Premier League

ေနာက္ဆုံးရ ခ်ဲလ္ဆီးသတင္းမ်ား စုစည္းမွဳ – ၁၂.၁၀.၂၀၂၀

– ခ်ဲလ္ဆီးအသင္းကြင္းလယ္လူ ေမဆန္ေမာင့္ဟာ သူ႕ရဲ႕ အေရးပါမွဳကို လူေတြက အသိအမွတ္ျပဳ မခံရဆုံး ကစားသမားတစ္ဦးျဖစ္ၿပီး ဒီေန႔မွာ ကစားပုံဟာ သူ႕ရဲ႕ အသိဉာဏ္ျမင့္မားမွဳကိုလည္း ျမင္သာေစခဲ့တယ္လို႔ အဂၤလန္နည္းျပ ေဆာက္သ္ဂိတ္ ခ်ီးက်ဴး။

– အီတလီအသင္းရဲ႕ ပုံမွန္ပြဲထြက္ေနရတဲ့ ေနာက္ခံလူ အီမာဆန္ ပယ္လ္မီယာရီက ခ်ဲလ္ဆီးအသင္းက အေနအထားဟာ သူ႕အတြက္ စိတ္ပ်က္စရာျဖစ္ေပမယ့္ ကိုယ့္အလုပ္ကိုယ္ အေကာင္းဆုံးလုပ္ၿပီး ႀကဳိးစားသြားဖုိ႔ပဲ ရွိေၾကာင္းဆို။

– ခ်ဲလ္ဆီးအသင္းအေနနဲ႔ သူ႕ကို အခြင့္အေရးမေပးႏုိင္ဘဲ အငွားကေန ပုိက္ဆံဘယ္ေလာက္ရရဆုိတဲ့ ပုံစံမ်ဳိး လုပ္ေဆာင္ေနတာကို စိတ္ပ်က္လွၿပီျဖစ္ေၾကာင္း လာမယ့္ေႏြရာသီမွာ စာခ်ဳပ္ကုန္ဆုံးမယ့္ လူးကပ္စ္ ပီယာဇြန္ ညည္းတြား။

– ဒိန္းမတ္အသင္းနဲ႔ ကစားရမယ့္ အဂၤလန္အသင္းရဲ႕ပြဲစဥ္အတြက္ ေနာက္ခံလူ ဘန္ ေခ်းလ္ဝဲလ္ ပါဝင္ႏုိင္ဖို႔ ခက္ခဲဦးမယ္လို႔ အက္ဖ္ေအ ထုတ္ျပန္ခဲ့ၿပီး ေဆာက္သမ္တန္နဲ႔ ကစားရမယ့္ ခ်ဲလ္ဆီးအသင္းရဲ႕ ပရီးမီးယားလိဂ္ပြဲစဥ္ကို မီႏုိင္မလား ေစာင့္ၾကည့္ရဖို႔ ရွိေန။

– ဒဏ္ရာကေန သက္သာလာၿပီျဖစ္တဲ့ ခ်ဲလ္ဆီးအသင္းရဲ႕ အေမရိကန္ေတာင္ပံကစားသမား ခရစၥတီယန္ ပူလီရွစ္ခ်္က သူ႕အေနနဲ႔ အသင္းနဲ႔အတူ ဒီရာသီမွာ ခ်န္ပီယံလိဂ္ဖလားကို ရယူသြားခ်င္တယ္လို႔ ဆုိခဲ့ၿပီး ေစာင့္ၾကည့္သူေတြကေတာ့ မျဖစ္ႏုိင္ေလာက္ဘူးလို႔ သုံးသပ္ထား။

– သူ႕ရဲ႕အဂၤလန္လက္ေရြးစင္ဘဝအတြက္ ပထမဆုံးသြင္းဂိုးကို ဘယ္လ္ဂ်ီယမ္အေပၚ အႏိုင္ဂိုးအျဖစ္ ရယူႏုိင္ခဲ့တဲ့ ေမဆန္ေမာင့္က ဒီဂိုးဟာ သူ႕အတြက္ အဓိပၸါယ္မ်ားစြာနဲ႔ ျပည့္ႏွက္ေနတယ္လို႔ ေျပာၾကား။

– လီဗာပူးလ္အသင္းက အရန္ဂိုးသမားအျဖစ္ ေခၚယူဖို႔ စိတ္ဝင္စားေနတဲ့ စတုတ္စီးတီးဂိုးသမား ဂ်က္ခ္ ဘတ္လန္းကို ေခၚယူဖို႔ ခ်ဲလ္ဆီးအသင္းကပါ စိတ္ဝင္စားေနၿပီး ေအဒူယာ မန္ဒီရဲ႕ အရန္အျဖစ္ အသုံးျပဳဖို႔ ကီပါထက္ စိတ္ခ်ရမယ္လုိ႔ သုံးသပ္ထား။

REF: INTERNET SOURCES
PHOTOS CREDIT TO OWNERS
SPORTS A2Z.

UNICODE:

– ချဲလ်ဆီးအသင်းကွင်းလယ်လူ မေဆန်မောင့်ဟာ သူ့ရဲ့ အရေးပါမှုကို လူတွေက အသိအမှတ်ပြု မခံရဆုံး ကစားသမားတစ်ဦးဖြစ်ပြီး ဒီနေ့မှာ ကစားပုံဟာ သူ့ရဲ့ အသိဉာဏ်မြင့်မားမှုကိုလည်း မြင်သာစေခဲ့တယ်လို့ အင်္ဂလန်နည်းပြ ဆောက်သ်ဂိတ် ချီးကျူး။

– အီတလီအသင်းရဲ့ ပုံမှန်ပွဲထွက်နေရတဲ့ နောက်ခံလူ အီမာဆန် ပယ်လ်မီယာရီက ချဲလ်ဆီးအသင်းက အနေအထားဟာ သူ့အတွက် စိတ်ပျက်စရာဖြစ်ပေမယ့် ကိုယ့်အလုပ်ကိုယ် အကောင်းဆုံးလုပ်ပြီး ကြိုးစားသွားဖို့ပဲ ရှိကြောင်းဆို။

– ချဲလ်ဆီးအသင်းအနေနဲ့ သူ့ကို အခွင့်အရေးမပေးနိုင်ဘဲ အငှားကနေ ပိုက်ဆံဘယ်လောက်ရရဆိုတဲ့ ပုံစံမျိုး လုပ်ဆောင်နေတာကို စိတ်ပျက်လှပြီဖြစ်ကြောင်း လာမယ့်နွေရာသီမှာ စာချုပ်ကုန်ဆုံးမယ့် လူးကပ်စ် ပီယာဇွန် ညည်းတွား။

– ဒိန်းမတ်အသင်းနဲ့ ကစားရမယ့် အင်္ဂလန်အသင်းရဲ့ပွဲစဉ်အတွက် နောက်ခံလူ ဘန် ချေးလ်ဝဲလ် ပါဝင်နိုင်ဖို့ ခက်ခဲဦးမယ်လို့ အက်ဖ်အေ ထုတ်ပြန်ခဲ့ပြီး ဆောက်သမ်တန်နဲ့ ကစားရမယ့် ချဲလ်ဆီးအသင်းရဲ့ ပရီးမီးယားလိဂ်ပွဲစဉ်ကို မီနိုင်မလား စောင့်ကြည့်ရဖို့ ရှိနေ။

– ဒဏ်ရာကနေ သက်သာလာပြီဖြစ်တဲ့ ချဲလ်ဆီးအသင်းရဲ့ အမေရိကန်တောင်ပံကစားသမား ခရစ္စတီယန် ပူလီရှစ်ချ်က သူ့အနေနဲ့ အသင်းနဲ့အတူ ဒီရာသီမှာ ချန်ပီယံလိဂ်ဖလားကို ရယူသွားချင်တယ်လို့ ဆိုခဲ့ပြီး စောင့်ကြည့်သူတွေကတော့ မဖြစ်နိုင်လောက်ဘူးလို့ သုံးသပ်ထား။

– သူ့ရဲ့အင်္ဂလန်လက်ရွေးစင်ဘဝအတွက် ပထမဆုံးသွင်းဂိုးကို ဘယ်လ်ဂျီယမ်အပေါ် အနိုင်ဂိုးအဖြစ် ရယူနိုင်ခဲ့တဲ့ မေဆန်မောင့်က ဒီဂိုးဟာ သူ့အတွက် အဓိပ္ပါယ်များစွာနဲ့ ပြည့်နှက်နေတယ်လို့ ပြောကြား။

– လီဗာပူးလ်အသင်းက အရန်ဂိုးသမားအဖြစ် ခေါ်ယူဖို့ စိတ်ဝင်စားနေတဲ့ စတုတ်စီးတီးဂိုးသမား ဂျက်ခ် ဘတ်လန်းကို ခေါ်ယူဖို့ ချဲလ်ဆီးအသင်းကပါ စိတ်ဝင်စားနေပြီး အေဒူယာ မန်ဒီရဲ့ အရန်အဖြစ် အသုံးပြုဖို့ ကီပါထက် စိတ်ချရမယ်လို့ သုံးသပ်ထား။

REF: INTERNET SOURCES
PHOTOS CREDIT TO OWNERS
SPORTS A2Z.