Premier League

ေနာက္ဆုံးရ အာဆင္နယ္သတင္းမ်ား စုစည္းမွဳ – ၁၇.၁၀.၂၀၂၀

– ေစာင့္ၾကည့္သူေတြ၊ ၿပဳိင္ဘက္ပရိသတ္ေတြအေနနဲ႔ အစဥ္တစိုက္ ေျပာင္းလဲတုိးတက္ေအာင္ ေဆာင္ရြက္ေနတဲ့ မီခယ္လ္ အာတီတာရဲ႕ အာဆင္နယ္အသင္းကို ေလွာင္ရယ္ႏုိင္ခဲ့ျခင္းမရွိတာ အခ်ိန္အေတာ္ၾကာခဲ့ၿပီလို႔ မီကာ ရစ္ခ်တ္ သုံးသပ္။

– ေသာမတ္စ္ ပါေတးအတြက္ဆုိရင္ အရာအားလုံးက အျမန္ဆုံးျဖစ္ပ်က္ေနခဲ့လို႔ သူ႕ကို မထင္မွတ္ဘဲ ျဗဳန္းစားႀကီး ေခၚယူခဲ့သလိုမ်ဳိးပဲ မန္ခ်က္စတာစီးတီးနဲ႔ပြဲမွာ အလ်င္အျမန္ ထည့္သြင္းကစားတာမ်ဳိးလည္းျဖစ္ႏုိင္တယ္လုိ႔ အာတီတာ အရိပ္အျမြက္ဆုိ။

– အာတီတာဟာ အာဆင္နယ္အသင္းကို ပုိမိုၿပီး တုိက္ရည္ခိုက္ရည္ရွိတဲ့ အသင္းမ်ဳိးျဖစ္ေအာင္ ေျပာင္းလဲေနတာျဖစ္တယ္လုိ႔ မန္စီးတီး အသင္းမွာ လက္တြဲခဲ့ဖူးတဲ့ ေတာင္ပံကစားသမား ရာဟင္းမ္ စတာလင္က ေထာက္ခံခ်ီးက်ဴး။

– သူ႕ရဲ႕ အတုယူခဲ့ရတဲ့ စံျပကစားသမားဟာ ခ်ဲလ္ဆီးအသင္းရဲ႕ ဂါနာလက္ေရြးစင္ေဟာင္း မုိက္ကယ္ အက္ဆီယန္ျဖစ္တယ္လုိ႔ အင္တာဗ်ဴး ေမးျမန္းမွဳမွာ အာဆင္နယ္ကြင္းလယ္လူ ေသာမတ္စ္ ပါေတး ေျဖၾကား။

– ကိုဗစ္နက္ဂတစ္ရလဒ္ထြက္ေပၚထားခဲ့တဲ့ ေနာက္ခံလူ ကီရန္ တီယာနီအတြက္ ခြဲျခားေစာင့္ၾကည့္ဖို႔ စည္းကမ္းသတ္မွတ္ခ်က္ေတြကို စေကာ့တလန္ဘက္က ေလွ်ာ့ခ်ေပးဖြယ္ရွိေနၿပီး မန္စီးတီးနဲ႔ပြဲအမီ ခြင့္ျပဳခ်က္ရႏုိင္ဖို႔ အာဆင္နယ္တာဝန္ရွိသူေတြ ေစာင့္ဆုိင္းေနၾက။

– လူငယ္ေနာက္ခံလူ ဝီလီယမ္ ဆာလီဘာအတြက္ အာဆင္နယ္အသင္းရဲ႕ ကိုင္တြယ္ပုံကို နည္းျပေဟာင္း ကလို႔ဒ္ ပူယဲလ္က ေက်နပ္မွဳ မရွိဘဲ သူတို႔အေနနဲ႔ အရွည္ကို ေမွ်ာ္ေတြးၿပီး ကစားသမားရဲ႕ ဖြံ႕ၿဖဳိးတိုးတက္မွဳအတြက္ ေနရာေပးသင့္တယ္လုိ႔ ေဝဖန္။

– မန္စီးတီးအသင္းရဲ႕ ဒဏ္ရာ/ႀကံ့ခုိင္မွဳမျပည့္တဲ့ ကစားသမားေတြ ျဖစ္ၾကတဲ့ ဂ်ာအုိ ကန္ဆယ္လို၊ အစ္လ္ေက ဂြန္ဒိုးဝမ္နဲ႔ ဆာဂ်ီယို အေဂြ႐ိုတုိ႔ကုိ အာဆင္နယ္နဲ႔ပြဲမွာ ေခၚေဆာင္လာဖို႔နဲ႔ အသုံးျပဳဖို႔ ဂြါဒီယိုလာ စဥ္းစားရဖြယ္ရွိၿပီး ကန္ဆယ္လို ပြဲထြက္ဖို႔မ်ားေန။

REF: INTERNET SOURCES
PHOTOS CREDIT TO OWNERS
SPORTS A2Z.

UNICODE:

– စောင့်ကြည့်သူတွေ၊ ပြိုင်ဘက်ပရိသတ်တွေအနေနဲ့ အစဉ်တစိုက် ပြောင်းလဲတိုးတက်အောင် ဆောင်ရွက်နေတဲ့ မီခယ်လ် အာတီတာရဲ့ အာဆင်နယ်အသင်းကို လှောင်ရယ်နိုင်ခဲ့ခြင်းမရှိတာ အချိန်အတော်ကြာခဲ့ပြီလို့ မီကာ ရစ်ချတ် သုံးသပ်။

– သောမတ်စ် ပါတေးအတွက်ဆိုရင် အရာအားလုံးက အမြန်ဆုံးဖြစ်ပျက်နေခဲ့လို့ သူ့ကို မထင်မှတ်ဘဲ ဗြုန်းစားကြီး ခေါ်ယူခဲ့သလိုမျိုးပဲ မန်ချက်စတာစီးတီးနဲ့ပွဲမှာ အလျင်အမြန် ထည့်သွင်းကစားတာမျိုးလည်းဖြစ်နိုင်တယ်လို့ အာတီတာ အရိပ်အမြွက်ဆို။

– အာတီတာဟာ အာဆင်နယ်အသင်းကို ပိုမိုပြီး တိုက်ရည်ခိုက်ရည်ရှိတဲ့ အသင်းမျိုးဖြစ်အောင် ပြောင်းလဲနေတာဖြစ်တယ်လို့ မန်စီးတီး အသင်းမှာ လက်တွဲခဲ့ဖူးတဲ့ တောင်ပံကစားသမား ရာဟင်းမ် စတာလင်က ထောက်ခံချီးကျူး။

– သူ့ရဲ့ အတုယူခဲ့ရတဲ့ စံပြကစားသမားဟာ ချဲလ်ဆီးအသင်းရဲ့ ဂါနာလက်ရွေးစင်ဟောင်း မိုက်ကယ် အက်ဆီယန်ဖြစ်တယ်လို့ အင်တာဗျူး မေးမြန်းမှုမှာ အာဆင်နယ်ကွင်းလယ်လူ သောမတ်စ် ပါတေး ဖြေကြား။

– ကိုဗစ်နက်ဂတစ်ရလဒ်ထွက်ပေါ်ထားခဲ့တဲ့ နောက်ခံလူ ကီရန် တီယာနီအတွက် ခွဲခြားစောင့်ကြည့်ဖို့ စည်းကမ်းသတ်မှတ်ချက်တွေကို စကော့တလန်ဘက်က လျှော့ချပေးဖွယ်ရှိနေပြီး မန်စီးတီးနဲ့ပွဲအမီ ခွင့်ပြုချက်ရနိုင်ဖို့ အာဆင်နယ်တာဝန်ရှိသူတွေ စောင့်ဆိုင်းနေကြ။

– လူငယ်နောက်ခံလူ ဝီလီယမ် ဆာလီဘာအတွက် အာဆင်နယ်အသင်းရဲ့ ကိုင်တွယ်ပုံကို နည်းပြဟောင်း ကလို့ဒ် ပူယဲလ်က ကျေနပ်မှု မရှိဘဲ သူတို့အနေနဲ့ အရှည်ကို မျှော်တွေးပြီး ကစားသမားရဲ့ ဖွံ့ဖြိုးတိုးတက်မှုအတွက် နေရာပေးသင့်တယ်လို့ ဝေဖန်။

– မန်စီးတီးအသင်းရဲ့ ဒဏ်ရာ/ကြံ့ခိုင်မှုမပြည့်တဲ့ ကစားသမားတွေ ဖြစ်ကြတဲ့ ဂျာအို ကန်ဆယ်လို၊ အစ်လ်ကေ ဂွန်ဒိုးဝမ်နဲ့ ဆာဂျီယို အဂွေရိုတို့ကို အာဆင်နယ်နဲ့ပွဲမှာ ခေါ်ဆောင်လာဖို့နဲ့ အသုံးပြုဖို့ ဂွါဒီယိုလာ စဉ်းစားရဖွယ်ရှိပြီး ကန်ဆယ်လို ပွဲထွက်ဖို့များနေ။

REF: INTERNET SOURCES
PHOTOS CREDIT TO OWNERS
SPORTS A2Z.