Analysis La Liga Match Report Premier League UCL&UEL

ရက်စက်တဲ့ 3-2-4-1, SILVAWARE? အပါအဝင် မန်စီးတီး 4-0 ရီးရဲလ်ပွဲက မှတ်မှတ်ရရများ

ဂွါဒီယိုလာရဲ့ အားကြီးနဲ့ ၃-၂-၄-၁
ဒီကစားကွက်ကို စမ်းနေတုန်းမှာ အာဆင်နယ်တို့ ကျော်တက်တာခံခဲ့ရပေမယ့် လက်ရှိမှာတော့ မန်စီးတီးတို့ရဲ့ ကစားကွက်အသစ်ကြီးက ဘယ်အသင်းကိုမဆို တင့်ကားတစ်စီးလို နင်းချေနိုင်ခဲ့ပါပြီ။ ရီးရဲလ်တို့အနေနဲ့ စီးတီးတို့ကို နှစ်ကျော့စလုံးမှာ ဗျူဟာအရရော ကစားကွက်အရပါ အသာရဖို့ မပြောနဲ့ အသက်ဝဝရှူနိုင်ဖို့တောင် မနည်းကြိုးစားခဲ့ကြရပြီး ဒီနေ့မှာတော့ အစ်တီဟတ်မှာ ဆိုးရွားတဲ့ လူစာရင်းကို ယူဆောင်လာခဲ့တဲ့ အန်ချယ်လော့တီ တစ်ယောက် ဂွါဒီယိုလာရဲ့ မညှာမတာ အားကြီးရဲ့အောက်မှာ အရှက်ကွဲခဲ့ရတာဖြစ်ပါတယ်။

Silverware လား Silvaware လား
မန်စီးတီးတို့ရဲ့ ဖလားရဖို့ လမ်းတွေကို ချောမွေ့အောင် လုပ်ပေးခဲ့သူကတော့ ပွဲကြီးတွေမှာ ဂိုးသွင်းယူလေ့ရှိတဲ့ ဘာနာဒို ဆေးလ်ဗားပဲ ဖြစ်ပါတယ်။ ဒီနေ့ပွဲမှာ သူ့အနေနဲ့ ရီးရဲလ်ဘယ်ခြမ်းခံစစ်အတွဲဖြစ်တဲ့ အလာဘာနဲ့ ကာမာဗင်ဂါတို့ကို ရပ်တည်ဖို့ ခက်အောင် ဖိအားပေးသွားခဲ့သလို အသင်းရဲ့ အဖွင့်ဂိုးနဲ့ ဒုတိယဂိုးတွေကို ပထမပိုင်းမှာ ပါးပါးနပ်နပ်သွင်းယူနိုင်ခဲ့ပြီး အခွင့်အရေးကို အသုံးချမှုအပိုင်းမှာ ဟားလန်းထက် ပြတ်ပြတ်သားသား သာလွန်ခဲ့တာလည်းဖြစ်ပါတယ်။

အန်ချယ်လော့တီ ရူးနေခဲ့တာလား
မန်စီးတီးလို အသင်းကို ယှဉ်ကစားဖို့ အရွယ်လွန် ကွင်းလယ်လူနှစ်ယောက်ဖြစ်တဲ့ မိုဒရစ်ချ်နဲ့ ခရူးစ်ကို အဖျက်ကစားသမား ချွာမင်နီ မပါဘဲ ဗယ်လ်ဗာဒီနဲ့ လွှတ်ပေးခဲ့တာက မိုက်မဲမှုဆိုရင် ဟားလန်းလို အရပ် ၆ ပေ ၅ လက်မနဲ့ တိုက်စစ်မှူးကို ထိန်းဖို့ ပထမအကျော့က အိတ်ကပ်ထဲ ထည့်ခဲ့တဲ့ ရူဒီဂါကို ချန်ထားပြီး မီလီတိုနဲ့ အလာဘာလို ဂျပုနှစ်ကြောင်ကို သုံးခဲ့တာကတော့ ရူးခဲ့တာပဲဖြစ်ပါတယ်။ အန်ချယ်လော့တီအနေနဲ့ ညာခြမ်းမှာလည်း တိုက်စစ်ရော ခံစစ်ပါ သုံးစားမရတဲ့ ကာဗာဟယ်လ်ကို သုံးခဲ့သလို တစ်ပွဲလုံးမှာ အပြောင်းအလဲလုပ်ဖို့ နောက်ကျနေခဲ့တာကြောင့် အစ်တီဟတ်မှာ အရှက်တကွဲ အကျိုးနည်းဖြစ်ခဲ့ရပြီး သူအားကိုးတဲ့ ဘင်ဇီးမားနဲ့ ဗီနီးရှပ်စ်တို့လည်း ရေငုပ်နေခဲ့ကြချိန်မှာ အလဲလဲအကွဲကွဲဖြစ်ခဲ့ရတာပါ။

ရက်စက်လွန်းတဲ့ အိမ်ကွင်းမှတ်တမ်း
မန်ချက်စတာစီးတီးတို့အနေနဲ့ အိမ်ကွင်းနိုင်ပွဲကို ဒီနေ့မှာ ထပ်မံရရှိခဲ့မှုက ၂၀၂၃ ခုနှစ်အတွင်း ၁၆ ပွဲဆက်တိုက် အနိုင်ရရှိခဲ့ပြီး သရေမရှိ အရှုံးမရှိ ကစားနိုင်ခဲ့တဲ့ ရက်စက်တဲ့ မှတ်တမ်းကို ရေးထိုးခဲ့တာလည်းဖြစ်ပါတယ်။ ပြိုင်ဘက်ပရိသတ်တွေကို “ခြေချော်မယ် ထင်လား၊ ဆုတောင်းလေ”လို့ အမြဲတစေ လှောင်ပြောင်နေနိုင်ခဲ့ပြီး မိုးပြာရောင်အသင်းသားတွေအနေနဲ့ ချန်ပီယံလိဂ်မှာလည်း အိမ်ကွင်း ၆ ပွဲဆက်တိုက် အနိုင်ရရှိခဲ့သလို ၂၄ ဂိုးအထိ သွင်းယူနိုင်ခဲ့ပြီး ဆီဗီလာ၊ RB လိုက်ပ်ဇစ်၊ ဘိုင်ယန်မြူးနစ်နဲ့ ရီးရဲလ်မက်ဒရစ်တို့လို အသင်းကောင်းတွေကို တီးထားနိုင်ခဲ့လို့ အင်တာမီလန်ကို ကျော်ဖြတ်ပြီး ချန်ပီယံဆုနဲ့ ထိုက်တန်မှုရှိကြောင်းကို ဆက်လက်ပြသနိုင်ဖို့လည်း အခြေအနေကောင်းနေခဲ့ပြီလို့ ဆိုရပါလိမ့်မယ်။

အလုပ်မဖြစ်ခဲ့တဲ့ ဆရာကြီးနှစ်ပါး
ရီးရဲလ်မက်ဒရစ်တို့ရဲ့ လုပ်နေကျပုံစံက ဘောလုံးရတာနဲ့ ဘင်ဇီးမားနဲ့ ဗီနီးရှပ်စ်တို့ တစ်ယောက်ယောက်ကို ပေးပြီး အလျင်အမြန် ထိုးဖောက် ဂိုးသွင်းဖို့ လုပ်ကြတာပဲဖြစ်ပါတယ်။ ဒီနေ့မှာတော့ သူတို့ဆီကို ဘောလုံးပို့ပေးနိုင်တဲ့ တိုနီ ခရူးစ်နဲ့ မိုဒရစ်ချ်တို့အနေနဲ့ မန်စီးတီးတို့ရဲ့ ကွင်းလယ် ၆ ဦး ကစားကွက်နဲ့ စဉ်ဆက်မပြတ် Pressing ပေးမှုမှာ ပိတ်မိနေခဲ့တာကြောင့် အလုပ်မဖြစ်တော့သလို ထုံးစံအတိုင်း ပလန်ဘီ မရှိတဲ့ အန်ချယ်လောတီရဲ့ ဗျူဟာကလည်း အရန်ခုံကနေ ဘယ်သူ့ကိုပဲ ထပ်ထည့်ထပ်တည့် ဂိုးမရခဲ့ချိန်မှာ သနားဖို့ ကောင်းခဲ့ရတာပါ။

ဟားလန်းကို ပညာပေးခဲ့တဲ့ အယ်လ်ဗာရက်ဇ်
ဒီနေ့ပွဲမှာ မန်စီးတီးတို့ ကွင်းလယ်က ဂွန်ဒိုးဝမ်၊ ဂရီးလစ်ရှ်၊ ဒီဘရိုင်းနားနဲ့ ဘာနာဒို ဆေးလ်ဗားတို့ရဲ့ ပေးပို့မှုတွေကို ဟားလန်းတစ်ယောက် လေးကြိမ်အထိ ဂိုးသွင်းနိုင်ခွင့်တွေ ရခဲ့ပေမယ့် တစ်ကြိမ်က တိုင်ဘေးက လွဲခဲ့သလို သုံးကြိမ်ကတော့ ရီးရဲလ်မက်ဒရစ်ဂိုးသမား ကူတွာရဲ့ ကာကွယ်မှုတွေကို မကျော်လွန်နိုင်ဘဲဖြစ်ခဲ့ပြီး နော်ဝေသား စိတ်ပျက်ခဲ့ရတာပါ။ ပွဲချိန် ၈၉ မိနစ်အထိ ကစားအပြီးမှာတော့ နည်းပြ ဂွါဒီယိုလာက သူ့အစား အယ်လ်ဗာရက်ဇ်နဲ့ လူစားလဲခဲ့ရာမှာ အာဂျင်တီးနားသားက ကွင်းထဲ ရောက်လို့ နှစ်မိနစ်မှာပဲ ဖိုဒန်ရဲ့ ဖန်တီးမှုကနေ ပါးပါးနပ်နပ် အဆုံးသတ်ပြခဲ့လို့ ဟားလန်းတော့ ဒီပွဲမှာ နှပ်ပစ်ခံလိုက်ရတယ်လို့ ဆိုရမလိုဖြစ်ခဲ့ပါတယ်။

ချန်ပီယံလိဂ် အိပ်မက် ဆက်မက်တဲ့ စီးတီး
မန်ချက်စတာစီးတီးနဲ့ ချန်ပီယံလိဂ်ဖလားတစ်ခုတည်းကိုသာ မရယူနိုင်သေးတဲ့ ဂွါဒီယိုလာအနေနဲ့ သူတို့တွေရဲ့ ရင်းနှီးမြှုပ်နှံမှုတွေနဲ့ အလုပ်မဖြစ်သေးတဲ့ တစ်ခုတည်းသော အိပ်မက်ကို အကောင်အထည်ဖော်ဖို့ လက်တစ်ကမ်းအလိုကို ထပ်မံရောက်ရှိခဲ့တာဖြစ်ပါတယ်။ ပြီးခဲ့တဲ့ ရာသီက ဆီမီးဖိုင်နယ်အဆင့်မှာ သူတို့ကို အချိန်ပိုနဲ့ ဖြုတ်ချခဲ့တဲ့ ရီးရဲလ်တို့ကို ဒီအဆင့်မှာပဲ ပြတ်ပြတ်သားသား အနိုင်ယူခဲ့တဲ့ စီးတီးတို့အနေနဲ့ ဗိုလ်လုပွဲမှာတော့ အီတလီကလပ် အင်တာမီလန်နဲ့ တွေ့ဆုံရမှာဖြစ်ပြီး တစ်ခါမှ မရဖူးသေးတဲ့ ဆုဖလားကို ပိုင်ဆိုင်ဖို့ အဆင်သင့်ဖြစ်နေသလို ပြီးခဲ့တဲ့ တစ်နှစ်ကျော်က ချဲလ်ဆီးနဲ့ပွဲမှာ ကျရှုံးခဲ့ရမှုကိုလည်း ချေဖျက်နိုင်ဖို့ Cityzens ပရိသတ်တွေအနေနဲ့ စိတ်အားထက်သန်စွာ အိပ်မက်မက်နေကြပါပြီ။

REF: INTERNET SOURCES
PHOTOS CREDIT TO OWNERS
SPORTS A2Z.

ZAWGYI:

ဂြါဒီယိုလာရဲ႕ အားႀကီးနဲ႔ ၃-၂-၄-၁
ဒီကစားကြက္ကို စမ္းေနတုန္းမွာ အာဆင္နယ္တို႔ ေက်ာ္တက္တာခံခဲ့ရေပမယ့္ လက္ရွိမွာေတာ့ မန္စီးတီးတို႔ရဲ႕ ကစားကြက္အသစ္ႀကီးက ဘယ္အသင္းကိုမဆို တင့္ကားတစ္စီးလို နင္းေခ်ႏိုင္ခဲ့ပါၿပီ။ ရီးရဲလ္တို႔အေနနဲ႔ စီးတီးတို႔ကို ႏွစ္ေက်ာ့စလုံးမွာ ဗ်ဴဟာအရေရာ ကစားကြက္အရပါ အသာရဖို႔ မေျပာနဲ႔ အသက္ဝဝရႉႏိုင္ဖို႔ေတာင္ မနည္းႀကိဳးစားခဲ့ၾကရၿပီး ဒီေန႔မွာေတာ့ အစ္တီဟတ္မွာ ဆိုး႐ြားတဲ့ လူစာရင္းကို ယူေဆာင္လာခဲ့တဲ့ အန္ခ်ယ္ေလာ့တီ တစ္ေယာက္ ဂြါဒီယိုလာရဲ႕ မညႇာမတာ အားႀကီးရဲ႕ေအာက္မွာ အရွက္ကြဲခဲ့ရတာျဖစ္ပါတယ္။

Silverware လား Silvaware လား
မန္စီးတီးတို႔ရဲ႕ ဖလားရဖို႔ လမ္းေတြကို ေခ်ာေမြ႕ေအာင္ လုပ္ေပးခဲ့သူကေတာ့ ပြဲႀကီးေတြမွာ ဂိုးသြင္းယူေလ့ရွိတဲ့ ဘာနာဒို ေဆးလ္ဗားပဲ ျဖစ္ပါတယ္။ ဒီေန႔ပြဲမွာ သူ႔အေနနဲ႔ ရီးရဲလ္ဘယ္ျခမ္းခံစစ္အတြဲျဖစ္တဲ့ အလာဘာနဲ႔ ကာမာဗင္ဂါတို႔ကို ရပ္တည္ဖို႔ ခက္ေအာင္ ဖိအားေပးသြားခဲ့သလို အသင္းရဲ႕ အဖြင့္ဂိုးနဲ႔ ဒုတိယဂိုးေတြကို ပထမပိုင္းမွာ ပါးပါးနပ္နပ္သြင္းယူႏိုင္ခဲ့ၿပီး အခြင့္အေရးကို အသုံးခ်မႈအပိုင္းမွာ ဟားလန္းထက္ ျပတ္ျပတ္သားသား သာလြန္ခဲ့တာလည္းျဖစ္ပါတယ္။

အန္ခ်ယ္ေလာ့တီ ႐ူးေနခဲ့တာလား
မန္စီးတီးလို အသင္းကို ယွဥ္ကစားဖို႔ အ႐ြယ္လြန္ ကြင္းလယ္လူႏွစ္ေယာက္ျဖစ္တဲ့ မိုဒရစ္ခ်္နဲ႔ ခ႐ူးစ္ကို အဖ်က္ကစားသမား ခြၽာမင္နီ မပါဘဲ ဗယ္လ္ဗာဒီနဲ႔ လႊတ္ေပးခဲ့တာက မိုက္မဲမႈဆိုရင္ ဟားလန္းလို အရပ္ ၆ ေပ ၅ လက္မနဲ႔ တိုက္စစ္မႉးကို ထိန္းဖို႔ ပထမအေက်ာ့က အိတ္ကပ္ထဲ ထည့္ခဲ့တဲ့ ႐ူဒီဂါကို ခ်န္ထားၿပီး မီလီတိုနဲ႔ အလာဘာလို ဂ်ပုႏွစ္ေၾကာင္ကို သုံးခဲ့တာကေတာ့ ႐ူးခဲ့တာပဲျဖစ္ပါတယ္။ အန္ခ်ယ္ေလာ့တီအေနနဲ႔ ညာျခမ္းမွာလည္း တိုက္စစ္ေရာ ခံစစ္ပါ သုံးစားမရတဲ့ ကာဗာဟယ္လ္ကို သုံးခဲ့သလို တစ္ပြဲလုံးမွာ အေျပာင္းအလဲလုပ္ဖို႔ ေနာက္က်ေနခဲ့တာေၾကာင့္ အစ္တီဟတ္မွာ အရွက္တကြဲ အက်ိဳးနည္းျဖစ္ခဲ့ရၿပီး သူအားကိုးတဲ့ ဘင္ဇီးမားနဲ႔ ဗီနီးရွပ္စ္တို႔လည္း ေရငုပ္ေနခဲ့ၾကခ်ိန္မွာ အလဲလဲအကြဲကြဲျဖစ္ခဲ့ရတာပါ။

ရက္စက္လြန္းတဲ့ အိမ္ကြင္းမွတ္တမ္း
မန္ခ်က္စတာစီးတီးတို႔အေနနဲ႔ အိမ္ကြင္းႏိုင္ပြဲကို ဒီေန႔မွာ ထပ္မံရရွိခဲ့မႈက ၂၀၂၃ ခုႏွစ္အတြင္း ၁၆ ပြဲဆက္တိုက္ အႏိုင္ရရွိခဲ့ၿပီး သေရမရွိ အရႈံးမရွိ ကစားႏိုင္ခဲ့တဲ့ ရက္စက္တဲ့ မွတ္တမ္းကို ေရးထိုးခဲ့တာလည္းျဖစ္ပါတယ္။ ၿပိဳင္ဘက္ပရိသတ္ေတြကို “ေျခေခ်ာ္မယ္ ထင္လား၊ ဆုေတာင္းေလ”လို႔ အၿမဲတေစ ေလွာင္ေျပာင္ေနႏိုင္ခဲ့ၿပီး မိုးျပာေရာင္အသင္းသားေတြအေနနဲ႔ ခ်န္ပီယံလိဂ္မွာလည္း အိမ္ကြင္း ၆ ပြဲဆက္တိုက္ အႏိုင္ရရွိခဲ့သလို ၂၄ ဂိုးအထိ သြင္းယူႏိုင္ခဲ့ၿပီး ဆီဗီလာ၊ RB လိုက္ပ္ဇစ္၊ ဘိုင္ယန္ျမဴးနစ္နဲ႔ ရီးရဲလ္မက္ဒရစ္တို႔လို အသင္းေကာင္းေတြကို တီးထားႏိုင္ခဲ့လို႔ အင္တာမီလန္ကို ေက်ာ္ျဖတ္ၿပီး ခ်န္ပီယံဆုနဲ႔ ထိုက္တန္မႈရွိေၾကာင္းကို ဆက္လက္ျပသႏိုင္ဖို႔လည္း အေျခအေနေကာင္းေနခဲ့ၿပီလို႔ ဆိုရပါလိမ့္မယ္။

အလုပ္မျဖစ္ခဲ့တဲ့ ဆရာႀကီးႏွစ္ပါး
ရီးရဲလ္မက္ဒရစ္တို႔ရဲ႕ လုပ္ေနက်ပုံစံက ေဘာလုံးရတာနဲ႔ ဘင္ဇီးမားနဲ႔ ဗီနီးရွပ္စ္တို႔ တစ္ေယာက္ေယာက္ကို ေပးၿပီး အလ်င္အျမန္ ထိုးေဖာက္ ဂိုးသြင္းဖို႔ လုပ္ၾကတာပဲျဖစ္ပါတယ္။ ဒီေန႔မွာေတာ့ သူတို႔ဆီကို ေဘာလုံးပို႔ေပးႏိုင္တဲ့ တိုနီ ခ႐ူးစ္နဲ႔ မိုဒရစ္ခ်္တို႔အေနနဲ႔ မန္စီးတီးတို႔ရဲ႕ ကြင္းလယ္ ၆ ဦး ကစားကြက္နဲ႔ စဥ္ဆက္မျပတ္ Pressing ေပးမႈမွာ ပိတ္မိေနခဲ့တာေၾကာင့္ အလုပ္မျဖစ္ေတာ့သလို ထုံးစံအတိုင္း ပလန္ဘီ မရွိတဲ့ အန္ခ်ယ္ေလာတီရဲ႕ ဗ်ဴဟာကလည္း အရန္ခုံကေန ဘယ္သူ႔ကိုပဲ ထပ္ထည့္ထပ္တည့္ ဂိုးမရခဲ့ခ်ိန္မွာ သနားဖို႔ ေကာင္းခဲ့ရတာပါ။

ဟားလန္းကို ပညာေပးခဲ့တဲ့ အယ္လ္ဗာရက္ဇ္
ဒီေန႔ပြဲမွာ မန္စီးတီးတို႔ ကြင္းလယ္က ဂြန္ဒိုးဝမ္၊ ဂရီးလစ္ရွ္၊ ဒီဘ႐ိုင္းနားနဲ႔ ဘာနာဒို ေဆးလ္ဗားတို႔ရဲ႕ ေပးပို႔မႈေတြကို ဟားလန္းတစ္ေယာက္ ေလးႀကိမ္အထိ ဂိုးသြင္းႏိုင္ခြင့္ေတြ ရခဲ့ေပမယ့္ တစ္ႀကိမ္က တိုင္ေဘးက လြဲခဲ့သလို သုံးႀကိမ္ကေတာ့ ရီးရဲလ္မက္ဒရစ္ဂိုးသမား ကူတြာရဲ႕ ကာကြယ္မႈေတြကို မေက်ာ္လြန္ႏိုင္ဘဲျဖစ္ခဲ့ၿပီး ေနာ္ေဝသား စိတ္ပ်က္ခဲ့ရတာပါ။ ပြဲခ်ိန္ ၈၉ မိနစ္အထိ ကစားအၿပီးမွာေတာ့ နည္းျပ ဂြါဒီယိုလာက သူ႔အစား အယ္လ္ဗာရက္ဇ္နဲ႔ လူစားလဲခဲ့ရာမွာ အာဂ်င္တီးနားသားက ကြင္းထဲ ေရာက္လို႔ ႏွစ္မိနစ္မွာပဲ ဖိုဒန္ရဲ႕ ဖန္တီးမႈကေန ပါးပါးနပ္နပ္ အဆုံးသတ္ျပခဲ့လို႔ ဟားလန္းေတာ့ ဒီပြဲမွာ ႏွပ္ပစ္ခံလိုက္ရတယ္လို႔ ဆိုရမလိုျဖစ္ခဲ့ပါတယ္။

ခ်န္ပီယံလိဂ္ အိပ္မက္ ဆက္မက္တဲ့ စီးတီး
မန္ခ်က္စတာစီးတီးနဲ႔ ခ်န္ပီယံလိဂ္ဖလားတစ္ခုတည္းကိုသာ မရယူႏိုင္ေသးတဲ့ ဂြါဒီယိုလာအေနနဲ႔ သူတို႔ေတြရဲ႕ ရင္းႏွီးျမႇဳပ္ႏွံမႈေတြနဲ႔ အလုပ္မျဖစ္ေသးတဲ့ တစ္ခုတည္းေသာ အိပ္မက္ကို အေကာင္အထည္ေဖာ္ဖို႔ လက္တစ္ကမ္းအလိုကို ထပ္မံေရာက္ရွိခဲ့တာျဖစ္ပါတယ္။ ၿပီးခဲ့တဲ့ ရာသီက ဆီမီးဖိုင္နယ္အဆင့္မွာ သူတို႔ကို အခ်ိန္ပိုနဲ႔ ျဖဳတ္ခ်ခဲ့တဲ့ ရီးရဲလ္တို႔ကို ဒီအဆင့္မွာပဲ ျပတ္ျပတ္သားသား အႏိုင္ယူခဲ့တဲ့ စီးတီးတို႔အေနနဲ႔ ဗိုလ္လုပြဲမွာေတာ့ အီတလီကလပ္ အင္တာမီလန္နဲ႔ ေတြ႕ဆုံရမွာျဖစ္ၿပီး တစ္ခါမွ မရဖူးေသးတဲ့ ဆုဖလားကို ပိုင္ဆိုင္ဖို႔ အဆင္သင့္ျဖစ္ေနသလို ၿပီးခဲ့တဲ့ တစ္ႏွစ္ေက်ာ္က ခ်ဲလ္ဆီးနဲ႔ပြဲမွာ က်ရႈံးခဲ့ရမႈကိုလည္း ေခ်ဖ်က္ႏိုင္ဖို႔ Cityzens ပရိသတ္ေတြအေနနဲ႔ စိတ္အားထက္သန္စြာ အိပ္မက္မက္ေနၾကပါၿပီ။

REF: INTERNET SOURCES
PHOTOS CREDIT TO OWNERS
SPORTS A2Z.