Premier League

စီးတီးနဲ့ ချဲလ်ဆီးထက် ဂန်းနားတွေကို ဘာလို့ရွေးခဲ့လဲဆိုတာ ဖွင့်ဟခဲ့တဲ့ ဒီကလန် ရိုက်

ဒီကလန် ရိုက်ဟာ မန်ချက်စတာစီးတီးနဲ့ ချဲလ်ဆီးတို့ကို ငြင်းပယ်ပြီး အာဆင်နယ်ကို ပြောင်းရွှေ့ဖို့ ဆုံးဖြတ်ချက်ချမှတ်ခဲ့ရာမှာ အာတီတာက အရေးကြီးတဲ့အခန်းကဏ္ဍကနေ ပါဝင်ခဲ့တယ်လို့ ထုတ်ဖော်ပြောကြားခဲ့ပါတယ်။

အာဆင်နယ်ဟာ ဝက်စ်ဟမ်းအသင်းခေါင်းဆောင် ဒီကလန် ရိုက်ကို ခေါ်ယူမယ့်ပြိုင်ပွဲထဲမှာ ပရီးမီးယားလိဂ်ပြိုင်ဘက်တွေကို အနိုင်ရရှိခဲ့တာဖြစ်ပြီး အင်္ဂလန်ကွင်းလယ်ကြယ်ပွင့်ကို ပေါင် ၁၀၅ သန်းနဲ့ သဘောတူညီမှု ရရှိခဲ့တာဖြစ်ပါတယ်။

ဂန်းနားတွေဟာ ချဲလ်ဆီးနဲ့ မန်ချက်စတာယူနိုက်တက်တို့ဆီကနေ ကာလရှည် စိတ်ဝင်စားခြင်း ခံခဲ့ရတဲ့ ဒီကလန် ရိုက်အတွက် ရေကုန်ရေခမ်း ယှဉ်ပြိုင်ခဲ့ရတာဖြစ်ပြီး မန်ချက်စတာစီးတီးကလည်း ပေါင် ၁၀၅ သန်းနဲ့ ဝက်စ်ဟမ်းကို ကမ်းလှမ်းခဲ့တာဖြစ်ပါတယ်။

ဒါပေမယ့်လည်း ဒီကလန် ရိုက်က နည်းပြ အာတီတာလက်အောက်မှာ ကစားရဖို့က မြောက်လန်ဒန်ကို ပြောင်းရွှေ့ဖို့ ဆုံးဖြတ်ခဲ့တဲ့ ဆုံးဖြတ်ချက်နောက်ကွယ်က အဓိကအချက်တစ်ချက်ဖြစ်ခဲ့တယ်လို့ ထုတ်ဖော်ပြောဆိုခဲ့တာဖြစ်ပါတယ်။

“ကျွန်တော့်ကို အာဆင်နယ်ပြောင်းရွှေ့ချင်အောင် စည်းရုံးနိုင်ခဲ့တာကတော့ နည်းပြ အာတီတာလို့ပဲ ပြောရပါလိမ့်မယ်။ သူ့ကို ဆုံတွေ့ခဲ့တဲ့အချိန်ကတည်းက သူက ကျွန်တော့်ကစားသမားဘဝကို နောက်ထပ်အစိတ်အပိုင်းတစ်ခုဆီ ပို့ဆောင်ပေးနိုင်မယ့်သူတစ်ယောက်လို့ ကျွန်တော် ထင်မိခဲ့တယ်။ သူ စကားပြောတဲ့ပုံစံ၊ သူ့ရဲ့ ကိုယ်ရောင်ကိုယ်ဝါ၊ သူ ပွဲကို မြင်တဲ့ပုံ၊ သူ ဘောလုံးကစားချင်တဲ့ပုံစံ၊ ကျွန်တော်တို့ ပြီးခဲ့တဲ့ ၂ နှစ်မှာ သူတို့တွေ ကစားခဲ့တဲ့ပုံစံကို မြင်တွေ့ခဲ့တယ်။ သူတို့တွေက ကျွန်တော် တကယ်အံဝင်မယ်လို့ မြင်ထားတဲ့ အသင်းအဖွဲ့အနေနဲ့ ကစားနေခဲ့ကြတာပါ။ အခုအချိန်အထိတော့ ကျွန်တော်ဆုံးဖြတ်ချက်က အကျိုးရှိနေပါတယ်။ ကျွန်တော် အိမ်မှာရှိနေရသလို ခံစားရတယ်။ ကျွန်တော် စဝင်လာတဲ့အချိန်ကနေ အခုအချိန်အထိ အာဆင်နယ်က ကျွန်တော့်အိမ်ပဲဆိုတဲ့ ခံစားချက်မျိုး အမြဲတမ်းခံစားနေခဲ့ရတာပါ။”လို့ ပြောကြားခဲ့ပါတယ်။

REF: INTERNET SOURCES
PHOTOS CREDIT TO OWNERS
SPORTS A2Z.

ZAWGYI: ဒီကလန္ ႐ိုက္ဟာ မန္ခ်က္စတာစီးတီးနဲ႔ ခ်ဲလ္ဆီးတို႔ကို ျငင္းပယ္ၿပီး အာဆင္နယ္ကို ေျပာင္းေ႐ႊ႕ဖို႔ ဆုံးျဖတ္ခ်က္ခ်မွတ္ခဲ့ရာမွာ အာတီတာက အေရးႀကီးတဲ့အခန္းက႑ကေန ပါဝင္ခဲ့တယ္လို႔ ထုတ္ေဖာ္ေျပာၾကားခဲ့ပါတယ္။

အာဆင္နယ္ဟာ ဝက္စ္ဟမ္းအသင္းေခါင္းေဆာင္ ဒီကလန္ ႐ိုက္ကို ေခၚယူမယ့္ၿပိဳင္ပြဲထဲမွာ ပရီးမီးယားလိဂ္ၿပိဳင္ဘက္ေတြကို အႏိုင္ရရွိခဲ့တာျဖစ္ၿပီး အဂၤလန္ကြင္းလယ္ၾကယ္ပြင့္ကို ေပါင္ ၁၀၅ သန္းနဲ႔ သေဘာတူညီမႈ ရရွိခဲ့တာျဖစ္ပါတယ္။

ဂန္းနားေတြဟာ ခ်ဲလ္ဆီးနဲ႔ မန္ခ်က္စတာယူႏိုက္တက္တို႔ဆီကေန ကာလရွည္ စိတ္ဝင္စားျခင္း ခံခဲ့ရတဲ့ ဒီကလန္ ႐ိုက္အတြက္ ေရကုန္ေရခမ္း ယွဥ္ၿပိဳင္ခဲ့ရတာျဖစ္ၿပီး မန္ခ်က္စတာစီးတီးကလည္း ေပါင္ ၁၀၅ သန္းနဲ႔ ဝက္စ္ဟမ္းကို ကမ္းလွမ္းခဲ့တာျဖစ္ပါတယ္။

ဒါေပမယ့္လည္း ဒီကလန္ ႐ိုက္က နည္းျပ အာတီတာလက္ေအာက္မွာ ကစားရဖို႔က ေျမာက္လန္ဒန္ကို ေျပာင္းေ႐ႊ႕ဖို႔ ဆုံးျဖတ္ခဲ့တဲ့ ဆုံးျဖတ္ခ်က္ေနာက္ကြယ္က အဓိကအခ်က္တစ္ခ်က္ျဖစ္ခဲ့တယ္လို႔ ထုတ္ေဖာ္ေျပာဆိုခဲ့တာျဖစ္ပါတယ္။

“ကြၽန္ေတာ့္ကို အာဆင္နယ္ေျပာင္းေ႐ႊ႕ခ်င္ေအာင္ စည္း႐ုံးႏိုင္ခဲ့တာကေတာ့ နည္းျပ အာတီတာလို႔ပဲ ေျပာရပါလိမ့္မယ္။ သူ႔ကို ဆုံေတြ႕ခဲ့တဲ့အခ်ိန္ကတည္းက သူက ကြၽန္ေတာ့္ကစားသမားဘဝကို ေနာက္ထပ္အစိတ္အပိုင္းတစ္ခုဆီ ပို႔ေဆာင္ေပးႏိုင္မယ့္သူတစ္ေယာက္လို႔ ကြၽန္ေတာ္ ထင္မိခဲ့တယ္။ သူ စကားေျပာတဲ့ပုံစံ၊ သူ႔ရဲ႕ ကိုယ္ေရာင္ကိုယ္ဝါ၊ သူ ပြဲကို ျမင္တဲ့ပုံ၊ သူ ေဘာလုံးကစားခ်င္တဲ့ပုံစံ၊ ကြၽန္ေတာ္တို႔ ၿပီးခဲ့တဲ့ ၂ ႏွစ္မွာ သူတို႔ေတြ ကစားခဲ့တဲ့ပုံစံကို ျမင္ေတြ႕ခဲ့တယ္။ သူတို႔ေတြက ကြၽန္ေတာ္ တကယ္အံဝင္မယ္လို႔ ျမင္ထားတဲ့ အသင္းအဖြဲ႕အေနနဲ႔ ကစားေနခဲ့ၾကတာပါ။ အခုအခ်ိန္အထိေတာ့ ကြၽန္ေတာ္ဆုံးျဖတ္ခ်က္က အက်ိဳးရွိေနပါတယ္။ ကြၽန္ေတာ္ အိမ္မွာရွိေနရသလို ခံစားရတယ္။ ကြၽန္ေတာ္ စဝင္လာတဲ့အခ်ိန္ကေန အခုအခ်ိန္အထိ အာဆင္နယ္က ကြၽန္ေတာ့္အိမ္ပဲဆိုတဲ့ ခံစားခ်က္မ်ိဳး အၿမဲတမ္းခံစားေနခဲ့ရတာပါ။”လို႔ ေျပာၾကားခဲ့ပါတယ္။

REF: INTERNET SOURCES
PHOTOS CREDIT TO OWNERS
SPORTS A2Z.