Premier League

ပဲလေ့စ်နဲ့ပွဲက နောက်ကျပင်နယ်တီငြင်းပယ်ခံခဲ့ရလို့ ဒေါသထွက်ခဲ့တဲ့ မန်ယူနိုက်တက်ပရိသတ်များ

မန်ချက်စတာယူနိုက်တက်ပရိသတ်တွေဟာ ခရစ္စတယ် ပဲလေ့စ်ကို ၁-၀ နဲ့ ရှုံးနိမ့်ခဲ့တဲ့ ပွဲစဉ်အတွင်း နောက်ကျပင်နယ်တီ ပြစ်ဒဏ်ဘော ငြင်းပယ်ခံခဲ့ရပြီးနောက် ဒေါသထွက်ခဲ့ကြပါတယ်။

ဒဏ်ရာပြဿနာတွေနဲ့ မန်ချက်စတာယူနိုက်တက်ဟာ ပထမပိုင်း ၂၅ မိနစ်မှာ အန်ဒါဆန်ရဲ့ သွင်းဂိုးကို ခွင့်ပြုခဲ့ရပြီးနောက် အဲဒီသွင်းဂိုးတစ်ဂိုးတည်းက ပွဲအဖြေအတွက် လုံလောက်ခဲ့တာဖြစ်ပြီး မန်ယူနိုက်တက်ပရိသတ်တွေဟာ အဲဒီဂိုးမတိုင်ခင် တည်ကန်ဘော ချက်ချင်း ကန်ခဲ့ချိန်မှာ ခံစစ်ကစားပုံကို ဝေဖန်ခဲ့ကြတာဖြစ်ပါတယ်။

အဲရစ် တန်ဟက်ရဲ့ အသင်းဟာ ပွဲစဉ်အတွင်း ပြန်လည်ဝင်ရောက်နိုင်ဖို့အတွက် ကြိုးစားခဲ့ပေမယ့်လည်း မအောင်မြင်ခဲ့ဘဲ အိုးထရက်ဖို့ဒ်မှာတောင် ချေပဂိုးတစ်ဂိုးရရှိဖို့ ခက်ခဲနေခဲ့တာဖြစ်ပြီး ဒီရှုံးပွဲကြောင့် မန်ချက်စတာယူနိုက်တက်ဟာ ပရီးမီးယားလိဂ်မှာ အိမ်ကွင်း ၂ ပွဲဆက်တိုက် ရှုံးနိမ့်မှုဖြစ်လာခဲ့ပြီဖြစ်ပါတယ်။

မန်ချက်စတာယူနိုက်တက်ဟာ ယခုရာသီ ပရီးမီးယားလိဂ် ၇ ပွဲမှာ ၃ ပွဲသာ အနိုင်ရရှိသေးတာကြောင့် ဖိအားတွေ မြင့်တက်လာနေပေမယ့်လည်း ပွဲကစားချိန် နှောင်းပိုင်းမှာ ဂျိုရယ် ဝ့ါဒ်ရဲ့ ပင်နယ်တီဧရိယာထဲမှာ လက်ထိခဲ့ချိန်မှာ ပင်နယ်တီ ပေးဖို့ ငြင်းဆန်ခံခဲ့ရတာက ပြင်းထန်တဲ့ဆုံးဖြတ်ချက်ဖြစ်ခဲ့တယ်လို့ ယုံကြည်နေတာဖြစ်ပါတယ်။

ဘောလုံးက ခရစ္စတယ် ပဲလေ့စ်နောက်ခံလူရဲ့ လက်နဲ့သာ မထိခဲ့ဘူးဆိုရင် ဂိုးကန်သွင်းဖို့ နေရာယူထားတဲ့ မားကပ်စ် ရက်ရှ်ဖို့ဒ်ဆီကို ရောက်ရှိသွားမှာဖြစ်ပေမယ့်လည်း VAR က ပင်နယ်တီ မပေးဖို့ ဆုံးဖြတ်ခဲ့တာဖြစ်ပြီး ဝ့ါဒ်ရဲ့ လက်က အဲဒီအချိန်မှာ ခန္ဓာကိုယ်နဲ့ နီးကပ်နေတယ်လို့ ယူဆခဲ့တာဖြစ်ပါတယ်။

ဒါပေမယ့်လည်း မန်ချက်စတာယူနိုက်တက်ပရိသတ်တွေက အဲဒီဆုံးဖြတ်ချက်နဲ့ပတ်သက်ပြီး ဒေါသပေါက်ကွဲခဲ့ပြီး လူမှုကွန်ရက်ပေါ်မှာ ပြစ်တင်ဝေဖန်မှုတွေ ပြုလုပ်ခဲ့ကြတာ ဖြစ်ပါတယ်။

ပရိသတ်တစ်ဦးက “သူက ဘောလုံးကို ရက်ရှ်ဖို့ဒ်ဆီမရောက်အောင် လက်နဲ့ ကာကွယ်ခဲ့တာ အသိသာကြီးလေ။ ဘယ်လိုဖြစ်ပြီး လက်ထိဘောမဟုတ်တာလဲ”လို့ ပြောကြားခဲ့ပြီး နောက်ထပ်ပရိသတ်တစ်ဦးကလည်း “ဒီဟာက ဘယ်လိုဖြစ်ပြီး လက်ထိဘောမဖြစ်ခဲ့တာလဲဆိုတာ တစ်ယောက်လောက် ရှင်းပြကြပါဦး။ ကိုက် ၂၀ အကွာကနေ ကစားခဲ့ပြီး သူ လက်မထိခင်နဲ့ နောက်ကို လှည့်ဖို့ မဆုံးဖြတ်ခင် ၂ စက္ကန့်လောက်မှာ ဘောလုံးကို ကြည့်နေခဲ့တယ်”လို့ မှတ်ချက်ပေးခဲ့ပါတယ်။

REF: INTERNET SOURCES
PHOTOS CREDIT TO OWNERS
SPORTS A2Z.

ZAWGYI: မန္ခ်က္စတာယူႏိုက္တက္ပရိသတ္ေတြဟာ ခရစၥတယ္ ပဲေလ့စ္ကို ၁-၀ နဲ႔ ရႈံးနိမ့္ခဲ့တဲ့ ပြဲစဥ္အတြင္း ေနာက္က်ပင္နယ္တီ ျပစ္ဒဏ္ေဘာ ျငင္းပယ္ခံခဲ့ရၿပီးေနာက္ ေဒါသထြက္ခဲ့ၾကပါတယ္။

ဒဏ္ရာျပႆနာေတြနဲ႔ မန္ခ်က္စတာယူႏိုက္တက္ဟာ ပထမပိုင္း ၂၅ မိနစ္မွာ အန္ဒါဆန္ရဲ႕ သြင္းဂိုးကို ခြင့္ျပဳခဲ့ရၿပီးေနာက္ အဲဒီသြင္းဂိုးတစ္ဂိုးတည္းက ပြဲအေျဖအတြက္ လုံေလာက္ခဲ့တာျဖစ္ၿပီး မန္ယူႏိုက္တက္ပရိသတ္ေတြဟာ အဲဒီဂိုးမတိုင္ခင္ တည္ကန္ေဘာ ခ်က္ခ်င္း ကန္ခဲ့ခ်ိန္မွာ ခံစစ္ကစားပုံကို ေဝဖန္ခဲ့ၾကတာျဖစ္ပါတယ္။

အဲရစ္ တန္ဟက္ရဲ႕ အသင္းဟာ ပြဲစဥ္အတြင္း ျပန္လည္ဝင္ေရာက္ႏိုင္ဖို႔အတြက္ ႀကိဳးစားခဲ့ေပမယ့္လည္း မေအာင္ျမင္ခဲ့ဘဲ အိုးထရက္ဖို႔ဒ္မွာေတာင္ ေခ်ပဂိုးတစ္ဂိုးရရွိဖို႔ ခက္ခဲေနခဲ့တာျဖစ္ၿပီး ဒီရႈံးပြဲေၾကာင့္ မန္ခ်က္စတာယူႏိုက္တက္ဟာ ပရီးမီးယားလိဂ္မွာ အိမ္ကြင္း ၂ ပြဲဆက္တိုက္ ရႈံးနိမ့္မႈျဖစ္လာခဲ့ၿပီျဖစ္ပါတယ္။

မန္ခ်က္စတာယူႏိုက္တက္ဟာ ယခုရာသီ ပရီးမီးယားလိဂ္ ၇ ပြဲမွာ ၃ ပြဲသာ အႏိုင္ရရွိေသးတာေၾကာင့္ ဖိအားေတြ ျမင့္တက္လာေနေပမယ့္လည္း ပြဲကစားခ်ိန္ ေႏွာင္းပိုင္းမွာ ဂ်ိဳရယ္ ဝ့ါဒ္ရဲ႕ ပင္နယ္တီဧရိယာထဲမွာ လက္ထိခဲ့ခ်ိန္မွာ ပင္နယ္တီ ေပးဖို႔ ျငင္းဆန္ခံခဲ့ရတာက ျပင္းထန္တဲ့ဆုံးျဖတ္ခ်က္ျဖစ္ခဲ့တယ္လို႔ ယုံၾကည္ေနတာျဖစ္ပါတယ္။

ေဘာလုံးက ခရစၥတယ္ ပဲေလ့စ္ေနာက္ခံလူရဲ႕ လက္နဲ႔သာ မထိခဲ့ဘူးဆိုရင္ ဂိုးကန္သြင္းဖို႔ ေနရာယူထားတဲ့ မားကပ္စ္ ရက္ရွ္ဖို႔ဒ္ဆီကို ေရာက္ရွိသြားမွာျဖစ္ေပမယ့္လည္း VAR က ပင္နယ္တီ မေပးဖို႔ ဆုံးျဖတ္ခဲ့တာျဖစ္ၿပီး ဝ့ါဒ္ရဲ႕ လက္က အဲဒီအခ်ိန္မွာ ခႏၶာကိုယ္နဲ႔ နီးကပ္ေနတယ္လို႔ ယူဆခဲ့တာျဖစ္ပါတယ္။

ဒါေပမယ့္လည္း မန္ခ်က္စတာယူႏိုက္တက္ပရိသတ္ေတြက အဲဒီဆုံးျဖတ္ခ်က္နဲ႔ပတ္သက္ၿပီး ေဒါသေပါက္ကြဲခဲ့ၿပီး လူမႈကြန္ရက္ေပၚမွာ ျပစ္တင္ေဝဖန္မႈေတြ ျပဳလုပ္ခဲ့ၾကတာ ျဖစ္ပါတယ္။

ပရိသတ္တစ္ဦးက “သူက ေဘာလုံးကို ရက္ရွ္ဖို႔ဒ္ဆီမေရာက္ေအာင္ လက္နဲ႔ ကာကြယ္ခဲ့တာ အသိသာႀကီးေလ။ ဘယ္လိုျဖစ္ၿပီး လက္ထိေဘာမဟုတ္တာလဲ”လို႔ ေျပာၾကားခဲ့ၿပီး ေနာက္ထပ္ပရိသတ္တစ္ဦးကလည္း “ဒီဟာက ဘယ္လိုျဖစ္ၿပီး လက္ထိေဘာမျဖစ္ခဲ့တာလဲဆိုတာ တစ္ေယာက္ေလာက္ ရွင္းျပၾကပါဦး။ ကိုက္ ၂၀ အကြာကေန ကစားခဲ့ၿပီး သူ လက္မထိခင္နဲ႔ ေနာက္ကို လွည့္ဖို႔ မဆုံးျဖတ္ခင္ ၂ စကၠန႔္ေလာက္မွာ ေဘာလုံးကို ၾကည့္ေနခဲ့တယ္”လို႔ မွတ္ခ်က္ေပးခဲ့ပါတယ္။

REF: INTERNET SOURCES
PHOTOS CREDIT TO OWNERS
SPORTS A2Z.