Premier League

သရဲနီအိုင်ဒေါတွေကို ထုတ်ဖော်ပြောဆိုလိုက်တဲ့ အမ်မရာဘတ်

ဆိုဖရန် အမ်မရာဘတ်ဟာ ကလေးဘဝမှာ လေးစားအားကျခဲ့ရတဲ့ မန်ချက်စတာယူနိုက်တက်ကြယ်ပွင့်တွေနာမည်ကို မေးမြန်းခြင်းခံခဲ့ရချိန်မှာ အဖြေပေးဖို့ အဆင်သင့်ရှိနေခဲ့ပါတယ်။

မော်ရိုကို ကွင်းလယ်ကြယ်ပွင့်ဟာ ယခုနွေရာသီအပြောင်းအရွှေ့စျေးကွက် နောက်ဆုံးနေ့မှာ ဖီအိုရင်တီးနားကနေ အငှားနဲ့ ပြောင်းရွှေ့လာခဲ့သူဖြစ်ပြီး မန်ချက်စတာယူနိုက်တက်က လာမယ့်နှစ် နွေရာသီမှာ အပြီးသတ်ဝယ်ယူခွင့်ကို ထည့်သွင်းချုပ်ဆိုနိင်ခဲ့တာဖြစ်ပါတယ်။

မော်ရိုကို လက်ရွေးစင်ကြယ်ပွင့်ဟာ အဲရစ် တန်ဟက်ရဲ့ ပွဲထွက်လူစာရင်းထဲမှာ ပုံမှန်ပါဝင်ခွင့်ရရှိဖို့ မျှော်လင့်နေမှာဖြစ်ပြီး မန်ယူနိုက်တက်ကြယ်ပွင့်တွေထဲမှာ လေးစားအားကျခဲ့ရတဲ့ ကစားသမားတွေက ဘယ်သူလဲလို့ မေးမြန်းခြင်းခံခဲ့ရချိန်မှာတော့ ဂန္တဝင်ကစားသမားတွေရဲ့ နာမည်အများအပြားကို ရွတ်ပြခဲ့ပြီး တကယ်တမ်းသာ ပြောရရင် တစ်နာရီလောက် ကြာသွားနိုင်တယ်လို့ ပြောကြားခဲ့တာဖြစ်ပါတယ်။

“မန်ယူနိုက်တက်က ထူးခြားဆန်းကြယ်တဲ့ကစားသမားတွေနဲ့ လူငယ်ကွင်းလယ်ကစားသမားတွေ အများကြီးရှိတယ်လို့ ကျွန်တော် ထင်တယ်။ အဲဒီတော့ ယေဘုယျအားဖြင့် ကျွန်တော်ကတော့ ပေါလ် စခိုး၊ ရွိုင် ကီးန်၊ ဒေးဗစ် ဘက်ဟမ်းတို့လို ကစာသးမားတွေကို ပိုကြည့်မိခဲ့ပါတယ်။ ဒါပေမယ့် တခြား ကြီးမားတဲ့ကစားသမားတွေလည်း ရှိပါတယ်။ဂယ်ရီ နဗီး၊ ရီယို ဖာဒီနန်၊ လူးဝစ္စ ဆာဟာ၊ ဝိန်း ရူနီ၊ ခရစ္စတီယာနို ရော်နယ်လ်ဒိုတို့ပါ။ ကျွန်တော် နာမည်တွေကို ပြောရမယ်ဆိုရင် တစ်နာရီလောက်ကို အချိန်ယူရနိုင်ပါတယ်”လို့ ပြောဆိုခဲ့တာဖြစ်ပါတယ်။

REF: INTERNET SOURCES
PHOTOS CREDIT TO OWNERS
SPORTS A2Z.

ZAWGYI: ဆိုဖရန္ အမ္မရာဘတ္ဟာ ကေလးဘဝမွာ ေလးစားအားက်ခဲ့ရတဲ့ မန္ခ်က္စတာယူႏိုက္တက္ၾကယ္ပြင့္ေတြနာမည္ကို ေမးျမန္းျခင္းခံခဲ့ရခ်ိန္မွာ အေျဖေပးဖို႔ အဆင္သင့္ရွိေနခဲ့ပါတယ္။

ေမာ္႐ိုကို ကြင္းလယ္ၾကယ္ပြင့္ဟာ ယခုေႏြရာသီအေျပာင္းအေ႐ႊ႕ေစ်းကြက္ ေနာက္ဆုံးေန႔မွာ ဖီအိုရင္တီးနားကေန အငွားနဲ႔ ေျပာင္းေ႐ႊ႕လာခဲ့သူျဖစ္ၿပီး မန္ခ်က္စတာယူႏိုက္တက္က လာမယ့္ႏွစ္ ေႏြရာသီမွာ အၿပီးသတ္ဝယ္ယူခြင့္ကို ထည့္သြင္းခ်ဳပ္ဆိုနိင္ခဲ့တာျဖစ္ပါတယ္။

ေမာ္႐ိုကို လက္ေ႐ြးစင္ၾကယ္ပြင့္ဟာ အဲရစ္ တန္ဟက္ရဲ႕ ပြဲထြက္လူစာရင္းထဲမွာ ပုံမွန္ပါဝင္ခြင့္ရရွိဖို႔ ေမွ်ာ္လင့္ေနမွာျဖစ္ၿပီး မန္ယူႏိုက္တက္ၾကယ္ပြင့္ေတြထဲမွာ ေလးစားအားက်ခဲ့ရတဲ့ ကစားသမားေတြက ဘယ္သူလဲလို႔ ေမးျမန္းျခင္းခံခဲ့ရခ်ိန္မွာေတာ့ ဂႏၲဝင္ကစားသမားေတြရဲ႕ နာမည္အမ်ားအျပားကို ႐ြတ္ျပခဲ့ၿပီး တကယ္တမ္းသာ ေျပာရရင္ တစ္နာရီေလာက္ ၾကာသြားႏိုင္တယ္လို႔ ေျပာၾကားခဲ့တာျဖစ္ပါတယ္။

“မန္ယူႏိုက္တက္က ထူးျခားဆန္းၾကယ္တဲ့ကစားသမားေတြနဲ႔ လူငယ္ကြင္းလယ္ကစားသမားေတြ အမ်ားႀကီးရွိတယ္လို႔ ကြၽန္ေတာ္ ထင္တယ္။ အဲဒီေတာ့ ေယဘုယ်အားျဖင့္ ကြၽန္ေတာ္ကေတာ့ ေပါလ္ စခိုး၊ ႐ြိဳင္ ကီးန္၊ ေဒးဗစ္ ဘက္ဟမ္းတို႔လို ကစာသးမားေတြကို ပိုၾကည့္မိခဲ့ပါတယ္။ ဒါေပမယ့္ တျခား ႀကီးမားတဲ့ကစားသမားေတြလည္း ရွိပါတယ္။ဂယ္ရီ နဗီး၊ ရီယို ဖာဒီနန္၊ လူးဝစၥ ဆာဟာ၊ ဝိန္း ႐ူနီ၊ ခရစၥတီယာႏို ေရာ္နယ္လ္ဒိုတို႔ပါ။ ကြၽန္ေတာ္ နာမည္ေတြကို ေျပာရမယ္ဆိုရင္ တစ္နာရီေလာက္ကို အခ်ိန္ယူရႏိုင္ပါတယ္”လို႔ ေျပာဆိုခဲ့တာျဖစ္ပါတယ္။

REF: INTERNET SOURCES
PHOTOS CREDIT TO OWNERS
SPORTS A2Z.