Premier League Transfer News

ေနာက္ဆုံးရ လီဗာပူးလ္သတင္းမ်ား စုစည္းမွဳ – ၁၄.၁၀.၂၀၂၀

– လီဗာပူးလ္အသင္းအေနနဲ႔ ဒီေႏြရာသီမွာ ေခၚယူဖို႔ စိတ္ဝင္စားခဲ့ၿပီးမွ အေၾကာင္းအမ်ဳိးမ်ဳိးေၾကာင့္ မေခၚယူႏုိင္ခဲ့တဲ့ ေဒါ့မြန္ေတာင္ပံသမား ေဂ်ဒန္ ဆန္ခ်ဳိကို လာမယ့္ရာသီမွာ အသင္းက ထြက္ခြာႏုိင္တဲ့ ဆာလားနဲ႔ မာေနးတုိ႔ေနရာမွာ အစားထိုးႏုိင္ဖို႔ ရည္ရြယ္ထား။

– လာမယ့္စေနေန႔မွာ ကစားရမယ့္ မာေဆးဆုိက္ဒါဘီ အဲဗာတန္နဲ႔ပြဲအတြက္ ကိုဗစ္-၁၉ ေရာဂါကေန ေပ်ာက္ကင္းသက္သာခဲ့ၿပီျဖစ္တဲ့ သီယာဂို အယ္လ္ကန္တာရာနဲ႔ ဆာဒီယို မာေနးတုိ႔ႏွစ္ဦးစလုံး အဆင့္သင့္ျဖစ္ေနၿပီး ေလ့က်င့္ခန္းဆင္းေနၿပီလုိ႔ နည္းျပ ယာဂန္ ကေလာ့ပ္ ေျပာၾကား။

– ေနရာမရႏုိင္တဲ့ အသင္းကေန အငွားနဲ႔ပဲ ထြက္ခြာဖို႔ ရွိေတာ့တဲ့ ေတာင္ပံကစားသမား ဟာရီ ဝီလ္ဆန္ကို တစ္ရာသီ အငွားနဲ႔ ေခၚယူဖို႔ လိဂ္ခ်န္ပီယံရွစ္ကလပ္ ဆြမ္းဆီးအသင္းက စိတ္ဝင္စားေနၿပီး လီဗာပူးလ္ဘက္ကလည္း သေဘာတူညီဖို႔ ရွိေန။

– ဘာစီလိုနာနည္းျပ ေရာ္နယ္ ကိုးမန္းအေနနဲ႔ သူနဲ႔ နယ္သာလန္အသင္းမွာ လက္တြဲညီခဲ့တဲ့ လီဗာပူးလ္ကြင္းလယ္လူ ေဂ်ာ္ဂ်င္နီယို ဗိုင္နယ္လ္ဒြမ္ကို တျခားပစ္မွတ္ေတြျဖစ္တဲ့ အဲရစ္ ဂါစီယာ၊ မမ္းဖစၥ ဒီပုိင္းတုိ႔နဲ႔အတူ ဇန္နဝါရီမွာ ေခၚယူဖို႔ ပစ္မွတ္ထားေန။

– ပထမဂိုးသမား အယ္လစ္ဆန္ ဘက္ကာရဲ႕ ႏွစ္လနီးပါး နားရေတာ့မယ့္ အေျခအေနေၾကာင့္ လက္ရွိအရန္ဂိုးသမား အက္ဒရီယန္ကိုလည္း အားမကိုးႏုိင္ခ်ိန္မွာ မိုနာကိုက ထြက္ခြာလာၿပီး အသင္းလက္မဲ့ျဖစ္ေနတဲ့ ခ႐ိုေအးရွားဂိုးသမား ဒန္နီယယ္လ္ ဆူဘာဆစ္ခ်္ကို ေခၚယူဖို႔ ဂိုးသမားေဟာင္း ေပါလ္ ေရာ္ဘင္ဆန္တုိက္တြန္း။

– ေပၚတူဂီကလပ္ စပုိ႔တင္းလစၥဘြန္းရဲ႕ အသက္ ၁၈ ႏွစ္အရြယ္ လူငယ္ၾကယ္ပြင့္ ဘယ္ေနာက္ခံလူ ႏူႏို မန္ဒက္စ္ကို ေခၚယူဖို႔ အာဆင္နယ္၊ မန္ခ်က္စတာယူႏုိက္တက္တုိ႔နဲ႔အၿပဳိင္ လီဗာပူးလ္အသင္း စိတ္ဝင္စားေန။

– ျပည္တြင္းအေျပာင္းအေရႊ႕ကာလ ပိတ္သိမ္းမယ့္ ေအာက္တုိဘာလ ၁၆ ရက္ေန႔ မတုိင္ခင္မွာ ဂိုးသမားအစားထိုးမွဳ ျပဳလုပ္ဖို႔ လီဗာပူးလ္အသင္းဘက္ ပစ္မွတ္ထားေနတဲ့ စတုတ္စီးတီးအရန္ဂိုးသမား ဂ်က္ခ္ ဘတ္လန္းအတြက္ တစ္ပတ္လုပ္ခ ေပါင္သုံးေသာင္းခြဲ ေပးေခ်ရႏုိင္ေၾကာင္း သိရ။

REF: INTERNET SOURCES
PHOTOS CREDIT TO OWNERS
SPORTS A2Z.

UNICODE:

– လီဗာပူးလ်အသင်းအနေနဲ့ ဒီနွေရာသီမှာ ခေါ်ယူဖို့ စိတ်ဝင်စားခဲ့ပြီးမှ အကြောင်းအမျိုးမျိုးကြောင့် မခေါ်ယူနိုင်ခဲ့တဲ့ ဒေါ့မွန်တောင်ပံသမား ဂျေဒန် ဆန်ချိုကို လာမယ့်ရာသီမှာ အသင်းက ထွက်ခွာနိုင်တဲ့ ဆာလားနဲ့ မာနေးတို့နေရာမှာ အစားထိုးနိုင်ဖို့ ရည်ရွယ်ထား။

– လာမယ့်စနေနေ့မှာ ကစားရမယ့် မာဆေးဆိုက်ဒါဘီ အဲဗာတန်နဲ့ပွဲအတွက် ကိုဗစ်-၁၉ ရောဂါကနေ ပျောက်ကင်းသက်သာခဲ့ပြီဖြစ်တဲ့ သီယာဂို အယ်လ်ကန်တာရာနဲ့ ဆာဒီယို မာနေးတို့နှစ်ဦးစလုံး အဆင့်သင့်ဖြစ်နေပြီး လေ့ကျင့်ခန်းဆင်းနေပြီလို့ နည်းပြ ယာဂန် ကလော့ပ် ပြောကြား။

– နေရာမရနိုင်တဲ့ အသင်းကနေ အငှားနဲ့ပဲ ထွက်ခွာဖို့ ရှိတော့တဲ့ တောင်ပံကစားသမား ဟာရီ ဝီလ်ဆန်ကို တစ်ရာသီ အငှားနဲ့ ခေါ်ယူဖို့ လိဂ်ချန်ပီယံရှစ်ကလပ် ဆွမ်းဆီးအသင်းက စိတ်ဝင်စားနေပြီး လီဗာပူးလ်ဘက်ကလည်း သဘောတူညီဖို့ ရှိနေ။

– ဘာစီလိုနာနည်းပြ ရော်နယ် ကိုးမန်းအနေနဲ့ သူနဲ့ နယ်သာလန်အသင်းမှာ လက်တွဲညီခဲ့တဲ့ လီဗာပူးလ်ကွင်းလယ်လူ ဂျော်ဂျင်နီယို ဗိုင်နယ်လ်ဒွမ်ကို တခြားပစ်မှတ်တွေဖြစ်တဲ့ အဲရစ် ဂါစီယာ၊ မမ်းဖစ္စ ဒီပိုင်းတို့နဲ့အတူ ဇန်နဝါရီမှာ ခေါ်ယူဖို့ ပစ်မှတ်ထားနေ။

– ပထမဂိုးသမား အယ်လစ်ဆန် ဘက်ကာရဲ့ နှစ်လနီးပါး နားရတော့မယ့် အခြေအနေကြောင့် လက်ရှိအရန်ဂိုးသမား အက်ဒရီယန်ကိုလည်း အားမကိုးနိုင်ချိန်မှာ မိုနာကိုက ထွက်ခွာလာပြီး အသင်းလက်မဲ့ဖြစ်နေတဲ့ ခရိုအေးရှားဂိုးသမား ဒန်နီယယ်လ် ဆူဘာဆစ်ချ်ကို ခေါ်ယူဖို့ ဂိုးသမားဟောင်း ပေါလ် ရော်ဘင်ဆန်တိုက်တွန်း။

– ပေါ်တူဂီကလပ် စပို့တင်းလစ္စဘွန်းရဲ့ အသက် ၁၈ နှစ်အရွယ် လူငယ်ကြယ်ပွင့် ဘယ်နောက်ခံလူ နူနို မန်ဒက်စ်ကို ခေါ်ယူဖို့ အာဆင်နယ်၊ မန်ချက်စတာယူနိုက်တက်တို့နဲ့အပြိုင် လီဗာပူးလ်အသင်း စိတ်ဝင်စားနေ။

– ပြည်တွင်းအပြောင်းအရွှေ့ကာလ ပိတ်သိမ်းမယ့် အောက်တိုဘာလ ၁၆ ရက်နေ့ မတိုင်ခင်မှာ ဂိုးသမားအစားထိုးမှု ပြုလုပ်ဖို့ လီဗာပူးလ်အသင်းဘက် ပစ်မှတ်ထားနေတဲ့ စတုတ်စီးတီးအရန်ဂိုးသမား ဂျက်ခ် ဘတ်လန်းအတွက် တစ်ပတ်လုပ်ခ ပေါင်သုံးသောင်းခွဲ ပေးချေရနိုင်ကြောင်း သိရ။

REF: INTERNET SOURCES
PHOTOS CREDIT TO OWNERS
SPORTS A2Z.