Premier League Transfer News

ေနာက္ဆုံးရ ခ်ဲလ္ဆီးသတင္းမ်ား စုစည္းမွဳ – ၅.၁၀.၂၀၂၀

– နာပိုလီအသင္းဆီ ကြင္းလယ္လူ တီမူး ဘာကာကိုယိုတစ္ေယာက္ ေရာက္ရွိေနခဲ့ၿပီျဖစ္ၿပီး ခ်ဲလ္ဆီးအသင္းနဲ႔ ေနပယ္လ္ကလပ္ၾကားမွာ တစ္ရာသီအငွားအတြက္ ေျပာင္းေရႊ႕ေၾကး ယူ႐ို ၄.၅ သန္းနဲ႔ သေဘာတူညီခဲ့။

– အသင္းေဖာ္ေတြနဲ႔ ပုိၿပီး အခ်ိတ္အဆက္မိလာတာနဲ႔အမွ် ပုိမိုေကာင္းမြန္တဲ့ ေျခစြမ္းကို ျပသသြားႏုိင္မယ္လုိ႔ ခိုင္ ဟာဗတ္ဇ္ ေမွ်ာ္လင့္ေနၿပီး အဂၤလန္ႏုိင္ငံမွာ အလ်င္အျမန္ပဲ အသားက်ခဲ့ၿပီလို႔ဆုိ။

– ေဝးလ္စ္၊ ဘယ္လ္ဂ်ီယမ္၊ ဒိန္းမတ္တုိ႔နဲ႔ ကစားရမယ့္ အဂၤလန္လက္ေရြးစင္အသင္းတာဝန္အတြက္ ခ်ဲလ္ဆီးေနာက္ခံလူ ရီးစ္ ဂ်ိမ္းစ္ကို ပထမဆုံးအႀကိမ္ ေရြးခ်ယ္လိုက္ၿပီျဖစ္ၿပီး ႏုတ္ထြက္သြားခဲ့တဲ့ စတာလင္ရဲ႕ ေနရာမွာ အစားထိုးခဲ့တာျဖစ္လို႔ အာဆင္နယ္ကစားသမား ဆာကာကေတာ့ အလယ္တန္းလူအျဖစ္ စဥ္းစားခံရဖို႔ ရွိေန။

– နိစ္အသင္းကေန အလြတ္ေျပာင္းေရႊ႕ေၾကးနဲ႔ ေခၚယူထားခဲ့တဲ့ ေနာက္ခံလူ မာလန္း ဆားရ္ကို ေပၚတိုအသင္းက တစ္ႏွစ္အငွားနဲ႔ ေခၚယူဖို႔ သေဘာတူညီခဲ့တယ္လို႔ သိရၿပီး အဲလက္စ္ တဲလက္စ္ရဲ႕ ဘယ္ေနာက္ခံလူေနရာမွာ ကစားရဖြယ္ရွိေန။

– ခ်ဲလ္ဆီးအသင္းရဲ႕ ဂႏၴဝင္တုိက္စစ္မွဴး ဂ်န္ဖရန္ကို ဇိုလာက သူ႕သေဘာသာဆုိရင္ေတာ့ ဟဒ္ဆန္-အိုဒြဳိင္းကို အသင္းရဲ႕ အဓိက ကစားသမားအျဖစ္ ဆက္လက္ထားရွိမွာျဖစ္ၿပီး ကြင္းလယ္လူ ေဂ်ာ္ဂ်င္ညဳိကိုေတာ့ ေရာင္းခ်သြားမွာျဖစ္တယ္လုိ႔ဆုိ။

– ခ်ဲလ္ဆီးအသင္းကေန အငွားခ်ဖို႔ စီစဥ္ေနၿပီး ေဆာက္သမ္တန္အသင္းနဲ႔ လစာေငြ ခြဲေဝက်ခံမွဳအတြက္ ေဆြးေႏြးေနတဲ့ ကြင္းလယ္လူ ႐ူဘင္ ေလာ့ဖ္တပ္စ္ခ်ိခ္ကို ဖူလ္ဟမ္အသင္းက ေခၚယူဖို႔ ႀကဳိးစားေန။

– အသင္းက ထြက္ခြာဖို႔ ရွိေနတဲ့ ေနာက္ခံလူ အန္တိုနီယို ႐ူဒီဂါအေနနဲ႔ ဝက္စ္ဟမ္းအသင္းရဲ႕ အငွားကမ္းလွမ္းမွဳကို ပယ္ခ်ထားၿပီး သူ႕ကို စပါးစ္နည္းျပ ေမာ္ရင္ညဳိက အမွန္တကယ္အလိုရွိေၾကာင္းဆုိထားသလို အခ်ိန္မီ ေခၚယူႏုိင္ဖို႔ လုပ္ေဆာင္ေန။

REF: INTERNET SOURCES
PHOTOS CREDIT TO OWNERS
SPORTS A2Z.

UNICODE:

– နာပိုလီအသင်းဆီ ကွင်းလယ်လူ တီမူး ဘာကာကိုယိုတစ်ယောက် ရောက်ရှိနေခဲ့ပြီဖြစ်ပြီး ချဲလ်ဆီးအသင်းနဲ့ နေပယ်လ်ကလပ်ကြားမှာ တစ်ရာသီအငှားအတွက် ပြောင်းရွှေ့ကြေး ယူရို ၄.၅ သန်းနဲ့ သဘောတူညီခဲ့။

– အသင်းဖော်တွေနဲ့ ပိုပြီး အချိတ်အဆက်မိလာတာနဲ့အမျှ ပိုမိုကောင်းမွန်တဲ့ ခြေစွမ်းကို ပြသသွားနိုင်မယ်လို့ ခိုင် ဟာဗတ်ဇ် မျှော်လင့်နေပြီး အင်္ဂလန်နိုင်ငံမှာ အလျင်အမြန်ပဲ အသားကျခဲ့ပြီလို့ဆို။

– ဝေးလ်စ်၊ ဘယ်လ်ဂျီယမ်၊ ဒိန်းမတ်တို့နဲ့ ကစားရမယ့် အင်္ဂလန်လက်ရွေးစင်အသင်းတာဝန်အတွက် ချဲလ်ဆီးနောက်ခံလူ ရီးစ် ဂျိမ်းစ်ကို ပထမဆုံးအကြိမ် ရွေးချယ်လိုက်ပြီဖြစ်ပြီး နုတ်ထွက်သွားခဲ့တဲ့ စတာလင်ရဲ့ နေရာမှာ အစားထိုးခဲ့တာဖြစ်လို့ အာဆင်နယ်ကစားသမား ဆာကာကတော့ အလယ်တန်းလူအဖြစ် စဉ်းစားခံရဖို့ ရှိနေ။

– နိစ်အသင်းကနေ အလွတ်ပြောင်းရွှေ့ကြေးနဲ့ ခေါ်ယူထားခဲ့တဲ့ နောက်ခံလူ မာလန်း ဆားရ်ကို ပေါ်တိုအသင်းက တစ်နှစ်အငှားနဲ့ ခေါ်ယူဖို့ သဘောတူညီခဲ့တယ်လို့ သိရပြီး အဲလက်စ် တဲလက်စ်ရဲ့ ဘယ်နောက်ခံလူနေရာမှာ ကစားရဖွယ်ရှိနေ။

– ချဲလ်ဆီးအသင်းရဲ့ ဂန္ထဝင်တိုက်စစ်မှူး ဂျန်ဖရန်ကို ဇိုလာက သူ့သဘောသာဆိုရင်တော့ ဟဒ်ဆန်-အိုဒွိုင်းကို အသင်းရဲ့ အဓိက ကစားသမားအဖြစ် ဆက်လက်ထားရှိမှာဖြစ်ပြီး ကွင်းလယ်လူ ဂျော်ဂျင်ညိုကိုတော့ ရောင်းချသွားမှာဖြစ်တယ်လို့ဆို။

– ချဲလ်ဆီးအသင်းကနေ အငှားချဖို့ စီစဉ်နေပြီး ဆောက်သမ်တန်အသင်းနဲ့ လစာငွေ ခွဲဝေကျခံမှုအတွက် ဆွေးနွေးနေတဲ့ ကွင်းလယ်လူ ရူဘင် လော့ဖ်တပ်စ်ချိခ်ကို ဖူလ်ဟမ်အသင်းက ခေါ်ယူဖို့ ကြိုးစားနေ။

– အသင်းက ထွက်ခွာဖို့ ရှိနေတဲ့ နောက်ခံလူ အန်တိုနီယို ရူဒီဂါအနေနဲ့ ဝက်စ်ဟမ်းအသင်းရဲ့ အငှားကမ်းလှမ်းမှုကို ပယ်ချထားပြီး သူ့ကို စပါးစ်နည်းပြ မော်ရင်ညိုက အမှန်တကယ်အလိုရှိကြောင်းဆိုထားသလို အချိန်မီ ခေါ်ယူနိုင်ဖို့ လုပ်ဆောင်နေ။

REF: INTERNET SOURCES
PHOTOS CREDIT TO OWNERS
SPORTS A2Z.