Premier League

ေနာက္ဆုံးရ ခ်ဲလ္ဆီးသတင္းမ်ား စုစည္းမွဳ – ၁၁.၁၀.၂၀၂၀

– ဆီနီေဂါအသင္းကေန ႏုတ္ထြက္ခဲ့ၿပီးတဲ့ေနာက္ ဂိုးသမား ေအဒူယာ မန္ဒီဟာ ခ်ဲလ္ဆီးအသင္းနဲ႔ ေပါင္ၾကြက္သားဒဏ္ရာကို ေဆးစစ္ေနၿပီျဖစ္ၿပီး စုတ္ျပဲသြားတာမ်ဳိး မရွိဘူးလို႔ သိရ၊ တစ္ပတ္အတြင္း အခ်ိန္မီ သက္သာႏုိင္မလား ေစာင့္ၾကည့္ရမည္။

– ဆီနီေဂါအသင္းနဲ႔ လူစားဝင္ပြဲတစ္ပြဲ ကစားခဲ့အၿပီးမွာ ဖန္တီးမွဳတစ္ႀကိမ္ ျပဳလုပ္ထားႏုိင္ခဲ့တဲ့ ဟာကင္မ္ ဇီးယက္ရွ္ရဲ႕ ဒဏ္ရာကေန သက္သာခါစ အေနအထားမွာ အလြန္အကၽြံ မသုံးစြဲဘဲ အသင္းဆီ ျပန္ပုိ႔ေပးဖို႔ နည္းျပ လမ္းပတ္ရဲ႕ ေမတၱာရပ္ခံခ်က္ကို ေမာ္႐ိုကို အက္ဖ္ေအက သေဘာတူညီခဲ့လုိ႔ ကစားသမားအေနနဲ႔ လန္ဒန္ကို ျပန္လာေန။

– လာမယ့္ ဇန္နဝါရီက ခ်ဲလ္ဆီးအသင္းရဲ႕ လူငယ္ကစားသမားေတြျဖစ္ၾကတဲ့ ကြင္းလယ္လူ ဘီလီ ဂီးလ္မုိးရ္နဲ႔ ေနာက္ခံလူ ဖီကာယို တုိမုိရီတုိ႔ အသင္းကေန အငွားနဲ႔ ထြက္ခြာႏုိင္တယ္လုိ႔ အက္သလက္တစ္ေဖာ္ျပ။

– ၿပီးခဲ့တဲ့ စစ္ေဆးမွဳေတြမွာ နက္ဂတစ္ရလဒ္ ျပသခဲ့ေပမယ့္ ကိုဗစ္ရဲ႕ တူညီတဲ့ ေရာဂါလကၡဏာေတြကို အေပ်ာ့စားလုိမ်ဳိး ခံစားေနခဲ့ရတဲ့ ေနာက္ခံလူ ဘန္ ေခ်းလ္ဝဲလ္အေနနဲ႔ ထပ္မံစစ္ေဆးခဲ့ၿပီး ကိုဗစ္မဟုတ္တဲ့ အဖ်ားေဝဒနာသာျဖစ္တယ္လုိ႔ အဂၤလန္အသင္းအတည္ျပဳ။

– ၿပီးခဲ့တဲ့ ရာသီက ဆုဖလားေတြနဲ႔ လြဲေခ်ာ္ခဲ့ရတဲ့ ခ်ဲလ္ဆီးအသင္းအေနနဲ႔ ဒီရာသီမွာ အားျဖည့္မွဳေကာင္းေတြ ျပဳလုပ္ထားတယ္လို႔ ကစားသမားအင္အားကို ေတာင္ပံကစားသမား ခရစၥတီယန္ ပူလီရွစ္ခ်္က ခ်ီးက်ဴးလိုက္ၿပီး ဆုဖလားေတြ ရယူဖို႔ တုိက္တြန္း။

– ခ်ဲလ္ဆီးအသင္းရဲ႕ ဦးစားေပးပစ္မွတ္တစ္ခုျဖစ္တဲ့ ကြင္းလယ္လူ ဒက္ကလန္ ႐ိုက္စ္အတြက္ ဝက္စ္ဟမ္းအသင္းအေနနဲ႔ တစ္ပတ္လုပ္ခ ေပါင္တစ္သိန္းႏွစ္ေသာင္းနဲ႔ စာခ်ဳပ္သစ္ ေပးအပ္ၿပီး သူတုိ႔ကစားသမားကို ဆက္လက္ထိန္းသိမ္းႏုိင္ဖို႔ စီစဥ္ေန။

– အသက္ ၃၃ ႏွစ္အရြယ္မွာ ကြယ္လြန္သြားခဲ့တဲ့ ခ်ဲလ္ဆီးအသင္းကို ငယ္စဥ္ကတည္းက အားေပးလာခဲ့တဲ့ ပရိသတ္တစ္ဦးျဖစ္တဲ့ အန္ဒ႐ူး ဝုဒ္အတြက္ အသင္းေခါင္းေဆာင္ အက္ဇ္ပီလီေကြတာက ပဲေလ့စ္နဲ႔ပြဲမွာ ႏုိင္ပြဲဟာ သူ႕အတြက္လုိ႔ ရည္ညႊန္းခဲ့အၿပီးမွာ က်န္ရစ္သူ မိသားစုအတြက္ ပရိသတ္ေတြက ရန္ပုံေငြ ဝိုင္းဝန္းစုေဆာင္းခဲ့ၾကၿပီး ေပါင္တစ္ေသာင္းေက်ာ္ရရွိေနၿပီလုိ႔ သိရ။

REF: INTERNET SOURCES
PHOTOS CREDIT TO OWNERS
SPORTS A2Z.

UNICODE:

– ဆီနီဂေါအသင်းကနေ နုတ်ထွက်ခဲ့ပြီးတဲ့နောက် ဂိုးသမား အေဒူယာ မန်ဒီဟာ ချဲလ်ဆီးအသင်းနဲ့ ပေါင်ကြွက်သားဒဏ်ရာကို ဆေးစစ်နေပြီဖြစ်ပြီး စုတ်ပြဲသွားတာမျိုး မရှိဘူးလို့ သိရ၊ တစ်ပတ်အတွင်း အချိန်မီ သက်သာနိုင်မလား စောင့်ကြည့်ရမည်။

– ဆီနီဂေါအသင်းနဲ့ လူစားဝင်ပွဲတစ်ပွဲ ကစားခဲ့အပြီးမှာ ဖန်တီးမှုတစ်ကြိမ် ပြုလုပ်ထားနိုင်ခဲ့တဲ့ ဟာကင်မ် ဇီးယက်ရှ်ရဲ့ ဒဏ်ရာကနေ သက်သာခါစ အနေအထားမှာ အလွန်အကျွံ မသုံးစွဲဘဲ အသင်းဆီ ပြန်ပို့ပေးဖို့ နည်းပြ လမ်းပတ်ရဲ့ မေတ္တာရပ်ခံချက်ကို မော်ရိုကို အက်ဖ်အေက သဘောတူညီခဲ့လို့ ကစားသမားအနေနဲ့ လန်ဒန်ကို ပြန်လာနေ။

– လာမယ့် ဇန်နဝါရီက ချဲလ်ဆီးအသင်းရဲ့ လူငယ်ကစားသမားတွေဖြစ်ကြတဲ့ ကွင်းလယ်လူ ဘီလီ ဂီးလ်မိုးရ်နဲ့ နောက်ခံလူ ဖီကာယို တိုမိုရီတို့ အသင်းကနေ အငှားနဲ့ ထွက်ခွာနိုင်တယ်လို့ အက်သလက်တစ်ဖော်ပြ။

– ပြီးခဲ့တဲ့ စစ်ဆေးမှုတွေမှာ နက်ဂတစ်ရလဒ် ပြသခဲ့ပေမယ့် ကိုဗစ်ရဲ့ တူညီတဲ့ ရောဂါလက္ခဏာတွေကို အပျော့စားလိုမျိုး ခံစားနေခဲ့ရတဲ့ နောက်ခံလူ ဘန် ချေးလ်ဝဲလ်အနေနဲ့ ထပ်မံစစ်ဆေးခဲ့ပြီး ကိုဗစ်မဟုတ်တဲ့ အဖျားဝေဒနာသာဖြစ်တယ်လို့ အင်္ဂလန်အသင်းအတည်ပြု။

– ပြီးခဲ့တဲ့ ရာသီက ဆုဖလားတွေနဲ့ လွဲချော်ခဲ့ရတဲ့ ချဲလ်ဆီးအသင်းအနေနဲ့ ဒီရာသီမှာ အားဖြည့်မှုကောင်းတွေ ပြုလုပ်ထားတယ်လို့ ကစားသမားအင်အားကို တောင်ပံကစားသမား ခရစ္စတီယန် ပူလီရှစ်ချ်က ချီးကျူးလိုက်ပြီး ဆုဖလားတွေ ရယူဖို့ တိုက်တွန်း။

– ချဲလ်ဆီးအသင်းရဲ့ ဦးစားပေးပစ်မှတ်တစ်ခုဖြစ်တဲ့ ကွင်းလယ်လူ ဒက်ကလန် ရိုက်စ်အတွက် ဝက်စ်ဟမ်းအသင်းအနေနဲ့ တစ်ပတ်လုပ်ခ ပေါင်တစ်သိန်းနှစ်သောင်းနဲ့ စာချုပ်သစ် ပေးအပ်ပြီး သူတို့ကစားသမားကို ဆက်လက်ထိန်းသိမ်းနိုင်ဖို့ စီစဉ်နေ။

– အသက် ၃၃ နှစ်အရွယ်မှာ ကွယ်လွန်သွားခဲ့တဲ့ ချဲလ်ဆီးအသင်းကို ငယ်စဉ်ကတည်းက အားပေးလာခဲ့တဲ့ ပရိသတ်တစ်ဦးဖြစ်တဲ့ အန်ဒရူး ဝုဒ်အတွက် အသင်းခေါင်းဆောင် အက်ဇ်ပီလီကွေတာက ပဲလေ့စ်နဲ့ပွဲမှာ နိုင်ပွဲဟာ သူ့အတွက်လို့ ရည်ညွှန်းခဲ့အပြီးမှာ ကျန်ရစ်သူ မိသားစုအတွက် ပရိသတ်တွေက ရန်ပုံငွေ ဝိုင်းဝန်းစုဆောင်းခဲ့ကြပြီး ပေါင်တစ်သောင်းကျော်ရရှိနေပြီလို့ သိရ။

REF: INTERNET SOURCES
PHOTOS CREDIT TO OWNERS
SPORTS A2Z.