Premier League Transfer News

ေနာက္ဆုံးရ မန္ခ်က္စတာယူႏုိက္တက္သတင္းမ်ား စုစည္းမွဳ – ၁၃.၁၀.၂၀၂၀

– မန္ခ်က္စတာယူႏုိက္တက္အသင္းအေနနဲ႔ အေျပာင္းအေရႊ႕ေဈးကြက္မွာ ထိထိေရာက္ေရာက္ ေဆာင္ရြက္ထားႏုိင္ျခင္းမရွိတဲ့ အမွဳေဆာင္ ဒုဥကၠဌ အက္ဒ္ ဝုဒ္ဝဒ္ရဲ႕ တာဝန္ေတြကို ေလွ်ာ့ခ်ၿပီး အလုပ္ျဖစ္ေစဖို႔ အိုင္းယက္စ္အသင္းရဲ႕ အက္ဒ္ဗင္ ဗန္ဒါဆားကို အားကစား ဒါ႐ိုက္တာအျဖစ္ ခန္႔အပ္ဖုိ႔ ေပါလ္ စခိုးလ္တုိက္တြန္း။

– မန္ခ်က္စတာယူႏုိက္တက္အသင္းရဲ႕ ဒုတိယဂိုးသမားအျဖစ္ ၿပီးခဲ့တဲ့ ရာသီကအထိ အသင္းရဲ႕ ဂိုးေပါက္မွာ တာဝန္ေက်ခဲ့တဲ့ အာဂ်င္တီးနားသား ဆာဂ်ီယို ႐ိုမဲ႐ိုးအေပၚ အသင္းဘက္ ဆက္ဆံပုံအတြက္ ပရိသတ္ေတြ အားနာေနၿပီး တာဝန္ရွိသူေတြကို ေဒါသထြက္ေနၾကေၾကာင္း သိရ။

– အသင္းရဲ႕ ဥ႐ုေဂြးကစားသမားသစ္တစ္ဦးျဖစ္တဲ့ ဖာကန္ဒို ပယ္လစၥထရီက သူ႕အေနနဲ႔ ယူႏိုက္တက္အသင္းမွာ ေနရာမရႏုိင္ေသးရင္ ပြဲကစားခြင့္ရဖို႔အတြက္ အငွားနဲ႔ ထြက္ခြာႏုိင္တယ္လို႔ဆုိၿပီး အသင္းအတြက္ ေျခစြမ္းျပရမယ့္ေန႔ကို ေစာင့္ဆုိင္းေနေၾကာင္းဆို။

– အမည္မေဖာ္ျပတဲ့ ေဆာ္ဒီအာေရးဘီးယား ကလပ္အသင္းတစ္သင္းဆီက မက္ေလာက္စရာ လစာေငြျဖစ္တဲ့ တစ္ႏွစ္ကို ေပါင္ ၁၈ သန္းနဲ႔ ကမ္းလွမ္းမွဳကို ယူႏုိက္တက္ ဝါရင့္ကြင္းလယ္လူ ဟြမ္မာတာ ပယ္ခ်ထားခဲ့ၿပီး အုိးလ္ထရက္ဖို႔ဒ္မွာပဲ ဆက္ရွိေနခဲ့။

– မန္ခ်က္စတာယူႏုိက္တက္အသင္းအေနနဲ႔ ဇန္နဝါရီမွာ အသင္းရဲ႕ ဗဟိုခံစစ္ကို အားျဖည့္သြားဖြယ္ရွိေနၿပီး ဝက္စ္ဟမ္း၊ အဲဗာတန္တုိ႔နဲ႔ ခ်ိတ္ဆက္ခဲ့ဖူးတဲ့ ေပါင္သန္း ၄၀ တန္ ဘန္ေလေနာက္ခံလူ ဂ်ိမ္းစ္ တာေကာ့ဗ္စကီးကို ေခၚယူသြားဖို႔ ခ်ိတ္ဆက္ေန။

– ယူႏိုက္တက္ တာဝန္ရွိသူေတြအေနနဲ႔ ေဈးကြက္ထဲမွာ ဖ်ံက်တဲ့ ကစားသမားေခၚယူမွဳတစ္ခုကို ျပဳလုပ္သြားဖြယ္ရွိေနၿပီး ရီးရဲလ္မက္ဒရစ္ရဲ႕ ပစ္မွတ္သစ္ ေအဒူယာဒို ကာမာဗင္ဂါကို ရေအာင္ေခၚယူၿပီးမွ ဇီဒန္း စိတ္ဝင္စားဖူးခဲ့တဲ့ ကြင္းလယ္လူ ေပါ့ဘာကို ျပန္လည္ေရာင္းထုတ္သြားဖြယ္ရွိ။

– နစ္ကီဘတ္၊ နဗီးလ္ညီေနာင္နဲ႔ ေပါလ္စခိုးလ္တုိ႔ ပုိင္ဆုိင္ထားတဲ့ ဆဲလ္ဖို႔ဒ္စီးတီးအသင္းရဲ႕ ယာယီနည္းျပအျဖစ္ လက္ရွိမွာ စခုိးလ္က တာဝန္ယူေနခဲ့ၿပီး သူတုိ႔ရဲ႕ ကစားေဖာ္နဲ႔ အသင္းေခါင္းေဆာင္ေဟာင္း ရြဳိင္းကီးန္ကို နည္းျပအျဖစ္ ခန္႔အပ္ႏိုင္ဖို႔ အကူအညီေတာင္းသြားဖြယ္ရွိေန။

REF: INTERNET SOURCES
PHOTOS CREDIT TO OWNERS
SPORTS A2Z.

UNICODE:

– မန်ချက်စတာယူနိုက်တက်အသင်းအနေနဲ့ အပြောင်းအရွှေ့ဈေးကွက်မှာ ထိထိရောက်ရောက် ဆောင်ရွက်ထားနိုင်ခြင်းမရှိတဲ့ အမှုဆောင် ဒုဥက္ကဌ အက်ဒ် ဝုဒ်ဝဒ်ရဲ့ တာဝန်တွေကို လျှော့ချပြီး အလုပ်ဖြစ်စေဖို့ အိုင်းယက်စ်အသင်းရဲ့ အက်ဒ်ဗင် ဗန်ဒါဆားကို အားကစား ဒါရိုက်တာအဖြစ် ခန့်အပ်ဖို့ ပေါလ် စခိုးလ်တိုက်တွန်း။

– မန်ချက်စတာယူနိုက်တက်အသင်းရဲ့ ဒုတိယဂိုးသမားအဖြစ် ပြီးခဲ့တဲ့ ရာသီကအထိ အသင်းရဲ့ ဂိုးပေါက်မှာ တာဝန်ကျေခဲ့တဲ့ အာဂျင်တီးနားသား ဆာဂျီယို ရိုမဲရိုးအပေါ် အသင်းဘက် ဆက်ဆံပုံအတွက် ပရိသတ်တွေ အားနာနေပြီး တာဝန်ရှိသူတွေကို ဒေါသထွက်နေကြကြောင်း သိရ။

– အသင်းရဲ့ ဥရုဂွေးကစားသမားသစ်တစ်ဦးဖြစ်တဲ့ ဖာကန်ဒို ပယ်လစ္စထရီက သူ့အနေနဲ့ ယူနိုက်တက်အသင်းမှာ နေရာမရနိုင်သေးရင် ပွဲကစားခွင့်ရဖို့အတွက် အငှားနဲ့ ထွက်ခွာနိုင်တယ်လို့ဆိုပြီး အသင်းအတွက် ခြေစွမ်းပြရမယ့်နေ့ကို စောင့်ဆိုင်းနေကြောင်းဆို။

– အမည်မဖော်ပြတဲ့ ဆော်ဒီအာရေးဘီးယား ကလပ်အသင်းတစ်သင်းဆီက မက်လောက်စရာ လစာငွေဖြစ်တဲ့ တစ်နှစ်ကို ပေါင် ၁၈ သန်းနဲ့ ကမ်းလှမ်းမှုကို ယူနိုက်တက် ဝါရင့်ကွင်းလယ်လူ ဟွမ်မာတာ ပယ်ချထားခဲ့ပြီး အိုးလ်ထရက်ဖို့ဒ်မှာပဲ ဆက်ရှိနေခဲ့။

– မန်ချက်စတာယူနိုက်တက်အသင်းအနေနဲ့ ဇန်နဝါရီမှာ အသင်းရဲ့ ဗဟိုခံစစ်ကို အားဖြည့်သွားဖွယ်ရှိနေပြီး ဝက်စ်ဟမ်း၊ အဲဗာတန်တို့နဲ့ ချိတ်ဆက်ခဲ့ဖူးတဲ့ ပေါင်သန်း ၄၀ တန် ဘန်လေနောက်ခံလူ ဂျိမ်းစ် တာကော့ဗ်စကီးကို ခေါ်ယူသွားဖို့ ချိတ်ဆက်နေ။

– ယူနိုက်တက် တာဝန်ရှိသူတွေအနေနဲ့ ဈေးကွက်ထဲမှာ ဖျံကျတဲ့ ကစားသမားခေါ်ယူမှုတစ်ခုကို ပြုလုပ်သွားဖွယ်ရှိနေပြီး ရီးရဲလ်မက်ဒရစ်ရဲ့ ပစ်မှတ်သစ် အေဒူယာဒို ကာမာဗင်ဂါကို ရအောင်ခေါ်ယူပြီးမှ ဇီဒန်း စိတ်ဝင်စားဖူးခဲ့တဲ့ ကွင်းလယ်လူ ပေါ့ဘာကို ပြန်လည်ရောင်းထုတ်သွားဖွယ်ရှိ။

– နစ်ကီဘတ်၊ နဗီးလ်ညီနောင်နဲ့ ပေါလ်စခိုးလ်တို့ ပိုင်ဆိုင်ထားတဲ့ ဆဲလ်ဖို့ဒ်စီးတီးအသင်းရဲ့ ယာယီနည်းပြအဖြစ် လက်ရှိမှာ စခိုးလ်က တာဝန်ယူနေခဲ့ပြီး သူတို့ရဲ့ ကစားဖော်နဲ့ အသင်းခေါင်းဆောင်ဟောင်း ရွိုင်းကီးန်ကို နည်းပြအဖြစ် ခန့်အပ်နိုင်ဖို့ အကူအညီတောင်းသွားဖွယ်ရှိနေ။

REF: INTERNET SOURCES
PHOTOS CREDIT TO OWNERS
SPORTS A2Z.