Premier League Transfer News

ေနာက္ဆုံးရ မန္ခ်က္စတာယူႏုိက္တက္သတင္းမ်ား စုစည္းမွဳ – ၁၄.၁၀.၂၀၂၀

– မန္ခ်က္စတာယူႏိုက္တက္အသင္းအေနနဲ႔ စပိန္ကြင္းလယ္လူ ဟြမ္မာတာအသင္းကေန လမ္းခြဲသြားခဲ့ရင္ တစ္ခ်ိန္မွာ အသင္းရဲ႕ သံတမန္ အျဖစ္ တာဝန္ထမ္းေဆာင္ႏုိင္ဖို႔ ကမ္းလွမ္းသြားမယ္လုိ႔ ျပင္ဆင္ထား။

– ခရစၥတီယာႏို ေရာ္နယ္လ္ဒိုမွာ ကိုဗစ္ဗုိင္းရပ္စ္ ေတြ႕ရွိခဲ့ၿပီးတဲ့ေနာက္ ဘ႐ူႏုိ ဖာနန္ဒက္စ္မွာ ပုိးေတြ႕မွာကို ပရိသတ္ေတြအေနနဲ႔ သိပ္ကို စိုးရိမ္ခဲ့ၾကရတယ္လုိ႔ ဆုိခဲ့ၾကၿပီး ဒါေပမယ့္ ၿဗိတိန္ရဲ႕ တင္းက်ပ္တဲ့ စည္းမ်ဥ္းေတြအရ ကြာရန္တင္း ဆက္ဝင္ရဖြယ္ရွိေန။

– မန္ခ်က္စတာယူႏုိက္တက္အေနနဲ႔ အသင္းေခါင္းေဆာင္ မက္ဂြဳိင္းယား ဦးေဆာင္တဲ့ လက္ရွိခံစစ္ပုိင္းက တုိးတက္မလာခဲ့ဘူးဆုိရင္ လာမယ့္ ဇန္နဝါရီမွာ ေနာက္ခံလူသစ္တစ္ဦး ထပ္မံေခၚယူသြားဖို႔ ႀကဳိတင္စီစဥ္ထား။

– အသင္းရဲ႕ ဝါရင့္တုိက္စစ္မွဴးသစ္ ကာဗာနီအေနနဲ႔ မန္ခ်က္စတာယူႏုိက္တက္နဲ႔ သူ႕ရဲ႕ ခြဲခြာျခင္း မလွပခဲ့တဲ့ အသင္းေဟာင္း ပီအက္စ္ဂ်ီ တုိ႔ရဲ႕ ခ်န္ပီယံလိဂ္အုပ္စုအဆင့္ ေတြ႕ဆုံမွဳမွာ စတင္ပြဲထြက္ႏုိင္ဖို႔ လုပ္ေဆာင္ေလ့က်င့္ေန။

– မန္ခ်က္စတာယူႏုိက္တက္နဲ႔ စာခ်ဳပ္ကို ဖ်က္သိမ္းၿပီး အေျပာင္းအေရႊ႕မပိတ္ေသးတဲ့ တျခားဥေရာပႏိုင္ငံေတြရဲ႕ လိဂ္ေတြမွာ ဦးစားေပး ဂိုးသမားအျဖစ္ ကစားဖို႔ ဂိုးသမား ဆာဂ်ီယို ႐ိုမဲ႐ိုး တြန္းအားေပးေနၿပီး အသင္းကေန ရရွိမယ့္ ေပါင္ ၁.၅ သန္းကိုလည္း စြန္႔လႊတ္ဖို႔ ဆုံးျဖတ္ထား။

– မန္ခ်က္စတာယူႏုိက္တက္အသင္းအတြက္ စိတ္ပ်က္စရာတစ္ခုအျဖစ္ အက္ဒ္ ဝုဒ္ဝဒ္နဲ႔ တင္းမာတဲ့ ဆက္ဆံေရးေတြ ရွိထားခဲ့တဲ့ ဂ်ာမန္ ဘြန္ဒက္စ္လီဂါကလပ္ ေဒါ့မြန္အသင္းဘက္က ေဂ်ဒန္ ဆန္ခ်ဳိကို ဇန္နဝါရီမွာ ေရာင္းခ်မွာ မဟုတ္ဘူးလုိ႔ ထုတ္ျပန္သြား။

– ယူကရိန္းကို တစ္လုံးတည္းေသာဂိုးနဲ႔ ရွဳံးနိမ့္ခဲ့တဲ့ ပြဲစဥ္မွာ အဲ့ဒီေပးဂိုးအတြက္ ဂိုးသမား ဒေဟးယားရဲ႕ ဂိုးဧရိယာထိပ္အထိ တက္ၿပီး ေနရယူထားပုံကို အားလုံးက ျပစ္တင္ခဲ့ၾကေပမယ့္ သူ႕ကို အျပစ္တင္ေနတာ အေလ့အက်င့္တစ္ခုျဖစ္ေနၿပီလားလုိ႔ စပိန္နည္းျပ လူးဝစ္ အန္ရီေကက ကာကြယ္တဲ့ သေဘာနဲ႔ ေမးခြန္းထုတ္သြား။

REF: INTERNET SOURCES
PHOTOS CREDIT TO OWNERS
SPORTS A2Z.

UNICODE:

– မန်ချက်စတာယူနိုက်တက်အသင်းအနေနဲ့ စပိန်ကွင်းလယ်လူ ဟွမ်မာတာအသင်းကနေ လမ်းခွဲသွားခဲ့ရင် တစ်ချိန်မှာ အသင်းရဲ့ သံတမန် အဖြစ် တာဝန်ထမ်းဆောင်နိုင်ဖို့ ကမ်းလှမ်းသွားမယ်လို့ ပြင်ဆင်ထား။

– ခရစ္စတီယာနို ရော်နယ်လ်ဒိုမှာ ကိုဗစ်ဗိုင်းရပ်စ် တွေ့ရှိခဲ့ပြီးတဲ့နောက် ဘရူနို ဖာနန်ဒက်စ်မှာ ပိုးတွေ့မှာကို ပရိသတ်တွေအနေနဲ့ သိပ်ကို စိုးရိမ်ခဲ့ကြရတယ်လို့ ဆိုခဲ့ကြပြီး ဒါပေမယ့် ဗြိတိန်ရဲ့ တင်းကျပ်တဲ့ စည်းမျဉ်းတွေအရ ကွာရန်တင်း ဆက်ဝင်ရဖွယ်ရှိနေ။

– မန်ချက်စတာယူနိုက်တက်အနေနဲ့ အသင်းခေါင်းဆောင် မက်ဂွိုင်းယား ဦးဆောင်တဲ့ လက်ရှိခံစစ်ပိုင်းက တိုးတက်မလာခဲ့ဘူးဆိုရင် လာမယ့် ဇန်နဝါရီမှာ နောက်ခံလူသစ်တစ်ဦး ထပ်မံခေါ်ယူသွားဖို့ ကြိုတင်စီစဉ်ထား။

– အသင်းရဲ့ ဝါရင့်တိုက်စစ်မှူးသစ် ကာဗာနီအနေနဲ့ မန်ချက်စတာယူနိုက်တက်နဲ့ သူ့ရဲ့ ခွဲခွာခြင်း မလှပခဲ့တဲ့ အသင်းဟောင်း ပီအက်စ်ဂျီ တို့ရဲ့ ချန်ပီယံလိဂ်အုပ်စုအဆင့် တွေ့ဆုံမှုမှာ စတင်ပွဲထွက်နိုင်ဖို့ လုပ်ဆောင်လေ့ကျင့်နေ။

– မန်ချက်စတာယူနိုက်တက်နဲ့ စာချုပ်ကို ဖျက်သိမ်းပြီး အပြောင်းအရွှေ့မပိတ်သေးတဲ့ တခြားဥရောပနိုင်ငံတွေရဲ့ လိဂ်တွေမှာ ဦးစားပေး ဂိုးသမားအဖြစ် ကစားဖို့ ဂိုးသမား ဆာဂျီယို ရိုမဲရိုး တွန်းအားပေးနေပြီး အသင်းကနေ ရရှိမယ့် ပေါင် ၁.၅ သန်းကိုလည်း စွန့်လွှတ်ဖို့ ဆုံးဖြတ်ထား။

– မန်ချက်စတာယူနိုက်တက်အသင်းအတွက် စိတ်ပျက်စရာတစ်ခုအဖြစ် အက်ဒ် ဝုဒ်ဝဒ်နဲ့ တင်းမာတဲ့ ဆက်ဆံရေးတွေ ရှိထားခဲ့တဲ့ ဂျာမန် ဘွန်ဒက်စ်လီဂါကလပ် ဒေါ့မွန်အသင်းဘက်က ဂျေဒန် ဆန်ချိုကို ဇန်နဝါရီမှာ ရောင်းချမှာ မဟုတ်ဘူးလို့ ထုတ်ပြန်သွား။

– ယူကရိန်းကို တစ်လုံးတည်းသောဂိုးနဲ့ ရှုံးနိမ့်ခဲ့တဲ့ ပွဲစဉ်မှာ အဲ့ဒီပေးဂိုးအတွက် ဂိုးသမား ဒဟေးယားရဲ့ ဂိုးဧရိယာထိပ်အထိ တက်ပြီး နေရယူထားပုံကို အားလုံးက ပြစ်တင်ခဲ့ကြပေမယ့် သူ့ကို အပြစ်တင်နေတာ အလေ့အကျင့်တစ်ခုဖြစ်နေပြီလားလို့ စပိန်နည်းပြ လူးဝစ် အန်ရီကေက ကာကွယ်တဲ့ သဘောနဲ့ မေးခွန်းထုတ်သွား။

REF: INTERNET SOURCES
PHOTOS CREDIT TO OWNERS
SPORTS A2Z.