Premier League

အာဆင်နယ်လို အကွက်မမြင်တဲ့ ချဲလ်ဆီးရဲ့အပြောင်းအရွှေ့ဗျူဟာကို ပြစ်တင်ခဲ့တဲ့ ကစားသမားဟောင်း

ချဲလ်ဆီးဂိုးသမားဟောင်း အက်စ်မီရာ ဘီဂိုဗစ်က အသင်းဟောင်းရဲ့ အပြောင်းအရွှေ့ မဟာဗျူဟာကို ပြစ်တင်ဝေဖန်ခဲ့ပြီး ဘရိုက်တန်ကနေ မွိုက်စ် ကိုင်ဆေဒိုကို ခေါ်ယူခဲ့တာကိုတောင် မှားယွင်းတဲ့လုပ်ဆောင်မှုလို့ ပြောကြားခဲ့တာဖြစ်ပါတယ်။

အနောက်လန်ဒန်ကလပ်ဟာ ပိုင်ရှင်သစ် တော့ဒ် ဘိုလီ ရောက်လာကတည်းက ပြောင်းရွှေ့ကြေး ပေါင် ၁ ဘီလီယံကျော်သုံးစွဲခဲ့ပေမယ့်လည်း ပြီးခဲ့တဲ့ရာသီ ပရီးမီးယားလိဂ်မှာ အဆင့် ၁၂ နေရာနဲ့သာ ရာသီပြီးဆုံးနိုင်ခဲ့သလို ယခုရာသီမှာလည်း ပထမဆုံး ၄ ပွဲကနေ နိုင်ပွဲ ၁ ပွဲသာ ရယူနိုင်ခဲ့တာဖြစ်ပါတယ်။

ဘီဂိုဗစ်က ချဲလ်ဆီးရဲ့ ကစားသမားသစ်ခေါ်ယူဖို့အတွက် ချဉ်းကပ်ပုံအသစ်ဟာ ရိုမန် အေဗရာမိုဗစ်ချ်လက်ထက်အတွင်း ဆုဖလားတွေ ရရှိခဲ့တဲ့ အသင်းသမိုင်းအရ လုံးဝကို ထူးဆန်းနေတယ်လို့ ခံစားနေရပြီး အာဆင်နယ်နဲ့အပြိုင် ဒီကလန် ရိုက်ကို ခေါ်ရမယ့်အစား ကိုင်ဆေဒိုကို သွားခေါ်လိုက်တဲ့အမှားကြောင့် အမှတ်ပေးဇယားအလယ်က အသင်းဖြစ်နေတာလို့တောင် ဝေဖန်ခဲ့တာဖြစ်ပါတယ်။

“တကယ်လို့ ခင်ဗျားသာ ကိုင်ဆေဒိုအတွက် ပေါင်သန်း ၁၁၅ သန်းလောက် သုံးမယ်ဆိုရင် ဒီကလန် ရိုက်အတွက်ဆို ပေါင်သန်း ၁၂၀ လောက်တော့ သုံးမှာမဟုတ်လား။ ဒီကလန်ကို လူချင်းမသိပါဘူး။ သူက အာဆင်နယ်အတွက် မကစားပေးချင်ဘူးလို့ ပြောနေတာမဟုတ်ပါဘူး။ ဒါပေမယ့် စဉ်းစားကြည့်ရင် သူက ချဲလ်ဆီးကို သွားချင်ခဲ့တယ်လို့ ကျွန်တော် ထင်တယ်။ ခင်ဗျား ဒီလိုကစားသမားတွေထဲက အချို့ကို ကြည့်ပြီး ဘယ်လိုဖြစ်ပြီး ဒီကလန် ရိုက်က တခြားတစ်နေရာကို သွားမှာလဲလို့ တွေးမိမှာပါ။ ဒီလိုမျိုး ကစားသမားတွေက အရင်တုန်းက ချဲလ်ဆီးကိုပဲ သွားခဲ့ကြတာပါ။ သူတို့ရဲ့ အကောင်းဆုံးအချိန်မှာရှိနေတဲ့ ကစားသမားတွေပေါ့။ ဒီကလန် ရိုက်က သူ့ရဲ့ အကောင်းဆုံးအချိန်မှာ ရှိနေပါတယ်”

“ကျွန်တော် အရူးတစ်ယောက်လို ဘောလုံးပွဲတွေကို ကြည့်ခဲ့ပြီး ဒီကစားသမားတွေထဲက တစ်ဝက်လောက်ကို ကျွန်တော် မသိပါဘူး။ ကျွန်တော့်အတွက်တော့ အဲဒါက ထူးဆန်းတယ်။ ဖြစ်နေတာတစ်ခုလုံးက အရမ်းထူးဆန်းတယ်။ ကျွန်တော် အသင်းရဲ့ တည်ဆောက်မှုကို မမြင်ဘူး။ ဒီပြန်လည်တည်ဆောက်မှုတစ်ခုလုံးကြီးက ကျွန်တော့်အတွက်တော့ နည်းနည်း ဆင်ခြေဆန်ပါတယ်။ ကျွန်တော် အန်ဇို ဖာနန်ဒက်ဇ်ကို မကြိုက်ဘူးပြောတာမဟုတ်ပါဘူး။ ဒါပေမယ့် ကျွန်တော်တို့ သူနဲ့ ကိုင်ဆေဒိုအတွက် ပေါင်သန်း ၂၃၀ သုံးခဲ့မယ့်အစား ကျွန်တော်ကတော့ ဒီကလန် ရိုက်ကို ရမယ်ဆိုရင် သူ့ကိုပဲ ခေါ်ချင်ပါတယ်။ အကောင်းဆုံးကစားသမားတွေကိုပဲ ကျေးဇူးပြုပြီး ခေါ်ပေးပါ။ ပွင့်ပွင့်လင်းလင်း ပြောရရင် ပြီးခဲ့တဲ့ ၁၂ လအတွင်း ချဲလ်ဆီးမှာ ဘာတွေ ဖြစ်ခဲ့တာလဲ။ မယုံနိုင်စရာတွေဖြစ်ခဲ့တာပါ။ ကျွန်တော် ဆိုလိုတာက ပိုချက်တီနိုလူစာရင်းထဲက ကစားသမားတွေနဲ့ သုံးစွဲခဲ့တဲ့ ငွေပမာဏနဲ့ ပရီးမီးယားလိဂ်မှာ အဆင့် ၁၂ ပဲရခဲ့တယ်။ အဲဒါက အမှတ်ပေးဇယားအလယ်အသင်းပါ။ အဲဒါက တကယ်ကို အမှတ်ပေးဇယားအလယ်က အသင်းပါ။ သူတို့တွေသာ ပိုပြီးမြင့်မားတဲ့အဆင့်ကို ရောက်ခဲ့မယ်ဆိုရင် ခင်ဗျား ထူးခြားဆန်းကြယ်တာတွေကို မြင်နေရတာဖြစ်ပါလိမ့်မယ်”

“ခင်ဗျား ခရစ္စတိုဖာ အန်ကွန်ကူနဲ့ပတ်သက်ပြီး နည်းနည်းကံဆိုးခဲ့တယ်။ ကျွန်တော် နားလည်တယ်။ သူက ထိပ်တန်းကစားသမားပါ။ ကိုး ပါလ်မာက အခုမှ ရောက်လာရုံပဲရှိသေးတယ်။ ဒါပေမယ့် ဒီလို ကစားသမားတွေကို ခေါ်ယူမှုနဲ့ပတ်သက်ပြီး ဘာတွေဖြစ်နေတာလဲ။ ဘာကြောင့် ချဲလ်ဆီးအသင်းက ပြန်လည်တည်ဆောက်နေရတာလဲ။ ဘာကြောင့် ချဲလ်ဆီးက အကူးအပြောင်းကာလမှာရှိနေရတာလဲ။ ဒီအသင်းက အကောင်းဆုံးအသင်းတွေထဲက တစ်သင်းပါ။ ကျွန်တော်ဆိုလိုတာက ကျွန်တော်တို့က အကောင်းဆုံးအသင်းဖြစ်ခဲ့ပါတယ်။ ကျွန်တော် အဲဒီမှာ ကစားခဲ့ရတာကို ဂုဏ်ယူမိတယ်။ ကမ္ဘာပေါ်မှာ ဘောလုံးကစားဖို့ အကောင်းဆုံးနေရာတွေထဲက တစ်ခုပါ။ ကျွန်တော် အဝတ်လဲခန်းထဲမှာ ကစားသမားတွေနဲ့ အတူ ရှိခဲ့တာ မှတ်မိသေးတယ်။ ကမ္ဘာ့အဆင့် ကစားသမားတွေ။ ကမ္ဘာ့အဆင့်တွေချည်းပဲ။ ဘာစီလိုနာကနေ ဝယ်ခဲ့တဲ့သူတွေ၊ ရီးရဲလ်မက်ဒရစ်ကနေ ဝယ်ခဲ့တဲ့သူတွေ၊ ဘိုင်ယန်မြူးနစ်ကနေ ဝယ်ခဲ့တဲ့သူတွေပေ့ါ။ အခုကျတော့ ဘရိုက်တန်ကနေ အလားအလာရှိတဲ့ကစားသမားတွေ ဝယ်နေရတယ်။ ခင်ဗျား အဲဒီလို အလားအလာရှိတဲ့ကစားသမားတွေလည်း ဝယ်ရမယ်ဆိုတာ ကျွန်တော် နားလည်တယ်။ ဒါပေမယ့် ဘယ်မှာလဲ ကမ္ဘာ့ထိပ်တန်းအဆင့်ကစားသမားတွေက”လို့ ပြောကြားခဲ့ပါတယ်။

REF: INTERNET SOURCES
PHOTOS CREDIT TO OWNERS
SPORTS A2Z.

ZAWGYI: ခ်ဲလ္ဆီးဂိုးသမားေဟာင္း အက္စ္မီရာ ဘီဂိုဗစ္က အသင္းေဟာင္းရဲ႕ အေျပာင္းအေ႐ႊ႕ မဟာဗ်ဴဟာကို ျပစ္တင္ေဝဖန္ခဲ့ၿပီး ဘ႐ိုက္တန္ကေန မြိဳက္စ္ ကိုင္ေဆဒိုကို ေခၚယူခဲ့တာကိုေတာင္ မွားယြင္းတဲ့လုပ္ေဆာင္မႈလို႔ ေျပာၾကားခဲ့တာျဖစ္ပါတယ္။

အေနာက္လန္ဒန္ကလပ္ဟာ ပိုင္ရွင္သစ္ ေတာ့ဒ္ ဘိုလီ ေရာက္လာကတည္းက ေျပာင္းေ႐ႊ႕ေၾကး ေပါင္ ၁ ဘီလီယံေက်ာ္သုံးစြဲခဲ့ေပမယ့္လည္း ၿပီးခဲ့တဲ့ရာသီ ပရီးမီးယားလိဂ္မွာ အဆင့္ ၁၂ ေနရာနဲ႔သာ ရာသီၿပီးဆုံးႏိုင္ခဲ့သလို ယခုရာသီမွာလည္း ပထမဆုံး ၄ ပြဲကေန ႏိုင္ပြဲ ၁ ပြဲသာ ရယူႏိုင္ခဲ့တာျဖစ္ပါတယ္။

ဘီဂိုဗစ္က ခ်ဲလ္ဆီးရဲ႕ ကစားသမားသစ္ေခၚယူဖို႔အတြက္ ခ်ဥ္းကပ္ပုံအသစ္ဟာ ႐ိုမန္ ေအဗရာမိုဗစ္ခ်္လက္ထက္အတြင္း ဆုဖလားေတြ ရရွိခဲ့တဲ့ အသင္းသမိုင္းအရ လုံးဝကို ထူးဆန္းေနတယ္လို႔ ခံစားေနရၿပီး အာဆင္နယ္နဲ႔အၿပိဳင္ ဒီကလန္ ႐ိုက္ကို ေခၚရမယ့္အစား ကိုင္ေဆဒိုကို သြားေခၚလိုက္တဲ့အမွားေၾကာင့္ အမွတ္ေပးဇယားအလယ္က အသင္းျဖစ္ေနတာလို႔ေတာင္ ေဝဖန္ခဲ့တာျဖစ္ပါတယ္။

“တကယ္လို႔ ခင္ဗ်ားသာ ကိုင္ေဆဒိုအတြက္ ေပါင္သန္း ၁၁၅ သန္းေလာက္ သုံးမယ္ဆိုရင္ ဒီကလန္ ႐ိုက္အတြက္ဆို ေပါင္သန္း ၁၂၀ ေလာက္ေတာ့ သုံးမွာမဟုတ္လား။ ဒီကလန္ကို လူခ်င္းမသိပါဘူး။ သူက အာဆင္နယ္အတြက္ မကစားေပးခ်င္ဘူးလို႔ ေျပာေနတာမဟုတ္ပါဘူး။ ဒါေပမယ့္ စဥ္းစားၾကည့္ရင္ သူက ခ်ဲလ္ဆီးကို သြားခ်င္ခဲ့တယ္လို႔ ကြၽန္ေတာ္ ထင္တယ္။ ခင္ဗ်ား ဒီလိုကစားသမားေတြထဲက အခ်ိဳ႕ကို ၾကည့္ၿပီး ဘယ္လိုျဖစ္ၿပီး ဒီကလန္ ႐ိုက္က တျခားတစ္ေနရာကို သြားမွာလဲလို႔ ေတြးမိမွာပါ။ ဒီလိုမ်ိဳး ကစားသမားေတြက အရင္တုန္းက ခ်ဲလ္ဆီးကိုပဲ သြားခဲ့ၾကတာပါ။ သူတို႔ရဲ႕ အေကာင္းဆုံးအခ်ိန္မွာရွိေနတဲ့ ကစားသမားေတြေပါ့။ ဒီကလန္ ႐ိုက္က သူ႔ရဲ႕ အေကာင္းဆုံးအခ်ိန္မွာ ရွိေနပါတယ္”

“ကြၽန္ေတာ္ အ႐ူးတစ္ေယာက္လို ေဘာလုံးပြဲေတြကို ၾကည့္ခဲ့ၿပီး ဒီကစားသမားေတြထဲက တစ္ဝက္ေလာက္ကို ကြၽန္ေတာ္ မသိပါဘူး။ ကြၽန္ေတာ့္အတြက္ေတာ့ အဲဒါက ထူးဆန္းတယ္။ ျဖစ္ေနတာတစ္ခုလုံးက အရမ္းထူးဆန္းတယ္။ ကြၽန္ေတာ္ အသင္းရဲ႕ တည္ေဆာက္မႈကို မျမင္ဘူး။ ဒီျပန္လည္တည္ေဆာက္မႈတစ္ခုလုံးႀကီးက ကြၽန္ေတာ့္အတြက္ေတာ့ နည္းနည္း ဆင္ေျခဆန္ပါတယ္။ ကြၽန္ေတာ္ အန္ဇို ဖာနန္ဒက္ဇ္ကို မႀကိဳက္ဘူးေျပာတာမဟုတ္ပါဘူး။ ဒါေပမယ့္ ကြၽန္ေတာ္တို႔ သူနဲ႔ ကိုင္ေဆဒိုအတြက္ ေပါင္သန္း ၂၃၀ သုံးခဲ့မယ့္အစား ကြၽန္ေတာ္ကေတာ့ ဒီကလန္ ႐ိုက္ကို ရမယ္ဆိုရင္ သူ႔ကိုပဲ ေခၚခ်င္ပါတယ္။ အေကာင္းဆုံးကစားသမားေတြကိုပဲ ေက်းဇူးျပဳၿပီး ေခၚေပးပါ။ ပြင့္ပြင့္လင္းလင္း ေျပာရရင္ ၿပီးခဲ့တဲ့ ၁၂ လအတြင္း ခ်ဲလ္ဆီးမွာ ဘာေတြ ျဖစ္ခဲ့တာလဲ။ မယုံႏိုင္စရာေတြျဖစ္ခဲ့တာပါ။ ကြၽန္ေတာ္ ဆိုလိုတာက ပိုခ်က္တီႏိုလူစာရင္းထဲက ကစားသမားေတြနဲ႔ သုံးစြဲခဲ့တဲ့ ေငြပမာဏနဲ႔ ပရီးမီးယားလိဂ္မွာ အဆင့္ ၁၂ ပဲရခဲ့တယ္။ အဲဒါက အမွတ္ေပးဇယားအလယ္အသင္းပါ။ အဲဒါက တကယ္ကို အမွတ္ေပးဇယားအလယ္က အသင္းပါ။ သူတို႔ေတြသာ ပိုၿပီးျမင့္မားတဲ့အဆင့္ကို ေရာက္ခဲ့မယ္ဆိုရင္ ခင္ဗ်ား ထူးျခားဆန္းၾကယ္တာေတြကို ျမင္ေနရတာျဖစ္ပါလိမ့္မယ္”

“ခင္ဗ်ား ခရစၥတိုဖာ အန္ကြန္ကူနဲ႔ပတ္သက္ၿပီး နည္းနည္းကံဆိုးခဲ့တယ္။ ကြၽန္ေတာ္ နားလည္တယ္။ သူက ထိပ္တန္းကစားသမားပါ။ ကိုး ပါလ္မာက အခုမွ ေရာက္လာ႐ုံပဲရွိေသးတယ္။ ဒါေပမယ့္ ဒီလို ကစားသမားေတြကို ေခၚယူမႈနဲ႔ပတ္သက္ၿပီး ဘာေတြျဖစ္ေနတာလဲ။ ဘာေၾကာင့္ ခ်ဲလ္ဆီးအသင္းက ျပန္လည္တည္ေဆာက္ေနရတာလဲ။ ဘာေၾကာင့္ ခ်ဲလ္ဆီးက အကူးအေျပာင္းကာလမွာရွိေနရတာလဲ။ ဒီအသင္းက အေကာင္းဆုံးအသင္းေတြထဲက တစ္သင္းပါ။ ကြၽန္ေတာ္ဆိုလိုတာက ကြၽန္ေတာ္တို႔က အေကာင္းဆုံးအသင္းျဖစ္ခဲ့ပါတယ္။ ကြၽန္ေတာ္ အဲဒီမွာ ကစားခဲ့ရတာကို ဂုဏ္ယူမိတယ္။ ကမာၻေပၚမွာ ေဘာလုံးကစားဖို႔ အေကာင္းဆုံးေနရာေတြထဲက တစ္ခုပါ။ ကြၽန္ေတာ္ အဝတ္လဲခန္းထဲမွာ ကစားသမားေတြနဲ႔ အတူ ရွိခဲ့တာ မွတ္မိေသးတယ္။ ကမာၻ႔အဆင့္ ကစားသမားေတြ။ ကမာၻ႔အဆင့္ေတြခ်ည္းပဲ။ ဘာစီလိုနာကေန ဝယ္ခဲ့တဲ့သူေတြ၊ ရီးရဲလ္မက္ဒရစ္ကေန ဝယ္ခဲ့တဲ့သူေတြ၊ ဘိုင္ယန္ျမဴးနစ္ကေန ဝယ္ခဲ့တဲ့သူေတြေပ့ါ။ အခုက်ေတာ့ ဘ႐ိုက္တန္ကေန အလားအလာရွိတဲ့ကစားသမားေတြ ဝယ္ေနရတယ္။ ခင္ဗ်ား အဲဒီလို အလားအလာရွိတဲ့ကစားသမားေတြလည္း ဝယ္ရမယ္ဆိုတာ ကြၽန္ေတာ္ နားလည္တယ္။ ဒါေပမယ့္ ဘယ္မွာလဲ ကမာၻ႔ထိပ္တန္းအဆင့္ကစားသမားေတြက”လို႔ ေျပာၾကားခဲ့ပါတယ္။

REF: INTERNET SOURCES
PHOTOS CREDIT TO OWNERS
SPORTS A2Z.