Premier League

ေနာက္ဆုံးရ ခ်ဲလ္ဆီးသတင္းမ်ား စုစည္းမွဳ – ၉.၁၀.၂၀၂၀

– ဂ်ာမနီလက္ေရြးစင္အသင္းရဲ႕ ေခၚယူမွဳကို သြားေရာက္ရာမွာ တုပ္ေကြးလကၡဏာနဲ႔ အေအးမိေနတဲ့ ပုံစံကို ျပသခဲ့တာေၾကာင့္ ေဆးစစ္ခဲ့ရတဲ့ ခ်ဲလ္ဆီးတုိက္စစ္မွဴး တီမို ဗာနာရဲ႕ ကိုဗစ္ Test က နေဂးတစ္သာျဖစ္ၿပီး ပိုးမေတြ႕ရဘူးလို႔ ေဖာ္ျပထား။

– ခ်ဲလ္ဆီးအသင္းရဲ႕ ဂိုးသမားသစ္ ေအဒူယာ မန္ဒီအေနနဲ႔ ဆီနီေဂါအသင္းရဲ႕ တာဝန္မွာ ေလ့က်င့္ခန္း လုပ္ေဆာင္ေနရင္း ေပါင္ဒဏ္ရာ ရရွိသြားခဲ့တာေၾကာင့္ အသင္းက ႏုတ္ထြက္ခဲ့ရၿပီး ေလယာဥ္နဲ႔ လန္ဒန္ကို ျပန္လည္ေရာက္ရွိလာ။

– အသင္းအတြက္ အင္တုိက္အားတုိက္ ေဆာင္ရြက္ေနသူတစ္ဦးျဖစ္တဲ့ အေျပာင္းအေရႊ႕အႀကီးအကဲ မာရီနာ ဂရာေနာ့ဗ္စကားယာရဲ႕ အစီအစဥ္အရ နည္းျပ လမ္းပတ္ရဲ႕ ကစားကြက္ကို ျပည့္စုံေစဖို႔ ကစားသမားသစ္ႏွစ္ဦး ျဖည့္ဆည္ေပးဖို႔ ရည္ရြယ္ထားေသးၿပီး ခံစစ္ဗဟိုလူတစ္ဦးနဲ႔ ကြင္းလယ္အဖ်က္ကစားသမားတစ္ဦး ေခၚယူေပးဖို႔ စီစဥ္ေန။

– ခ်ဲလ္ဆီးနည္းျပ ဖရန္႔ လမ္းပတ္အတြက္ေတာ့ ေခါင္းကိုက္စရာအျဖစ္ ဂိုးသမား မန္ဒီရဲ႕ ဒဏ္ရာအေျခအေနကုိ ေစာင့္ၾကည့္ရဖို႔ ရွိေနၿပီး ညာဘက္ေပါင္ဒဏ္ရာက အခ်ိန္မီ မသက္သာခဲ့ရင္ ကီပါကိုပဲ ျပန္လည္စြန္႔စားသုံးစြဲရဖြယ္ရွိေန။

– အဂၤလန္နည္းျပ ဂယ္ရက္သ္ ေဆာက္သ္ဂိတ္အေနနဲ႔ ကိုဗစ္ကာကြယ္ေရးစည္းမ်ဥ္းေတြကို ခ်ဳိးေဖာက္ခဲ့သူ သုံးဦးမွာ ေဆးစစ္မွဳ နေဂးတစ္ ရလဒ္ထြက္ေပၚခဲ့ခ်ိန္မွာ ေဒါ့မြန္ေတာင္ပံကစားသမား ဆန္ခ်ဳိနဲ႔ ခ်ဲလ္ဆီးတုိက္စစ္မွဴး ေအဘရာဟမ္ကို လာမယ့္ ဘယ္လ္ဂ်ီယမ္နဲ႔ ပြဲအတြက္ အသုံးျပဳဖို႔ စီစဥ္ထားေပမယ့္ ေခ်းလ္ဝဲလ္ကေတာ့ လကၡဏာအခ်ဳိ႕ ရွိေနတဲ့အတြက္ ထည့္သြင္းဖို႔ မရွိေသးေၾကာင္းဆို။

– ခ်ဲလ္ဆီးအသင္းရဲ႕ လူငယ္ေနာက္ခံလူ ရီးစ္ ဂ်ိမ္းစ္ဟာ အဂၤလန္နဲ႔ ေဝးလ္စ္တုိ႔ ကစားတဲ့ ေျခစမ္းပြဲမွာ ဒုတိယပုိင္းမွာ ထရစ္ပီယာေနရာမွာ လူစားဝင္ကစားခဲ့ၿပီး သူ႕ရဲ႕ ပထမဆုံး လက္ေရြးစင္ပြဲကစားခြင့္ကို ပုိင္ဆုိင္ႏုိင္ခဲ့။

– အလားအလာေကာင္းေတြ ရွိေနတဲ့ လူငယ္ေနာက္ခံလူ အီသန္ အမ္ပါဒူးအတြက္ ၿပီးခဲ့တဲ့ RB လုိက္ပ္ဇစ္က အငွားကာလမွာ ကစားခြင့္နဲ႔ ေျခစြမ္းေကာင္း သိပ္မရရွိခဲ့ေပမယ့္ ဒီႏွစ္ဟာေတာ့ ရွက္ဖီးလ္ဒ္ယူႏိုက္တက္နဲ႔အတူ မွတ္ေက်ာက္တင္ခံရမယ့္ ႏွစ္တစ္ႏွစ္ျဖစ္ေၾကာင္း ေဝးလ္စ္တုိက္စစ္မွဴးေဟာင္း ေရာဘတ္ အန္းေရွာ သတိေပး။

– ခ်ဲလ္ဆီးအသင္းရဲ႕ ခံစစ္ကစားသမားေတြဟာ ပဲေလ့စ္ကို အႏုိင္ရရွိခဲ့တဲ့ ပြဲစဥ္မွာ အဂၤလိပ္လို မေျပာခဲ့ဘဲ ပါဝင္ခဲ့တဲ့ ကစားသမားေတြျဖစ္ၾကတဲ့ ဂိုးသမား မန္ဒီနဲ႔ ေနာက္ခံလူ သီယာဂို ေဆးလ္ဗားတို႔ အဆင္ေျပေစဖို႔ ျပင္သစ္လို ေျပာဆုိဆက္သြယ္ခဲ့ၾကတယ္လို႔ အသင္းေခါင္းေဆာင္ အက္ဇ္ပီလီေကြတာ ထုတ္ေဖာ္သြား။

REF: NEWSNOW
PHOTOS CREDIT TO OWNERS
SPORTS A2Z.

UNICODE:

– ဂျာမနီလက်ရွေးစင်အသင်းရဲ့ ခေါ်ယူမှုကို သွားရောက်ရာမှာ တုပ်ကွေးလက္ခဏာနဲ့ အအေးမိနေတဲ့ ပုံစံကို ပြသခဲ့တာကြောင့် ဆေးစစ်ခဲ့ရတဲ့ ချဲလ်ဆီးတိုက်စစ်မှူး တီမို ဗာနာရဲ့ ကိုဗစ် Test က နဂေးတစ်သာဖြစ်ပြီး ပိုးမတွေ့ရဘူးလို့ ဖော်ပြထား။

– ချဲလ်ဆီးအသင်းရဲ့ ဂိုးသမားသစ် အေဒူယာ မန်ဒီအနေနဲ့ ဆီနီဂေါအသင်းရဲ့ တာဝန်မှာ လေ့ကျင့်ခန်း လုပ်ဆောင်နေရင်း ပေါင်ဒဏ်ရာ ရရှိသွားခဲ့တာကြောင့် အသင်းက နုတ်ထွက်ခဲ့ရပြီး လေယာဉ်နဲ့ လန်ဒန်ကို ပြန်လည်ရောက်ရှိလာ။

– အသင်းအတွက် အင်တိုက်အားတိုက် ဆောင်ရွက်နေသူတစ်ဦးဖြစ်တဲ့ အပြောင်းအရွှေ့အကြီးအကဲ မာရီနာ ဂရာနော့ဗ်စကားယာရဲ့ အစီအစဉ်အရ နည်းပြ လမ်းပတ်ရဲ့ ကစားကွက်ကို ပြည့်စုံစေဖို့ ကစားသမားသစ်နှစ်ဦး ဖြည့်ဆည်ပေးဖို့ ရည်ရွယ်ထားသေးပြီး ခံစစ်ဗဟိုလူတစ်ဦးနဲ့ ကွင်းလယ်အဖျက်ကစားသမားတစ်ဦး ခေါ်ယူပေးဖို့ စီစဉ်နေ။

– ချဲလ်ဆီးနည်းပြ ဖရန့် လမ်းပတ်အတွက်တော့ ခေါင်းကိုက်စရာအဖြစ် ဂိုးသမား မန်ဒီရဲ့ ဒဏ်ရာအခြေအနေကို စောင့်ကြည့်ရဖို့ ရှိနေပြီး ညာဘက်ပေါင်ဒဏ်ရာက အချိန်မီ မသက်သာခဲ့ရင် ကီပါကိုပဲ ပြန်လည်စွန့်စားသုံးစွဲရဖွယ်ရှိနေ။

– အင်္ဂလန်နည်းပြ ဂယ်ရက်သ် ဆောက်သ်ဂိတ်အနေနဲ့ ကိုဗစ်ကာကွယ်ရေးစည်းမျဉ်းတွေကို ချိုးဖောက်ခဲ့သူ သုံးဦးမှာ ဆေးစစ်မှု နဂေးတစ် ရလဒ်ထွက်ပေါ်ခဲ့ချိန်မှာ ဒေါ့မွန်တောင်ပံကစားသမား ဆန်ချိုနဲ့ ချဲလ်ဆီးတိုက်စစ်မှူး အေဘရာဟမ်ကို လာမယ့် ဘယ်လ်ဂျီယမ်နဲ့ ပွဲအတွက် အသုံးပြုဖို့ စီစဉ်ထားပေမယ့် ချေးလ်ဝဲလ်ကတော့ လက္ခဏာအချို့ ရှိနေတဲ့အတွက် ထည့်သွင်းဖို့ မရှိသေးကြောင်းဆို။

– ချဲလ်ဆီးအသင်းရဲ့ လူငယ်နောက်ခံလူ ရီးစ် ဂျိမ်းစ်ဟာ အင်္ဂလန်နဲ့ ဝေးလ်စ်တို့ ကစားတဲ့ ခြေစမ်းပွဲမှာ ဒုတိယပိုင်းမှာ ထရစ်ပီယာနေရာမှာ လူစားဝင်ကစားခဲ့ပြီး သူ့ရဲ့ ပထမဆုံး လက်ရွေးစင်ပွဲကစားခွင့်ကို ပိုင်ဆိုင်နိုင်ခဲ့။

– အလားအလာကောင်းတွေ ရှိနေတဲ့ လူငယ်နောက်ခံလူ အီသန် အမ်ပါဒူးအတွက် ပြီးခဲ့တဲ့ RB လိုက်ပ်ဇစ်က အငှားကာလမှာ ကစားခွင့်နဲ့ ခြေစွမ်းကောင်း သိပ်မရရှိခဲ့ပေမယ့် ဒီနှစ်ဟာတော့ ရှက်ဖီးလ်ဒ်ယူနိုက်တက်နဲ့အတူ မှတ်ကျောက်တင်ခံရမယ့် နှစ်တစ်နှစ်ဖြစ်ကြောင်း ဝေးလ်စ်တိုက်စစ်မှူးဟောင်း ရောဘတ် အန်းရှော သတိပေး။

– ချဲလ်ဆီးအသင်းရဲ့ ခံစစ်ကစားသမားတွေဟာ ပဲလေ့စ်ကို အနိုင်ရရှိခဲ့တဲ့ ပွဲစဉ်မှာ အင်္ဂလိပ်လို မပြောခဲ့ဘဲ ပါဝင်ခဲ့တဲ့ ကစားသမားတွေဖြစ်ကြတဲ့ ဂိုးသမား မန်ဒီနဲ့ နောက်ခံလူ သီယာဂို ဆေးလ်ဗားတို့ အဆင်ပြေစေဖို့ ပြင်သစ်လို ပြောဆိုဆက်သွယ်ခဲ့ကြတယ်လို့ အသင်းခေါင်းဆောင် အက်ဇ်ပီလီကွေတာ ထုတ်ဖော်သွား။

REF: NEWSNOW
PHOTOS CREDIT TO OWNERS
SPORTS A2Z.