Premier League

ချဲလ်ဆီး၊ ယူနိုက်တက်နဲ့ဂန်းနားတို့ကို စွပ်စွဲပြောဆိုလိုက်တဲ့ မန်စီးတီး စီအီးအို

မန်ချက်စတာစီးတီး စီအီးအို ဖာရန် ဆိုရီယာနိုက ၎င်းတို့အသင်းဟာ ကစားသမားသစ်ခေါ်ယူမှုတွေအတွက် သုံးစွဲခဲ့တဲ့ ငွေကြေးကြောင့်သာ အောင်မြင်မှုရနေတာဆိုတဲ့ ပြောဆိုမှုတွေကို တုံ့ပြန်ခဲ့ပါတယ်။

မန်ချက်စတာစီးတီးဟာ ဗုဒ္ဓဟူးနေ့ညက ချန်ပီယံလိဂ်ဆီမီးဖိုင်နယ်ဒုတိယအကျော့မှာ ရီးရဲလ်မက်ဒရစ်ကို ၄-၀ နဲ့ အပြတ်အသတ် ချေမှုန်းပြီး ဇွန်လ ၁၀ ရက်နေ့ အစ္စတန်ဘူလ်မှာ ကျင်းပမယ့် ဗိုလ်လုပွဲကို တက်ရောက်နိုင်ခဲ့တာဖြစ်ပါတယ်။

ဂွါဒီယိုလာရဲ့အသင်းဟာ တနင်္ဂနွေနေ့ အစ်တီဟတ်မှာ ချဲလ်ဆီးအသင်းကို အနိုင်ကစားနိုင်ခဲ့မယ်ဆိုရင် ပရီးမီးယားလိဂ်ဖလားကို ကိုင်မြှောက်နိုင်တော့မှာဖြစ်ပြီး အက်ဖ်အေဖလား ဗိုလ်လုပွဲမှာ မန်ချက်စတာယူနိုက်တက်နဲ့ ကစားသွားရမှာဖြစ်တာကြောင့် ဖလား ၃ လုံးရရှိနိုင်တဲ့ လမ်းကြောင်းပေါ်မှာ ရှိနေတာ ဖြစ်ပါတယ်။

မန်ချက်စတာစီးတီးရဲ့ အောင်မြင်မှုဟာ ဖေဖော်ဝါရီလတုန်းက နှစ်ပေါင်းများစွာအတွင်း အကြိမ် ၁၀၀ ကျော် ဘဏ္ဍာရေး စည်းမျဉ်းတွေကို ချိုးဖောက်မှုနဲ့ ပရီးမီးယားလိဂ်ရဲ့ စွဲချက်တင်ခံခဲ့ရပြီးနောက် အရိပ်မိုးခြင်း ခံခဲ့ရတာဖြစ်ပါတယ်။ ဘဏ္ဍာရေး စည်းမျဉ်းအများအပြား ချိုးဖောက်မှုနဲ့ စွဲချက်တင်ခံထားရပေမယ့်လည်း ဆိုရီယာနိုက ၎င်းတို့ရဲ့ ပရီးမီးယားလိဂ်ပြိုင်ဘက်တွေနဲ့ နှိုင်းယှဉ်ပြီး မန်စီးတီးက ငွေကြေးအလွန်အကျွံသုံးစွဲခဲ့ခြင်းမရှိဘူးလို့ ပြောကြားခဲ့ပါတယ်။

“ဒီမှာ ခင်ဗျား ပြီးခဲ့တဲ့နှစ်၊ ၃ နှစ်၊ ၅ နှစ်အတွင်း အင်္ဂလန်က ကစားသမားတွေအပေါ် ရင်းနှီးမြှုပ်နှံမှုတွေကိုပဲ ကြည့်လိုက်ပါ။ ကျွန်တော်တို့က ကစားသမားတွေအပေါ်မှာ ငွေကြေးအများဆုံး သုံးစွဲတဲ့အသင်း ဘယ်တုန်းကမှ မဟုတ်ခဲ့ပါဘူး။ ကျွန်တော်တို့ထက် ငွေကြေးပိုမို ရင်းနှီးမြှုပ်နှံနေတဲ့ အခြားအသင်းတွေအများကြီးရှိပါတယ်။ ချဲလ်ဆီး၊ မန်ချက်စတာယူနိုက်တက်နဲ့ အာဆင်နယ်တို့ပါ။ ကျွန်တော်တို့က ငွေကြေးအများကြီး သုံးစွဲခဲ့ပြီး အဲဒါကြောင့်သာ အနိုင်ရရှိခဲ့တာလို့ ပြောနေတာက မမှန်ပါဘူး”လို့ တုံ့ပြန်ခဲ့တာဖြစ်ပါတယ်။

ပြီးခဲ့တဲ့ဆယ်စုနှစ်အတွင်း ငွေကြေးအများဆုံးသုံးစွဲခဲ့တဲ့ ၁၀ သင်း

၁။ ချဲလ်ဆီး(ပေါင် ၁.၈၂ ဘီလီယံ)
၂။ မန်စီးတီး(ပေါင် ၁.၅ ဘီလီယံ)
၃။ မန်ယူနိုက်တက်(ပေါင် ၁.၄၅ ဘီလီယံ)
၄။ ဂျူဗင်တပ်(ပေါင် ၁.၄၄ ဘီလီယံ)
၅။ ဘာစီလိုနာ(ပေါင် ၁.၄၂ ဘီလီယံ)
၆။ ပီအက်စ်ဂျီ(ပေါင် ၁.၂၉ ဘီလီယံ)
၇။ အာဆင်နယ်(ပေါင် ၁.၀၄ ဘီလီယံ)
၈။ လီဗာပူးလ်(ပေါင် ၁.၀၁ ဘီလီယံ)
၉။ ရီးရဲလ်မက်ဒရစ်(ပေါင် ၉၉၉ သန်း)
၁၀။ တော့တင်ဟမ်ဟော့စပါး(ပေါင် ၉၆၀ သန်း)

ဆိုရီယာနိုက အသင်းသမိုင်းကြောင်းတလျှောက် ပထမဆုံးအကြိမ် ချန်ပီယံလိဂ်ဖလားကို နောက်ဆုံးမှာ အနိုင်ရရှိနိုင်ခြေနဲ့ပတ်သက်ပြီးလည်း ဆွေးနွေးခဲ့ပြီး “ချန်ပီယံလိဂ်က နည်းနည်းလေး သင်္ကေတဆန်ပါတယ်။ ကျွန်တော်တို့ ပရီးမီးယားလိဂ်အတွက် နေ့တိုင်း အလုပ်လုပ်တယ်။အနိုင်ရဖို့ အရမ်းခက်ခဲတဲ့ ပြိုင်ပွဲပါ။ ကျွန်တော်တို့ ဒီနှစ် အဲဒါကို လုပ်နိင်ရင် ၆ နှစ်အတွင်း ၅ ကြိမ်၊ ၃ ကြိမ်ဆက်အနိုင်ရတာ ဖြစ်ပါလိမ့်မယ်။ ကျွန်တော့်ရဲ့အတွေ့အကြုံအရ ခင်ဗျား ချန်ပီယံလိဂ်ဖလားကို ရဖို့ နည်းဗျူဟာအားလုံးအပေါ်မှာပဲ အခြေခံလို့မရနိုင်ဘူးလို့ သိထားပါတယ်။ ဘာလို့လဲဆိုတော့ အဲဒါက မဲခွဲမှု၊ ဆိုးရွားတဲ့နေ့အပေါ်မှာလည်း မူတည်လို့ပါ။ ဒါပေမယ့် ဟုတ်ပါတယ်။ ကျွန်တော်တို့ အဲဒါကို အနိုင်ရတဲ့အခါကျရင် အဲဒါက အမှတ်သင်္ကေတ တစ်ခုဖြစ်လာပါလိမ့်မယ်”လို့ ပြောကြားခဲ့ပါတယ်။

REF: INTERNET SOURCES
PHOTOS CREDIT TO OWNERS
SPORTS A2Z.

ZAWGYI: မန္ခ်က္စတာစီးတီး စီအီးအို ဖာရန္ ဆိုရီယာႏိုက ၎တို႔အသင္းဟာ ကစားသမားသစ္ေခၚယူမႈေတြအတြက္ သုံးစြဲခဲ့တဲ့ ေငြေၾကးေၾကာင့္သာ ေအာင္ျမင္မႈရေနတာဆိုတဲ့ ေျပာဆိုမႈေတြကို တုံ႔ျပန္ခဲ့ပါတယ္။

မန္ခ်က္စတာစီးတီးဟာ ဗုဒၶဟူးေန႔ညက ခ်န္ပီယံလိဂ္ဆီမီးဖိုင္နယ္ဒုတိယအေက်ာ့မွာ ရီးရဲလ္မက္ဒရစ္ကို ၄-၀ နဲ႔ အျပတ္အသတ္ ေခ်မႈန္းၿပီး ဇြန္လ ၁၀ ရက္ေန႔ အစၥတန္ဘူလ္မွာ က်င္းပမယ့္ ဗိုလ္လုပြဲကို တက္ေရာက္ႏိုင္ခဲ့တာျဖစ္ပါတယ္။

ဂြါဒီယိုလာရဲ႕အသင္းဟာ တနဂၤေႏြေန႔ အစ္တီဟတ္မွာ ခ်ဲလ္ဆီးအသင္းကို အႏိုင္ကစားႏိုင္ခဲ့မယ္ဆိုရင္ ပရီးမီးယားလိဂ္ဖလားကို ကိုင္ေျမႇာက္ႏိုင္ေတာ့မွာျဖစ္ၿပီး အက္ဖ္ေအဖလား ဗိုလ္လုပြဲမွာ မန္ခ်က္စတာယူႏိုက္တက္နဲ႔ ကစားသြားရမွာျဖစ္တာေၾကာင့္ ဖလား ၃ လုံးရရွိႏိုင္တဲ့ လမ္းေၾကာင္းေပၚမွာ ရွိေနတာ ျဖစ္ပါတယ္။

မန္ခ်က္စတာစီးတီးရဲ႕ ေအာင္ျမင္မႈဟာ ေဖေဖာ္ဝါရီလတုန္းက ႏွစ္ေပါင္းမ်ားစြာအတြင္း အႀကိမ္ ၁၀၀ ေက်ာ္ ဘ႑ာေရး စည္းမ်ဥ္းေတြကို ခ်ိဳးေဖာက္မႈနဲ႔ ပရီးမီးယားလိဂ္ရဲ႕ စြဲခ်က္တင္ခံခဲ့ရၿပီးေနာက္ အရိပ္မိုးျခင္း ခံခဲ့ရတာျဖစ္ပါတယ္။ ဘ႑ာေရး စည္းမ်ဥ္းအမ်ားအျပား ခ်ိဳးေဖာက္မႈနဲ႔ စြဲခ်က္တင္ခံထားရေပမယ့္လည္း ဆိုရီယာႏိုက ၎တို႔ရဲ႕ ပရီးမီးယားလိဂ္ၿပိဳင္ဘက္ေတြနဲ႔ ႏႈိင္းယွဥ္ၿပီး မန္စီးတီးက ေငြေၾကးအလြန္အကြၽံသုံးစြဲခဲ့ျခင္းမရွိဘူးလို႔ ေျပာၾကားခဲ့ပါတယ္။

“ဒီမွာ ခင္ဗ်ား ၿပီးခဲ့တဲ့ႏွစ္၊ ၃ ႏွစ္၊ ၅ ႏွစ္အတြင္း အဂၤလန္က ကစားသမားေတြအေပၚ ရင္းႏွီးျမႇဳပ္ႏွံမႈေတြကိုပဲ ၾကည့္လိုက္ပါ။ ကြၽန္ေတာ္တို႔က ကစားသမားေတြအေပၚမွာ ေငြေၾကးအမ်ားဆုံး သုံးစြဲတဲ့အသင္း ဘယ္တုန္းကမွ မဟုတ္ခဲ့ပါဘူး။ ကြၽန္ေတာ္တို႔ထက္ ေငြေၾကးပိုမို ရင္းႏွီးျမႇဳပ္ႏွံေနတဲ့ အျခားအသင္းေတြအမ်ားႀကီးရွိပါတယ္။ ခ်ဲလ္ဆီး၊ မန္ခ်က္စတာယူႏိုက္တက္နဲ႔ အာဆင္နယ္တို႔ပါ။ ကြၽန္ေတာ္တို႔က ေငြေၾကးအမ်ားႀကီး သုံးစြဲခဲ့ၿပီး အဲဒါေၾကာင့္သာ အႏိုင္ရရွိခဲ့တာလို႔ ေျပာေနတာက မမွန္ပါဘူး”လို႔ တုံ႔ျပန္ခဲ့တာျဖစ္ပါတယ္။

ၿပီးခဲ့တဲ့ဆယ္စုႏွစ္အတြင္း ေငြေၾကးအမ်ားဆုံးသုံးစြဲခဲ့တဲ့ ၁၀ သင္း

၁။ ခ်ဲလ္ဆီး(ေပါင္ ၁.၈၂ ဘီလီယံ)
၂။ မန္စီးတီး(ေပါင္ ၁.၅ ဘီလီယံ)
၃။ မန္ယူႏိုက္တက္(ေပါင္ ၁.၄၅ ဘီလီယံ)
၄။ ဂ်ဴဗင္တပ္(ေပါင္ ၁.၄၄ ဘီလီယံ)
၅။ ဘာစီလိုနာ(ေပါင္ ၁.၄၂ ဘီလီယံ)
၆။ ပီအက္စ္ဂ်ီ(ေပါင္ ၁.၂၉ ဘီလီယံ)
၇။ အာဆင္နယ္(ေပါင္ ၁.၀၄ ဘီလီယံ)
၈။ လီဗာပူးလ္(ေပါင္ ၁.၀၁ ဘီလီယံ)
၉။ ရီးရဲလ္မက္ဒရစ္(ေပါင္ ၉၉၉ သန္း)
၁၀။ ေတာ့တင္ဟမ္ေဟာ့စပါး(ေပါင္ ၉၆၀ သန္း)

ဆိုရီယာႏိုက အသင္းသမိုင္းေၾကာင္းတေလွ်ာက္ ပထမဆုံးအႀကိမ္ ခ်န္ပီယံလိဂ္ဖလားကို ေနာက္ဆုံးမွာ အႏိုင္ရရွိႏိုင္ေျခနဲ႔ပတ္သက္ၿပီးလည္း ေဆြးေႏြးခဲ့ၿပီး “ခ်န္ပီယံလိဂ္က နည္းနည္းေလး သေကၤတဆန္ပါတယ္။ ကြၽန္ေတာ္တို႔ ပရီးမီးယားလိဂ္အတြက္ ေန႔တိုင္း အလုပ္လုပ္တယ္။အႏိုင္ရဖို႔ အရမ္းခက္ခဲတဲ့ ၿပိဳင္ပြဲပါ။ ကြၽန္ေတာ္တို႔ ဒီႏွစ္ အဲဒါကို လုပ္နိင္ရင္ ၆ ႏွစ္အတြင္း ၅ ႀကိမ္၊ ၃ ႀကိမ္ဆက္အႏိုင္ရတာ ျဖစ္ပါလိမ့္မယ္။ ကြၽန္ေတာ့္ရဲ႕အေတြ႕အႀကဳံအရ ခင္ဗ်ား ခ်န္ပီယံလိဂ္ဖလားကို ရဖို႔ နည္းဗ်ဴဟာအားလုံးအေပၚမွာပဲ အေျခခံလို႔မရႏိုင္ဘူးလို႔ သိထားပါတယ္။ ဘာလို႔လဲဆိုေတာ့ အဲဒါက မဲခြဲမႈ၊ ဆိုး႐ြားတဲ့ေန႔အေပၚမွာလည္း မူတည္လို႔ပါ။ ဒါေပမယ့္ ဟုတ္ပါတယ္။ ကြၽန္ေတာ္တို႔ အဲဒါကို အႏိုင္ရတဲ့အခါက်ရင္ အဲဒါက အမွတ္သေကၤတ တစ္ခုျဖစ္လာပါလိမ့္မယ္”လို႔ ေျပာၾကားခဲ့ပါတယ္။

REF: INTERNET SOURCES
PHOTOS CREDIT TO OWNERS
SPORTS A2Z.