Premier League

ပီအက်စ်ဂျီ ဘယ်တော့မှ ဆုဖလားမရနိုင်တဲ့အကြောင်းအရင်းကို ပြောပြခဲ့တဲ့ အာဂျင်တီးနားနည်းပြ

အာဂျင်တီးနားနည်းပြ အန်တိုနီယို မိုဟာမက်က ပီအက်စ်ဂျီအသင်းကို အာဂျင်တီးနားကြယ်ပွင့် လီယွန်နယ် မက်ဆီအပေါ်မှာ ဆက်ဆံမှုနဲ့ပတ်သက်ပြီး ပြင်းထန်တဲ့ တိုက်ခိုက်မှုတွေ ပြုလုပ်ခဲ့ပါတယ်။

မက်ဆီဟာ တနင်္လာနေ့မှာ လေ့ကျင့်ရေးကို သတင်းပို့ဖို့ လိုအပ်ပေမယ့်လည်း ဆော်ဒီ အာရေဗျကို ခရီးထွက်ခဲ့ပြီးနောက် သတင်းခေါင်းစည်းတွေမှာ နေရာယူခဲ့တာဖြစ်ပြီး လီဂူးဝမ်းထိပ်သီးအသင်းကြီးက လိုရွန်ကို ရှုံးနိမ့်ပြီးနောက် နာရီပိုင်းအကြာမှာ အရှေ့အလယ်ပိုင်းကို ခွင့်ပြုချက်မရဘဲ သွားရောက်ခဲ့မှုကြောင့် အာဂျင်တီးနားကြယ်ပွင့်ကို ၂ ပတ် ဘောလုံးကစားခွင့်ပိတ်ပင်တဲ့ ပြစ်ဒဏ်ချမှတ်ခဲ့တာဖြစ်ပါတယ်။

ပီအက်စ်ဂျီအသင်းရဲ့ ပြစ်ဒဏ်ချမှတ်မှုကြောင့် ဘလွန်ဒေါ ၇ ဆုရှင်ဟာ အသင်းနဲ့ လေ့ကျင့်ရေး ဆင်းခွင့်ရှိမှာမဟုတ်သလို ပြစ်ဒဏ်ချမှတ်ခံထားရတဲ့ ၂ ပတ်တာကာလအတွက်လည်း လစာရရှိမှာမဟုတ်တာ ဖြစ်ပါတယ်။

တစ်ဆက်တည်းမှာပဲ ပီအက်စ်ဂျီအသင်းပရိသတ်တွေဟာ ဗုဒ္ဓဟူးနေ့က အသင်းဌာနချုပ်ရှေ့မှာ လီယွန်နယ် မက်ဆီကို ဆန့်ကျင်တဲ့ ကြွေးကြော်သံတွေ ပြုလုပ်ခဲ့တာကြောင့် လီဂူးဝမ်းအသင်းကြီးဟာ လေ့ကျင့်ရေးစင်တာနဲ့ အာဂျင်တီးနားတိုက်စစ်မှူးရဲ့အိမ်ရှေ့မှာ လုံခြုံရေးတွေ ချခဲ့ရတာ ဖြစ်ပါတယ်။

ပြီးခဲ့တဲ့ရက်ပိုင်းမှာ လီယွန်နယ် မက်ဆီကို ပီအက်စ်ဂျီအသင်းက ဆက်ဆံခဲ့တဲ့ပုံစံနဲ့ပတ်သက်ပြီး ဒေါသထွက်ခဲ့တဲ့ မိုဟာမက်က ပြင်သစ်ကလပ်အသင်းအပေါ် စိတ်ပျက်ဒေါသထွက်မှုကို ထုတ်ဖော်ပြောဆိုလိုက်ပြီး လီဂူးဝမ်းချန်ပီယံတွေအနေနဲ့ ရှေ့လျှောက် ဘာအောင်မြင်မှုမှ ရမှာမဟုတ်ဘူးလို့ ပြောကြားခဲ့တာဖြစ်ပါတယ်။

“အဲဒါက လေးစားမှု ကင်းမဲ့မှုပါ(မက်ဆီကို)။ ဒီလို ဘာအောင်မြင်မှုတစ်ခုမှ မရရှိခဲ့ဖူးတဲ့ ခါးသီးတဲ့လူတွေက အီဖယ်တာဝါကို ဝယ်ပြီး မုခ်ဦးရှေ့မှာ ချထားရင်တောင် ဘာဖလားမှ ရမှာမဟုတ်ပါဘူး။ အဲဒါက လုံးဝကို လေးစားမှု ကင်းမဲ့တာပါ”လို့ ပြောကြားခဲ့တာဖြစ်ပါတယ်။

REF: INTERNET SOURCES
PHOTOS CREDIT TO OWNERS
SPORTS A2Z.

ZAWGYI: အာဂ်င္တီးနားနည္းျပ အန္တိုနီယို မိုဟာမက္က ပီအက္စ္ဂ်ီအသင္းကို အာဂ်င္တီးနားၾကယ္ပြင့္ လီယြန္နယ္ မက္ဆီအေပၚမွာ ဆက္ဆံမႈနဲ႔ပတ္သက္ၿပီး ျပင္းထန္တဲ့ တိုက္ခိုက္မႈေတြ ျပဳလုပ္ခဲ့ပါတယ္။

မက္ဆီဟာ တနလၤာေန႔မွာ ေလ့က်င့္ေရးကို သတင္းပို႔ဖို႔ လိုအပ္ေပမယ့္လည္း ေဆာ္ဒီ အာေရဗ်ကို ခရီးထြက္ခဲ့ၿပီးေနာက္ သတင္းေခါင္းစည္းေတြမွာ ေနရာယူခဲ့တာျဖစ္ၿပီး လီဂူးဝမ္းထိပ္သီးအသင္းႀကီးက လို႐ြန္ကို ရႈံးနိမ့္ၿပီးေနာက္ နာရီပိုင္းအၾကာမွာ အေရွ႕အလယ္ပိုင္းကို ခြင့္ျပဳခ်က္မရဘဲ သြားေရာက္ခဲ့မႈေၾကာင့္ အာဂ်င္တီးနားၾကယ္ပြင့္ကို ၂ ပတ္ ေဘာလုံးကစားခြင့္ပိတ္ပင္တဲ့ ျပစ္ဒဏ္ခ်မွတ္ခဲ့တာျဖစ္ပါတယ္။

ပီအက္စ္ဂ်ီအသင္းရဲ႕ ျပစ္ဒဏ္ခ်မွတ္မႈေၾကာင့္ ဘလြန္ေဒါ ၇ ဆုရွင္ဟာ အသင္းနဲ႔ ေလ့က်င့္ေရး ဆင္းခြင့္ရွိမွာမဟုတ္သလို ျပစ္ဒဏ္ခ်မွတ္ခံထားရတဲ့ ၂ ပတ္တာကာလအတြက္လည္း လစာရရွိမွာမဟုတ္တာ ျဖစ္ပါတယ္။

တစ္ဆက္တည္းမွာပဲ ပီအက္စ္ဂ်ီအသင္းပရိသတ္ေတြဟာ ဗုဒၶဟူးေန႔က အသင္းဌာနခ်ဳပ္ေရွ႕မွာ လီယြန္နယ္ မက္ဆီကို ဆန႔္က်င္တဲ့ ေႂကြးေၾကာ္သံေတြ ျပဳလုပ္ခဲ့တာေၾကာင့္ လီဂူးဝမ္းအသင္းႀကီးဟာ ေလ့က်င့္ေရးစင္တာနဲ႔ အာဂ်င္တီးနားတိုက္စစ္မႉးရဲ႕အိမ္ေရွ႕မွာ လုံၿခဳံေရးေတြ ခ်ခဲ့ရတာ ျဖစ္ပါတယ္။

ၿပီးခဲ့တဲ့ရက္ပိုင္းမွာ လီယြန္နယ္ မက္ဆီကို ပီအက္စ္ဂ်ီအသင္းက ဆက္ဆံခဲ့တဲ့ပုံစံနဲ႔ပတ္သက္ၿပီး ေဒါသထြက္ခဲ့တဲ့ မိုဟာမက္က ျပင္သစ္ကလပ္အသင္းအေပၚ စိတ္ပ်က္ေဒါသထြက္မႈကို ထုတ္ေဖာ္ေျပာဆိုလိုက္ၿပီး လီဂူးဝမ္းခ်န္ပီယံေတြအေနနဲ႔ ေရွ႕ေလွ်ာက္ ဘာေအာင္ျမင္မႈမွ ရမွာမဟုတ္ဘူးလို႔ ေျပာၾကားခဲ့တာျဖစ္ပါတယ္။

“အဲဒါက ေလးစားမႈ ကင္းမဲ့မႈပါ(မက္ဆီကို)။ ဒီလို ဘာေအာင္ျမင္မႈတစ္ခုမွ မရရွိခဲ့ဖူးတဲ့ ခါးသီးတဲ့လူေတြက အီဖယ္တာဝါကို ဝယ္ၿပီး မုခ္ဦးေရွ႕မွာ ခ်ထားရင္ေတာင္ ဘာဖလားမွ ရမွာမဟုတ္ပါဘူး။ အဲဒါက လုံးဝကို ေလးစားမႈ ကင္းမဲ့တာပါ”လို႔ ေျပာၾကားခဲ့တာျဖစ္ပါတယ္။

REF: INTERNET SOURCES
PHOTOS CREDIT TO OWNERS
SPORTS A2Z.