Premier League

၅.၁၀.၂၀၂၀၊ ၁၃၈၂ ခုႏွစ္၊ ေတာ္သလင္းလျပည့္ေက်ာ္ ၄ ရက္၊ တနလၤာေန႔။

၅.၁၀.၂၀၂၀၊ ၁၃၈၂ ခုႏွစ္၊ ေတာ္သလင္းလျပည့္ေက်ာ္ ၄ ရက္၊ တနလၤာေန႔၊ ဝါရမိတၱဳႀကီး၊ ရက္ပုပ္။

တစ္ေန႔တာ တိထီႏွင့္ ယုဂ္။
နံနက္ ၁၁:၀၁ အထိ တိထီ ၃ လုံး။ ေက်ာ္လွ်င္ ၄ လုံး။ အထူးယုဂ္ေကာင္း (သို႔) ယုဂ္ဆုိးမရွိ။

တစ္ေန႔တာ နကၡတ္ႏွင့္ ယုဂ္။
ညေန ၁၅:၅၅ အထိ ဘရဏီနကၡတ္။ ေက်ာ္လွ်င္ ၾကတၱိကာနကၡတ္။ တစ္ေန႔လုံးႏွင့္ ေနာက္တစ္ေန႔နံနက္ ၁:၀၂ အထိ ဝဇီရယုဂ္၊ စိန္ကဲ့သို႔ မာေက်ာတန္ဖိုးရွိျခင္း၊ မိုးႀကဳိးကဲ့သို႔ ဖ်က္အားျပင္းထန္ျခင္း၊ ေရွ႕တုိး၍ မိ္မိအင္အားျဖင့္ ထိုးေဖာက္ေဆာင္ရြက္ရန္ကိစၥမ်ား လုပ္ေဆာင္ရန္ေကာင္း၊ ညႇိႏွဳိင္းေဆာင္ရြက္ျခင္းမ်ား ျပဳလုပ္ရန္ မသင့္ေတာ္ပါ။ ေက်ာ္လွ်င္ သိဒၶိယုဂ္၊ ေအာင္ျမင္မွဳရျခင္း၊ အကာအကြယ္ရျခင္း၊ ကၽြမ္းက်င္မွဳျဖင့္ ၿပီးျပည့္စုံေစျခင္းျဖစ္၍ မိမိ ကၽြမ္းက်င္ပိုင္ႏုိင္ေသာအလုပ္အား ေရြးခ်ယ္လုပ္ေဆာင္ပါ။

တစ္ေန႔တာ က႐ိုဏ္း။
နံနက္ ၁၁:၀၁ အထိ ဝိႆတိက႐ိုဏ္း၊ မိမိကိုယ္ကို ယုံၾကည္မွဳျဖင့္ ရန္မ်ားအား ေက်ာ္ျဖတ္အႏိုင္ယူႏုိင္။ ညသန္းေခါင္ေက်ာ္ ၁၂:၁၇ အထိ ဗဘက႐ိုဏ္း၊ က်က္သေရရွိ၊ လုပ္ငန္းေဆာင္တာအမ်ဳိးမ်ဳိးႏွင့္ က်န္းမာေရးကိစၥအဝဝ လုပ္ေဆာင္ရန္ေကာင္း။ ေက်ာ္လွ်င္ ဗလဝက႐ိုဏ္း၊ ဂုဏ္သေရျပည့္စုံ၊ ေလ့လာသင္ၾကား၊ ဂါရဝျပဳမွဳမ်ားႏွင့္ အခမ္းအနားမ်ား လုပ္ေဆာင္ရန္ေကာင္း။

တစ္ေန႔တာ ကံေကာင္းရာအရပ္ႏွင့္ ေဆာင္ရန္ အေရာင္။
နံနက္ ၁၁:၀၁ အထိ အေရွ႕ေျမာက္ႏွင့္ ေျမာက္၊ မုိးျပာေရာင္။ ေက်ာ္လွ်င္ အေရွ႕ႏွင့္ အေရွ႕ေျမာက္၊ အျဖဴေရာင္။

ဉာဏ္ႏွင့္ယွဥ္၍ ေအာင္ျမင္ မဂၤလာရွိၾကေစ။

ထူးဧဝ (သင္၏ မဂၤလာရွိေသာ အတိုင္ပင္ခံ)

UNICODE: ၅.၁၀.၂၀၂၀၊ ၁၃၈၂ ခုနှစ်၊ တော်သလင်းလပြည့်ကျော် ၄ ရက်၊ တနင်္လာနေ့၊ ဝါရမိတ္တုကြီး၊ ရက်ပုပ်။

တစ်နေ့တာ တိထီနှင့် ယုဂ်။
နံနက် ၁၁:၀၁ အထိ တိထီ ၃ လုံး။ ကျော်လျှင် ၄ လုံး။ အထူးယုဂ်ကောင်း (သို့) ယုဂ်ဆိုးမရှိ။

တစ်နေ့တာ နက္ခတ်နှင့် ယုဂ်။
ညနေ ၁၅:၅၅ အထိ ဘရဏီနက္ခတ်။ ကျော်လျှင် ကြတ္တိကာနက္ခတ်။ တစ်နေ့လုံးနှင့် နောက်တစ်နေ့နံနက် ၁:၀၂ အထိ ဝဇီရယုဂ်၊ စိန်ကဲ့သို့ မာကျောတန်ဖိုးရှိခြင်း၊ မိုးကြိုးကဲ့သို့ ဖျက်အားပြင်းထန်ခြင်း၊ ရှေ့တိုး၍ မိမိအင်အားဖြင့် ထိုးဖောက်ဆောင်ရွက်ရန်ကိစ္စများ လုပ်ဆောင်ရန်ကောင်း၊ ညှိနှိုင်းဆောင်ရွက်ခြင်းများ ပြုလုပ်ရန် မသင့်တော်ပါ။ ကျော်လျှင် သိဒ္ဓိယုဂ်၊ အောင်မြင်မှုရခြင်း၊ အကာအကွယ်ရခြင်း၊ ကျွမ်းကျင်မှုဖြင့် ပြီးပြည့်စုံစေခြင်းဖြစ်၍ မိမိ ကျွမ်းကျင်ပိုင်နိုင်သောအလုပ်အား ရွေးချယ်လုပ်ဆောင်ပါ။

တစ်နေ့တာ ကရိုဏ်း။
နံနက် ၁၁:၀၁ အထိ ဝိဿတိကရိုဏ်း၊ မိမိကိုယ်ကို ယုံကြည်မှုဖြင့် ရန်များအား ကျော်ဖြတ်အနိုင်ယူနိုင်။ ညသန်းခေါင်ကျော် ၁၂:၁၇ အထိ ဗဘကရိုဏ်း၊ ကျက်သရေရှိ၊ လုပ်ငန်းဆောင်တာအမျိုးမျိုးနှင့် ကျန်းမာရေးကိစ္စအဝဝ လုပ်ဆောင်ရန်ကောင်း။ ကျော်လျှင် ဗလဝကရိုဏ်း၊ ဂုဏ်သရေပြည့်စုံ၊ လေ့လာသင်ကြား၊ ဂါရဝပြုမှုများနှင့် အခမ်းအနားများ လုပ်ဆောင်ရန်ကောင်း။

တစ်နေ့တာ ကံကောင်းရာအရပ်နှင့် ဆောင်ရန် အရောင်။
နံနက် ၁၁:၀၁ အထိ အရှေ့မြောက်နှင့် မြောက်၊ မိုးပြာရောင်။ ကျော်လျှင် အရှေ့နှင့် အရှေ့မြောက်၊ အဖြူရောင်။

ဉာဏ်နှင့်ယှဉ်၍ အောင်မြင် မင်္ဂလာရှိကြစေ။

ထူးဧဝ (သင်၏ မင်္ဂလာရှိသော အတိုင်ပင်ခံ)