Premier League

အာဆင်နယ်ပဲ ချန်ပီယံဖြစ်မယ်လို့ ဟောကိန်းထုတ်လိုက်တဲ့ စူပါကွန်ပျူတာ

အာဆင်နယ်အသင်းဟာ ဝက်စ်ဟမ်းအသင်းနဲ့ သရေကျခဲ့ပေမယ့်လည်း မန်ချက်စတာစီးတီးကို ကျဉ်းမြောင်းတဲ့ ရမှတ်နဲ့ ကျော်ဖြတ်ပြီး အနိုင်ရရှိသွားလိမ့်မယ်လို့ စူပါကွန်ပျူတာက ဟောကိန်းထုတ်ခဲ့ပါတယ်။

အာဆင်နယ်အသင်းဟာ တနင်္ဂနွေနေ့က ဝက်စ်ဟမ်းယူနိုက်တက်နဲ့ပွဲစဉ်မှာ ရမှတ် ၂ မှတ်ကို လွှင့်ပစ်ခဲ့ပြီး ဆုဖလားပြိုင်ပွဲအတွက် ကြီးမားတဲ့ ထိုးနှက်ချက်နဲ့ ရင်ဆိုင်ခဲ့ရတာဖြစ်ပါတယ်။ ပြီးခဲ့တဲ့အပတ်တုန်းကလည်း လီဗာပူးလ်ကို ၂-၀ နဲ့ ဦးဆောင်နိုင်ပြီးမှ ချေပဂိုးတွေ ပြန်ပေးခဲ့ရလို့ သရေကျခဲ့တာဖြစ်ပေမယ့်လည်း မှတ်တမ်းတွေအရ အန်းဖီးမှာ သရေကျခဲ့တာက ကောင်းမွန်တဲ့ရလဒ်လို့ ဆိုရမှာဖြစ်ပါတယ်။

ဒါပေမယ့်လည်း ဝက်စ်ဟမ်းနဲ့ပွဲစဉ်မှာ ရမှတ်လျော့ကျမှုကတော့ လက်ခံလို့ ရနိုင်တဲ့ အခြေအနေမဟုတ်ခဲ့ဘဲ ရုန်းကန်နေရတဲ့ ဒေးဗစ် မွိုက်စ်ရဲ့အသင်းဟာ ကြာသပတေးနေ့မှာ ယူရိုပါကွန်းဖရင့်လိဂ်ကစားရဖို့ရှိနေတာကြောင့် အမှတ်ပေးဇယားဦးဆောင်သူတွေအနေနဲ့ အလွယ်တကူနဲ့ အနိုင် ၃ မှတ်ရရှိနိုင်မယ့် အခြေအနေရှိနေခဲ့တာဖြစ်ပါတယ်။

ပထမပိုင်း ၁၀ မိနစ်အတွင်းမှာ အာဆင်နယ်အသင်းက ၂-၀ နဲ့ ဦးဆောင်နိုင်ခဲ့ချိန်မှာ ဂန်းနားတွေဟာ အိမ်ရှင်ဝက်စ်ဟမ်းကို ဂိုးပြတ်နဲ့ အနိုင်ယူတော့မယ့်ပုံပေါ်ခဲ့ပေမယ့်လည်း အရှေ့လန်ဒန်သားတွေက ချေပဂိုး ၂ ဂိုးပြန်သွင်းပြီး သရေနဲ့ ပွဲပြီးဆုံးသွားခဲ့တာဖြစ်ပါတယ်။

ရက်သတ္တပတ်အနည်းငယ်အတွင်း ရမှတ် ၄ မှတ်အထိ လျော့ကျခဲ့တဲ့ အာတီတာရဲ့အသင်းဟာ တစ်ပွဲကစားဖို့ ကျန်နေသေးတဲ့ မန်စီးတီးနဲ့ ၄ မှတ်သာ ကွာဟတော့တာဖြစ်ပြီး ယခုလနှောင်းပိုင်း အစ်တီဟတ်မှာ ဂွါဒီယိုလာရဲ့အသင်းနဲ့ တွေ့ဆုံယှဉ်ပြိုင်သွားရမှာဖြစ်ပါတယ်။

လက်ရှိမှာတော့ အများစုဟာ ဂွါဒီယိုလာရဲ့လက်ရှိ ချန်ပီယံအသင်းက ပရီးမီးယားလိဂ်ကို အနိုင်ရရှိဖို့ ရေပန်းအစားဆုံးအဖြစ် ရှုမြင်နေကြပြီဖြစ်ပေမယ့်လည်း LegalSportsbooks ရဲ့စူပါကွန်ပျူတာကတော့ အဲဒီလို မယူဆခဲ့တာ ဖြစ်ပါတယ်။

စူပါကွန်ပျူတာဟာ တစ်သင်းချင်းစီရဲ့ ပျမ်းမျှအနိုင်၊ သရေ၊ အရှုံး၊ ရရှိခဲ့တဲ့ ရမှတ်၊ သွင်းဂိုး၊ ပေးဂိုးတွေကို အခြေခံ တွက်ချက်ခဲ့ပြီး စီးတီးက ရာသီမကုန်ခင် သရေ ၁ ပွဲ သို့မဟုတ် ရှုံးပွဲ ၁ ပွဲထပ်တွေ့နိုင်သလို အာဆင်နယ်လည်း အလားတူဖြစ်မယ်လို့ ယူဆခဲ့တာ သိသာပါတယ်။

ဒီ ၂သင်းဟာ ယခုလနှောင်းပိုင်း တွေ့ဆုံချိန်မှာ သရေ သို့မဟုတ် တစ်သင်းသင်းက အနိုင်ရရှိသွားပေမယ့် တခြားပွဲတွေမှာ ရမှတ်လျော့ကျနိုင်ပေမယ့်လည်း ဘယ်လိုနည်းနဲ့ပဲဖြစ်ဖြစ် အာဆင်နယ်က ၂၀၀၄ ခုနှစ်နောက်ပိုင်း ပထမဆုံးအကြိမ် အမှတ်ပေးဖလားကို ဆွတ်ခူးသွားမှာဖြစ်တယ်လို့ သိရပါတယ်။

LegalSportsbooks ရဲ့ ပြောရေးဆိုခွင့်ရှိသူက “အာဆင်နယ်က လီဗာပူးလ်၊ ဝက်စ်ဟမ်းတို့နဲ့ပွဲမှာ ဦးဆောင်နိုင်မှုကို လွှင့်ပစ်ခဲ့ပေမယ့်လည်း ဂန်းနားတွေက သူတို့ရဲ့ ဦးဆောင်နိုင်မှုကို ထိန်းသိမ်းပြီး ပရီးမီးယားလိဂ်ဖလားကို အနိုင်ရသွားပါလိမ့်မယ်။ မန်စီးတီးက နောက်ဆုံးမှာ ရမှတ်လျော့ကျသွားမှာဖြစ်ပြီး သူတို့တွေက ရာသီမကုန်ခင် ရှုံးပွဲတစ်ပွဲ ထပ်တွေ့ဦးမယ်လို့ ခန့်မှန်းခြင်းခံထားရတာကြောင့် အာဆင်နယ်ကို လိုက်မီနိုင်မှာမဟုတ်ပါဘူး”

“နယူးကာဆယ်၊ အက်စတန် ဗီလာပရိသတ်တွေကတော့ နှစ်ပေါင်းများစွာအတွင်း ပထမဆုံးအကြိမ် ဥရောပပြိုင်ပွဲရဲ့ အရသာကို မြည်းစမ်းရမှာမို့လို့ ဝမ်းမြောက်ပျော်ရွှင်ကြမှာဖြစ်ပြီး ဘရိုက်တန်အသင်းအတွက်တော့ သူတို့ရဲ့သမိုင်းမှာ ပထမဆုံးသော ဥရောပဘောလုံးပြိုင်ပွဲကို ကြုံတွေ့ရမှာဖြစ်လို့ အေးမက်စ်ကွင်းမှာ မီးဆိုင်းတွေ ပိုကောင်းအောင် ပြင်ဆင်ထားရမှာပါ။ အဲဗာတန်၊ နော်တင်ဟမ် ဖောရက်စ်၊ ဆောက်သမ်တန်တို့က တန်းဆင်းဇုန်တိုက်ပွဲမှာ ရှင်သန်ကျန်ရစ်နိုင်မှာမဟုတ်ဘဲ သူတို့အထက်က အသင်းတွေက အဲဗာတန်နဲ့ ဖောရက်စ်ထက် သရေနည်းပြီး နိုင်ပွဲပိုများမှာဖြစ်တာကြောင့် အောက်ဆုံး ၃ သင်းနဲ့ ရမှတ် ကွာဟသွားမှာပါ။”လို့ ရှင်းပြခဲ့ပါတယ်။

REF: INTERNET SOURCES
PHOTOS CREDIT TO OWNERS
SPORTS A2Z.