Premier League Transfer News

ေနာက္ဆုံးရ မန္ခ်က္စတာယူႏုိက္တက္သတင္းမ်ား စုစည္းမွဳ – ၁၆.၁၀.၂၀၂၀

– အသင္းနဲ႔ ပါဝင္ပူးေပါင္းကစားခြင့္ကို ေစာင့္ေမွ်ာ္ေနၿပီး သူ႕အေနနဲ႔ တြဲဖက္ကစားခ်င္ဆုံး ကစားသမားသုံးဦးျဖစ္တဲ့ ေမဆန္ ဂရင္းဝုဒ္၊ မားကပ္စ္ ရက္ရွ္ဖို႔ဒ္နဲ႔ အန္တိုနီ မာစီယယ္လ္တို႔အေၾကာင္းေတြကို ေတြးၿပီး စိတ္လွဳပ္ရွားေနတယ္လို႔ ကစားသမားသစ္ ဖာကန္ဒို ပယ္လစၥထရီ ေျပာၾကား။

– လက္ရွိေနာက္ခံလူေတြကို အားကိုးလို႔ မရေတာ့တဲ့ မန္ခ်က္စတာယူႏုိက္တက္အသင္းအေနနဲ႔ လာမယ့္ဇန္နဝါရီ အေျပာင္းအေရႊ႕မွာ ဗဟိုေနာက္ခံလူသစ္တစ္ဦး ေခၚယူသြားဖြယ္ရွိေနၿပီး ဗီလာရီးရဲလ္ရဲ႕ ပါအူ ေတာရက္စ္ကိုပဲ အဓိက ပစ္မွတ္အျဖစ္ ႀကဳိးစားဖြယ္ရွိေန။

– မန္ခ်က္စတာယူႏိုက္တက္အသင္းရဲ႕ ဂႏၴဝင္ေနာက္ခံလူတစ္ဦးျဖစ္တဲ့ ရီယို ဖာဒီနန္က ကလပ္အသင္းမွာသာမက ႏုိင္ငံအသင္းမွာပါ ေျခပ်က္ေနခဲ့ၿပီး အမွားေတြ က်ဴးလြန္ခဲ့တဲ့ အသင္းေခါင္းေဆာင္ ဟာရီ မက္ဂြဳိင္းယားကို ေခတၱခဏ ခ်န္လွပ္ထားသင့္ၿပီလုိ႔ နည္းျပ ဆုိးလ္ရွားဆီ တုိက္တြန္း။

– အုိးလ္ထရက္ဖို႔ဒ္ကေန လက္က်န္စာခ်ဳပ္ကို ဖ်က္သိမ္းေပးဖို႔ ယူႏုိက္တက္တာဝန္ရွိသူေတြကို ေတာင္းဆုိထားခဲ့တဲ့ ဂိုးသမား ဆာဂ်ီယို ႐ိုမဲ႐ိုးကို ေခၚယူဖို႔ အာဂ်င္တီးနားကလပ္ ေရးဆင္းအသင္းရဲ႕ ဥကၠဌ ဗစ္တာ ဘလန္ကိုက စိတ္ဝင္စားေၾကာင္းထုတ္ေဖာ္သြား။

– အငွားေခၚယူထားခဲ့တဲ့ ေနာက္ခံလူ ဒီယိုဂို ဒါေလာ့အတြက္ ေအစီမီလန္အသင္းအေနနဲ႔ အၿပီးသတ္ေခၚယူဖုိ႔ ယူ႐ိုသန္း ၂၀ နဲ႔ ေဆြးေႏြးခဲ့ေပမယ့္ ေပၚတူဂီလူငယ္ဟာ ဒီထက္ပုိၿပီး တန္ေၾကးရွိတယ္လုိ႔ မန္ခ်က္စတာယူႏုိက္တက္အသင္း ပယ္ခ်ထား။

– မန္ခ်က္စတာယူႏုိက္တက္အသင္းမွာ ဖိအားေတြနဲ႔ ရင္ဆုိင္ေနရၿပီး သူေျပာင္းေရႊ႕ခ်င္တဲ့ ရီးရဲလ္မက္ဒရစ္အသင္းဘက္ကလည္း ျငင္းဆန္ထားခဲ့တဲ့ ကြင္းလယ္လူ ေပါလ္ ေပါ့ဘာအေနနဲ႔ လာမယ့္ရာသီမွာ ဘာစီလုိနာအသင္းဆီ အလြတ္ေျပာင္းေရႊ႕ေၾကးနဲ႔ ေရာက္သြားႏုိင္။

– ကာဗာနီကို အသက္ ၃၃ ႏွစ္အရြယ္ ေရာက္မွ ေခၚယူခဲ့တဲ့ အက္ဒ္ ဝုဒ္ဝဒ္ကုိ ေဝဖန္လုိက္ၿပီး မန္ခ်က္စတာယူႏုိက္တက္အေနနဲ႔ လိုအပ္ေနတာဟာ အာလင္း ဟားလန္းလို နံပါတ္ ၉ တုိက္စစ္မွဴးေကာင္းတစ္ေယာက္က အဓိကျဖစ္ၿပီး ဆန္ခ်ဳိကိုလည္း တကယ္တမ္း မလိုအပ္ဘူးလို႔ ဖာဂူဆန္ရဲ႕လက္ေထာက္ မူလန္စတင္း ေျပာၾကား။

REF: INTERNET SOURCES
PHOTOS CREDIT TO OWNERS
SPORTS A2Z.

UNICODE:

– အသင်းနဲ့ ပါဝင်ပူးပေါင်းကစားခွင့်ကို စောင့်မျှော်နေပြီး သူ့အနေနဲ့ တွဲဖက်ကစားချင်ဆုံး ကစားသမားသုံးဦးဖြစ်တဲ့ မေဆန် ဂရင်းဝုဒ်၊ မားကပ်စ် ရက်ရှ်ဖို့ဒ်နဲ့ အန်တိုနီ မာစီယယ်လ်တို့အကြောင်းတွေကို တွေးပြီး စိတ်လှုပ်ရှားနေတယ်လို့ ကစားသမားသစ် ဖာကန်ဒို ပယ်လစ္စထရီ ပြောကြား။

– လက်ရှိနောက်ခံလူတွေကို အားကိုးလို့ မရတော့တဲ့ မန်ချက်စတာယူနိုက်တက်အသင်းအနေနဲ့ လာမယ့်ဇန်နဝါရီ အပြောင်းအရွှေ့မှာ ဗဟိုနောက်ခံလူသစ်တစ်ဦး ခေါ်ယူသွားဖွယ်ရှိနေပြီး ဗီလာရီးရဲလ်ရဲ့ ပါအူ တောရက်စ်ကိုပဲ အဓိက ပစ်မှတ်အဖြစ် ကြိုးစားဖွယ်ရှိနေ။

– မန်ချက်စတာယူနိုက်တက်အသင်းရဲ့ ဂန္ထဝင်နောက်ခံလူတစ်ဦးဖြစ်တဲ့ ရီယို ဖာဒီနန်က ကလပ်အသင်းမှာသာမက နိုင်ငံအသင်းမှာပါ ခြေပျက်နေခဲ့ပြီး အမှားတွေ ကျူးလွန်ခဲ့တဲ့ အသင်းခေါင်းဆောင် ဟာရီ မက်ဂွိုင်းယားကို ခေတ္တခဏ ချန်လှပ်ထားသင့်ပြီလို့ နည်းပြ ဆိုးလ်ရှားဆီ တိုက်တွန်း။

– အိုးလ်ထရက်ဖို့ဒ်ကနေ လက်ကျန်စာချုပ်ကို ဖျက်သိမ်းပေးဖို့ ယူနိုက်တက်တာဝန်ရှိသူတွေကို တောင်းဆိုထားခဲ့တဲ့ ဂိုးသမား ဆာဂျီယို ရိုမဲရိုးကို ခေါ်ယူဖို့ အာဂျင်တီးနားကလပ် ရေးဆင်းအသင်းရဲ့ ဥက္ကဌ ဗစ်တာ ဘလန်ကိုက စိတ်ဝင်စားကြောင်းထုတ်ဖော်သွား။

– အငှားခေါ်ယူထားခဲ့တဲ့ နောက်ခံလူ ဒီယိုဂို ဒါလော့အတွက် အေစီမီလန်အသင်းအနေနဲ့ အပြီးသတ်ခေါ်ယူဖို့ ယူရိုသန်း ၂၀ နဲ့ ဆွေးနွေးခဲ့ပေမယ့် ပေါ်တူဂီလူငယ်ဟာ ဒီထက်ပိုပြီး တန်ကြေးရှိတယ်လို့ မန်ချက်စတာယူနိုက်တက်အသင်း ပယ်ချထား။

– မန်ချက်စတာယူနိုက်တက်အသင်းမှာ ဖိအားတွေနဲ့ ရင်ဆိုင်နေရပြီး သူပြောင်းရွှေ့ချင်တဲ့ ရီးရဲလ်မက်ဒရစ်အသင်းဘက်ကလည်း ငြင်းဆန်ထားခဲ့တဲ့ ကွင်းလယ်လူ ပေါလ် ပေါ့ဘာအနေနဲ့ လာမယ့်ရာသီမှာ ဘာစီလိုနာအသင်းဆီ အလွတ်ပြောင်းရွှေ့ကြေးနဲ့ ရောက်သွားနိုင်။

– ကာဗာနီကို အသက် ၃၃ နှစ်အရွယ် ရောက်မှ ခေါ်ယူခဲ့တဲ့ အက်ဒ် ဝုဒ်ဝဒ်ကို ဝေဖန်လိုက်ပြီး မန်ချက်စတာယူနိုက်တက်အနေနဲ့ လိုအပ်နေတာဟာ အာလင်း ဟားလန်းလို နံပါတ် ၉ တိုက်စစ်မှူးကောင်းတစ်ယောက်က အဓိကဖြစ်ပြီး ဆန်ချိုကိုလည်း တကယ်တမ်း မလိုအပ်ဘူးလို့ ဖာဂူဆန်ရဲ့လက်ထောက် မူလန်စတင်း ပြောကြား။

REF: INTERNET SOURCES
PHOTOS CREDIT TO OWNERS
SPORTS A2Z.