Premier League Transfer News

ေနာက္ဆုံးရ လီဗာပူးလ္သတင္းမ်ား စုစည္းမွဳ – ၁၁.၁၀.၂၀၂၀

– ဦးစားေပးဂိုးသမား အဒမ္ ေဒးဗီးစ္ရဲ႕ေနာက္မွာ ဖလားပြဲေတာင္မွ ကစားခြင့္မရဘဲ ဒီရာသီမွာ တစ္ပြဲမွ မဖမ္းရေသးတဲ့ စတုတ္စီးတီး ဂိုးသမား ဂ်က္ခ္ ဘတ္လန္းကို အယ္လီဆန္ရဲ႕ ေနရာအတြက္ ယာယီအစားထုိးမွဳအျဖစ္ ေခၚယူဖို႔ လီဗာပူးလ္အသင္း ေဆြးေႏြးေန။

– ကိုဗစ္ကာလမွာ စည္းကမ္းခ်ဳိးေဖာက္ခဲ့တဲ့ လက္ေရြးစင္ကစားသမားေတြရဲ႕ လုပ္ရပ္က မျဖစ္သင့္ေၾကာင္းနဲ႔ လုိက္နာစရာေတြကို တစ္ေျပးညီလုပ္ေဆာင္ရမွာျဖစ္ေၾကာင္း၊ အဂၤလန္နည္းျပ ေဆာက္သ္ဂိတ္ဟာ သေဘာထား ေပ်ာ့ေပ်ာင္းသူျဖစ္ၿပီး သူ႕လိုလူမ်ဳိးအေနနဲ႔ အေရးယူမွဳေတြ ျပဳလုပ္မယ္ဆုိတာဟာ တကယ္ပဲ လုိအပ္လို႔ျဖစ္ေၾကာင္း လီဗာပူးလ္ကပၸတိန္ ဟန္ဒါဆန္ ေထာက္ခံေျပာၾကား။

– အဂၤလန္အေျပာင္းအေရႊ႕ကာလကေတာ့ ေအာက္တုိဘာလ ၁၆ ရက္ေန႔မွာ ပိတ္သိမ္းမွာျဖစ္လို႔ စတုတ္စီးတီးဂိုးသမား ဘတ္လန္းကို ေခၚယူဖို႔ လုပ္ေဆာင္ေနတဲ့ လီဗာပူးလ္အသင္းအေနနဲ႔ အဲဗာတန္နဲ႔ လာမယ့္ စေနေန႔မွာ ကစားရမယ့္ မာေဆးဆုိဒ္ဒါဘီအမီ ထည့္သြင္းကစားႏုိင္ဖို႔ ေမွ်ာ္လင့္ေန။

– ကြင္းလယ္လူ သီယာဂို အယ္လ္ကန္တာရာအေနနဲ႔ ကိုဗစ္ဗုိင္းရပ္စ္ကူးစက္မွဳကေန သက္သာေပ်ာက္ကင္းခဲ့ၿပီျဖစ္ၿပီး ကြာရန္တင္းကေန ထြက္လာၿပီျဖစ္သလို ၿမဳိ႕ထဲကိုေတာင္ သြားေရာက္လည္ပတ္ေနႏုိင္ၿပီျဖစ္ၿပီး အဲဗာတန္နဲ႔ပြဲကို ပါဝင္ႏိုင္ဖို႔ ေမွ်ာ္လင့္ေန။

– တိုက္စစ္မွဴး ဒီေဗာ့ခ္ အုိရီဂီအေနနဲ႔ လီဗာပူးလ္အသင္းရဲ႕ တုိက္စစ္မွာ ပြဲထြက္ခြင့္အတြက္ တာကူမီ မီနာမီႏုိ၊ ဒီယိုဂို ဂ်ဳိတာတုိ႔နဲ႔ ယွဥ္ၿပဳိင္ရမွာျဖစ္ၿပီး လူစားဝင္ကစားသမားအျဖစ္ပါ မေသခ်ာတဲ့ အေနအထားကို ေရာက္ရွိေနသလို အသင္းေျပာင္းေရႊ႕ဖို႔လည္း မျဖစ္ႏုိင္ေတာ့လုိ႔ ခက္ေန။

– လီဗာပူးလ္အသင္းရဲ႕ အသင္းေခါင္းေဆာင္ေဟာင္းနဲ႔ လက္ေထာက္နည္းျပေဟာင္း ဖီးလ္ သြမ့္ပ္ဆန္က အသင္းရဲ႕လူငယ္တုိက္စစ္မွဴး ႐ိုင္ယန္ ဘ႐ူးစတားကို ေရာင္းခ်လိုက္တဲ့ ဆုံးျဖတ္ခ်က္အတြက္ စိတ္ပ်က္မိေၾကာင္းနဲ႔ အုိရီဂီကိုသာ ေရာင္းခဲ့သင့္တာျဖစ္ေၾကာင္းဆုိ။

– အက္စတန္ဗီလာနဲ႔ပြဲက ေနာက္ခံလူ ဗာဂ်ီးလ္ ဗန္ဒိုက္ကို ၾကည့္ရတာ အသင္းနဲ႔ အေစးမကပ္တဲ့ ပုံစံမ်ဳိးျဖစ္ေနၿပီး သူ႕ကို လူေတြ ခ်ီးက်ဴးခဲ့ၾကတဲ့ ေရွ႕က ပရီးမီးယားလိဂ္ထိပ္တန္းခံစစ္မွဴးေတြနဲ႔ တစ္တန္းတည္းပဲဆုိတာ ယုံရခက္ေနေၾကာင္း ဆုိးလ္ကမ္းဘဲလ္ေဝဖန္။

REF: INTERNET SOURCES
PHOTOS CREDIT OWNERS
SPORTS A2Z.

UNICODE:

– ဦးစားပေးဂိုးသမား အဒမ် ဒေးဗီးစ်ရဲ့နောက်မှာ ဖလားပွဲတောင်မှ ကစားခွင့်မရဘဲ ဒီရာသီမှာ တစ်ပွဲမှ မဖမ်းရသေးတဲ့ စတုတ်စီးတီး ဂိုးသမား ဂျက်ခ် ဘတ်လန်းကို အယ်လီဆန်ရဲ့ နေရာအတွက် ယာယီအစားထိုးမှုအဖြစ် ခေါ်ယူဖို့ လီဗာပူးလ်အသင်း ဆွေးနွေးနေ။

– ကိုဗစ်ကာလမှာ စည်းကမ်းချိုးဖောက်ခဲ့တဲ့ လက်ရွေးစင်ကစားသမားတွေရဲ့ လုပ်ရပ်က မဖြစ်သင့်ကြောင်းနဲ့ လိုက်နာစရာတွေကို တစ်ပြေးညီလုပ်ဆောင်ရမှာဖြစ်ကြောင်း၊ အင်္ဂလန်နည်းပြ ဆောက်သ်ဂိတ်ဟာ သဘောထား ပျော့ပျောင်းသူဖြစ်ပြီး သူ့လိုလူမျိုးအနေနဲ့ အရေးယူမှုတွေ ပြုလုပ်မယ်ဆိုတာဟာ တကယ်ပဲ လိုအပ်လို့ဖြစ်ကြောင်း လီဗာပူးလ်ကပ္ပတိန် ဟန်ဒါဆန် ထောက်ခံပြောကြား။

– အင်္ဂလန်အပြောင်းအရွှေ့ကာလကတော့ အောက်တိုဘာလ ၁၆ ရက်နေ့မှာ ပိတ်သိမ်းမှာဖြစ်လို့ စတုတ်စီးတီးဂိုးသမား ဘတ်လန်းကို ခေါ်ယူဖို့ လုပ်ဆောင်နေတဲ့ လီဗာပူးလ်အသင်းအနေနဲ့ အဲဗာတန်နဲ့ လာမယ့် စနေနေ့မှာ ကစားရမယ့် မာဆေးဆိုဒ်ဒါဘီအမီ ထည့်သွင်းကစားနိုင်ဖို့ မျှော်လင့်နေ။

– ကွင်းလယ်လူ သီယာဂို အယ်လ်ကန်တာရာအနေနဲ့ ကိုဗစ်ဗိုင်းရပ်စ်ကူးစက်မှုကနေ သက်သာပျောက်ကင်းခဲ့ပြီဖြစ်ပြီး ကွာရန်တင်းကနေ ထွက်လာပြီဖြစ်သလို မြို့ထဲကိုတောင် သွားရောက်လည်ပတ်နေနိုင်ပြီဖြစ်ပြီး အဲဗာတန်နဲ့ပွဲကို ပါဝင်နိုင်ဖို့ မျှော်လင့်နေ။

– တိုက်စစ်မှူး ဒီဗော့ခ် အိုရီဂီအနေနဲ့ လီဗာပူးလ်အသင်းရဲ့ တိုက်စစ်မှာ ပွဲထွက်ခွင့်အတွက် တာကူမီ မီနာမီနို၊ ဒီယိုဂို ဂျိုတာတို့နဲ့ ယှဉ်ပြိုင်ရမှာဖြစ်ပြီး လူစားဝင်ကစားသမားအဖြစ်ပါ မသေချာတဲ့ အနေအထားကို ရောက်ရှိနေသလို အသင်းပြောင်းရွှေ့ဖို့လည်း မဖြစ်နိုင်တော့လို့ ခက်နေ။

– လီဗာပူးလ်အသင်းရဲ့ အသင်းခေါင်းဆောင်ဟောင်းနဲ့ လက်ထောက်နည်းပြဟောင်း ဖီးလ် သွမ့်ပ်ဆန်က အသင်းရဲ့လူငယ်တိုက်စစ်မှူး ရိုင်ယန် ဘရူးစတားကို ရောင်းချလိုက်တဲ့ ဆုံးဖြတ်ချက်အတွက် စိတ်ပျက်မိကြောင်းနဲ့ အိုရီဂီကိုသာ ရောင်းခဲ့သင့်တာဖြစ်ကြောင်းဆို။

– အက်စတန်ဗီလာနဲ့ပွဲက နောက်ခံလူ ဗာဂျီးလ် ဗန်ဒိုက်ကို ကြည့်ရတာ အသင်းနဲ့ အစေးမကပ်တဲ့ ပုံစံမျိုးဖြစ်နေပြီး သူ့ကို လူတွေ ချီးကျူးခဲ့ကြတဲ့ ရှေ့က ပရီးမီးယားလိဂ်ထိပ်တန်းခံစစ်မှူးတွေနဲ့ တစ်တန်းတည်းပဲဆိုတာ ယုံရခက်နေကြောင်း ဆိုးလ်ကမ်းဘဲလ်ဝေဖန်။

REF: INTERNET SOURCES
PHOTOS CREDIT OWNERS
SPORTS A2Z.