Premier League

ေနာက္ဆုံးရ လီဗာပူးလ္သတင္းမ်ား စုစည္းမွဳ – ၁၂.၁၀.၂၀၂၀

– လီဗာပူးလ္နည္းျပ ယာဂန္ ကေလာ့ပ္အေနနဲ႔ စတုတ္စီးတီးဂိုးသမား ဂ်က္ခ္ ဘတ္လန္းထက္ ဝတ္ဖို႔ဒ္အသင္းရဲ႕ ဝါရင့္ဂိုးသမား ဘန္ ေဖာ္စတာကို ပိုမိုေခၚယူသင့္ၿပီး တည္ၿငိမ္တဲ့ လက္စြမ္းက ကူညီေပးႏုိင္လိမ့္မယ္လို႔ တုိက္စစ္မွဴးေဟာင္း ကီဗင္ ဖီးလစ္ေျပာၾကား။

– ရွဳံးပြဲမရွိေသးတဲ့ အဲဗာတန္အေနနဲ႔ သီယာဂိုနဲ႔ မာေနးတုိ႔ ျပန္ပါလာမယ့္ လီဗာပူးလ္ရဲ႕ ၿပီးခဲ့တဲ့ ဗီလာရွဳံးပြဲအေပၚ ေပါက္ကြဲမွဳကို ေကာင္းေကာင္းႀကီး ရင္ဆုိင္ရႏုိင္ေၾကာင္း နည္းျပ အန္ဆယ္ေလာ့တီကို ဒန္နီ မာဖီ သတိေပး။

– ကြင္းလယ္လူ ေဂ်ာ္ဂ်င္နီယို ဗုိင္နယ္လ္ဒြမ္အတြက္ ဘာစီလိုနာအသင္းအေနနဲ႔ ဇန္နဝါရီ အေျပာင္းအေရႊ႕ကာလမွာ ျပန္လည္ႀကဳိးစားဖို႔ ရွိေနၿပီး အသင္းရဲ႕ လိုအပ္ခ်က္အေပၚလုိက္ၿပီး ခ်က္ခ်င္းေခၚယူဖို႔နဲ႔ အႀကဳိသေဘာတူစာခ်ဳပ္ခ်ဳပ္ဖို႔ တစ္ခုခုကို လုပ္ေဆာင္ဖြယ္ရွိ။

– ဆာဒီယို မာေနးရဲ႕ ေဘာလုံးကၽြမ္းက်င္မွဳက ေကာင္းလြန္းတဲ့အျပင္ သူ႕ရဲ႕ ႀကံ့ခိုင္မွဳ၊ ျမန္ႏွဳန္းနဲ႔ အေရးပါတဲ့ ဂိုးေတြကို သြင္းယူႏုိင္စြမ္းလည္းရွိလုိ႔ သူ႕ကို ကမာၻ႕အေကာင္းဆုံးေဘာလုံးသမားတစ္ဦးလုိ႔ သတ္မွတ္ႏုိင္ေၾကာင္း ေရာဘတ္ဆန္ခ်ီးက်ဴး။

– အဲဗာတန္နဲ႔ပြဲမွာ ဂ်ဳိးဂိုမက္ဇ္ကို သုံးစြဲဖို႔က စိတ္မခ်ရတဲ့အတြက္ ကြင္းလယ္အဖ်က္ကစားသမား ဖာဘင္ညဳိကိုပဲ သုံးစြဲသြားဖို႔ ဒန္နီ မာဖီက တုိက္တြန္းလုိက္ၿပီး ဗန္ဒိုက္နဲ႔ ဘရာဇီးလ္ကြင္းလယ္လူရဲ႕ အတြဲအဖက္ဟာ စိတ္ခ်ရေၾကာင္းဆုိ။

– အဂၤလန္နဲ႔ ဘယ္လ္ဂ်ီယမ္တုိ႔ပြဲမွာ ေခ်ပဂိုးရေစမယ့္ ပင္နယ္တီကို ရယူသြားခဲ့တဲ့ လီဗာပူးလ္အသင္းေခါင္းေဆာင္ ေဂ်ာ္ဒန္ ဟန္ဒါဆန္ရဲ႕ မလိုအပ္ဘဲ ေအာ္ဟစ္ခဲ့တဲ့ ပုံစံက မျဖစ္သင့္ဘူးလို႔ ရြဳိင္းကီးန္ ေဝဖန္။

– ေျခစမ္းပြဲကစားမယ့္ ဂီနီအသင္းရဲ႕ လက္ေရြးစင္ေလ့က်င့္ေရးစခန္းကို ေရာက္ရွိေနခဲ့တဲ့ လီဗာပူးလ္ကြင္းလယ္လူ နာဘီ ကီးတားအေနနဲ႔ ကိုဗစ္-၁၉ ဗုိင္းရပ္စ္ပုိး ကူးစက္ခံထားရတယ္လို႔ သတင္းေတြက ေဖာ္ျပခဲ့ၾက။

REF: INTERNET SOURCES
PHOTOS CREDIT TO OWNERS
SPORTS A2Z.

UNICODE:

– လီဗာပူးလ်နည်းပြ ယာဂန် ကလော့ပ်အနေနဲ့ စတုတ်စီးတီးဂိုးသမား ဂျက်ခ် ဘတ်လန်းထက် ဝတ်ဖို့ဒ်အသင်းရဲ့ ဝါရင့်ဂိုးသမား ဘန် ဖော်စတာကို ပိုမိုခေါ်ယူသင့်ပြီး တည်ငြိမ်တဲ့ လက်စွမ်းက ကူညီပေးနိုင်လိမ့်မယ်လို့ တိုက်စစ်မှူးဟောင်း ကီဗင် ဖီးလစ်ပြောကြား။

– ရှုံးပွဲမရှိသေးတဲ့ အဲဗာတန်အနေနဲ့ သီယာဂိုနဲ့ မာနေးတို့ ပြန်ပါလာမယ့် လီဗာပူးလ်ရဲ့ ပြီးခဲ့တဲ့ ဗီလာရှုံးပွဲအပေါ် ပေါက်ကွဲမှုကို ကောင်းကောင်းကြီး ရင်ဆိုင်ရနိုင်ကြောင်း နည်းပြ အန်ဆယ်လော့တီကို ဒန်နီ မာဖီ သတိပေး။

– ကွင်းလယ်လူ ဂျော်ဂျင်နီယို ဗိုင်နယ်လ်ဒွမ်အတွက် ဘာစီလိုနာအသင်းအနေနဲ့ ဇန်နဝါရီ အပြောင်းအရွှေ့ကာလမှာ ပြန်လည်ကြိုးစားဖို့ ရှိနေပြီး အသင်းရဲ့ လိုအပ်ချက်အပေါ်လိုက်ပြီး ချက်ချင်းခေါ်ယူဖို့နဲ့ အကြိုသဘောတူစာချုပ်ချုပ်ဖို့ တစ်ခုခုကို လုပ်ဆောင်ဖွယ်ရှိ။

– ဆာဒီယို မာနေးရဲ့ ဘောလုံးကျွမ်းကျင်မှုက ကောင်းလွန်းတဲ့အပြင် သူ့ရဲ့ ကြံ့ခိုင်မှု၊ မြန်နှုန်းနဲ့ အရေးပါတဲ့ ဂိုးတွေကို သွင်းယူနိုင်စွမ်းလည်းရှိလို့ သူ့ကို ကမ္ဘာ့အကောင်းဆုံးဘောလုံးသမားတစ်ဦးလို့ သတ်မှတ်နိုင်ကြောင်း ရောဘတ်ဆန်ချီးကျူး။

– အဲဗာတန်နဲ့ပွဲမှာ ဂျိုးဂိုမက်ဇ်ကို သုံးစွဲဖို့က စိတ်မချရတဲ့အတွက် ကွင်းလယ်အဖျက်ကစားသမား ဖာဘင်ညိုကိုပဲ သုံးစွဲသွားဖို့ ဒန်နီ မာဖီက တိုက်တွန်းလိုက်ပြီး ဗန်ဒိုက်နဲ့ ဘရာဇီးလ်ကွင်းလယ်လူရဲ့ အတွဲအဖက်ဟာ စိတ်ချရကြောင်းဆို။

– အင်္ဂလန်နဲ့ ဘယ်လ်ဂျီယမ်တို့ပွဲမှာ ချေပဂိုးရစေမယ့် ပင်နယ်တီကို ရယူသွားခဲ့တဲ့ လီဗာပူးလ်အသင်းခေါင်းဆောင် ဂျော်ဒန် ဟန်ဒါဆန်ရဲ့ မလိုအပ်ဘဲ အော်ဟစ်ခဲ့တဲ့ ပုံစံက မဖြစ်သင့်ဘူးလို့ ရွိုင်းကီးန် ဝေဖန်။

– ခြေစမ်းပွဲကစားမယ့် ဂီနီအသင်းရဲ့ လက်ရွေးစင်လေ့ကျင့်ရေးစခန်းကို ရောက်ရှိနေခဲ့တဲ့ လီဗာပူးလ်ကွင်းလယ်လူ နာဘီ ကီးတားအနေနဲ့ ကိုဗစ်-၁၉ ဗိုင်းရပ်စ်ပိုး ကူးစက်ခံထားရတယ်လို့ သတင်းတွေက ဖော်ပြခဲ့ကြ။

REF: INTERNET SOURCES
PHOTOS CREDIT TO OWNERS
SPORTS A2Z.