Premier League Transfer News

ေနာက္ဆုံးရ အာဆင္နယ္သတင္းမ်ား စုစည္းမွဳ – ၁၂.၁၀.၂၀၂၀

– ဘီဘီစီရဲ႕ ေဘာလုံးကၽြမ္းက်င္သူတစ္ဦးျဖစ္တဲ့ ဒီယြန္ ဒပ္ဘလင္က ဒီႏွစ္ပုိင္းအတြင္းမွာ သူ႕အေနနဲ႔ ေဒးဗစ္ လူးဝစ္ဇ္ရဲ႕ အမွားေတြကို ေဝဖန္မိတာက မ်ားေနေပမယ့္ တကယ္တမ္း အသင္းေဖာ္ေတြကို ညႊန္ၾကားေနခဲ့တဲ့ ေကာင္းကြက္ကိုေတာ့ ခုမွ ေသခ်ာသတိျပဳမိလို႔ ခ်ီးက်ဴးရမွာျဖစ္ေၾကာင္း ေျပာၾကား။

– အာဆင္နယ္အသင္းအေနနဲ႔ ကြင္းလယ္လူ မီဆြတ္ အုိေဇးလ္ကို အယ္လ္နာဆာအသင္းဆီ ေျပာင္းေရႊ႕ခဲ့မယ္ဆိုရင္ သူ႕ရဲ႕လစာေငြထဲက လက္က်န္စာခ်ဳပ္တစ္ႏွစ္စာအတြက္ ေပါင္ငါးသန္းကို က်ခံေပးသြားမွာျဖစ္တယ္လုိ႔ ကမ္းလွမ္းခဲ့။

– ေဆာ္ေပၚလုိအသင္းကေန ေပါင္ ၁၄ သန္းနဲ႔ ေခၚယူထားခဲ့တဲ့ ေနာက္ခံလူ ပါဘလို မာရီဟာ ဇြန္လက ဒဏ္ရာကို ခြဲစိတ္ကုမွဳအၿပီးမွာ ပထမဆုံးအႀကိမ္အျဖစ္ လာမယ့္အပတ္အတြင္းမွာ ေလ့က်င့္ခန္းျပန္ဆင္းႏုိင္ဖို႔ ရွိေန။

– အသင္းရဲ႕ ကြင္းလယ္လူေဟာင္းႀကီး ေပါလ္ မာဆန္က ကြင္းလယ္လူသစ္ ေသာမတ္စ္ ပါေတးရဲ႕ လစာေငြဟာ ဘယ္ေလာက္ပဲျဖစ္ျဖစ္ အဲ့ဒီအထဲက ေပါင္တစ္ေထာင္ကို ဂန္းနားေဆာရပ္စ္ ဂ်ယ္ရီကိုင္းအတြက္ ခြဲေပးသင့္တယ္လုိ႔ဆုိ။

– အသင္းကို မီခယ္လ္ အာတီတာ ကိုင္တြယ္ေနတာကို သေဘာက်ေပမယ့္ သူ႕အေနနဲ႔ မေမွ်ာ္လင့္ခဲ့မိဘဲ တပည့္ေဟာင္းတစ္ဦးျဖစ္တဲ့ သီယာရီ အြန္နရီကသာ ဒီေနရာကို ဆက္ခံမယ္လို႔ ေတြးခဲ့ဖူးေၾကာင္း၊ လက္ရွိအေနအထားမွာေတာ့ တျခားမွာ ေအာင္ျမင္မွဳေတြ ျပသၿပီးမွ ျပင္သစ္တုိက္စစ္မွဴးေဟာင္းအေနနဲ႔ အာဆင္နယ္ကို ျပန္ေရာက္လာႏုိင္ဖို႔ ေမွ်ာ္လင့္ေၾကာင္း ဝင္းဂါးေျပာၾကား။

– ဘယ္လ္ဂ်ီယမ္နဲ႔ ကစားမယ့္ပြဲအတြက္ ဘူကာယို ဆာကာကို အရန္ခုံမွာေတာင္ အသုံးမျပဳခဲ့တဲ့အတြက္ နည္းျပ ေဆာက္သ္ဂိတ္ကို ႏုိင္ဂ်ီးရီးယားပရိသတ္ေတြ ေလွာင္ေျပာင္ေနၾကၿပီး အာဆင္နယ္လူငယ္ကို ႏိုင္ငံေျပာင္းလဲကစားဖို႔ ေတာင္းဆုိေနၾက။

– အာဆင္နယ္အမ်ဳိးသမီးအသင္းအေနနဲ႔ သူတို႔ရဲ႕ ဂိုးျပတ္သြင္းတဲ့ စံခ်ိန္ကို ဆက္လက္ထိန္းသိမ္းထားဆဲျဖစ္ၿပီး ၄ ပြဲမွာ ၂၃ ဂိုး မွတ္တမ္းကို ရယူႏုိင္ဖို႔ ဘ႐ုိက္တန္ကို အေဝးကြင္းမွာ မီဒမ္မာရဲ႕ ဂိုးႏွစ္ဂိုးအပါအဝင္ ၅ ဂိုးျပတ္သြင္းၿပီး အႏုိင္ယူ။

REF: INTERNET SOURCES
PHOTOS CREDIT TO OWNERS
SPORTS A2Z.

UNICODE:

– ဘီဘီစီရဲ့ ဘောလုံးကျွမ်းကျင်သူတစ်ဦးဖြစ်တဲ့ ဒီယွန် ဒပ်ဘလင်က ဒီနှစ်ပိုင်းအတွင်းမှာ သူ့အနေနဲ့ ဒေးဗစ် လူးဝစ်ဇ်ရဲ့ အမှားတွေကို ဝေဖန်မိတာက များနေပေမယ့် တကယ်တမ်း အသင်းဖော်တွေကို ညွှန်ကြားနေခဲ့တဲ့ ကောင်းကွက်ကိုတော့ ခုမှ သေချာသတိပြုမိလို့ ချီးကျူးရမှာဖြစ်ကြောင်း ပြောကြား။

– အာဆင်နယ်အသင်းအနေနဲ့ ကွင်းလယ်လူ မီဆွတ် အိုဇေးလ်ကို အယ်လ်နာဆာအသင်းဆီ ပြောင်းရွှေ့ခဲ့မယ်ဆိုရင် သူ့ရဲ့လစာငွေထဲက လက်ကျန်စာချုပ်တစ်နှစ်စာအတွက် ပေါင်ငါးသန်းကို ကျခံပေးသွားမှာဖြစ်တယ်လို့ ကမ်းလှမ်းခဲ့။

– ဆော်ပေါ်လိုအသင်းကနေ ပေါင် ၁၄ သန်းနဲ့ ခေါ်ယူထားခဲ့တဲ့ နောက်ခံလူ ပါဘလို မာရီဟာ ဇွန်လက ဒဏ်ရာကို ခွဲစိတ်ကုမှုအပြီးမှာ ပထမဆုံးအကြိမ်အဖြစ် လာမယ့်အပတ်အတွင်းမှာ လေ့ကျင့်ခန်းပြန်ဆင်းနိုင်ဖို့ ရှိနေ။

– အသင်းရဲ့ ကွင်းလယ်လူဟောင်းကြီး ပေါလ် မာဆန်က ကွင်းလယ်လူသစ် သောမတ်စ် ပါတေးရဲ့ လစာငွေဟာ ဘယ်လောက်ပဲဖြစ်ဖြစ် အဲ့ဒီအထဲက ပေါင်တစ်ထောင်ကို ဂန်းနားဆောရပ်စ် ဂျယ်ရီကိုင်းအတွက် ခွဲပေးသင့်တယ်လို့ဆို။

– အသင်းကို မီခယ်လ် အာတီတာ ကိုင်တွယ်နေတာကို သဘောကျပေမယ့် သူ့အနေနဲ့ မမျှော်လင့်ခဲ့မိဘဲ တပည့်ဟောင်းတစ်ဦးဖြစ်တဲ့ သီယာရီ အွန်နရီကသာ ဒီနေရာကို ဆက်ခံမယ်လို့ တွေးခဲ့ဖူးကြောင်း၊ လက်ရှိအနေအထားမှာတော့ တခြားမှာ အောင်မြင်မှုတွေ ပြသပြီးမှ ပြင်သစ်တိုက်စစ်မှူးဟောင်းအနေနဲ့ အာဆင်နယ်ကို ပြန်ရောက်လာနိုင်ဖို့ မျှော်လင့်ကြောင်း ဝင်းဂါးပြောကြား။

– ဘယ်လ်ဂျီယမ်နဲ့ ကစားမယ့်ပွဲအတွက် ဘူကာယို ဆာကာကို အရန်ခုံမှာတောင် အသုံးမပြုခဲ့တဲ့အတွက် နည်းပြ ဆောက်သ်ဂိတ်ကို နိုင်ဂျီးရီးယားပရိသတ်တွေ လှောင်ပြောင်နေကြပြီး အာဆင်နယ်လူငယ်ကို နိုင်ငံပြောင်းလဲကစားဖို့ တောင်းဆိုနေကြ။

– အာဆင်နယ်အမျိုးသမီးအသင်းအနေနဲ့ သူတို့ရဲ့ ဂိုးပြတ်သွင်းတဲ့ စံချိန်ကို ဆက်လက်ထိန်းသိမ်းထားဆဲဖြစ်ပြီး ၄ ပွဲမှာ ၂၃ ဂိုး မှတ်တမ်းကို ရယူနိုင်ဖို့ ဘရိုက်တန်ကို အဝေးကွင်းမှာ မီဒမ်မာရဲ့ ဂိုးနှစ်ဂိုးအပါအဝင် ၅ ဂိုးပြတ်သွင်းပြီး အနိုင်ယူ။

REF: INTERNET SOURCES
PHOTOS CREDIT TO OWNERS
SPORTS A2Z.