Premier League

ဆာလား ဆော်ဒီကို ပြောင်းတော့မယ့်သတင်းတွေကို အဖြေပေးခဲ့တဲ့ ကလော့ပ်

လီဗာပူးလ်နည်းပြ ယာဂန် ကလော့ပ်က မိုဟာမက် ဆာလား ဆော်ဒီ အာရေဗျကို ပြောင်းရွှေ့မယ့်သတင်းတွေကို နောက်ထပ်တစ်ကြိမ် ငြင်းဆန်ခဲ့ပြီး အီဂျစ်ကြယ်ပွင့်က ၎င်းရဲ့အနာဂတ်နဲ့ပတ်သက်ပြီး ကောလာဟလတွေကြောင့် စိတ်အာရုံထွေပြားမနေဘူလို့ ပြောကြားခဲ့ပါတယ်။

လီဗာပူးလ်ဟာ သောကြာနေ့ အပြောင်းအရွှေ့စျေးကွက်မပိတ်မီ ဆော်ဒီ ပရိုလိဂ်ကလပ်ရဲ့ ပေါင်သန်း ၁၅၀ တန်ကြေးရှိတဲ့ ကမ်းလှမ်းမှုကို ငြင်းပယ်ခဲ့တာဖြစ်ပြီး ကလော့ပ်က ကောလာဟလတွေက ဆက်တိုက်ထွက်ပေါ်နေမှာဖြစ်တယ်လို့ ပြောဆိုခဲ့ပါတယ်။

ဒါပေမယ့်လည်း အယ်လ်အစ်တီဟတ်ရဲ့ စိတ်ဝင်စားမှုဟာ ရပ်တန့်သွားခြင်းမရှိဘဲ လက်ရှိမှာ ပေါင်သန်း ၂၀၀ အထိ တိုးမြှင့်ကမ်းလှမ်းသွားဖို့ ပြင်ဆင်နေတယ်လို့ သတင်းတွေ ထွက်ပေါ်နေတာ ဖြစ်ပါတယ်။

ဆာလားရဲ့ သတင်းတွေကို ပိုပြီး စိတ်ဝင်စားစရာကောင်းလာစေတာက အီဂျစ်ဘောလုံးအဖွဲ့ချုပ်ဟာ လီဗာပူးလ်ကြယ်ပွင့်ရဲ့ အနာဂတ်ကို ဆုံးဖြတ်ဖို့အတွက် လာမယ့်အပတ်အစအထိ နားရက်ပေးသွားမှာဖြစ်ပြီး လက်ရွေးစင်အသင်းနဲ့ ချက်ချင်း ပူးပေါင်းဖို့ လိုအပ်မှာမဟုတ်ဘူးလို့ ခွင့်ပြုပေးခဲ့တာဖြစ်ပါတယ်။

အန်းဖီးကနေ ထွက်ခွာဖို့ သတင်းတွေ ထွက်ပေါ်နေပေမယ့်လည်း ဆာလားက တနင်္ဂနွေနေ့ညနေက အက်စတန်ဗီလာနဲ့ ကစားခဲ့တဲ့ပွဲစဉ်မှာ လီဗာပူးလ်အတွက် ပွဲထွက်ပါဝင်ကစားပေးခဲ့တာဖြစ်ပြီး ကလော့ပ်က အသက် ၃၁ နှစ်အရွယ်တိုက်စစ်မှူးအနေနဲ့ ပွဲထွက်ပါဝင်ကစားပေးမယ်ဆိုတာ ဘယ်တုန်းကမှ သံသယမရှိခဲ့ဘဲ ခုထွက်နေတဲ့သတင်းတွေက မီဒီယာလံကြုတ်ဇာတ်လမ်းတွေသာဖြစ်တယ်လို့ ပြောဆိုခဲ့တာဖြစ်ပါတယ်။

“ဗီလာနဲ့ပွဲအတွက် ဆာလားက အပြည့်အဝ အာရုံစိုက်ခဲ့မယ်လို့ ယူဆခဲ့လားဆိုရင် ကျွန်တော် အဲဒီလိုကို ယူဆစရာကို မလိုခဲ့ပါဘူး။ ဘာလို့လဲဆိုတော့ အဲဒါတွေက မီဒီယာလံကြုတ်ဇာတ်လမ်းတွေမို့လို့ဖြစ်ပြီး ဘယ်တော့မှလည်း အမှန်တကယ် ဖြစ်လာမှာမဟုတ်ပါဘူး။ ကျွန်တော့်ရုံးခန်းထဲမှာ စားပွဲအကြီးကြီးရှိတယ်။ အဲဒီအပေါ်မှာ စာရွက်တွေ အများကြီးရှိတယ်။ ကျွန်တော့်မှာ လက်ပ်တော့၊ အိုင်ပက် ရှိတယ်။ ခင်ဗျားလိုအပ်တာမှန်သမျှ အားလုံးရှိတယ်။ ဒီလိုသတင်းမျိုးတွေအတွက် အဲဒီအရာတွေကို တစ်ခုမှ မသုံးပါဘူး။ ကျွန်တော့်မှာ တခြားလုပ်စရာတွေ အများကြီးရှိတယ်။ အဲဒါကြောင့်ပဲ အဲဒီအကြောင်းကို ကျွန်တော်တို့ ဘယ်တုန်းကမှ မတွေးခဲ့တာပါ။ မိုက လုံးဝကို သာမန်ပါပဲ။ ကောင်းမွန်တဲ့ လေ့ကျင့်ရေးရက်သတ္တပတ်ကို ပိုင်ဆိုင်ခဲ့ပြီး အသင်းပြောင်းမယ်ဆိုတာ မဟုတ်ပါဘူး။ ကျွန်တော့်အမြင်ကတော့ အဲဒီလို တွေးစရာဘာမှကို မရှိပါဘူး”လို့ ပြောကြားခဲ့ပါတယ်။

REF: INTERNET SOURCES
PHOTOS CREDIT TO OWNERS
SPORTS A2Z.

ZAWGYI: လီဗာပူးလ္နည္းျပ ယာဂန္ ကေလာ့ပ္က မိုဟာမက္ ဆာလား ေဆာ္ဒီ အာေရဗ်ကို ေျပာင္းေ႐ႊ႕မယ့္သတင္းေတြကို ေနာက္ထပ္တစ္ႀကိမ္ ျငင္းဆန္ခဲ့ၿပီး အီဂ်စ္ၾကယ္ပြင့္က ၎ရဲ႕အနာဂတ္နဲ႔ပတ္သက္ၿပီး ေကာလာဟလေတြေၾကာင့္ စိတ္အာ႐ုံေထြျပားမေနဘူလို႔ ေျပာၾကားခဲ့ပါတယ္။

လီဗာပူးလ္ဟာ ေသာၾကာေန႔ အေျပာင္းအေ႐ႊ႕ေစ်းကြက္မပိတ္မီ ေဆာ္ဒီ ပ႐ိုလိဂ္ကလပ္ရဲ႕ ေပါင္သန္း ၁၅၀ တန္ေၾကးရွိတဲ့ ကမ္းလွမ္းမႈကို ျငင္းပယ္ခဲ့တာျဖစ္ၿပီး ကေလာ့ပ္က ေကာလာဟလေတြက ဆက္တိုက္ထြက္ေပၚေနမွာျဖစ္တယ္လို႔ ေျပာဆိုခဲ့ပါတယ္။

ဒါေပမယ့္လည္း အယ္လ္အစ္တီဟတ္ရဲ႕ စိတ္ဝင္စားမႈဟာ ရပ္တန႔္သြားျခင္းမရွိဘဲ လက္ရွိမွာ ေပါင္သန္း ၂၀၀ အထိ တိုးျမႇင့္ကမ္းလွမ္းသြားဖို႔ ျပင္ဆင္ေနတယ္လို႔ သတင္းေတြ ထြက္ေပၚေနတာ ျဖစ္ပါတယ္။

ဆာလားရဲ႕ သတင္းေတြကို ပိုၿပီး စိတ္ဝင္စားစရာေကာင္းလာေစတာက အီဂ်စ္ေဘာလုံးအဖြဲ႕ခ်ဳပ္ဟာ လီဗာပူးလ္ၾကယ္ပြင့္ရဲ႕ အနာဂတ္ကို ဆုံးျဖတ္ဖို႔အတြက္ လာမယ့္အပတ္အစအထိ နားရက္ေပးသြားမွာျဖစ္ၿပီး လက္ေ႐ြးစင္အသင္းနဲ႔ ခ်က္ခ်င္း ပူးေပါင္းဖို႔ လိုအပ္မွာမဟုတ္ဘူးလို႔ ခြင့္ျပဳေပးခဲ့တာျဖစ္ပါတယ္။

အန္းဖီးကေန ထြက္ခြာဖို႔ သတင္းေတြ ထြက္ေပၚေနေပမယ့္လည္း ဆာလားက တနဂၤေႏြေန႔ညေနက အက္စတန္ဗီလာနဲ႔ ကစားခဲ့တဲ့ပြဲစဥ္မွာ လီဗာပူးလ္အတြက္ ပြဲထြက္ပါဝင္ကစားေပးခဲ့တာျဖစ္ၿပီး ကေလာ့ပ္က အသက္ ၃၁ ႏွစ္အ႐ြယ္တိုက္စစ္မႉးအေနနဲ႔ ပြဲထြက္ပါဝင္ကစားေပးမယ္ဆိုတာ ဘယ္တုန္းကမွ သံသယမရွိခဲ့ဘဲ ခုထြက္ေနတဲ့သတင္းေတြက မီဒီယာလံၾကဳတ္ဇာတ္လမ္းေတြသာျဖစ္တယ္လို႔ ေျပာဆိုခဲ့တာျဖစ္ပါတယ္။

“ဗီလာနဲ႔ပြဲအတြက္ ဆာလားက အျပည့္အဝ အာ႐ုံစိုက္ခဲ့မယ္လို႔ ယူဆခဲ့လားဆိုရင္ ကြၽန္ေတာ္ အဲဒီလိုကို ယူဆစရာကို မလိုခဲ့ပါဘူး။ ဘာလို႔လဲဆိုေတာ့ အဲဒါေတြက မီဒီယာလံၾကဳတ္ဇာတ္လမ္းေတြမို႔လို႔ျဖစ္ၿပီး ဘယ္ေတာ့မွလည္း အမွန္တကယ္ ျဖစ္လာမွာမဟုတ္ပါဘူး။ ကြၽန္ေတာ့္႐ုံးခန္းထဲမွာ စားပြဲအႀကီးႀကီးရွိတယ္။ အဲဒီအေပၚမွာ စာ႐ြက္ေတြ အမ်ားႀကီးရွိတယ္။ ကြၽန္ေတာ့္မွာ လက္ပ္ေတာ့၊ အိုင္ပက္ ရွိတယ္။ ခင္ဗ်ားလိုအပ္တာမွန္သမွ် အားလုံးရွိတယ္။ ဒီလိုသတင္းမ်ိဳးေတြအတြက္ အဲဒီအရာေတြကို တစ္ခုမွ မသုံးပါဘူး။ ကြၽန္ေတာ့္မွာ တျခားလုပ္စရာေတြ အမ်ားႀကီးရွိတယ္။ အဲဒါေၾကာင့္ပဲ အဲဒီအေၾကာင္းကို ကြၽန္ေတာ္တို႔ ဘယ္တုန္းကမွ မေတြးခဲ့တာပါ။ မိုက လုံးဝကို သာမန္ပါပဲ။ ေကာင္းမြန္တဲ့ ေလ့က်င့္ေရးရက္သတၱပတ္ကို ပိုင္ဆိုင္ခဲ့ၿပီး အသင္းေျပာင္းမယ္ဆိုတာ မဟုတ္ပါဘူး။ ကြၽန္ေတာ့္အျမင္ကေတာ့ အဲဒီလို ေတြးစရာဘာမွကို မရွိပါဘူး”လို႔ ေျပာၾကားခဲ့ပါတယ္။

REF: INTERNET SOURCES
PHOTOS CREDIT TO OWNERS
SPORTS A2Z.