Premier League

ေနာက္ဆုံးရ အာဆင္နယ္သတင္းမ်ား စုစည္းမွဳ – ၁၃.၁၀.၂၀၂၀

– အာဆင္နယ္အသင္းအေနနဲ႔ လူငယ္နည္းျပ မီခယ္လ္ အာတီတာရဲ႕ ပုံစံသစ္နဲ႔အတူ ႏွစ္ေပါင္းမ်ားစြာ ေဝးကြာေနခဲ့တဲ့ ပရီးမီးယားလိဂ္ ဆုဖလားကို ျပန္လည္ရယူႏုိင္စြမ္းရွိတယ္လုိ႔ ယုံၾကည္ေၾကာင္း နည္းျပေဟာင္းႀကီး အာဆင္ဝင္းဂါးဆို။

– ကာတာနဲ႔ပြဲမွာ ေျခစြမ္းျပခဲ့ၿပီး သူ႕ရဲ႕ ဖန္တီးေပးပုိ႔ႏိုင္စြမ္းကို Assist ႏွစ္လုံးနဲ႔ ျပသခဲ့တဲ့ ေသာမတ္စ္ ပါေတးရဲ႕ အနီးဖန္တီးမွဳတစ္ႀကိမ္၊ အေဝးဖန္တီးမွဳတစ္ႀကိမ္ကို ေတြ႕ျမင္ရတဲ့ အာဆင္နယ္ပရိသတ္ေတြကေတာ့ အူဘာမီယန္းနဲ႔ ေပေပတုိ႔အေနနဲ႔ သူတုိ႔အႀကဳိက္ ပုံစံေတြအတြက္ သြားရည္ယိုစရာပဲလို႔ ေျပာေနၾက။

– အာဆင္နယ္ကစားသမားသစ္ ေသာမတ္စ္ ပါေတးရဲ႕ ဖခင္ ဂ်က္ေကာ့ဘ္က ေျမာက္လန္ဒန္ကို မေရာက္ခင္ သူ႕ရဲ႕သားကို ခ်ဲလ္ဆီးနဲ႔ ဂ်ဴဗင္တပ္စ္အသင္းေတြဘက္က စိတ္ဝင္စားခဲ့တာ အမွန္ျဖစ္ေၾကာင္း ထုတ္ေဖာ္။

– အသက္ ၂၃ ႏွစ္အရြယ္ ေတာင္ပံကစားသမား အူစမန္ ဒမ္ဘီလီကို ေခၚယူမလားဆုိၿပီး ဘာစီလိုနာဘက္က ကမ္းလွမ္းထားတဲ့ အသင္းေတြထဲမွာ အာဆင္နယ္လည္း ပါဝင္ေနၿပီး ေစာင့္ၾကည့္သူေတြကေတာ့ အာတီတာကို ဒီလို ဒဏ္ရာ ရာဇဝင္နဲ႔ ကစားသမားကို ေခၚယူၿပီး အမွားမလုပ္ဖို႔ သတိေပးေနၾက။

– မန္ခ်က္စတာစီးတီးအသင္းနဲ႔ အေဝးကြင္းမွာ ကစားရမယ့္ အာဆင္နယ္အသင္းအတြက္ အေလးေပးမွဳေတြ ေလ်ာ့က်ေနၿပီး ေနာက္ခံလူ ကီရန္ တီယာနီ မပါဝင္ႏုိင္တဲ့ ပြဲေတြမွာ အမ္းမရိတ္သားေတြရဲ႕ ရလဒ္မေကာင္းမွဳ မွတ္တမ္းေၾကာင့္ျဖစ္တယ္လုိ႔ဆို။

– မီဆြတ္ အုိေဇးလ္အတြက္ သစၥာရွိမွဳဆုေၾကးကို ဒီလထဲမွာ ေပါင္ ၈ သန္းအထိ ေပးေခ်သြားရမယ့္ အာဆင္နယ္အသင္းအေနနဲ႔ အဆုိးထဲက အေကာင္းအေနနဲ႔ သူ႕ကို ပြဲကစားမွဳအေပၚ မူတည္တဲ့ ဆုေၾကးေတြ မေပးရဘဲ သက္သာေနေၾကာင္း ေဒးဗစ္ အြန္းစတိန္း ထုတ္ေဖာ္သြား။

– ေသာမတ္စ္ ပါေတးရဲ႕ ကာတာနဲ႔ပြဲက ကစားပုံနဲ႔ ဖန္တီးေပးပုိ႔မွဳေတြဟာ လက္ရွိ ရီးရဲလ္မက္ဒရစ္နည္းျပ ဇီနီဒန္း ဇီဒန္းငယ္စဥ္တုန္းကလိုပဲျဖစ္ေၾကာင္း ဂါနာနဲ႔ အာဆင္နယ္ပရိသတ္ေတြ ဝိုင္းဝန္းခ်ီးက်ဴးေနၾက။

REF: INTERNET SOURCES
PHOTOS CREDIT TO OWNERS
SPORTS A2Z.

UNICODE:

– အာဆင်နယ်အသင်းအနေနဲ့ လူငယ်နည်းပြ မီခယ်လ် အာတီတာရဲ့ ပုံစံသစ်နဲ့အတူ နှစ်ပေါင်းများစွာ ဝေးကွာနေခဲ့တဲ့ ပရီးမီးယားလိဂ် ဆုဖလားကို ပြန်လည်ရယူနိုင်စွမ်းရှိတယ်လို့ ယုံကြည်ကြောင်း နည်းပြဟောင်းကြီး အာဆင်ဝင်းဂါးဆို။

– ကာတာနဲ့ပွဲမှာ ခြေစွမ်းပြခဲ့ပြီး သူ့ရဲ့ ဖန်တီးပေးပို့နိုင်စွမ်းကို Assist နှစ်လုံးနဲ့ ပြသခဲ့တဲ့ သောမတ်စ် ပါတေးရဲ့ အနီးဖန်တီးမှုတစ်ကြိမ်၊ အဝေးဖန်တီးမှုတစ်ကြိမ်ကို တွေ့မြင်ရတဲ့ အာဆင်နယ်ပရိသတ်တွေကတော့ အူဘာမီယန်းနဲ့ ပေပေတို့အနေနဲ့ သူတို့အကြိုက် ပုံစံတွေအတွက် သွားရည်ယိုစရာပဲလို့ ပြောနေကြ။

– အာဆင်နယ်ကစားသမားသစ် သောမတ်စ် ပါတေးရဲ့ ဖခင် ဂျက်ကော့ဘ်က မြောက်လန်ဒန်ကို မရောက်ခင် သူ့ရဲ့သားကို ချဲလ်ဆီးနဲ့ ဂျူဗင်တပ်စ်အသင်းတွေဘက်က စိတ်ဝင်စားခဲ့တာ အမှန်ဖြစ်ကြောင်း ထုတ်ဖော်။

– အသက် ၂၃ နှစ်အရွယ် တောင်ပံကစားသမား အူစမန် ဒမ်ဘီလီကို ခေါ်ယူမလားဆိုပြီး ဘာစီလိုနာဘက်က ကမ်းလှမ်းထားတဲ့ အသင်းတွေထဲမှာ အာဆင်နယ်လည်း ပါဝင်နေပြီး စောင့်ကြည့်သူတွေကတော့ အာတီတာကို ဒီလို ဒဏ်ရာ ရာဇဝင်နဲ့ ကစားသမားကို ခေါ်ယူပြီး အမှားမလုပ်ဖို့ သတိပေးနေကြ။

– မန်ချက်စတာစီးတီးအသင်းနဲ့ အဝေးကွင်းမှာ ကစားရမယ့် အာဆင်နယ်အသင်းအတွက် အလေးပေးမှုတွေ လျော့ကျနေပြီး နောက်ခံလူ ကီရန် တီယာနီ မပါဝင်နိုင်တဲ့ ပွဲတွေမှာ အမ်းမရိတ်သားတွေရဲ့ ရလဒ်မကောင်းမှု မှတ်တမ်းကြောင့်ဖြစ်တယ်လို့ဆို။

– မီဆွတ် အိုဇေးလ်အတွက် သစ္စာရှိမှုဆုကြေးကို ဒီလထဲမှာ ပေါင် ၈ သန်းအထိ ပေးချေသွားရမယ့် အာဆင်နယ်အသင်းအနေနဲ့ အဆိုးထဲက အကောင်းအနေနဲ့ သူ့ကို ပွဲကစားမှုအပေါ် မူတည်တဲ့ ဆုကြေးတွေ မပေးရဘဲ သက်သာနေကြောင်း ဒေးဗစ် အွန်းစတိန်း ထုတ်ဖော်သွား။

– သောမတ်စ် ပါတေးရဲ့ ကာတာနဲ့ပွဲက ကစားပုံနဲ့ ဖန်တီးပေးပို့မှုတွေဟာ လက်ရှိ ရီးရဲလ်မက်ဒရစ်နည်းပြ ဇီနီဒန်း ဇီဒန်းငယ်စဉ်တုန်းကလိုပဲဖြစ်ကြောင်း ဂါနာနဲ့ အာဆင်နယ်ပရိသတ်တွေ ဝိုင်းဝန်းချီးကျူးနေကြ။

REF: INTERNET SOURCES
PHOTOS CREDIT TO OWNERS
SPORTS A2Z.