Premier League

ကွင်းလယ်စံပြပုဂ္ဂိုလ်ကို အံ့အားသင့်ဖွယ်ရွေးချယ်ခဲ့တဲ့ ဒီကလန် ရိုက်

အာဆင်နယ်ကွင်းလယ်ကြယ်ပွင့် ဒီကလန် ရိုက်က မန်ချက်စတာစီးတီးကွင်းလယ်ကြယ်ပွင့် ရိုဒရီဟာ အတုယူရဆုံး ကွင်းလယ်ကစားသမားဖြစ်တယ်လို့ ဝန်ခံခဲ့ပြီး ပရီးမီးယားလိဂ်က ကွင်းလယ်နေရာမှာ အထူးချွန်ဆုံးကစားသမားအဖြစ် ချီးကျူးခဲ့ပါတယ်။

ဒီကလန် ရိုက်ဟာ ပရီးမီးယားလိဂ်မှာ အကောင်းဆုံးကွင်းလယ်ခံစစ်ကစားသမားတွေထဲက တစ်ဦးအဖြစ် သက်သေပြသထားသူဖြစ်ပြီး ယခုနွေရာသီမှာ ဝက်စ်ဟမ်းကနေ စံချိန်တင်ပြောင်းရွှေ့ကြေးနဲ့ အာဆင်နယ်ကို ပြောင်းရွှေ့ပြီးနောက် ကောင်းကောင်း အံဝင်ခဲ့တဲ့ ကစားသမားဖြစ်ပါတယ်။

အသက် ၂၄ နှစ်အရွယ် ကွင်းလယ်ကြယ်ပွင့်ဟာ လေ့လာသင်ယူမှုတွေ ပြုလုပ်နေဆဲဖြစ်ပြီး ရိုဒရီကို ကွင်းလယ်ကစားသမားတွေအတွက် စံထားရတဲ့ ကစားသမားအဖြစ် ရှုမြင်ထားတယ်လို့ ပြောကြားခဲ့တာဖြစ်ပါတယ်။

“ပရီးမီးယားလိဂ်မှာ အဓိကအတုယူရတဲ့ကစားသမားက ရိုဒရီဆိုတာ သိသာပါတယ်။ သူက မယုံနိုင်စရာကောင်းတဲ့သူပါ။ သူ အလုပ်လုပ်တဲ့ပုံစံနဲ့ အရမ်းကောင်းတဲ့ကစားသမားပါ။ မန်စီးတီးအသင်းကို သူ ထိန်းကျောင်းပေးနေတဲ့ပုံစံကို ကြည့်ရင် ထိပ်တန်းကစားသမားဆိုတာ ခင်ဗျား သိနိုင်ပါတယ်။ ကျွန်တော် အာဆင်နယ်ကို လာတဲ့အချိန်မှာ ပါတေးက မယုံနိုင်စရာကောင်းခဲ့ပြီး သူ ဒဏ်ရာရတဲ့အချိန်အထိ အရမ်းကောင်းမွန်တဲ့ပုံစံမှာရှိနေခဲ့ပါတယ်။ ရီးရဲလ်မက်ဒရစ်က ချွင်မင်နီကလည်း အရမ်း အဝင်အထွက်ရဲပြီး ဘောလုံးနဲ့ တိုက်စစ်ကို တက်နိုင်တဲ့ လူငယ်ကြယ်ပွင့်ပါ။ သူက အရမ်းကောင်းပါတယ်။ ”လို့ ပြောကြားခဲ့တာဖြစ်ပါတယ်။

အာဆင်နယ်ကို ပြောင်းရွှေ့ပြီးကတည်းက ဒီကလန် ရိုက်ရဲ့ သဘောကျနှစ်သက်မှုကို ခံခဲ့ရတဲ့ နောက်ထပ်အသင်းဖော်ကတော့ ဂျော်ဂျင်ညိုဖြစ်ပြီး အီတလီကွင်းလယ်ကြယ်ပွင့်ဟာ ဂန်းနားပွဲထွက်လူစာရင်းမှာ ပုံမှန်ပါဝင်ခွင့်ရခဲ့ခြင်းမရှိပေမယ့်လည်း ကွင်းထဲမှာ ပါဝင်ကစားတဲ့အချိန်တိုင်း ကောင်းမွန်ခဲ့တာဖြစ်ပါတယ်။

“ကျွန်တော့်ကို အံ့အားအသင့်စေဆုံးကတော့ ဂျော်ဂျင်ညိုပါ။ အံ့လည်း မအံ့ဩတော့ပါဘူး။ ဘာလို့လဲဆိုတော့ သူက အရမ်းကောင်းတဲ့ကစားသမားဆိုတာကို ကျွန်တော်သိထားပြီးသားမို့လို့ပါ။ ဒါပေမယ့် သူနဲ့ လေ့ကျင့်ရေးမှာ နေ့တိုင်း ကစားတဲ့အခါမှာ သူဘယ်လောက်ကောင်းလဲဆိုတာကို မြင်တွေ့ခဲ့ရပါတယ်။ ဘာလို့လဲဆိုတော့ သူက အကြီးမားဆုံးကစားသမားမဟုတ်လို့ပါ။ ကွင်းလယ်အထိုင်ကစားသမားအဖြစ်နဲ့ အလုပ်လုပ်နေတဲ့ သူ့ရဲ့ ဦးနှောက်က အရမ်းကောင်းပါတယ်။ ကျွန်တော် သူ့ဆီကနေ အဲဒီအရာတွေကို အတုခိုးဖို့ ကြိုးစားနေပါတယ်။ သူက အမြဲတမ်း ကိုယ့်နေရာမှာ ကိုယ်ရှိနေတယ်။ ဘယ်အချိန်မှာ ဘောလုံးပေးရမလဲဆိုတာကို အမြဲတမ်းသိတယ်။ အမြဲတမ်းသူ့အတွက်သူ အချိန်ဖန်တီးတယ်။သူက အရမ်းထူးချွန်တဲ့ လေ့ကျင့်ရေးသမားဖြစ်ပြီး ကျွန်တော် သူ့ပွဲကစားပုံကနေ နည်းနည်းအတုခိုးဖို့ ကြိုးပမ်းနေပါတယ်။ ပွင့်ပွင့်လင်းလင်း ပြောရရင် အားလုံးဆီကနေ ကျွန်တော် လေ့လာသင်ယူနေပါတယ်။ ကျွန်တော်က အသက် ၂၄ နှစ်ပဲရှိသေးပြီး ကျွန်တော့်မှာလည်း အရည်အချင်းတွေအားလုံးရှိပါတယ်။ ဒါပေမယ့် ထိပ်တန်းကစားသမားဖြစ်လာဖို့ ထပ်ဖြည့်ရမယ့်အရာတွေရှိပါသေးတယ်။ ဒါက ကျွန်တော်ဖြစ်ချင်တဲ့အရာပါ။ ကျွန်တော်တို့ ခံစစ်ကနေ ကစားချင်တဲ့ပုံစံနဲ့ အဲဒီကစားကွက်မှာ ကျွန်တော့်ရဲ့ နေရာက အရမ်းအရေးပါပါတယ်။ ကျွန်တော်က အမြဲတမ်း ထွက်လာတဲ့ ဘောလုံးကို ရယူဖို့အတွက် လွတ်လပ်လပ်လပ်နဲ့ ရှိနေရပါတယ်။ အဲဒီလို ကစားရတာ ကျွန်တော် တကယ် ပျော်ရွှင်မိပါတယ်။ ကျွန်တော် ဝက်စ်ဟမ်းမှာ ကစားတုန်းက ဒီလိုမျိုး ဘယ်တုန်းကမှ မကစားခဲ့ဖူးပါဘူး။ အဲဒီတော့ ဒါက ခင်ဗျားကို သက်တောင့်သက်သာ နေနေရတဲ့ အခြေအနေကနေ ထွက်လာစေသလို အဲဒီလို ပိုပြီး ကစားရလေ ယုံကြည်မှုများများပိုရလေပါပဲ။ အဲဒါက တကယ်ကောင်းမွန်ပြီး ကျွန်တော် လိုချင်တဲ့အရာလည်း ဖြစ်ပါတယ်”လို့ ပြောကြားခဲ့တာဖြစ်ပါတယ်။

REF: INTERNET SOURCES
PHOTOS CREDIT TO OWNERS
SPORTS A2Z.

ZAWGYI: အာဆင္နယ္ကြင္းလယ္ၾကယ္ပြင့္ ဒီကလန္ ႐ိုက္က မန္ခ်က္စတာစီးတီးကြင္းလယ္ၾကယ္ပြင့္ ႐ိုဒရီဟာ အတုယူရဆုံး ကြင္းလယ္ကစားသမားျဖစ္တယ္လို႔ ဝန္ခံခဲ့ၿပီး ပရီးမီးယားလိဂ္က ကြင္းလယ္ေနရာမွာ အထူးခြၽန္ဆုံးကစားသမားအျဖစ္ ခ်ီးက်ဴးခဲ့ပါတယ္။

ဒီကလန္ ႐ိုက္ဟာ ပရီးမီးယားလိဂ္မွာ အေကာင္းဆုံးကြင္းလယ္ခံစစ္ကစားသမားေတြထဲက တစ္ဦးအျဖစ္ သက္ေသျပသထားသူျဖစ္ၿပီး ယခုေႏြရာသီမွာ ဝက္စ္ဟမ္းကေန စံခ်ိန္တင္ေျပာင္းေ႐ႊ႕ေၾကးနဲ႔ အာဆင္နယ္ကို ေျပာင္းေ႐ႊ႕ၿပီးေနာက္ ေကာင္းေကာင္း အံဝင္ခဲ့တဲ့ ကစားသမားျဖစ္ပါတယ္။

အသက္ ၂၄ ႏွစ္အ႐ြယ္ ကြင္းလယ္ၾကယ္ပြင့္ဟာ ေလ့လာသင္ယူမႈေတြ ျပဳလုပ္ေနဆဲျဖစ္ၿပီး ႐ိုဒရီကို ကြင္းလယ္ကစားသမားေတြအတြက္ စံထားရတဲ့ ကစားသမားအျဖစ္ ရႈျမင္ထားတယ္လို႔ ေျပာၾကားခဲ့တာျဖစ္ပါတယ္။

“ပရီးမီးယားလိဂ္မွာ အဓိကအတုယူရတဲ့ကစားသမားက ႐ိုဒရီဆိုတာ သိသာပါတယ္။ သူက မယုံႏိုင္စရာေကာင္းတဲ့သူပါ။ သူ အလုပ္လုပ္တဲ့ပုံစံနဲ႔ အရမ္းေကာင္းတဲ့ကစားသမားပါ။ မန္စီးတီးအသင္းကို သူ ထိန္းေက်ာင္းေပးေနတဲ့ပုံစံကို ၾကည့္ရင္ ထိပ္တန္းကစားသမားဆိုတာ ခင္ဗ်ား သိႏိုင္ပါတယ္။ ကြၽန္ေတာ္ အာဆင္နယ္ကို လာတဲ့အခ်ိန္မွာ ပါေတးက မယုံႏိုင္စရာေကာင္းခဲ့ၿပီး သူ ဒဏ္ရာရတဲ့အခ်ိန္အထိ အရမ္းေကာင္းမြန္တဲ့ပုံစံမွာရွိေနခဲ့ပါတယ္။ ရီးရဲလ္မက္ဒရစ္က ခြၽင္မင္နီကလည္း အရမ္း အဝင္အထြက္ရဲၿပီး ေဘာလုံးနဲ႔ တိုက္စစ္ကို တက္ႏိုင္တဲ့ လူငယ္ၾကယ္ပြင့္ပါ။ သူက အရမ္းေကာင္းပါတယ္။ ”လို႔ ေျပာၾကားခဲ့တာျဖစ္ပါတယ္။

အာဆင္နယ္ကို ေျပာင္းေ႐ႊ႕ၿပီးကတည္းက ဒီကလန္ ႐ိုက္ရဲ႕ သေဘာက်ႏွစ္သက္မႈကို ခံခဲ့ရတဲ့ ေနာက္ထပ္အသင္းေဖာ္ကေတာ့ ေဂ်ာ္ဂ်င္ညိဳျဖစ္ၿပီး အီတလီကြင္းလယ္ၾကယ္ပြင့္ဟာ ဂန္းနားပြဲထြက္လူစာရင္းမွာ ပုံမွန္ပါဝင္ခြင့္ရခဲ့ျခင္းမရွိေပမယ့္လည္း ကြင္းထဲမွာ ပါဝင္ကစားတဲ့အခ်ိန္တိုင္း ေကာင္းမြန္ခဲ့တာျဖစ္ပါတယ္။

“ကြၽန္ေတာ့္ကို အံ့အားအသင့္ေစဆုံးကေတာ့ ေဂ်ာ္ဂ်င္ညိဳပါ။ အံ့လည္း မအံ့ဩေတာ့ပါဘူး။ ဘာလို႔လဲဆိုေတာ့ သူက အရမ္းေကာင္းတဲ့ကစားသမားဆိုတာကို ကြၽန္ေတာ္သိထားၿပီးသားမို႔လို႔ပါ။ ဒါေပမယ့္ သူနဲ႔ ေလ့က်င့္ေရးမွာ ေန႔တိုင္း ကစားတဲ့အခါမွာ သူဘယ္ေလာက္ေကာင္းလဲဆိုတာကို ျမင္ေတြ႕ခဲ့ရပါတယ္။ ဘာလို႔လဲဆိုေတာ့ သူက အႀကီးမားဆုံးကစားသမားမဟုတ္လို႔ပါ။ ကြင္းလယ္အထိုင္ကစားသမားအျဖစ္နဲ႔ အလုပ္လုပ္ေနတဲ့ သူ႔ရဲ႕ ဦးေႏွာက္က အရမ္းေကာင္းပါတယ္။ ကြၽန္ေတာ္ သူ႔ဆီကေန အဲဒီအရာေတြကို အတုခိုးဖို႔ ႀကိဳးစားေနပါတယ္။ သူက အၿမဲတမ္း ကိုယ့္ေနရာမွာ ကိုယ္ရွိေနတယ္။ ဘယ္အခ်ိန္မွာ ေဘာလုံးေပးရမလဲဆိုတာကို အၿမဲတမ္းသိတယ္။ အၿမဲတမ္းသူ႔အတြက္သူ အခ်ိန္ဖန္တီးတယ္။သူက အရမ္းထူးခြၽန္တဲ့ ေလ့က်င့္ေရးသမားျဖစ္ၿပီး ကြၽန္ေတာ္ သူ႔ပြဲကစားပုံကေန နည္းနည္းအတုခိုးဖို႔ ႀကိဳးပမ္းေနပါတယ္။ ပြင့္ပြင့္လင္းလင္း ေျပာရရင္ အားလုံးဆီကေန ကြၽန္ေတာ္ ေလ့လာသင္ယူေနပါတယ္။ ကြၽန္ေတာ္က အသက္ ၂၄ ႏွစ္ပဲရွိေသးၿပီး ကြၽန္ေတာ့္မွာလည္း အရည္အခ်င္းေတြအားလုံးရွိပါတယ္။ ဒါေပမယ့္ ထိပ္တန္းကစားသမားျဖစ္လာဖို႔ ထပ္ျဖည့္ရမယ့္အရာေတြရွိပါေသးတယ္။ ဒါက ကြၽန္ေတာ္ျဖစ္ခ်င္တဲ့အရာပါ။ ကြၽန္ေတာ္တို႔ ခံစစ္ကေန ကစားခ်င္တဲ့ပုံစံနဲ႔ အဲဒီကစားကြက္မွာ ကြၽန္ေတာ့္ရဲ႕ ေနရာက အရမ္းအေရးပါပါတယ္။ ကြၽန္ေတာ္က အၿမဲတမ္း ထြက္လာတဲ့ ေဘာလုံးကို ရယူဖို႔အတြက္ လြတ္လပ္လပ္လပ္နဲ႔ ရွိေနရပါတယ္။ အဲဒီလို ကစားရတာ ကြၽန္ေတာ္ တကယ္ ေပ်ာ္႐ႊင္မိပါတယ္။ ကြၽန္ေတာ္ ဝက္စ္ဟမ္းမွာ ကစားတုန္းက ဒီလိုမ်ိဳး ဘယ္တုန္းကမွ မကစားခဲ့ဖူးပါဘူး။ အဲဒီေတာ့ ဒါက ခင္ဗ်ားကို သက္ေတာင့္သက္သာ ေနေနရတဲ့ အေျခအေနကေန ထြက္လာေစသလို အဲဒီလို ပိုၿပီး ကစားရေလ ယုံၾကည္မႈမ်ားမ်ားပိုရေလပါပဲ။ အဲဒါက တကယ္ေကာင္းမြန္ၿပီး ကြၽန္ေတာ္ လိုခ်င္တဲ့အရာလည္း ျဖစ္ပါတယ္”လို႔ ေျပာၾကားခဲ့တာျဖစ္ပါတယ္။

REF: INTERNET SOURCES
PHOTOS CREDIT TO OWNERS
SPORTS A2Z.