မန်ချက်စတာယူနိုက်တက်ဟာ ဂျေဒန် ဆန်ချိုနဲ့ အန်တိုနီတို့ ပြဿနာတွေနဲ့ ရင်ဆိုင်နေရပေမယ့်လည်း ပြီးပြည့်စုံတဲ့ အဖြေရှိနေပြီးသားဖြစ်ပါတယ်။
ဆန်ချိုနဲ့ အန်တိုနီတို့ ၂ ဦးစလုံးဟာ ပြီးခဲ့တဲ့ရက်ပိုင်းအတွင်းမှာ မကောင်းသတင်းနဲ့ ကျော်စောခဲ့ပြီး ဆန်ချိုဟာ နည်းပြ တန်ဟက်ကို လေ့ကျင့်ရေးမှာ အထင်ကြီးအောင် မစွမ်းဆောင်ပြနိုင်ခဲ့တဲ့နောက် လူစာရင်းကနေ ချန်လှပ်ခြင်းခံခဲ့ရတာဖြစ်ပါတယ်။
အန်တိုနီကလည်း ရည်းစားဟောင်းကို အိမ်တွင်း အကြမ်းဖက်မှုတွေ ပြုလုပ်ခဲ့တယ်လို့စွပ်စွဲခဲ့ရပြီးနောက် ရဲတပ်ဖွဲ့ရဲ့ စုံစမ်းမေးမြန်းခြင်းကို ခံနေရတယ်လို့ သတင်းတွေက ဖော်ပြခဲ့ပေမယ့်လည်း ဘရာဇီးလ်ကြယ်ပွင့်ကတော့ ဘာအမှားမှ ပြုလုပ်ခဲ့ခြင်းမရှိဘူးလို့ လူမှုကွန်ရက်ပေါ်မှာ ဖြေရှင်းထားပါတယ်။
ကစားသမား ၂ ဦးစလုံးရဲ့ အနာဂတ်ဟာ လက်ရှိမှာ မရေမရာဖြစ်နေတာကြောင့် မန်ချက်စတာယူနိုက်တက်ပရိသတ်တွေဟာ တိုက်စစ်ရွေးချယ်စရာနဲ့ပတ်သက်ပြီး စိုးရိမ်မှုတွေ ရှိနေတာဖြစ်ပေမယ့်လည်း အိုးထရက်ဖို့ဒ်က လူစာရင်းထဲမှာပဲ ပြီးပြည့်စုံတဲ့အဖြေက ရှိနေပြီးသားဖြစ်ပါတယ်။
လူငယ်ကြယ်ပွင့် အာမက် ဂျယ်လိုဟာ ရိန်းဂျားစ်နဲ့ ပထမဆုံး အငှားကစားသမားဘဝအတွင်းမှာ ဘာလုပ်ဆောင်ပေးနိုင်လဲဆိုတာကို ပြသခဲ့ပြီး ပရိသတ်တွေရဲ့ အထင်ကြီးခြင်းကို ခံခဲ့ရတာဖြစ်ပြီး ၂၀၂၂-၂၀၂၃ ရာသီမှာ ချန်ပီယံရှစ်ကလပ် ဆန်းဒါးလန်းကို အငှားနဲ့ ထွက်ကစားချိန်မှာ ၄၂ ပွဲမှာ ၁၄ ဂိုးသွင်းယူနိုင်ခဲ့တဖြစ်ပါတယ်။
အသက် ၂၁ နှစ်အရွယ်ကစားသမားဟာ လက်ရှိမှာတော့ ရာသီကြိုမှာ ရရှိခဲ့တဲ့ ဒူးဒဏ်ရာကနေ ပြန်လည်သက်သာလာဖို့ ကြိုးပမ်းနေပြီး ဘယ်အချိန်ပြန်ကစားပေးနိုင်မလဲဆိုတာ ရှင်းရှင်းလင်းလင်း မသိရသေးပေမယ့် အနာဂတ်မှာ ပရိသတ်တွေ စောင့်ကြည့်ရမယ့်ကစားသမားဆိုတာတော့ သေချာပါတယ်။
REF: INTERNET SOURCES
PHOTOS CREDIT TO OWNERS
SPORTS A2Z.
ZAWGYI: မန္ခ်က္စတာယူႏိုက္တက္ဟာ ေဂ်ဒန္ ဆန္ခ်ိဳနဲ႔ အန္တိုနီတို႔ ျပႆနာေတြနဲ႔ ရင္ဆိုင္ေနရေပမယ့္လည္း ၿပီးျပည့္စုံတဲ့ အေျဖရွိေနၿပီးသားျဖစ္ပါတယ္။
ဆန္ခ်ိဳနဲ႔ အန္တိုနီတို႔ ၂ ဦးစလုံးဟာ ၿပီးခဲ့တဲ့ရက္ပိုင္းအတြင္းမွာ မေကာင္းသတင္းနဲ႔ ေက်ာ္ေစာခဲ့ၿပီး ဆန္ခ်ိဳဟာ နည္းျပ တန္ဟက္ကို ေလ့က်င့္ေရးမွာ အထင္ႀကီးေအာင္ မစြမ္းေဆာင္ျပႏိုင္ခဲ့တဲ့ေနာက္ လူစာရင္းကေန ခ်န္လွပ္ျခင္းခံခဲ့ရတာျဖစ္ပါတယ္။
အန္တိုနီကလည္း ရည္းစားေဟာင္းကို အိမ္တြင္း အၾကမ္းဖက္မႈေတြ ျပဳလုပ္ခဲ့တယ္လို႔စြပ္စြဲခဲ့ရၿပီးေနာက္ ရဲတပ္ဖြဲ႕ရဲ႕ စုံစမ္းေမးျမန္းျခင္းကို ခံေနရတယ္လို႔ သတင္းေတြက ေဖာ္ျပခဲ့ေပမယ့္လည္း ဘရာဇီးလ္ၾကယ္ပြင့္ကေတာ့ ဘာအမွားမွ ျပဳလုပ္ခဲ့ျခင္းမရွိဘူးလို႔ လူမႈကြန္ရက္ေပၚမွာ ေျဖရွင္းထားပါတယ္။
ကစားသမား ၂ ဦးစလုံးရဲ႕ အနာဂတ္ဟာ လက္ရွိမွာ မေရမရာျဖစ္ေနတာေၾကာင့္ မန္ခ်က္စတာယူႏိုက္တက္ပရိသတ္ေတြဟာ တိုက္စစ္ေ႐ြးခ်ယ္စရာနဲ႔ပတ္သက္ၿပီး စိုးရိမ္မႈေတြ ရွိေနတာျဖစ္ေပမယ့္လည္း အိုးထရက္ဖို႔ဒ္က လူစာရင္းထဲမွာပဲ ၿပီးျပည့္စုံတဲ့အေျဖက ရွိေနၿပီးသားျဖစ္ပါတယ္။
လူငယ္ၾကယ္ပြင့္ အာမက္ ဂ်ယ္လိုဟာ ရိန္းဂ်ားစ္နဲ႔ ပထမဆုံး အငွားကစားသမားဘဝအတြင္းမွာ ဘာလုပ္ေဆာင္ေပးႏိုင္လဲဆိုတာကို ျပသခဲ့ၿပီး ပရိသတ္ေတြရဲ႕ အထင္ႀကီးျခင္းကို ခံခဲ့ရတာျဖစ္ၿပီး ၂၀၂၂-၂၀၂၃ ရာသီမွာ ခ်န္ပီယံရွစ္ကလပ္ ဆန္းဒါးလန္းကို အငွားနဲ႔ ထြက္ကစားခ်ိန္မွာ ၄၂ ပြဲမွာ ၁၄ ဂိုးသြင္းယူႏိုင္ခဲ့တျဖစ္ပါတယ္။
အသက္ ၂၁ ႏွစ္အ႐ြယ္ကစားသမားဟာ လက္ရွိမွာေတာ့ ရာသီႀကိဳမွာ ရရွိခဲ့တဲ့ ဒူးဒဏ္ရာကေန ျပန္လည္သက္သာလာဖို႔ ႀကိဳးပမ္းေနၿပီး ဘယ္အခ်ိန္ျပန္ကစားေပးႏိုင္မလဲဆိုတာ ရွင္းရွင္းလင္းလင္း မသိရေသးေပမယ့္ အနာဂတ္မွာ ပရိသတ္ေတြ ေစာင့္ၾကည့္ရမယ့္ကစားသမားဆိုတာေတာ့ ေသခ်ာပါတယ္။
REF: INTERNET SOURCES
PHOTOS CREDIT TO OWNERS
SPORTS A2Z.