Premier League

ပရီးမီးယားလိဂ်မှာ စံချိန်သစ် ရေးထိုးနိုင်ခဲ့တဲ့ မိုဟာမက် ဆာလား

မိုဟာမက် ဆာလားဟာ လိဒ်စ်ယူနိုက်တက်နဲ့ ကစားခဲ့တဲ့ ပရီးမီးယားလိဂ်ပွဲစဉ်က သွင်းဂိုးကြောင့် ပရီးမီးယားလိဂ်သမိုင်းမှာ ဘယ်ခြေနဲ့ ဂိုးအများဆုံးသွင်းယူထားတဲ့ ကစားသမားဖြစ်လာခဲ့ပြီဖြစ်ပါတယ်။

ကိုဒီ ဂက်ခ်ပိုဟာ အဲလန်းရုဒ်မှာ ယာဂန် ကလော့ပ်ရဲ့ အသင်းအတွက် အဖွင့်ဂိုးကို သွင်းယူပေးခဲ့တာဖြစ်ပြီး ဆာလားက အလွန်ကောင်းမွန်တဲ့ အဆုံးသတ်နဲ့အတူ လီဗာပူးလ်အတွက် နောက်ထပ် ဦးဆောင်ဂိုးကိုသွင်းယူပေးခဲ့တာဖြစ်ပါတယ်။

ဆာလားရဲ့ သွင်းဂိုးဟာ ပရီးမိးယားလိဂ်မှာ ဘယ်ခြေနဲ့ ကန်သွင်းယူခဲ့တဲ့ ၁၀၆ ဂိုးမြောက် သွင်းဂိုးဖြစ်ပြီး အီဂျစ်တိုက်စစ်မှူးဟာ လီဗာပူးလ်ဂန္တဝင် ရော်ဘီ ဖောင်လာရဲ့ ဘယ်ခြေနဲ့ သွင်းယူခဲ့တဲ့ ပရီးမီးယားလိဂ်သွင်းဂိုး ၁၀၅ ဂိုးကို ကျော်ဖြတ်နိုင်ခဲ့ပြီဖြစ်ပါတယ်။

ဆာလားအနေနဲ့ ဒီစံချိန်ကို လာမယ့် နှစ်ပေါင်းများစွာအထိ ထိန်းသိမ်းထားနိုင်မယ့်ပုံပေါ်ပြီး အနီးစပ်ဆုံး စိန်ခေါ်နေသူဆိုလို့ လက်ရှိမှာ မန်ချက်စတာစီးတီး တောင်ပံကစားသမား မာရက်ဇ်(၆၅ ဂိုး)သာ ရှိနေတာဖြစ်ပါတယ်။

ပရီးမီးယားလိဂ်မှာ ဘယ်ခြေနဲ့ ဂိုးအများဆုံးသွင်းယူထားတဲ့ ကစားသမား ၁၀ ဦးစာရင်းထဲက အခြားကစားသမားတွေဟာ အနားယူပြီးသားကစားသမားတွေနဲ့ ပရီးမီးယားလိဂ်ကို စွန့်ခွာသွားတဲ့ကစားသမားဖြစ်ပါတယ်။

လိဒ်စ်ယူနိုက်တက်နဲ့ ကစားခဲ့တဲ့ ဒုတိယပိုင်းမှာ မိုဟာမက် ဆာလားက နောက်ထပ်သွင်းဂိုးကို သွင်းယူခဲ့ပြီး စုစုပေါင်း ဘယ်ခြေနဲ့ ဂိုးကန်သွင်းမှုက ၁၀၇ ဂိုးအထိ ရှိလာခဲ့ပြီ ဖြစ်ပါတယ်။

ပရီးမီးယားလိဂ်သမိုင်းမှာ ဘယ်ခြေနဲ့ ဂိုးသွင်းအများဆုံးကစားသမားများ

၁။ မိုဟာမက် ဆာလား- ၁၀၇ ဂိုး

၂။ ရော်ဘီ ဖောင်လာ- ၁၀၅ ဂိုး

၃။ ရော်ဘင် ဗန်ပါစီ-၉၄ ဂိုး

၄။ ရိုင်ယန် ဂစ်-၈၃ ဂိုး

၅။ မာရက်ဇ်-၆၅ ဂိုး

၆။ လူကာကူး-၆၀ ဂိုး

၇။ အိုလီဗီယေး ဂျီရူး-၅၀ ဂိုး

၈။ ဒေးဗစ် ဆေးလ်ဗား-၄၉ ဂိုး

၉။ ဒန်နီရယ် စတားရစ်ချ်- ၄၇ ဂိုး

၁၀။ လူးဝစ္စ ဆာဟာ- ၄၆ ဂိုး

REF: INTERNET SOURCES
PHOTOS CREDIT TO OWNERS
SPORTS A2Z.