ့သလို အန်ဆယ်လော့တီရဲ့ ဟာကွက်တွေကို ကလော့ပ်ရဲ့လူတွေ အဆုံးမသတ်နိုင်ခဲ့တာကြောင့်သာ ပထမပိုင်းမှာ တစ်ဂိုးစီ သရေကျနေခဲ့တာဖြစ်ပြီး ပွဲက ဧည့်သည်တွေရဲ့ ပွဲပဲ ဖြစ်နေခဲ့ပါတယ်။

ဒုတိယပိုင်းမှာတော့ အိမ်ရှင်တွေ ဟားမက်စ်ရဲ့ ခြေစွမ်းပြမှုနဲ့ ပိုမိုထိုးဖောက်လာနိုင်ခဲ့ပြီး ကဲလ်ဗတ်-လူဝင်ရဲ့ အနီးကပ် ပိတ်သွင်းချက် အဆုံးသတ်ပုံ အားနည်းခဲ့လို့ ဧည့်သည်တွေ သက်သာခဲ့ရသလို Second Ball တွေ ကောင်းတဲ့ လီဗာပူးလ်ကွင်းလယ်လူတွေကြောင့်လည်း အဲဗာတန်နောက်တန်းက အကြိမ်ကြိမ် ကန်ခွင့်ပေးနေခဲ့ရပါတယ်။

ပွဲချိန် ၇၂ မိနစ်မှာတော့ ဟန်ဒါဆန်ရဲ့ ဖြတ်တင်ဘောကို ယယ်ရီ မီနာ တားဆီးရာက ပြန်ကျလာတာကို ဆာလားက အမြန်ဆုံးလှမ်းကန်ပြီး ဦးဆောင်ဂိုး ထပ်သွင်းခဲ့ပါတယ်။ BT Sport ရဲ့ ကြေငြာသူကတော့ ဒါကို Instinctive Finish လို့ ချီးကျူးသွားခဲ့ပြီး အသွေးထဲ အသားထဲက အဆုံးသတ်ဖို့ ဗီဇပါလာတဲ့ ဆာလားရဲ့ ကန်ချက်ကတော့ သပ်ရပ်လွန်းနေခဲ့ပါတယ်။

ဒီနောက်ပိုင်းမှာတော့ ဆီဂါ့ဒ်ဆန်နဲ့ အီဝိုဘီတို့ကိုထည့်ပြီး အဲဗာတန်တို့ တိုက်စစ်မြှင့်ပြီး ခံစစ်ကို အသားမပေးတော့တာကြောင့် လီဗာပူးလ်တို့ ပိုထိုးဖောက်နိုင်ခဲ့သလို ဂိုးသမား ပစ်ခ်ဖို့ဒ်ကတော့ တော်တော်လေး ကာကွယ်ခဲ့ရတာပါ။ ပွဲချိန် ၈၁ မိနစ်မှာတော့ ဘယ်ခြမ်းကနေ ဒီညီရဲ့ ဖြတ်တင်ဘောကို ကဲလ်ဗတ်-လူဝင်က သူ့ရဲ့ Jumping Power နဲ့ လီဗာပူးလ်နောက်ခံလူနှစ်ဦးကြားထဲက ခေါင်းတိုက်ချေပသွားနိုင်ခဲ့ပါတယ်။

ပွဲချိန် ၈၉ မိနစ်မှာတော့ သီယာဂိုကို ဖျက်ထုတ်တာကြမ်းတဲ့ ရစ်ချာလစ်ဆန် ထုတ်ပယ်ခံခဲ့ရပြီး နာကျင်အချိန်ပိုအဖြစ် ၇ မိနစ်အထိ ကစားခဲ့ရသလို မာနေးရဲ့ဂိုး လူကျွံနေလို့ အဲဗာတန်တို့ ရှုံးပွဲမရှိစံချိန်ကို ဆက်ထိန်းသိမ်းနိုင်ခဲ့တာဖြစ်ပေမယ့် သူတို့ကို လျင်မြန်တဲ့ တိုက်စစ်တွေက ဘယ်လိုမျိုး တစ်စစီ ဆုတ်ဖြဲနိုင်သလဲဆိုတာကိုတော့ တခြားအသင်းတွေက သိရှိသွားပြီလို့လည်း ဆိုနိုင်မှာဖြစ်ပါတယ်။

ဒီနေ့ပွဲရလဒ်ကြောင့် အဲဗာတန်တို့ ပထမနေရာကို ဆက်လက်ထိန်းသိမ်းထားနိုင်ဆဲဖြစ်ပြီး လီဗာပူးလ်အသင်းကတော့ တခြားအသင်းတွေ ပွဲမကစားခင်အထိ ဒုတိယနေရာမှာ ရပ်တည်နိုင်ခဲ့သလို ပရီးမီးယားလိဂ်ရဲ့ ပြိုင်ဆိုင်မှုကတော့ ဒီရာသီမှာ ပိုမိုပြင်းထန်မယ့် အမှတ်ပေးဇယားရဲ့ ရပ်တည်မှုကိုလည်း တွေ့မြင်ထားရပါကြောင်း ဖော်ပြလိုက်ရပါတယ်။

REF: DAILY MAIL
PHOTOS CREDIT TO OWNERS
SPORTS A2Z.