Premier League

မန္ခ်က္စတာစီးတီးရဲ႕ ေနာက္ဆုံးရ ညပုိင္းသတင္းမ်ား စုစည္းမွဳ

– အာဆင္နယ္နဲ႔ ပရီးမီးယားလိဂ္ပြဲစဥ္အတြက္ တုိက္စစ္မွဴး ဆာဂ်ီယို အေဂြ႐ို ျပန္လည္ပါဝင္လာႏုိင္ၿပီး လက္ရွိေလ့က်င့္လုပ္ေဆာင္မွဳေတြအရ အရန္ခုံကေန ပြဲေန႔လူစာရင္းမွာ ပါဝင္ႏုိင္ဖို႔ အလားအလာေကာင္းေန။

– ဘယ္လ္ဂ်ီယမ္နဲ႔ အဂၤလန္တုိ႔ရဲ႕ ပြဲစဥ္မွာ ၾကြက္သားဒဏ္ရာ ရရွိသြားခဲ့တဲ့ ကြင္းလယ္လူ ကီဗင္ ဒီဘ႐ိုင္းနားအေနနဲ႔ အာဆင္နယ္နဲ႔ပြဲကို လြဲေခ်ာ္မွာျဖစ္ၿပီး ဘယ္ေလာက္အနားယူရမယ္ဆုိတာကို အတိအက် မသိရေသး။

– မန္ခ်က္စတာစီးတီးအသင္းမွာ ကစားရတာ အိပ္မက္လိုပဲျဖစ္ၿပီး သူ႕ရဲ႕ဖခင္နဲ႔အတူ တစ္ခ်ိန္တုန္းက တီဗီကေနပဲ အားေပးခဲ့ရတဲ့ အသင္းမွာ ကိုယ္တုိင္ ေရာက္ရွိကစားေနရတာကို ဝမ္းသာေၾကာင္းနဲ႔ အသင္းေဖာ္ ခိုင္လ္ ေဝၚလ္ကာကလည္း ႏွစ္လိုဖြယ္ေကာင္းတဲ့ လူရႊင္ေတာ္တစ္ေယာက္ျဖစ္ေၾကာင္း ဂိုးသမား ဇက္ခ္ စတက္ဖန္ေျပာၾကား။

– အသင္းရဲ႕ ဦးစားေပးကြင္းလယ္လူ ကီဗင္ ဒီဘ႐ိုင္းနား မပါဝင္ႏုိင္တဲ့ ကြက္လပ္ကို အဂၤလန္ကြင္းလယ္လူ ဖီးလ္ ဖိုဒန္အေနနဲ႔ ဝင္ေရာက္ အစားထိုးေပးႏုိင္လိမ့္မယ္လို႔ မန္ခ်က္စတာစီးတီးပရိသတ္ေတြ ေမွ်ာ္လင့္ေနၾက။

– မန္ခ်က္စတာစီးတီးအကယ္ဒမီထြက္လူငယ္ ဂ်ဳိယယ္လ္ လာတီဘုိဒီေယးကို ဆြမ္းဆီးအသင္းအေနနဲ႔ သူတုိ႔ရဲ႕ စပါးစ္ကို ေရာင္းခ်လိုက္တဲ့ ဂ်ဳိး႐ိုဒြန္ရဲ႕ အစားထိုးမွဳအျဖစ္ အၿပီးသတ္ေခၚယူခဲ့ၿပီး သုံးႏွစ္စာခ်ဳပ္ ခ်ဳပ္ဆိုသြား။

– မန္ခ်က္စတာစီးတီးအသင္းမွာ ကိုးႏွစ္ၾကာကစားေပးခဲ့ၿပီး အသင္းနဲ႔ ပရီးမီးယားလိဂ္ဖလားႏွစ္လုံးကို ဆြတ္ခူးႏုိင္ခဲ့တဲ့ အာဂ်င္တီးနားေနာက္ခံလူ ပါဘလို ဇာဘလီတာအေနနဲ႔ ၁၈ ႏွစ္ၾကာ ပေရာ္ဖက္ရွင္နယ္ကစားသမားဘဝကေန အနားယူသြားခဲ့။

– ဒဏ္ရာေၾကာင့္ လာမယ့္ပြဲစဥ္ကို ပါဝင္မလာႏုိင္ေတာ့ဘဲ လြဲေခ်ာ္မွာျဖစ္တဲ့ ကြင္းလယ္လူ ဒီဘ႐ိုင္းနားဟာ သူတုိ႔ရဲ႕ ကစားသမား ေသာမတ္စ္ ပါေတးကို ေၾကာက္လုိ႔ မကစားတာလားလုိ႔ အာဆင္နယ္ပရိသတ္ေတြ ေလွာင္ေျပာင္ေနၾက။

REF: INTERNET SOURCES
PHOTOS CREDIT TO OWNERS
SPORTS A2Z.

UNICODE:

– အာဆင်နယ်နဲ့ ပရီးမီးယားလိဂ်ပွဲစဉ်အတွက် တိုက်စစ်မှူး ဆာဂျီယို အဂွေရို ပြန်လည်ပါဝင်လာနိုင်ပြီး လက်ရှိလေ့ကျင့်လုပ်ဆောင်မှုတွေအရ အရန်ခုံကနေ ပွဲနေ့လူစာရင်းမှာ ပါဝင်နိုင်ဖို့ အလားအလာကောင်းနေ။

– ဘယ်လ်ဂျီယမ်နဲ့ အင်္ဂလန်တို့ရဲ့ ပွဲစဉ်မှာ ကြွက်သားဒဏ်ရာ ရရှိသွားခဲ့တဲ့ ကွင်းလယ်လူ ကီဗင် ဒီဘရိုင်းနားအနေနဲ့ အာဆင်နယ်နဲ့ပွဲကို လွဲချော်မှာဖြစ်ပြီး ဘယ်လောက်အနားယူရမယ်ဆိုတာကို အတိအကျ မသိရသေး။

– မန်ချက်စတာစီးတီးအသင်းမှာ ကစားရတာ အိပ်မက်လိုပဲဖြစ်ပြီး သူ့ရဲ့ဖခင်နဲ့အတူ တစ်ချိန်တုန်းက တီဗီကနေပဲ အားပေးခဲ့ရတဲ့ အသင်းမှာ ကိုယ်တိုင် ရောက်ရှိကစားနေရတာကို ဝမ်းသာကြောင်းနဲ့ အသင်းဖော် ခိုင်လ် ဝေါ်လ်ကာကလည်း နှစ်လိုဖွယ်ကောင်းတဲ့ လူရွှင်တော်တစ်ယောက်ဖြစ်ကြောင်း ဂိုးသမား ဇက်ခ် စတက်ဖန်ပြောကြား။

– အသင်းရဲ့ ဦးစားပေးကွင်းလယ်လူ ကီဗင် ဒီဘရိုင်းနား မပါဝင်နိုင်တဲ့ ကွက်လပ်ကို အင်္ဂလန်ကွင်းလယ်လူ ဖီးလ် ဖိုဒန်အနေနဲ့ ဝင်ရောက် အစားထိုးပေးနိုင်လိမ့်မယ်လို့ မန်ချက်စတာစီးတီးပရိသတ်တွေ မျှော်လင့်နေကြ။

– မန်ချက်စတာစီးတီးအကယ်ဒမီထွက်လူငယ် ဂျိုယယ်လ် လာတီဘိုဒီယေးကို ဆွမ်းဆီးအသင်းအနေနဲ့ သူတို့ရဲ့ စပါးစ်ကို ရောင်းချလိုက်တဲ့ ဂျိုးရိုဒွန်ရဲ့ အစားထိုးမှုအဖြစ် အပြီးသတ်ခေါ်ယူခဲ့ပြီး သုံးနှစ်စာချုပ် ချုပ်ဆိုသွား။

– မန်ချက်စတာစီးတီးအသင်းမှာ ကိုးနှစ်ကြာကစားပေးခဲ့ပြီး အသင်းနဲ့ ပရီးမီးယားလိဂ်ဖလားနှစ်လုံးကို ဆွတ်ခူးနိုင်ခဲ့တဲ့ အာဂျင်တီးနားနောက်ခံလူ ပါဘလို ဇာဘလီတာအနေနဲ့ ၁၈ နှစ်ကြာ ပရော်ဖက်ရှင်နယ်ကစားသမားဘဝကနေ အနားယူသွားခဲ့။

– ဒဏ်ရာကြောင့် လာမယ့်ပွဲစဉ်ကို ပါဝင်မလာနိုင်တော့ဘဲ လွဲချော်မှာဖြစ်တဲ့ ကွင်းလယ်လူ ဒီဘရိုင်းနားဟာ သူတို့ရဲ့ ကစားသမား သောမတ်စ် ပါတေးကို ကြောက်လို့ မကစားတာလားလို့ အာဆင်နယ်ပရိသတ်တွေ လှောင်ပြောင်နေကြ။

REF: INTERNET SOURCES
PHOTOS CREDIT TO OWNERS
SPORTS A2Z.