Premier League Transfer News

ေနာက္ဆုံးရ အာဆင္နယ္သတင္းမ်ား စုစည္းမွဳ – ၁၀.၁၀.၂၀၂၀

– ေနာက္ခံလူ ဝီလီယန္ ဆာလီဘာအတြက္ အဂၤလိပ္ကစားဟန္နဲ႔ ပုိမုိအသားက်ဖို႔နဲ႔ ပြဲထြက္ကစားခြင့္ မ်ားမ်ားရဖို႔အတြက္ လိဂ္ခ်န္ပီယံရွစ္ကို အငွားခ်ဖို႔ ေဆြးေႏြးေနၿပီး ေနာ့ဝစ္ခ်္စီးတီးအသင္းနဲ႔ တန္းတက္ဖို႔ ရည္မွန္းခ်က္ႀကီးမားေနတဲ့ ဘရန္႔ဖို႔ဒ္အသင္းတုိ႔ ေခၚယူဖို႔ အၿပဳိင္ျဖစ္ေန။

– အသင္းရဲ႕ အရန္ကစားသမားႏွစ္ဦးျဖစ္ၾကတဲ့ ဂိုးသမား ဒီယန္ အီလီယက္ဗ္ကို ပထမတန္းကလပ္ ရွ႐ူးဘာရီေတာင္းနဲ႔ ေနာက္ခံလူ တုိလာဂ်ီ ဘုိလာကိုလည္း ပထမတန္းက ႐ို႕ခ်္ေဒးလ္အသင္းကို အငွားခ်ထားခဲ့ၿပီး ကြင္းလယ္လူ အီမီးလ္ စမစ္႐ိုးကိုလည္း အငွားခ်သြားဖြယ္ရွိေန။

– မန္ခ်က္စတာယူႏုိက္တက္အသင္းအေနနဲ႔ ေသာမတ္စ္ ပါေတးအတြက္ အာဆင္နယ္ကို ဘာျဖစ္လုိ႔ မၿပဳိင္ဆုိင္ခဲ့သလဲဆုိတာကို သူ႕အေနနဲ႔ နားမလည္ႏိုင္ေအာင္ျဖစ္မိၿပီး ဂါနာသားဟာ အုိးလ္ထရက္ဖုိ႔ဒ္က ကြင္းလယ္လူအားလုံးထက္ ပုိေကာင္းတယ္လုိ႔ ေပါလ္မာဆန္ ေျပာၾကား။

– ေဆာ္ဒီအာေရးဘီးယားကလပ္ေတြဘက္က ကမ္းလွမ္းမွဳကို ကြင္းလယ္လူ မီဆြတ္ အုိေဇးလ္က ပယ္ခ်ခဲ့လုိ႔ အသင္းပုိင္ရွင္ စတန္ ခ႐ိုယန္ကီ စိတ္ပ်က္ေနၿပီး ဒီဇင္ဘာမတုိင္ခင္ လက္က်န္စာခ်ဳပ္ကို အျပတ္ေပးၿပီး ဖ်က္သိမ္းသြားဖို႔ အလိုရွိေန။

– အာဆင္နယ္အသင္းဘက္က ကီရန္ တီယာနီအတြက္ ကစားခြင့္ရဖို႔ လုပ္ေဆာင္မွဳေတြကို က်န္းမာေရးအာဏာပုိင္ေတြက အသိအမွတ္ ျပဳမွာ မဟုတ္ဘဲ တျခားသူေတြလိုပဲ တိက်တဲ့ စည္းမ်ဥ္းေတြအတုိင္း လုိက္နာသြားရလိမ့္မယ္လို႔ သတိေပးခံထားရ။

– လူငယ္ကြင္းလယ္လူ မက္တီယို ဂန္ဒူဇီက သူ႕ရဲ႕ အာဆင္နယ္ေန႔ရက္ေတြဟာ ကုန္ဆုံးသြားတာ မဟုတ္ေသးဘဲ ကစားသမားဘဝကို အလ်င္အျမန္ တုိးတက္ခ်င္လုိ႔ ဂ်ာမန္ေျမ ဟာသာဘာလင္ဆီ ေျပာင္းေရႊ႕ျဖစ္ခဲ့တာလို႔ဆုိ။

– ရီးရဲလ္မက္ဒရစ္ကေန အာဆင္နယ္အသင္းဆီကို ေနာက္တစ္ေခါက္ ျပန္လာခဲ့တာဟာ သူနဲ႔ နည္းျပ မီခယ္လ္ အာတီတာတို႔ၾကားက ဆက္ဆံေရးေၾကာင့္ျဖစ္ၿပီး ဒီအတြက္ အမ္းမရိတ္မွာ ေပ်ာ္ေပ်ာ္ရႊင္ရႊင္နဲ႔ ကစားႏုိင္ေၾကာင္း ဒါနီ စီဘာေယာ့စ္ ေျပာၾကား။

REF: NEWSNOW
PHOTOS CREDIT TO OWNERS
SPORTS A2Z.

UNICODE:

– နောက်ခံလူ ဝီလီယန် ဆာလီဘာအတွက် အင်္ဂလိပ်ကစားဟန်နဲ့ ပိုမိုအသားကျဖို့နဲ့ ပွဲထွက်ကစားခွင့် များများရဖို့အတွက် လိဂ်ချန်ပီယံရှစ်ကို အငှားချဖို့ ဆွေးနွေးနေပြီး နော့ဝစ်ချ်စီးတီးအသင်းနဲ့ တန်းတက်ဖို့ ရည်မှန်းချက်ကြီးမားနေတဲ့ ဘရန့်ဖို့ဒ်အသင်းတို့ ခေါ်ယူဖို့ အပြိုင်ဖြစ်နေ။

– အသင်းရဲ့ အရန်ကစားသမားနှစ်ဦးဖြစ်ကြတဲ့ ဂိုးသမား ဒီယန် အီလီယက်ဗ်ကို ပထမတန်းကလပ် ရှရူးဘာရီတောင်းနဲ့ နောက်ခံလူ တိုလာဂျီ ဘိုလာကိုလည်း ပထမတန်းက ရို့ချ်ဒေးလ်အသင်းကို အငှားချထားခဲ့ပြီး ကွင်းလယ်လူ အီမီးလ် စမစ်ရိုးကိုလည်း အငှားချသွားဖွယ်ရှိနေ။

– မန်ချက်စတာယူနိုက်တက်အသင်းအနေနဲ့ သောမတ်စ် ပါတေးအတွက် အာဆင်နယ်ကို ဘာဖြစ်လို့ မပြိုင်ဆိုင်ခဲ့သလဲဆိုတာကို သူ့အနေနဲ့ နားမလည်နိုင်အောင်ဖြစ်မိပြီး ဂါနာသားဟာ အိုးလ်ထရက်ဖို့ဒ်က ကွင်းလယ်လူအားလုံးထက် ပိုကောင်းတယ်လို့ ပေါလ်မာဆန် ပြောကြား။

– ဆော်ဒီအာရေးဘီးယားကလပ်တွေဘက်က ကမ်းလှမ်းမှုကို ကွင်းလယ်လူ မီဆွတ် အိုဇေးလ်က ပယ်ချခဲ့လို့ အသင်းပိုင်ရှင် စတန် ခရိုယန်ကီ စိတ်ပျက်နေပြီး ဒီဇင်ဘာမတိုင်ခင် လက်ကျန်စာချုပ်ကို အပြတ်ပေးပြီး ဖျက်သိမ်းသွားဖို့ အလိုရှိနေ။

– အာဆင်နယ်အသင်းဘက်က ကီရန် တီယာနီအတွက် ကစားခွင့်ရဖို့ လုပ်ဆောင်မှုတွေကို ကျန်းမာရေးအာဏာပိုင်တွေက အသိအမှတ် ပြုမှာ မဟုတ်ဘဲ တခြားသူတွေလိုပဲ တိကျတဲ့ စည်းမျဉ်းတွေအတိုင်း လိုက်နာသွားရလိမ့်မယ်လို့ သတိပေးခံထားရ။

– လူငယ်ကွင်းလယ်လူ မက်တီယို ဂန်ဒူဇီက သူ့ရဲ့ အာဆင်နယ်နေ့ရက်တွေဟာ ကုန်ဆုံးသွားတာ မဟုတ်သေးဘဲ ကစားသမားဘဝကို အလျင်အမြန် တိုးတက်ချင်လို့ ဂျာမန်မြေ ဟာသာဘာလင်ဆီ ပြောင်းရွှေ့ဖြစ်ခဲ့တာလို့ဆို။

– ရီးရဲလ်မက်ဒရစ်ကနေ အာဆင်နယ်အသင်းဆီကို နောက်တစ်ခေါက် ပြန်လာခဲ့တာဟာ သူနဲ့ နည်းပြ မီခယ်လ် အာတီတာတို့ကြားက ဆက်ဆံရေးကြောင့်ဖြစ်ပြီး ဒီအတွက် အမ်းမရိတ်မှာ ပျော်ပျော်ရွှင်ရွှင်နဲ့ ကစားနိုင်ကြောင်း ဒါနီ စီဘာယော့စ် ပြောကြား။

REF: NEWSNOW
PHOTOS CREDIT TO OWNERS
SPORTS A2Z.