Saudi League

မော်ရိုကို ဒုက္ခသည်တွေကို ဟိုတယ်မှာ အခမဲ့တည်းခိုခွင့် ရော်နယ်လ်ဒို တကယ်ပေးနေသလား

ပေါ်တူဂီကြယ်ပွင့် ခရစ္စတီယာနို ရော်နယ်လ်ဒို ပိုင်ဆိုင်တဲ့ မာရာကက်ရှ်က CR7 Pestana ဟိုတယ်ဟာ မော်ရိုကိုက ငလျင်ဒုက္ခသည်တွေကို ဟိုတယ်မှာ အခမဲ့တည်းခိုခွင့်ပေးနေခြင်းမရှိဘူးလို့ သိရပါတယ်။

မော်ရိုကိုက တောင်ထူထပ်တဲ့ ဟိုက် အတ္တလပ်ဒေသမှာ သောကြာနေ့က ၆.၈ ရစ်ချ်တာစကေးပမာဏရှိတဲ့ ငလျင်လှုပ်ခတ်မှုကြောင့် လူပေါင်း ၂၀၀၀ ကျော် ပျောက်ဆုံးခဲ့သလို လူသေဆုံးမှုတွေ အများအပြား ဖြစ်ပေါ်ခဲ့တာဖြစ်ပါတယ်။

လီယွန်နယ် မက်ဆီဟာ မော်ရိုကို ငလျင်ဒုက္ခသည်တွေကို ဝမ်းနည်းကြေကွဲကြောင်း သတင်းစကားပေးပို့ခဲ့တဲ့ ကမ္ဘာကျော်ပုဂ္ဂိုလ်တွေထဲမှာ အပါအဝင် ဖြစ်ခဲ့ပြီး ရော်နယ်လ်ဒိုကလည်း မာရာကက်ရှ်က CR7 Pestana ဟိုတယ်ကို အခမဲ့တည်းခိုခွင့်ပေးနေတယ်လို့ သတင်းတွေက ဖော်ပြခဲ့ပေမယ့်လည်း အဲဒီသတင်းက အတုသာဖြစ်တယ်လို့ ဟိုတယ်က အတည်ပြုခဲ့ပါတယ်။

ဟိုတယ်ပြောရေးဆိုခွင့်ရှိသူက “ဒါက သတင်းအမှားပါ။ ကာစတမ်မာတွေအားလုံးက အခုအချိန်မှာ ပုံမှန်အတိုင်းပဲ အခန်းယူနေကြပါတယ်။ ”လို့ ပြောကြားခဲ့တာဖြစ်ပြီး ယူနက်စ်ကိုရဲ့ ကမ္ဘာ့ရှေးဟောင်းအမွေအနှစ်စာရင်းဝင်ဖြစ်တဲ့ မာရာကက်ရှ်မြို့ဟောင်းနေရာဟာ အင်အားပြင်းငလျင်ရဲ့ ရိုက်ခတ်မှုကို ခံခဲ့ရတာဖြစ်ပါတယ်။

အဆောက်အဦးတွေနဲ့ နံရံတွေ ပြိုကျခဲ့တာကြောင့် ကျဉ်းမြောင်းတဲ့တောင်ကြားလမ်းတွေဟာ ဒဏ်ရာရထားတဲ့ ဒုက္ခသည်တွေအတွက် ဘေးလွတ်ရာကို ထွက်ပြေးလွတ်မြောက်ဖို့ အခက်တွေ့စေခဲ့တာဖြစ်ပြီး မြို့ရင်ပြင်ဟာ အစားအစာ၊ သောက်ရေနဲ့ အိပ်ရာတွေ ထောက်ပံ့ပေးဖို့ အရေးပေါ် ကယ်ဆယ်ရေးစခန်းအဖြစ် ပြောင်းလဲခဲ့ရတာဖြစ်ပါတယ်။

မော်ရိုကို လက်ရွေးစင်ဘောလုံးအသင်းကလည်း ကယ်ဆယ်ရေးလုပ်ငန်းတွေမှာ အားစိုက်ပါဝင်တဲ့အနေနဲ့ တတ်နိုင်သမျှ အစွမ်းကုန် ပြုလုပ်ပေးခဲ့ပြီး ဒဏ်ရာရ ငလျင်ဒုက္ခသည်တွေအတွက် သွေးလှူဒါန်းပေးခဲ့ကြပါတယ်။

REF: INTERNET SOURCES
PHOTOS CREDIT TO OWNERS
SPORTS A2Z.

ZAWGYI: ေပၚတူဂီၾကယ္ပြင့္ ခရစၥတီယာႏို ေရာ္နယ္လ္ဒို ပိုင္ဆိုင္တဲ့ မာရာကက္ရွ္က CR7 Pestana ဟိုတယ္ဟာ ေမာ္႐ိုကိုက ငလ်င္ဒုကၡသည္ေတြကို ဟိုတယ္မွာ အခမဲ့တည္းခိုခြင့္ေပးေနျခင္းမရွိဘူးလို႔ သိရပါတယ္။

ေမာ္႐ိုကိုက ေတာင္ထူထပ္တဲ့ ဟိုက္ အတၱလပ္ေဒသမွာ ေသာၾကာေန႔က ၆.၈ ရစ္ခ်္တာစေကးပမာဏရွိတဲ့ ငလ်င္လႈပ္ခတ္မႈေၾကာင့္ လူေပါင္း ၂၀၀၀ ေက်ာ္ ေပ်ာက္ဆုံးခဲ့သလို လူေသဆုံးမႈေတြ အမ်ားအျပား ျဖစ္ေပၚခဲ့တာျဖစ္ပါတယ္။

လီယြန္နယ္ မက္ဆီဟာ ေမာ္႐ိုကို ငလ်င္ဒုကၡသည္ေတြကို ဝမ္းနည္းေၾကကြဲေၾကာင္း သတင္းစကားေပးပို႔ခဲ့တဲ့ ကမာၻေက်ာ္ပုဂၢိဳလ္ေတြထဲမွာ အပါအဝင္ ျဖစ္ခဲ့ၿပီး ေရာ္နယ္လ္ဒိုကလည္း မာရာကက္ရွ္က CR7 Pestana ဟိုတယ္ကို အခမဲ့တည္းခိုခြင့္ေပးေနတယ္လို႔ သတင္းေတြက ေဖာ္ျပခဲ့ေပမယ့္လည္း အဲဒီသတင္းက အတုသာျဖစ္တယ္လို႔ ဟိုတယ္က အတည္ျပဳခဲ့ပါတယ္။

ဟိုတယ္ေျပာေရးဆိုခြင့္ရွိသူက “ဒါက သတင္းအမွားပါ။ ကာစတမ္မာေတြအားလုံးက အခုအခ်ိန္မွာ ပုံမွန္အတိုင္းပဲ အခန္းယူေနၾကပါတယ္။ ”လို႔ ေျပာၾကားခဲ့တာျဖစ္ၿပီး ယူနက္စ္ကိုရဲ႕ ကမာၻ႔ေရွးေဟာင္းအေမြအႏွစ္စာရင္းဝင္ျဖစ္တဲ့ မာရာကက္ရွ္ၿမိဳ႕ေဟာင္းေနရာဟာ အင္အားျပင္းငလ်င္ရဲ႕ ႐ိုက္ခတ္မႈကို ခံခဲ့ရတာျဖစ္ပါတယ္။

အေဆာက္အဦးေတြနဲ႔ နံရံေတြ ၿပိဳက်ခဲ့တာေၾကာင့္ က်ဥ္းေျမာင္းတဲ့ေတာင္ၾကားလမ္းေတြဟာ ဒဏ္ရာရထားတဲ့ ဒုကၡသည္ေတြအတြက္ ေဘးလြတ္ရာကို ထြက္ေျပးလြတ္ေျမာက္ဖို႔ အခက္ေတြ႕ေစခဲ့တာျဖစ္ၿပီး ၿမိဳ႕ရင္ျပင္ဟာ အစားအစာ၊ ေသာက္ေရနဲ႔ အိပ္ရာေတြ ေထာက္ပံ့ေပးဖို႔ အေရးေပၚ ကယ္ဆယ္ေရးစခန္းအျဖစ္ ေျပာင္းလဲခဲ့ရတာျဖစ္ပါတယ္။

ေမာ္႐ိုကို လက္ေ႐ြးစင္ေဘာလုံးအသင္းကလည္း ကယ္ဆယ္ေရးလုပ္ငန္းေတြမွာ အားစိုက္ပါဝင္တဲ့အေနနဲ႔ တတ္ႏိုင္သမွ် အစြမ္းကုန္ ျပဳလုပ္ေပးခဲ့ၿပီး ဒဏ္ရာရ ငလ်င္ဒုကၡသည္ေတြအတြက္ ေသြးလႉဒါန္းေပးခဲ့ၾကပါတယ္။

REF: INTERNET SOURCES
PHOTOS CREDIT TO OWNERS
SPORTS A2Z.