La Liga

အနာဂတ်ကို အံ့အားသင့်ဖွယ် ဆုံးဖြတ်လိုက်တဲ့ ဟာဇက်

အီဒင် ဟာဇက်က ရီးရဲလ်မက်ဒရစ်အသင်းနဲ့ စာချုပ်သက်တမ်း ကုန်ဆုံးတဲ့အချိန်မှာ ကစားသမားဘဝကနေ အနားယူဖို့ အလေးအနက်စဉ်းစားနေတယ်လို့ စပိန်က သတင်းတွေအရ သိရပါတယ်။

အသက် ၃၂ နှစ်အရွယ် ဘယ်လ်ဂျီယမ်ကြယ်ပွင့်ဟာ ၂၀၁၉ ခုနှစ်မှာ ချဲလ်ဆီးအသင်းကနေ စံချိန်တင် ပြောင်းရွှေ့ကြေး ပေါင် ၈၈.၅ သန်းနဲ့ ပြောင်းရွှေ့လာခဲ့တာဖြစ်ပြီး ဘာနေဗျူးမှာ ပုံမှန်ပွဲထွက်ကစားချိန်ရဖို့ ရုန်းကန်ခဲ့ရတာဖြစ်ပါတယ်။

တကယ်တော့ ဟာဇက်ဟာ ယခုနှစ် နည်းပြ အန်ချယ်လော့တီလက်အောက်မှာ ၃ ပွဲသာ ပါဝင်ကစားခွင့် ရရှိခဲ့တာဖြစ်ပြီး ပထမဆုံး လာလီဂါပွဲစဉ်ကို ၂၀၂၂ ခုနှစ် စက်တင်ဘာ ၁၁ ရက်နေ့မှာ ပါဝင်ကစားပေးခဲ့တာ ဖြစ်ပါတယ်။

ကဒစ်ဇ်နဲ့ ကစားခဲ့တဲ့ပွဲစဉ်မှာ လူစားဝင် ကစားသမားအဖြစ် အချိန်အနည်းငယ်ပါဝင်ကစားပေးခဲ့ပေမယ့်လည်း နောက်ဆုံးမှာတော့ ပရီးမီးယားလိဂ်မှာ ချဲလ်ဆီးအသင်းနဲ့အတူ ထိပ်တန်းခြေစွမ်းပြသခဲ့တဲ့ ကစားသမားအတွက် စိတ်ပျက်စရာရာသီသာ ဖြစ်ခဲ့တာဖြစ်ပါတယ်။

စပိန်သတင်းဌာန Relevo ရဲ့ ဖော်ပြချက်အရ ဘယ်လ်ဂျီယမ် တောင်ပံကစားသမားဟာ လာမယ့် နွေရာသီမှာ ရီးရဲလ်မက်ဒရစ်နဲ့ စာချုပ်သက်တမ်းကုန်ဆုံးတဲ့အချိန်ကျရင် ကစားသမားဘဝကနေ အနားယူဖို့အတွက် အလေးအနက် စဉ်းစားနေတယ်လို့ သိရပါတယ်။

ဟာဇက်က ကလေးဘဝကတည်းက အိပ်မက်ဖြစ်တဲ့ ရီးရဲလ်မက်ဒရစ်အသင်းအတွက် ကစားပေးခွင့် ရရှိခဲ့ပြီးနောက် ဘောလုံးလောကမှာ လုပ်နိုင်သမျှ အရာအားလုံး လုပ်ဆောင်နိုင်ခဲ့ပြီးပြီလို့ ခံစားနေရတာ ဖြစ်ပါတယ်။

ဒါပေမယ့်လည်း ဟာဇက်ဟာ နောက်ထပ်တစ်ကြိမ် ဘောလုံးကစားရတာကို ပျော်ရွှင်စေမယ့် ကြီးမားတဲ့ ကမ်းလှမ်းမှုတွေကို တံခါးပိတ်ထားခြင်းတော့မရှိဘူး ယင်းသတင်းက ဖော်ပြခဲ့ပြီး ချဲလ်ဆီးဂန္တဝင်ကို ယူအက်စ်အေ၊ အာရပ်နိုင်ငံတွေက ခေါ်ယူဖို့ ဆက်သွယ်မှုတွေ ရှိခဲ့တယ်လို့ သိရပါတယ်။

REF: INTERNET SOURCES
PHOTOS CREDIT TO OWNERS
SPORTS A2Z.

ZAWGYI: အီဒင္ ဟာဇက္က ရီးရဲလ္မက္ဒရစ္အသင္းနဲ႔ စာခ်ဳပ္သက္တမ္း ကုန္ဆုံးတဲ့အခ်ိန္မွာ ကစားသမားဘဝကေန အနားယူဖို႔ အေလးအနက္စဥ္းစားေနတယ္လို႔ စပိန္က သတင္းေတြအရ သိရပါတယ္။

အသက္ ၃၂ ႏွစ္အ႐ြယ္ ဘယ္လ္ဂ်ီယမ္ၾကယ္ပြင့္ဟာ ၂၀၁၉ ခုႏွစ္မွာ ခ်ဲလ္ဆီးအသင္းကေန စံခ်ိန္တင္ ေျပာင္းေ႐ႊ႕ေၾကး ေပါင္ ၈၈.၅ သန္းနဲ႔ ေျပာင္းေ႐ႊ႕လာခဲ့တာျဖစ္ၿပီး ဘာေနဗ်ဴးမွာ ပုံမွန္ပြဲထြက္ကစားခ်ိန္ရဖို႔ ႐ုန္းကန္ခဲ့ရတာျဖစ္ပါတယ္။

တကယ္ေတာ့ ဟာဇက္ဟာ ယခုႏွစ္ နည္းျပ အန္ခ်ယ္ေလာ့တီလက္ေအာက္မွာ ၃ ပြဲသာ ပါဝင္ကစားခြင့္ ရရွိခဲ့တာျဖစ္ၿပီး ပထမဆုံး လာလီဂါပြဲစဥ္ကို ၂၀၂၂ ခုႏွစ္ စက္တင္ဘာ ၁၁ ရက္ေန႔မွာ ပါဝင္ကစားေပးခဲ့တာ ျဖစ္ပါတယ္။

ကဒစ္ဇ္နဲ႔ ကစားခဲ့တဲ့ပြဲစဥ္မွာ လူစားဝင္ ကစားသမားအျဖစ္ အခ်ိန္အနည္းငယ္ပါဝင္ကစားေပးခဲ့ေပမယ့္လည္း ေနာက္ဆုံးမွာေတာ့ ပရီးမီးယားလိဂ္မွာ ခ်ဲလ္ဆီးအသင္းနဲ႔အတူ ထိပ္တန္းေျခစြမ္းျပသခဲ့တဲ့ ကစားသမားအတြက္ စိတ္ပ်က္စရာရာသီသာ ျဖစ္ခဲ့တာျဖစ္ပါတယ္။

စပိန္သတင္းဌာန Relevo ရဲ႕ ေဖာ္ျပခ်က္အရ ဘယ္လ္ဂ်ီယမ္ ေတာင္ပံကစားသမားဟာ လာမယ့္ ေႏြရာသီမွာ ရီးရဲလ္မက္ဒရစ္နဲ႔ စာခ်ဳပ္သက္တမ္းကုန္ဆုံးတဲ့အခ်ိန္က်ရင္ ကစားသမားဘဝကေန အနားယူဖို႔အတြက္ အေလးအနက္ စဥ္းစားေနတယ္လို႔ သိရပါတယ္။

ဟာဇက္က ကေလးဘဝကတည္းက အိပ္မက္ျဖစ္တဲ့ ရီးရဲလ္မက္ဒရစ္အသင္းအတြက္ ကစားေပးခြင့္ ရရွိခဲ့ၿပီးေနာက္ ေဘာလုံးေလာကမွာ လုပ္ႏိုင္သမွ် အရာအားလုံး လုပ္ေဆာင္ႏိုင္ခဲ့ၿပီးၿပီလို႔ ခံစားေနရတာ ျဖစ္ပါတယ္။

ဒါေပမယ့္လည္း ဟာဇက္ဟာ ေနာက္ထပ္တစ္ႀကိမ္ ေဘာလုံးကစားရတာကို ေပ်ာ္႐ႊင္ေစမယ့္ ႀကီးမားတဲ့ ကမ္းလွမ္းမႈေတြကို တံခါးပိတ္ထားျခင္းေတာ့မရွိဘူး ယင္းသတင္းက ေဖာ္ျပခဲ့ၿပီး ခ်ဲလ္ဆီးဂႏၲဝင္ကို ယူအက္စ္ေအ၊ အာရပ္ႏိုင္ငံေတြက ေခၚယူဖို႔ ဆက္သြယ္မႈေတြ ရွိခဲ့တယ္လို႔ သိရပါတယ္။

REF: INTERNET SOURCES
PHOTOS CREDIT TO OWNERS
SPORTS A2Z.