La Liga UCL&UEL

စီးတီးနဲ့ပွဲအတွက် မိုဒရစ်ရဲ့ကြံ့ခိုင်မှုကို ဆုံးဖြတ်လိုက်တဲ့ ရီးရဲလ်

ရီးရဲလ်မက်ဒရစ်အသင်းဟာ ယနေ့ည မန်စီးတီးနဲ့ ကစားရမယ့် ချန်ပီယံလိဂ်ဆီမီးဖိုင်နယ်ပွဲစဉ်မှာ လူကာ မိုဒရစ်ကို ပွဲထွက်ကစားစေပြီး အရဲစွန့်ဖို့ ဆန္ဒရှိနေတယ်လို့ သိရပါတယ်။

ကာလို အန်ချယ်လော့တီရဲ့အသင်းဟာ ချန်ပီယံလိဂ်ဆီမီးဖိုင်နယ် ပထမအကျော့ပွဲစဉ်အဖြစ် ယနေ့ညမှာ မန်ချက်စတာစီးတီးအသင်းကို ဘာနေဗျူးမှာ လက်ခံ ယှဉ်ပြိုင်သွားရမှာ ဖြစ်ပါတယ်။

ရီးရဲလ်မက်ဒရစ်ဟာ တနင်္ဂနွေနေ့က ကိုပါဒယ်ရေးဗိုလ်လုပွဲမှာ အိုဆာဆူနာအသင်းကို ၂-၁ နဲ့ အနိုင်ရရှိခဲတာဖြစ်ပြီး လူကာ မိုဒရစ်က အရန်ခုံကနေ ၈ မိနစ်သာ လူစားဝင် ကစားပေးခဲ့တာ ဖြစ်ပါတယ်။

ခရိုအေးရှားဝါရင့်ကွင်းလယ်လူဟာ တံကောက်ကြော ဒဏ်ရာကြောင့် ရီးရဲလ်မက်ဒရစ်ရဲ့ နောက်ဆုံး ၃ ပွဲကို လွဲချော်ခဲ့တာဖြစ်ပြီး လာလီဂါထိပ်သီးအသင်းကြီးက မိုဒရစ်ရဲ့ ပြန်လည်ကုစားမှုအတွက် အလျင်မလိုပေမယ့်လည်း မန်စီးတီးနဲ့ပွဲက အရေးကြီးတဲ့ပွဲစဉ် ဖြစ်နေတာဖြစ်ပါတယ်။

မိုဒရစ်ဟာ ပြီးခဲ့တဲ့ ၇၂ နာရီအတွင်း လေ့ကျင့်ရေးအစီအစဉ် ၂ ခုမှာ အပြည့်အဝ ပါဝင်ခဲ့ပြီး အန်ချယ်လော့တီက စီးတီးနဲ့ပွဲစဉ်မှာ ပွဲထွက်ပါဝင်ကစားပေးဖို့ လုံလောက်တဲ့ ကြံ့ခိုင်မှုရှိနေတာကို စိတ်ကျေနပ်ခဲ့တာဖြစ်ပါတယ်။

အဲဒါက လာလီဂါထိပ်သီးအသင်းကြီးအတွက် အားတက်စရာဖြစ်ခဲ့တာဖြစ်ပြီး ယနေ့ညပွဲစဉ်မှာ အန်ချယ်လော့တီဟာ ပွဲပယ်ပြစ်ဒဏ်ကြောင့် အီဒါ မီလီတာအို မပါဝင်ဘဲ မန်စီးတီးကို ရင်ဆိုင်သွားရမှာ ဖြစ်ပါတယ်။

မန်ချက်စတာစီးတီးဟာ ကီဗင် ဒီဘရိုင်းနား၊ အာလင်း ဟာလန်းတို့ရဲ့ တောက်ပတဲ့ ခြေစွမ်းကြောင့် ချန်ပီယံလိဂ်ဗိုလ်လုပွဲကို တက်ရောက်နိုင်ဖို့ ရေပန်းအစားဆုံးဖြစ်နေတာဖြစ်ပြီး ရီးရဲလ်မက်ဒရစ်ဟာ ပြီးခဲ့တဲ့နှစ်မှာ စီးတီးကို ဖြုတ်ပြီး ဗိုလ်လုပွဲမှာ လီဗာပူးလ်ကို အနိုင်ယူ ဗိုလ်စွဲခဲ့တာ ဖြစ်ပါတယ်။

REF: INTERNET SOURCES
PHOTOS CREDIT TO OWNERS
SPORTS A2Z.

ZAWGYI: ရီးရဲလ္မက္ဒရစ္အသင္းဟာ ယေန႔ည မန္စီးတီးနဲ႔ ကစားရမယ့္ ခ်န္ပီယံလိဂ္ဆီမီးဖိုင္နယ္ပြဲစဥ္မွာ လူကာ မိုဒရစ္ကို ပြဲထြက္ကစားေစၿပီး အရဲစြန႔္ဖို႔ ဆႏၵရွိေနတယ္လို႔ သိရပါတယ္။

ကာလို အန္ခ်ယ္ေလာ့တီရဲ႕အသင္းဟာ ခ်န္ပီယံလိဂ္ဆီမီးဖိုင္နယ္ ပထမအေက်ာ့ပြဲစဥ္အျဖစ္ ယေန႔ညမွာ မန္ခ်က္စတာစီးတီးအသင္းကို ဘာေနဗ်ဴးမွာ လက္ခံ ယွဥ္ၿပိဳင္သြားရမွာ ျဖစ္ပါတယ္။

ရီးရဲလ္မက္ဒရစ္ဟာ တနဂၤေႏြေန႔က ကိုပါဒယ္ေရးဗိုလ္လုပြဲမွာ အိုဆာဆူနာအသင္းကို ၂-၁ နဲ႔ အႏိုင္ရရွိခဲတာျဖစ္ၿပီး လူကာ မိုဒရစ္က အရန္ခုံကေန ၈ မိနစ္သာ လူစားဝင္ ကစားေပးခဲ့တာ ျဖစ္ပါတယ္။

ခ႐ိုေအးရွားဝါရင့္ကြင္းလယ္လူဟာ တံေကာက္ေၾကာ ဒဏ္ရာေၾကာင့္ ရီးရဲလ္မက္ဒရစ္ရဲ႕ ေနာက္ဆုံး ၃ ပြဲကို လြဲေခ်ာ္ခဲ့တာျဖစ္ၿပီး လာလီဂါထိပ္သီးအသင္းႀကီးက မိုဒရစ္ရဲ႕ ျပန္လည္ကုစားမႈအတြက္ အလ်င္မလိုေပမယ့္လည္း မန္စီးတီးနဲ႔ပြဲက အေရးႀကီးတဲ့ပြဲစဥ္ ျဖစ္ေနတာျဖစ္ပါတယ္။

မိုဒရစ္ဟာ ၿပီးခဲ့တဲ့ ၇၂ နာရီအတြင္း ေလ့က်င့္ေရးအစီအစဥ္ ၂ ခုမွာ အျပည့္အဝ ပါဝင္ခဲ့ၿပီး အန္ခ်ယ္ေလာ့တီက စီးတီးနဲ႔ပြဲစဥ္မွာ ပြဲထြက္ပါဝင္ကစားေပးဖို႔ လုံေလာက္တဲ့ ႀကံ့ခိုင္မႈရွိေနတာကို စိတ္ေက်နပ္ခဲ့တာျဖစ္ပါတယ္။

အဲဒါက လာလီဂါထိပ္သီးအသင္းႀကီးအတြက္ အားတက္စရာျဖစ္ခဲ့တာျဖစ္ၿပီး ယေန႔ညပြဲစဥ္မွာ အန္ခ်ယ္ေလာ့တီဟာ ပြဲပယ္ျပစ္ဒဏ္ေၾကာင့္ အီဒါ မီလီတာအို မပါဝင္ဘဲ မန္စီးတီးကို ရင္ဆိုင္သြားရမွာ ျဖစ္ပါတယ္။

မန္ခ်က္စတာစီးတီးဟာ ကီဗင္ ဒီဘ႐ိုင္းနား၊ အာလင္း ဟာလန္းတို႔ရဲ႕ ေတာက္ပတဲ့ ေျခစြမ္းေၾကာင့္ ခ်န္ပီယံလိဂ္ဗိုလ္လုပြဲကို တက္ေရာက္ႏိုင္ဖို႔ ေရပန္းအစားဆုံးျဖစ္ေနတာျဖစ္ၿပီး ရီးရဲလ္မက္ဒရစ္ဟာ ၿပီးခဲ့တဲ့ႏွစ္မွာ စီးတီးကို ျဖဳတ္ၿပီး ဗိုလ္လုပြဲမွာ လီဗာပူးလ္ကို အႏိုင္ယူ ဗိုလ္စြဲခဲ့တာ ျဖစ္ပါတယ္။

REF: INTERNET SOURCES
PHOTOS CREDIT TO OWNERS
SPORTS A2Z.