ဘာစီလိုနာဟာ စနေနေ့ညက ဆယ်တာဗီဂိုကို ၂-၀ နဲ့ ရှုံးနိမ့်နေရာကနေ ၃-၂ နဲ့ နိုင်ပွဲရရှိအောင် စွမ်းဆောင်ခဲ့ပြီး ပရိသတ်တွေကို မယုံနိုင်စရာ ပျော်ရွှင်မှုကို ပေးစွမ်းခဲ့ပါတယ်။
၇၆ မိနစ်မှာ ဒူဗီကက်စ်က ဧည့်သည်တွေအတွက် ဒုတိယမြောက် ဦးဆောင်ဂိုးကို သွင်းယူသွားခဲ့ချိန်မှာ မျှော်လင့်ချက်အားလုံး အဆုံးသတ်ခဲ့ပုံပေါ်ပေမယ့်လည်း လီဗန်ဒေါ့ဗ်စကီးက ၈၂ မိနစ်မှာ ဂျာအို ဖဲလစ်ရဲ့ အလွန်ကောင်းမွန်တဲ့ ပေးပို့မှုကနေတဆင့် ဂိုးသမားကို ကျော်သွင်းပြီး ချေပဂိုး ရယူပေးခဲ့တာဖြစ်ပါတယ်။
ပိုလန်တိုက်စစ်မှူးဟာ နောက်ထပ် ၄ မိနစ်အကြာမှာ ဂျာအို ကန်ဆယ်လိုရဲ့ ညာတောင်ပံကနေ ချိုးပေးလိုက်တဲ့ ဘောလုံးကို ပိတ်သွင်းယူပြီး နောက်ထပ်ချေပဂိုးကို သွင်းယူနိုင်ခဲ့ပြီးနောက် တစ်ဖက် ၂ ဂိုးစီ ညီမျှသွားခဲ့တာဖြစ်ပါတယ်။ နောက်ထပ် ၃ မိနစ်အကြာမှာပဲ ပေါ်တူဂီနောက်ခံလူဟာ ဂါဗီရဲ့ ဘယ်တောင်ပံကနေ အကွက်မြင်မြင် ဖြတ်တင်ပေးပို့မှုကို ချိန်သားကိုက် ပြေးဝင်ပြီး ပိတ်သွင်းယူခဲ့တဲ့အတွက် ဘာစီလိုနာက ၃-၂ နဲ့ နိုင်ပွဲရရှိသွားခဲ့တာဖြစ်ပါတယ်။
ပွဲအပြီးမှာ ဇာဗီက မီဒီယာတွေကို ပွဲနဲ့ပတ်သက်ပြီး ပြောဆိုခဲ့ရာမှာ အဓိကကျခဲ့တဲ့ အခိုက်အတန့်အများအပြားကို အသားပေးရှင်းပြခဲ့ပါတယ်။
“ခင်ဗျား ကောင်းကောင်း မကစားနိုင်တဲ့အခါမှာ ခင်ဗျား ယှဉ်ပြိုင်ပြီး အနိုင်ယူရပါမယ်။ ကမ်းဘက်က အရာအားလုံးဖြစ်ခဲ့တယ်။ ကျွန်တော်တို့ အဆုံးအထိ ယုံကြည်ခဲ့ကြတယ်။ ကျွန်တော်တို့ ရဲစွမ်းသတ္တိ၊ ယုံကြည်မှုတွေနဲ့ ကစားခဲ့ပေမယ့် ဒီနေ့မှာတော့ အရမ်းကို စုဖွဲ့မှုပျက်နေခဲ့တယ်။ ကျွန်တော်တို့ ရှုံးနိမ့်နေတဲ့အချိန်မှာ ခံစစ်ကစားသမား ၂ ဦးတည်းနဲ့ ကစားဖို့ အရာအားလုံးကို အရဲစွန့်ခဲ့တယ်။ ကမ်းဘက်နိုင်ပွဲက ကစားသမားတွေကြောင့်ပါ။ သူတို့တွေက ပြန်လာနိုင်မယ်လို့ ယုံကြည်ခဲ့ကြတယ်။ ဒါက ကျွန်တော်တို့ဟာ အသင်းအဖွဲ့လို့ ဆိုလိုနေတာပါ”လို့ ပြောကြားခဲ့ပါတယ်။
REF: INTERNET SOURCES
PHOTOS CREDIT TO OWNERS
SPORTS A2Z.
ZAWGYI: ဘာစီလိုနာဟာ စေနေန႔ညက ဆယ္တာဗီဂိုကို ၂-၀ နဲ႔ ရႈံးနိမ့္ေနရာကေန ၃-၂ နဲ႔ ႏိုင္ပြဲရရွိေအာင္ စြမ္းေဆာင္ခဲ့ၿပီး ပရိသတ္ေတြကို မယုံႏိုင္စရာ ေပ်ာ္႐ႊင္မႈကို ေပးစြမ္းခဲ့ပါတယ္။
၇၆ မိနစ္မွာ ဒူဗီကက္စ္က ဧည့္သည္ေတြအတြက္ ဒုတိယေျမာက္ ဦးေဆာင္ဂိုးကို သြင္းယူသြားခဲ့ခ်ိန္မွာ ေမွ်ာ္လင့္ခ်က္အားလုံး အဆုံးသတ္ခဲ့ပုံေပၚေပမယ့္လည္း လီဗန္ေဒါ့ဗ္စကီးက ၈၂ မိနစ္မွာ ဂ်ာအို ဖဲလစ္ရဲ႕ အလြန္ေကာင္းမြန္တဲ့ ေပးပို႔မႈကေနတဆင့္ ဂိုးသမားကို ေက်ာ္သြင္းၿပီး ေခ်ပဂိုး ရယူေပးခဲ့တာျဖစ္ပါတယ္။
ပိုလန္တိုက္စစ္မႉးဟာ ေနာက္ထပ္ ၄ မိနစ္အၾကာမွာ ဂ်ာအို ကန္ဆယ္လိုရဲ႕ ညာေတာင္ပံကေန ခ်ိဳးေပးလိုက္တဲ့ ေဘာလုံးကို ပိတ္သြင္းယူၿပီး ေနာက္ထပ္ေခ်ပဂိုးကို သြင္းယူႏိုင္ခဲ့ၿပီးေနာက္ တစ္ဖက္ ၂ ဂိုးစီ ညီမွ်သြားခဲ့တာျဖစ္ပါတယ္။ ေနာက္ထပ္ ၃ မိနစ္အၾကာမွာပဲ ေပၚတူဂီေနာက္ခံလူဟာ ဂါဗီရဲ႕ ဘယ္ေတာင္ပံကေန အကြက္ျမင္ျမင္ ျဖတ္တင္ေပးပို႔မႈကို ခ်ိန္သားကိုက္ ေျပးဝင္ၿပီး ပိတ္သြင္းယူခဲ့တဲ့အတြက္ ဘာစီလိုနာက ၃-၂ နဲ႔ ႏိုင္ပြဲရရွိသြားခဲ့တာျဖစ္ပါတယ္။
ပြဲအၿပီးမွာ ဇာဗီက မီဒီယာေတြကို ပြဲနဲ႔ပတ္သက္ၿပီး ေျပာဆိုခဲ့ရာမွာ အဓိကက်ခဲ့တဲ့ အခိုက္အတန႔္အမ်ားအျပားကို အသားေပးရွင္းျပခဲ့ပါတယ္။
“ခင္ဗ်ား ေကာင္းေကာင္း မကစားႏိုင္တဲ့အခါမွာ ခင္ဗ်ား ယွဥ္ၿပိဳင္ၿပီး အႏိုင္ယူရပါမယ္။ ကမ္းဘက္က အရာအားလုံးျဖစ္ခဲ့တယ္။ ကြၽန္ေတာ္တို႔ အဆုံးအထိ ယုံၾကည္ခဲ့ၾကတယ္။ ကြၽန္ေတာ္တို႔ ရဲစြမ္းသတၱိ၊ ယုံၾကည္မႈေတြနဲ႔ ကစားခဲ့ေပမယ့္ ဒီေန႔မွာေတာ့ အရမ္းကို စုဖြဲ႕မႈပ်က္ေနခဲ့တယ္။ ကြၽန္ေတာ္တို႔ ရႈံးနိမ့္ေနတဲ့အခ်ိန္မွာ ခံစစ္ကစားသမား ၂ ဦးတည္းနဲ႔ ကစားဖို႔ အရာအားလုံးကို အရဲစြန႔္ခဲ့တယ္။ ကမ္းဘက္ႏိုင္ပြဲက ကစားသမားေတြေၾကာင့္ပါ။ သူတို႔ေတြက ျပန္လာႏိုင္မယ္လို႔ ယုံၾကည္ခဲ့ၾကတယ္။ ဒါက ကြၽန္ေတာ္တို႔ဟာ အသင္းအဖြဲ႕လို႔ ဆိုလိုေနတာပါ”လို႔ ေျပာၾကားခဲ့ပါတယ္။
REF: INTERNET SOURCES
PHOTOS CREDIT TO OWNERS
SPORTS A2Z.