Premier League UCL&UEL

အဝတ်လဲခန်းထဲထိ လာပြီး ပွဲကြမ်းခဲ့တဲ့ တော့ဒ် ဘိုလီကို တုံ့ပြန်ခဲ့တဲ့ အန်ချယ်လော့တီ

ကာလို အန်ချယ်လော့တီက တော့ဒ် ဘိုလီဟာ ပွဲစဉ်တွေအပြီးမှာ အဝတ်လဲခန်းထဲမှာ ချဲလ်ဆီးကစားသမားတွေကို ပြစ်တင်ဝေဖန်ပိုင်ခွင့်ရှိတယ်လို့ ပြောကြားခဲ့ပါတယ်။

တော့ဒ် ဘိုလီဟာ ချဲလ်ဆီးအသင်းရဲ့ လက်ရှိအခြေအနေဟာ အရှက်ရစရာဖြစ်တယ်လို့ သတ်မှတ်ခဲ့တာဖြစ်ပြီး ဘရိုက်တန်ကို ၂-၁ နဲ့ အိမ်ကွင်းမှာ ရှုံးနိမ့်ခဲ့တဲ့ စနေနေ့ပွဲစဉ်အပြီး အဝတ်လဲခန်းထဲထိ လာရောက်ခဲ့တာဖြစ်ပါတယ်။

တော့ဒ် ဘိုလီဟာ ယာယီနည်းပြ ဖရန့်ခ် လမ်းပတ်လက်အောက်မှာ ၃ ပွဲဆက်တိုက် ရှုံးပွဲနဲ့ ရင်ဆိုင်ခဲ့ရပြီးနောက်ပိုင်း ချဲလ်ဆီးအသင်း စီနီယာကစားသမားတစ်ဦးကိုလည်း သီးသန့် ပြစ်တင်ဝေဖန်မှုတွေ ပြုလုပ်ခဲ့တယ်လို့ သိရပါတယ်။

ချဲလ်ဆီးအသင်းဟာ လက်ရှိမှာ ယနေ့ညနေ စတမ်းဖို့ဒ် ဘရစ်ချ်မှာ ပထမအကျော့က ရီးရဲလ်မက်ဒရစ်ကို ၂-၀ နဲ့ ရှုံးနိမ့်ခဲ့တဲ့ ချန်ပီယံလိဂ်ကွာတားဖိုင်နယ်ပွဲစဉ်က ရှုံးနိမ့်မှုကို ပြောင်းပြန်လှန်ပစ်နိုင်ဖို့ ကြိုးပမ်းသွားမှာဖြစ်ပါတယ်။

ချဲလ်ဆီးနဲ့ပွဲမတိုင်ခင် အန်ချယ်လော့တီက တော့ဒ် ဘိုလီအနေနဲ့ ချဲလ်ဆီးအသင်းသားတွေကို ၎င်းရဲ့ အမြင်ကို တိုက်ရိုက် ပြောဆိုခွင့်ရှိတယ်လို့ ခံစားနေရတာဖြစ်ပါတယ်။

“ပိုင်ရှင်တွေဆီက ထင်မြင်ချက်က ကစားသမားတွေအတွက် အရေးကြီးတဲ့ တွန်းအားဖြစ်လာနိုင်ပါတယ်။ ချဲလ်ဆီးရဲ့ လက်ရှိအခိုက်အတန့်က ကောင်းမွန်တဲ့အခိုက်အတန့်မဟုတ်ပါဘူး။ ကျွန်တော်ထင်တာကတော့ အသင်းရဲ့ အားပေးထောက်ခံမှုရှိတာက ကစားသမားတွေကို ပိုကောင်းကောင်း ကစားနိုင်ဖို့ လှုံ့ဆော်နိုင်တယ်လို့ ထင်ပါတယ်”

“ဒီလိုမျိုး အဝတ်လဲခန်းထဲထိ တိုက်ရိုက်သွားပြောတာက ကောင်းမွန်တဲ့ လှုပ်ရှားမှုလို့ ကျွန်တော်ထင်ပြီး အသင်းတွေက ကစားသမားတွေဆီလာပြီး စကားပြောချင်တယ်ဆိုရင် ကျွန်တော့်အတွက် ဘာပြဿနာမှာမရှိတာ ကျိန်းသေပါတယ်။ တကယ်လို့ သူ(ရီးရဲလ်မက်ဒရစ်ဥက္ကဌ)ကျွန်တော့်ကို ပွဲတိုင်း စကားပြောချင်တယ်ဆိုရင် ကျွန်တော် စိတ်ကျေနပ်မိမှာပါ။ ဘာလို့လဲဆိုတော့ ပိုင်ရှင်တွေက နည်းပြတွေရဲ့ ဆုံးဖြတ်ချက်ကို သိခွင့်ရှိတယ်လို့ ကျွန်တော် ထင်လို့ပါ။ နည်းပြလုပ်နေတာတွေကိုလည်း အသင်းက သိခွင့်ရှိပါတယ်။”လို့ ပြောကြားခဲ့တာဖြစ်ပါတယ်။

REF: INTERNET SOURCES
PHOTOS CREDIT TO OWNERS
SPORTS A2Z.