Premier League Transfer News

ေနာက္ဆုံးရ မန္ခ်က္စတာယူႏုိက္တက္သတင္းမ်ား စုစည္းမွဳ – ၁၀.၁၀.၂၀၂၀

– မန္ခ်က္စတာယူႏုိက္တက္အသင္းရဲ႕ တုိက္စစ္မွဴး မားကပ္စ္ ရက္ရွ္ဖို႔ဒ္ရဲ႕ ကို႐ိုနာဗိုင္းရပ္စ္ကူးစက္မွဳကာလအတြင္း ကေလးေပါင္း ၁.၃ သန္းအတြက္ ေက်ာင္းေန႔လည္စာ ေထာက္ပံ့မွဳေပးခဲ့တဲ့ လုပ္ရပ္ကို အဂၤလန္ႏုိင္ငံ အစိုးရက အသိအမွတ္ျပဳခဲ့ၿပီး ၿဗိတိန္သူရဲေကာင္းဘြဲ႕ Member of British Empire MBE ဘြဲ႕ကို ေပးအပ္ခံခဲ့ရ။

– ရီးရဲလ္မက္ဒရစ္မွာ ကစားခ်င္တယ္လုိ႔ ဆုိထားခဲ့တဲ့ ကြင္းလယ္လူ ေပါလ္ ေပါ့ဘာကို မေခၚယူႏုိင္ေသးေၾကာင္း စပိန္အင္အားႀကီး ကလပ္ဘက္က ေျပာၾကားထားခဲ့ၿပီး ျပင္သစ္လူငယ္ ေအဒူယာဒို ကာမာဗင္ဂါကိုပဲ ေခၚယူဖို႔ ခ်ိတ္ဆက္ေန။

– ယူႏုိက္တက္အသင္း တာဝန္ရွိသူေတြအေနနဲ႔ အသင္းရဲ႕ ခံစစ္ပုိင္းကို လာမယ့္ အေျပာင္းအေရႊ႕ကာလေတြမွာ ျဖည့္ဆည္းႏိုင္ဖို႔ လ်ာထားစာရင္းကို သုံးဦး သတ္မွတ္ခဲ့ၿပီး ဒါယို အူပါမီကာႏို၊ ခါလီဒူး ကူလီေဘလီနဲ႔ ရာေဖးလ္ ဗာရြန္းတုိ႔ ပါဝင္ေန။

– မန္ခ်က္စတာယူႏုိက္တက္အသင္းအေနနဲ႔ ေသာမတ္စ္ ပါေတးအတြက္ အာဆင္နယ္ကို ဘာျဖစ္လုိ႔ မၿပဳိင္ဆုိင္ခဲ့သလဲဆုိတာကို သူ႕အေနနဲ႔ နားမလည္ႏိုင္ေအာင္ျဖစ္မိၿပီး ဂါနာသားဟာ အုိးလ္ထရက္ဖုိ႔ဒ္က ကြင္းလယ္လူအားလုံးထက္ ပုိေကာင္းတယ္လုိ႔ ေပါလ္မာဆန္ ေျပာၾကား။

– အသင္းရဲ႕ စပိန္ကြင္းလယ္လူ ဟြမ္မာတာအတြက္ အေရွ႕အလယ္ပုိင္းကလပ္အသင္းေတြဆီက တစ္ႏွစ္လုပ္ခ ေပါင္ ၁၁.၅ သန္း ေပးေခ်မယ္ဆုိတဲ့ ကမ္းလွမ္းမွဳတစ္ခု ရရွိထားေၾကာင္း သတင္းေတြ ေဖာ္ျပ။

– တိုက္စစ္မွဴး အန္တုိနီ မာစီယယ္လ္နဲ႔ ကြင္းလယ္လူ ေပါ့ဘာတုိ႔ရဲ႕ ျပင္သစ္ပါတီဟာ မန္ခ်က္စတာယူႏိုက္တက္မွာ တစ္စင္ေထာင္ေနတယ္လို႔ သိရၿပီး သူတုိ႔ႏွစ္ဦးေၾကာင့္ အသင္းကေန ႐ိုမီလူ လူကာကူး ထြက္ခြာသြားခဲ့ရသလို နည္းျပ ဆုိးလ္ရွားမွာလည္း ဒီျပႆနာနဲ႔ ရင္ဆုိင္ေနရတယ္လုိ႔ အီတလီဂ်ာနယ္လစ္ ေပၚလို ကြန္ဒို ေရးသား။

– ၿပီးခဲ့တဲ့ အေျပာင္းအေရႊ႕ ေဈးကြက္ထဲမွာတုန္းက မန္ခ်က္စတာယူႏုိက္တက္ရဲ႕ ေနာက္ခံလူတစ္ဦး လိုအပ္ေနမွဳကို သိျမင္တဲ့အတြက္ သူတုိ႔ရဲ႕ ကစားသမားေတြကို ခ်ိတ္ဆက္ေပးခဲ့တဲ့ ေအးဂ်င့္ေတြအေနနဲ႔ သူတုိ႔ကို ျငင္းဆန္ၿပီး တျခားေနရာေတြကိုပဲ ေခၚယူသြားတာကို တအံ့တၾသျဖစ္ေနၾက။

REF: NEWSNOW
PHOTOS CREDIT TO OWNERS
SPORTS A2Z.

UNICODE:

– မန်ချက်စတာယူနိုက်တက်အသင်းရဲ့ တိုက်စစ်မှူး မားကပ်စ် ရက်ရှ်ဖို့ဒ်ရဲ့ ကိုရိုနာဗိုင်းရပ်စ်ကူးစက်မှုကာလအတွင်း ကလေးပေါင်း ၁.၃ သန်းအတွက် ကျောင်းနေ့လည်စာ ထောက်ပံ့မှုပေးခဲ့တဲ့ လုပ်ရပ်ကို အင်္ဂလန်နိုင်ငံ အစိုးရက အသိအမှတ်ပြုခဲ့ပြီး ဗြိတိန်သူရဲကောင်းဘွဲ့ Member of British Empire MBE ဘွဲ့ကို ပေးအပ်ခံခဲ့ရ။

– ရီးရဲလ်မက်ဒရစ်မှာ ကစားချင်တယ်လို့ ဆိုထားခဲ့တဲ့ ကွင်းလယ်လူ ပေါလ် ပေါ့ဘာကို မခေါ်ယူနိုင်သေးကြောင်း စပိန်အင်အားကြီး ကလပ်ဘက်က ပြောကြားထားခဲ့ပြီး ပြင်သစ်လူငယ် အေဒူယာဒို ကာမာဗင်ဂါကိုပဲ ခေါ်ယူဖို့ ချိတ်ဆက်နေ။

– ယူနိုက်တက်အသင်း တာဝန်ရှိသူတွေအနေနဲ့ အသင်းရဲ့ ခံစစ်ပိုင်းကို လာမယ့် အပြောင်းအရွှေ့ကာလတွေမှာ ဖြည့်ဆည်းနိုင်ဖို့ လျာထားစာရင်းကို သုံးဦး သတ်မှတ်ခဲ့ပြီး ဒါယို အူပါမီကာနို၊ ခါလီဒူး ကူလီဘေလီနဲ့ ရာဖေးလ် ဗာရွန်းတို့ ပါဝင်နေ။

– မန်ချက်စတာယူနိုက်တက်အသင်းအနေနဲ့ သောမတ်စ် ပါတေးအတွက် အာဆင်နယ်ကို ဘာဖြစ်လို့ မပြိုင်ဆိုင်ခဲ့သလဲဆိုတာကို သူ့အနေနဲ့ နားမလည်နိုင်အောင်ဖြစ်မိပြီး ဂါနာသားဟာ အိုးလ်ထရက်ဖို့ဒ်က ကွင်းလယ်လူအားလုံးထက် ပိုကောင်းတယ်လို့ ပေါလ်မာဆန် ပြောကြား။

– အသင်းရဲ့ စပိန်ကွင်းလယ်လူ ဟွမ်မာတာအတွက် အရှေ့အလယ်ပိုင်းကလပ်အသင်းတွေဆီက တစ်နှစ်လုပ်ခ ပေါင် ၁၁.၅ သန်း ပေးချေမယ်ဆိုတဲ့ ကမ်းလှမ်းမှုတစ်ခု ရရှိထားကြောင်း သတင်းတွေ ဖော်ပြ။

– တိုက်စစ်မှူး အန်တိုနီ မာစီယယ်လ်နဲ့ ကွင်းလယ်လူ ပေါ့ဘာတို့ရဲ့ ပြင်သစ်ပါတီဟာ မန်ချက်စတာယူနိုက်တက်မှာ တစ်စင်ထောင်နေတယ်လို့ သိရပြီး သူတို့နှစ်ဦးကြောင့် အသင်းကနေ ရိုမီလူ လူကာကူး ထွက်ခွာသွားခဲ့ရသလို နည်းပြ ဆိုးလ်ရှားမှာလည်း ဒီပြဿနာနဲ့ ရင်ဆိုင်နေရတယ်လို့ အီတလီဂျာနယ်လစ် ပေါ်လို ကွန်ဒို ရေးသား။

– ပြီးခဲ့တဲ့ အပြောင်းအရွှေ့ ဈေးကွက်ထဲမှာတုန်းက မန်ချက်စတာယူနိုက်တက်ရဲ့ နောက်ခံလူတစ်ဦး လိုအပ်နေမှုကို သိမြင်တဲ့အတွက် သူတို့ရဲ့ ကစားသမားတွေကို ချိတ်ဆက်ပေးခဲ့တဲ့ အေးဂျင့်တွေအနေနဲ့ သူတို့ကို ငြင်းဆန်ပြီး တခြားနေရာတွေကိုပဲ ခေါ်ယူသွားတာကို တအံ့တသြဖြစ်နေကြ။

REF: NEWSNOW
PHOTOS CREDIT TO OWNERS
SPORTS A2Z.