Premier League

အာတီတာရဲ့ပလစ်ခံရဖွယ်ရှိပေမယ့် ထူးခြားတဲ့ဆု ဆန်ခါတင်မှာ ပါဝင်ခဲ့တဲ့ ရမ်းစ်ဒေးလ်

အာဆင်နယ်ဂိုးသမား အာရွန် ရမ်းစ်ဒေးလ်ကို နည်းပြ အာတီတာက ချန်လှပ်ခဲ့ချင်တယ်လို့ သတင်းတွေက ဖော်ပြခဲ့ပေမယ့်လည်း ၂၀၂၃ ခုနှစ် ယာချင်ဆုအတွက် ဆန်ခါတင်စာရင်းထဲမှာ ရွေးချယ်ခြင်းခံခဲ့ရပါတယ်။

အာတီတာဟာ ရမ်းစ်ဒေးလ်ကို အရန်ခုံပို့ပြီး ဒေးဗစ် ရာယာကို အာဆင်နယ်ပွဲထွက်လူစာရင်းမှာ နေရာပေးဖို့ အလေးအနက်စဉ်းစားနေတယ်လို့ သတင်းတွေက ဖော်ပြခဲ့ပြီး အင်္ဂလန်ဂိုးသမားဟာ ၂၀၂၁ ခုနှစ်မှာ ရှက်ဖီးယူနိုက်တက်ကနေ ရောက်လာပြီးကတည်းက ဂန်းနားကျောနံပါတ် ၁ အဖြစ် ကစားပေးခဲ့တာဖြစ်ပါတယ်။

ရမ်းစ်ဒေးလ်ဟာ ပြီးခဲ့တဲ့ရာသီ PFA ရဲ့ တစ်နှစ်တာအကောင်းဆုံးအသင်းထဲမှာ ရွေးချယ်ခြင်းခံခဲ့ရတာဖြစ်ပြီး ယခုနွေရာသီမှာ ဘရန့်တ်ဖို့ဒ်ဂိုးသမား ဒေးဗစ် ရာယာကို ခေါ်ယူဖို့ ဆုံးဖြတ်ခဲ့ပြီးနောက် ပွဲထွက်ခွင့်အတွက် ဖိအားတွေ ခံနေရတာဖြစ်ပါတယ်။

ပွဲထွက်ခွင့်နေရာ ပျောက်ဆုံးနိုင်တယ်လို့ ကောလာဟလတွေထွက်ပေါ်နေပေမယ့်လည်း ရမ်းစ်ဒေးလ်ဟာ ဂုဏ်သိက္ခာကြီးမားတဲ့ ယာချင်ဆုအတွက် ဆန်ခါတင်စာရင်းထဲမှာ ရွေးချယ်ခြင်းခံခဲ့ရကြောင်း ဘလွန်ဒေါတွစ်တာအကောင့်ကနေ အတည်ပြုပြောကြားခဲ့တာဖြစ်ပါတယ်။

ဒီဆုဟာ ကမ္ဘာ့ဘောလုံးလောကရဲ့ အကောင်းဆုံးဂိုးသမားကို ရွေးချယ်ပေးအပ်တဲ့ ဆုဖြစ်ပြီး အန်ဒရီ အိုနာနာ၊ အီဒါဆန်၊ ကူတွာ၊ အီမီ မာတီနက်ဇ်၊ တာစတီဂျန်၊ ဘရိုက်စ် ဆမ်ဘာ၊ လီဗာကိုဗစ်၊ ယက်ဆင်း ဘိုနို၊ မိုင်နမ်တို့လည်း ဆန်ခါတင်စာရင်းထဲမှာ ပါဝင်ခဲ့တာဖြစ်ပါတယ်။

REF: INTERNET SOURCES
PHOTOS CREDIT TO OWNERS
SPORTS A2Z.

ZAWGYI: အာဆင္နယ္ဂိုးသမား အာ႐ြန္ ရမ္းစ္ေဒးလ္ကို နည္းျပ အာတီတာက ခ်န္လွပ္ခဲ့ခ်င္တယ္လို႔ သတင္းေတြက ေဖာ္ျပခဲ့ေပမယ့္လည္း ၂၀၂၃ ခုႏွစ္ ယာခ်င္ဆုအတြက္ ဆန္ခါတင္စာရင္းထဲမွာ ေ႐ြးခ်ယ္ျခင္းခံခဲ့ရပါတယ္။

အာတီတာဟာ ရမ္းစ္ေဒးလ္ကို အရန္ခုံပို႔ၿပီး ေဒးဗစ္ ရာယာကို အာဆင္နယ္ပြဲထြက္လူစာရင္းမွာ ေနရာေပးဖို႔ အေလးအနက္စဥ္းစားေနတယ္လို႔ သတင္းေတြက ေဖာ္ျပခဲ့ၿပီး အဂၤလန္ဂိုးသမားဟာ ၂၀၂၁ ခုႏွစ္မွာ ရွက္ဖီးယူႏိုက္တက္ကေန ေရာက္လာၿပီးကတည္းက ဂန္းနားေက်ာနံပါတ္ ၁ အျဖစ္ ကစားေပးခဲ့တာျဖစ္ပါတယ္။

ရမ္းစ္ေဒးလ္ဟာ ၿပီးခဲ့တဲ့ရာသီ PFA ရဲ႕ တစ္ႏွစ္တာအေကာင္းဆုံးအသင္းထဲမွာ ေ႐ြးခ်ယ္ျခင္းခံခဲ့ရတာျဖစ္ၿပီး ယခုေႏြရာသီမွာ ဘရန႔္တ္ဖို႔ဒ္ဂိုးသမား ေဒးဗစ္ ရာယာကို ေခၚယူဖို႔ ဆုံးျဖတ္ခဲ့ၿပီးေနာက္ ပြဲထြက္ခြင့္အတြက္ ဖိအားေတြ ခံေနရတာျဖစ္ပါတယ္။

ပြဲထြက္ခြင့္ေနရာ ေပ်ာက္ဆုံးႏိုင္တယ္လို႔ ေကာလာဟလေတြထြက္ေပၚေနေပမယ့္လည္း ရမ္းစ္ေဒးလ္ဟာ ဂုဏ္သိကၡာႀကီးမားတဲ့ ယာခ်င္ဆုအတြက္ ဆန္ခါတင္စာရင္းထဲမွာ ေ႐ြးခ်ယ္ျခင္းခံခဲ့ရေၾကာင္း ဘလြန္ေဒါတြစ္တာအေကာင့္ကေန အတည္ျပဳေျပာၾကားခဲ့တာျဖစ္ပါတယ္။

ဒီဆုဟာ ကမာၻ႔ေဘာလုံးေလာကရဲ႕ အေကာင္းဆုံးဂိုးသမားကို ေ႐ြးခ်ယ္ေပးအပ္တဲ့ ဆုျဖစ္ၿပီး အန္ဒရီ အိုနာနာ၊ အီဒါဆန္၊ ကူတြာ၊ အီမီ မာတီနက္ဇ္၊ တာစတီဂ်န္၊ ဘ႐ိုက္စ္ ဆမ္ဘာ၊ လီဗာကိုဗစ္၊ ယက္ဆင္း ဘိုႏို၊ မိုင္နမ္တို႔လည္း ဆန္ခါတင္စာရင္းထဲမွာ ပါဝင္ခဲ့တာျဖစ္ပါတယ္။

REF: INTERNET SOURCES
PHOTOS CREDIT TO OWNERS
SPORTS A2Z.