UCL&UEL

မန်စီးတီးနဲ့ ဂွါဒီယိုလာကို ဗိုလ်လုပွဲအတွက် သတိပေးခဲ့တဲ့ အန်ချယ်လော့တီ

ကာလို အန်ချယ်လော့တီရဲ့ အတွေ့အကြုံဟာ ချန်ပီယံလိဂ် ဗိုလ်လုပွဲမတိုင်ခင် မန်ချက်စတာစီးတီးကို သတိပေးချက် ဖြစ်လာခဲ့ပါတယ်။

ဗုဒ္ဓဟူးနေ့ညမှာ မန်စီးတီးဟာ အန်ချယ်လော့တီရဲ့ ရီးရဲလ်မက်ဒရစ်ကို ချန်ပီယံလိဂ်ဆီမီးဖိုင်နယ် ဒုတိယအကျော့မှာ ၄-၀ နဲ့ ချေမှုန်းခဲ့ပြီးနောက် နှစ်ကျော့ပေါင်း ၅-၁ နဲ့ ဗိုလ်လုပွဲကို တက်ရောက်သွားနိုင်ခဲ့တာဖြစ်ပါတယ်။

ဘာနာဒို ဆေးလ်ဗားရဲ့ သွင်းဂိုး ၂ ဂိုးကြောင့် ပထမပိုင်းမှာ ဂွါဒီယိုလာရဲ့အသင်းဟာ ဥရောပလက်ရှိ ချန်ပီယံတွေကို အသာစီးရယူနိုင်ခဲ့တာဖြစ်ပြီး ရီးရဲလ်မက်ဒရစ်က ဒုတိယပိုင်းမှာ အီဒါ မီလီတာအိုရဲ့ ကိုယ့်ဂိုးကိုယ်ပြန်သွင်းမိခဲ့တဲ့ဂိုးနဲ့ အယ်လ်ဗာရက်ဇ်ရဲ့ နာကျင်အချိန်ပိုက သွင်းဂိုးတွေကို ထပ်မံ ခွင့်ပြုခဲ့ရတာဖြစ်ပါတယ်။

ဘိုင်ယန်မြူးနစ်ကို ကွာတားဖိုင်နယ်အဆင့်မှာ ကျော်ဖြတ်နိုင်ခဲ့တဲ့ မန်စီးတီးဟာ ဥရောပ ၁၄ ကြိမ် ချန်ပီယံတွေကို ပြတ်ပြတ်သားသား နှိပ်ကွက်ခဲ့ပြီး လာမယ့် ဇွန်လ ၁၀ ရက်နေ့ အစ္စတန်ဘူလ်က ဗိုလ်လုပွဲမှာ အင်တာမီလန်နဲ့ ရင်ဆိုင်သွားရတော့မှာ ဖြစ်ပါတယ်။

ဂွါဒီယိုလာရဲ့အသင်းဟာ သမိုင်းဝင် ဆုဖလား ၃ လုံး တပြိုင်နက်တည်း ရရှိနိုင်ခြေကလည်း မြင့်တက်လာခဲ့ပြီး မန်ချက်စတာစီးတီးဟာ ပရီးမီးယားလိဂ်ဖလားကို ရဖို့ ၃ မှတ်သာ လိုတော့သလို အက်ဖ်အေဖလားဗိုလ်လုပွဲကိုလည်း တက်ရောက်ထားနိုင်ခဲ့တာဖြစ်ပါတယ်။

ကာလို အန်ချယ်လော့တီက ၂၀၀၅ ခုနှစ် ချန်ပီယံလိဂ်ဗိုလ်လုပွဲတုန်းက အတွေ့အကြုံကို အခြေခံခပြီး ဂွါဒီယိုလာနဲ့ မန်ချက်စတာစီးတီးကို အင်တာမီလန်နဲ့ ရင်ဆိုင်ရတဲ့အချိန်မှာ စိတ်အေးလက်အေး မနေဖို့ သတိပေးခဲ့တာဖြစ်ပါတယ်။ အဲဒီ ဗိုလ်လုပွဲနဲ့ ယခုနှစ် ဗိုလ်လုပွဲကို နှိုင်းယှဉ်လိုက်မယ်ဆိုရင် ဗိုလ်လုပွဲ ၂ ပွဲစလုံးဟာ အစ္စတန်ဘူလ်က အတာတုခ် အိုလံပစ်ကွင်းမှာ ကျင်းပခဲ့တာဖြစ်ပြီး ၂ ပွဲစလုံးမှာ ရေပန်းစားတဲ့အသင်းနဲ့ ရေပန်းမစားတဲ့အသင်းက ရှင်းရှင်းလင်းလင်း ဖြစ်နေခဲ့တာဖြစ်ပါတယ်။

ဒါပေမယ့်လည်း ၂၀၀၅ ခုနှစ်တုန်းက ချန်ပီယံလိဂ် ဗိုလ်လုပွဲဟာ မထင်မှတ်တာတွေ ဖြစ်ပျက်ခဲ့တာ အားလုံးအသိဖြစ်ပြီး အန်ချယ်လော့တီရဲ့ အေစီမီလန်အသင်းမှာ ဘောလုံးသမိုင်းရဲ့ အကြီးကျယ်အခမ်းနားဆုံး ကစားသမားတွေ ပြည့်နှက်နေခဲ့တာဖြစ်ပါတယ်။

၂၀၀၅ ချန်ပီယံလိဂ်ဗိုလ်လုပွဲမှာ အေစီမီလန်အတွက် ကာဖူး၊ မာလ်ဒီးနီ၊ ကာကာ၊ ရှက်ဗ်ချန်ကို၊ ဆီးဒေါ့ဖ်၊ ပီယာလိုတို့လိုမျိုး ကစားသမားတွေ ပါဝင်ခဲ့တာဖြစ်ပေမယ့်လည်း စတီဗင် ဂျရတ်ဦးဆောင်တဲ့ လီဗာပူးလ်အသင်းက အနိင်ရရှိသွားခဲ့တာဖြစ်ပါတယ်။

အေစီမီလန်ဟာ မျှော်လင့်ထားတဲ့အချိန်ပဲ ပထမပိုင်းအပြီးမှာ ၃-၀ နဲ့ ဦးဆောင်နေတာကြောင့် လီဗာပူးလ်အနေနဲ့ ပြန်လာနိုင်စရာအကြောင်းမရှိတော့ဘူးလို့ ထင်မြင်ခဲ့ကြပေမယ့်လည်း ဘင်နီတက်ဇ်ရဲ့ လီဗာပူးလ်ဟာ ဒုတိယပိုင်းမှာ ၃ ဂိုးအထိ ပြန်သွင်းခဲ့ပြီး ပင်နယ်တီ အဆုံးအဖြတ်နဲ့ အနိုင်ရရှိသွားခဲ့တာဖြစ်ပါတယ်။

မန်ချက်စတာစီးတီး ပရိသတ်တွေအတွက်တော့ အဲဒီပွဲစဉ်ဟာ ဟိုးပဝေသဏီက သမိုင်းကြောင်းတစ်ခုလို ဖြစ်နေနိုင်ပေမယ့်လည်း အင်တာမီလန်နဲ့ ကစားရမယ့် ချန်ပီယံလိဂ်ဗိုလ်လုပွဲမှာ ပေါ့လို့မရဘူးဆိုတာကို စံနမူနာတစ်ခုအနေနဲ့ ရှိနေတာဖြစ်ပါတယ်။

ကံကြမ္မာဆိုးဝင်ခဲ့တဲ့ ညနေခင်းနဲ့ပတ်သက်ပြီး ၂၀၀၇ ခုနှစ်တုန်းက Sky Sports နဲ့ တွေ့ဆုံခဲ့ရာမှာ အန်ချယ်လော့တီက “အစ္စတန်ဘူလ်မှာတုန်းက မီလန်က ကောင်းကောင်း ကစားနိုင်ခဲ့ပြီး ချန်ပီယံလိဂ်ဖလားကို အနိုင်ရဖို့ ထိုက်တန်ခဲ့တယ်။ ဒါပေမယ့် ဒါက ဘောလုံးပါ။ ခင်ဗျားနဲ့ ထိုက်တန်တဲ့အရာကို အမြဲတမ်းတော့ မရနိုင်ပါဘူး”လို့ ပြောကြားခဲ့တာဖြစ်ပါတယ်။

ဘောလုံးဆိုတာ ကြိုတင်ခန့်မှန်းလို့မရတဲ့ အရာဖြစ်တာကြောင့် အန်ချယ်လော့တီရဲ့ မှတ်ချက်ဟောင်းဟာ ဂွါဒီယိုလာရဲ့အသင်းသားတွေနဲ့ မန်ချက်စတာစီးတီးပရိသတ်တွေအတွက် သတိပေးချက်တစ်ခု ဖြစ်လာပြီဖြစ်ပါတယ်။

REF: INTERNET SOURCES
PHOTOS CREDIT TO OWNERS
SPORTS A2Z.

ZAWGYI: ကာလို အန္ခ်ယ္ေလာ့တီရဲ႕ အေတြ႕အႀကဳံဟာ ခ်န္ပီယံလိဂ္ ဗိုလ္လုပြဲမတိုင္ခင္ မန္ခ်က္စတာစီးတီးကို သတိေပးခ်က္ ျဖစ္လာခဲ့ပါတယ္။

ဗုဒၶဟူးေန႔ညမွာ မန္စီးတီးဟာ အန္ခ်ယ္ေလာ့တီရဲ႕ ရီးရဲလ္မက္ဒရစ္ကို ခ်န္ပီယံလိဂ္ဆီမီးဖိုင္နယ္ ဒုတိယအေက်ာ့မွာ ၄-၀ နဲ႔ ေခ်မႈန္းခဲ့ၿပီးေနာက္ ႏွစ္ေက်ာ့ေပါင္း ၅-၁ နဲ႔ ဗိုလ္လုပြဲကို တက္ေရာက္သြားႏိုင္ခဲ့တာျဖစ္ပါတယ္။

ဘာနာဒို ေဆးလ္ဗားရဲ႕ သြင္းဂိုး ၂ ဂိုးေၾကာင့္ ပထမပိုင္းမွာ ဂြါဒီယိုလာရဲ႕အသင္းဟာ ဥေရာပလက္ရွိ ခ်န္ပီယံေတြကို အသာစီးရယူႏိုင္ခဲ့တာျဖစ္ၿပီး ရီးရဲလ္မက္ဒရစ္က ဒုတိယပိုင္းမွာ အီဒါ မီလီတာအိုရဲ႕ ကိုယ့္ဂိုးကိုယ္ျပန္သြင္းမိခဲ့တဲ့ဂိုးနဲ႔ အယ္လ္ဗာရက္ဇ္ရဲ႕ နာက်င္အခ်ိန္ပိုက သြင္းဂိုးေတြကို ထပ္မံ ခြင့္ျပဳခဲ့ရတာျဖစ္ပါတယ္။

ဘိုင္ယန္ျမဴးနစ္ကို ကြာတားဖိုင္နယ္အဆင့္မွာ ေက်ာ္ျဖတ္ႏိုင္ခဲ့တဲ့ မန္စီးတီးဟာ ဥေရာပ ၁၄ ႀကိမ္ ခ်န္ပီယံေတြကို ျပတ္ျပတ္သားသား ႏွိပ္ကြက္ခဲ့ၿပီး လာမယ့္ ဇြန္လ ၁၀ ရက္ေန႔ အစၥတန္ဘူလ္က ဗိုလ္လုပြဲမွာ အင္တာမီလန္နဲ႔ ရင္ဆိုင္သြားရေတာ့မွာ ျဖစ္ပါတယ္။

ဂြါဒီယိုလာရဲ႕အသင္းဟာ သမိုင္းဝင္ ဆုဖလား ၃ လုံး တၿပိဳင္နက္တည္း ရရွိႏိုင္ေျခကလည္း ျမင့္တက္လာခဲ့ၿပီး မန္ခ်က္စတာစီးတီးဟာ ပရီးမီးယားလိဂ္ဖလားကို ရဖို႔ ၃ မွတ္သာ လိုေတာ့သလို အက္ဖ္ေအဖလားဗိုလ္လုပြဲကိုလည္း တက္ေရာက္ထားႏိုင္ခဲ့တာျဖစ္ပါတယ္။

ကာလို အန္ခ်ယ္ေလာ့တီက ၂၀၀၅ ခုႏွစ္ ခ်န္ပီယံလိဂ္ဗိုလ္လုပြဲတုန္းက အေတြ႕အႀကဳံကို အေျခခံခၿပီး ဂြါဒီယိုလာနဲ႔ မန္ခ်က္စတာစီးတီးကို အင္တာမီလန္နဲ႔ ရင္ဆိုင္ရတဲ့အခ်ိန္မွာ စိတ္ေအးလက္ေအး မေနဖို႔ သတိေပးခဲ့တာျဖစ္ပါတယ္။ အဲဒီ ဗိုလ္လုပြဲနဲ႔ ယခုႏွစ္ ဗိုလ္လုပြဲကို ႏႈိင္းယွဥ္လိုက္မယ္ဆိုရင္ ဗိုလ္လုပြဲ ၂ ပြဲစလုံးဟာ အစၥတန္ဘူလ္က အတာတုခ္ အိုလံပစ္ကြင္းမွာ က်င္းပခဲ့တာျဖစ္ၿပီး ၂ ပြဲစလုံးမွာ ေရပန္းစားတဲ့အသင္းနဲ႔ ေရပန္းမစားတဲ့အသင္းက ရွင္းရွင္းလင္းလင္း ျဖစ္ေနခဲ့တာျဖစ္ပါတယ္။

ဒါေပမယ့္လည္း ၂၀၀၅ ခုႏွစ္တုန္းက ခ်န္ပီယံလိဂ္ ဗိုလ္လုပြဲဟာ မထင္မွတ္တာေတြ ျဖစ္ပ်က္ခဲ့တာ အားလုံးအသိျဖစ္ၿပီး အန္ခ်ယ္ေလာ့တီရဲ႕ ေအစီမီလန္အသင္းမွာ ေဘာလုံးသမိုင္းရဲ႕ အႀကီးက်ယ္အခမ္းနားဆုံး ကစားသမားေတြ ျပည့္ႏွက္ေနခဲ့တာျဖစ္ပါတယ္။

၂၀၀၅ ခ်န္ပီယံလိဂ္ဗိုလ္လုပြဲမွာ ေအစီမီလန္အတြက္ ကာဖူး၊ မာလ္ဒီးနီ၊ ကာကာ၊ ရွက္ဗ္ခ်န္ကို၊ ဆီးေဒါ့ဖ္၊ ပီယာလိုတို႔လိုမ်ိဳး ကစားသမားေတြ ပါဝင္ခဲ့တာျဖစ္ေပမယ့္လည္း စတီဗင္ ဂ်ရတ္ဦးေဆာင္တဲ့ လီဗာပူးလ္အသင္းက အနိင္ရရွိသြားခဲ့တာျဖစ္ပါတယ္။

ေအစီမီလန္ဟာ ေမွ်ာ္လင့္ထားတဲ့အခ်ိန္ပဲ ပထမပိုင္းအၿပီးမွာ ၃-၀ နဲ႔ ဦးေဆာင္ေနတာေၾကာင့္ လီဗာပူးလ္အေနနဲ႔ ျပန္လာႏိုင္စရာအေၾကာင္းမရွိေတာ့ဘူးလို႔ ထင္ျမင္ခဲ့ၾကေပမယ့္လည္း ဘင္နီတက္ဇ္ရဲ႕ လီဗာပူးလ္ဟာ ဒုတိယပိုင္းမွာ ၃ ဂိုးအထိ ျပန္သြင္းခဲ့ၿပီး ပင္နယ္တီ အဆုံးအျဖတ္နဲ႔ အႏိုင္ရရွိသြားခဲ့တာျဖစ္ပါတယ္။

မန္ခ်က္စတာစီးတီး ပရိသတ္ေတြအတြက္ေတာ့ အဲဒီပြဲစဥ္ဟာ ဟိုးပေဝသဏီက သမိုင္းေၾကာင္းတစ္ခုလို ျဖစ္ေနႏိုင္ေပမယ့္လည္း အင္တာမီလန္နဲ႔ ကစားရမယ့္ ခ်န္ပီယံလိဂ္ဗိုလ္လုပြဲမွာ ေပါ့လို႔မရဘူးဆိုတာကို စံနမူနာတစ္ခုအေနနဲ႔ ရွိေနတာျဖစ္ပါတယ္။

ကံၾကမၼာဆိုးဝင္ခဲ့တဲ့ ညေနခင္းနဲ႔ပတ္သက္ၿပီး ၂၀၀၇ ခုႏွစ္တုန္းက Sky Sports နဲ႔ ေတြ႕ဆုံခဲ့ရာမွာ အန္ခ်ယ္ေလာ့တီက “အစၥတန္ဘူလ္မွာတုန္းက မီလန္က ေကာင္းေကာင္း ကစားႏိုင္ခဲ့ၿပီး ခ်န္ပီယံလိဂ္ဖလားကို အႏိုင္ရဖို႔ ထိုက္တန္ခဲ့တယ္။ ဒါေပမယ့္ ဒါက ေဘာလုံးပါ။ ခင္ဗ်ားနဲ႔ ထိုက္တန္တဲ့အရာကို အၿမဲတမ္းေတာ့ မရႏိုင္ပါဘူး”လို႔ ေျပာၾကားခဲ့တာျဖစ္ပါတယ္။

ေဘာလုံးဆိုတာ ႀကိဳတင္ခန႔္မွန္းလို႔မရတဲ့ အရာျဖစ္တာေၾကာင့္ အန္ခ်ယ္ေလာ့တီရဲ႕ မွတ္ခ်က္ေဟာင္းဟာ ဂြါဒီယိုလာရဲ႕အသင္းသားေတြနဲ႔ မန္ခ်က္စတာစီးတီးပရိသတ္ေတြအတြက္ သတိေပးခ်က္တစ္ခု ျဖစ္လာၿပီျဖစ္ပါတယ္။

REF: INTERNET SOURCES
PHOTOS CREDIT TO OWNERS
SPORTS A2Z.