Ligue1

ဥက္ကဌကြီးရဲ့ အမိုက်စားဖန်တီးမှုကနေ ဂိုးသွင်းယူခဲ့တဲ့ မက်ဆီ

လီယွန်နယ် မက်ဆီဟာ လွန်းစ်ကို ၃-၀ နဲ့ အနိုင်ရရှိခဲ့တဲ့ပွဲစဉ်မှာ အသင်းဖော် ခီလီယန် အမ်ဘာပေရဲ့ ဖနောင့်နဲ့ ခင်းပေးလိုက်တဲ့ဘောလုံးကို အဆုံးသတ်သွင်းယူနိုင်ခဲ့ပါတယ်။

အမ်ဘာပေဟာ စနေနေ့ညက အိမ်ကွင်းမှာ ကစားခဲ့တဲ့ လီဂူးဝမ်းပွဲစဉ် ၃၁ မိနစ်မှာ ဦးဆောင်ဂိုး သွင်းယူပေးခဲ့ပြီးနောက် ၂၁ ရာစုအတွင်း လီဂူးဝမ်းရဲ့ ထိပ်တန်းဂိုးသွင်းရှင် ဖြစ်လာခဲ့တာဖြစ်ပြီး ပီအက်စ်ဂျီကွင်းလယ်လူ ဗီတင်ညာက ၆ မိနစ်အကြာမှာပဲ ဒုတိယမြောက် ဦးဆောင်ဂိုးကို သွင်းယူပေးသွားခဲ့တာဖြစ်ပါတယ်။

နောက်ထပ် ၃ မိနစ်အကြာမှာ လီယွန်နယ် မက်ဆီက မှော်ဆန်တဲ့ အခိုက်အတန့်ကို လုပ်ပြသွားခဲ့တာဖြစ်ပြီး အာဂျင်တီးနားတိုက်စစ်မှူးဟာ ဘောလုံးလက်ခံရယူပြီးနောက် လွန်းစ် ပင်နယ်တီဧရိယာထဲကို ပြေးဝင်ရာမှာ အမ်ဘာပေနဲ့ အလွန်ကောင်းမွန်တဲ့ ဝမ်းတူးရိုက်ခဲ့တာဖြစ်ပါတယ်။

ပင်နယ်တီဧရိယာအစွန်မှာရှိနေတဲ့ အမ်ဘာပေက မက်ဆီ ပေးပို့လိုက်တဲ့ ဘောလုံးကို ဖနောင့်နဲ့ ခင်းပေးခဲ့ရာမျာ ဘလွန်ဒေါ ၇ ဆုရှင်က လျင်မြန်တဲ့ ပြေးလွှားမှုကို ပြုလုပ်ခဲ့ပြီးနောက် လွန်းစ်ဂိုးသမား ဆမ်ဘာ ကာကွယ်ဖို့ အခွင့်အရေးမရှိခဲ့တဲ့ အားပါတဲ့ အနိမ့်ဘော ကန်သွင်းယူသွားခဲ့တာဖြစ်ပါတယ်။

ပရိသတ်တစ်ဦးက “အမ်ဘာပေနဲ့ မက်ဆီတို့ဆီက စစ်မှန်တဲ့ အချိတ်အဆက်မိမှုကို မြင်တွေ့ရတာ နှစ်သက်မိတယ်။ သူတို့တွေ တစ်ယောက်သွင်းတဲ့ဂိုးအတွက် တစ်ယောက် ပျော်ရွှင်နေတာကို နှစ်သက်တယ်”လို့ ပရိသတ်တစ်ဦးက ပြောကြားခဲ့ပြီး နောက်ထပ်ပရိသတ်တစ်ဦးကလည်းက “ဒါက အမ်ဘာပေရဲ့ ကစားသမားဘဝမှာ အခုအချိန်အထိ အကောင်းဆုံး ဂိုးဖန်တီးမှုများလား။ လီယွန်နယ် မက်ဆီက ဆန့်ကျင်ဘက်အခြမ်းမှာ ရှိနေခဲ့တယ်ဆိုတာ သံသယဖြစ်စရာမရှိပါဘူး”လို့ မှတ်ချက်ပေးခဲ့ပါတယ်။

ပီအက်စ်ဂျီအသင်းဟာ စနေနေ့ညက ဒုတိယနေရာမှာ ရပ်တည်နေတဲ့ လွန်းစ်နဲ့ ပွဲစဉ်မတိုင်ခင် အမှတ်ပေးဇယား ထိပ်ဆုံးမှာ ၆ မှတ်ဖြတ် ဦးဆောင်ထားခဲ့တာဖြစ်ပြီး လီယွန်နယ် မက်ဆီရဲ့ ပြင်သစ်က ကာလရှည်အနာဂတ်ဟာ ၂၀၂၂ ကမ္ဘာ့ဖလားအောင်ပွဲအပြီးကတည်းက မရေရာမသေချာဖြစ်နေဆဲဖြစ်ပါတယ်။

အသက် ၃၅ နှစ်အရွယ် တိုက်စစ်မှူးဟာ ဘာစီလိုနာအသင်းကို ပြန်လည်ပြောင်းရွှေ့ဖို့ သတင်းတွေထွက်ပေါ်နေသလို ဆော်ဒီ အာရေဗျနဲ့ မေဂျာလိဂ်ကနေ စိတ်ဝင်စားမှုတွေလည်း ရရှိထားတာ ဖြစ်ပါတယ်။

REF: INTERNET SOURCES
PHOTOS CREDIT TO OWNERS
SPORTS A2Z.

ZAWGYI: လီယြန္နယ္ မက္ဆီဟာ လြန္းစ္ကို ၃-၀ နဲ႔ အႏိုင္ရရွိခဲ့တဲ့ပြဲစဥ္မွာ အသင္းေဖာ္ ခီလီယန္ အမ္ဘာေပရဲ႕ ဖေနာင့္နဲ႔ ခင္းေပးလိုက္တဲ့ေဘာလုံးကို အဆုံးသတ္သြင္းယူႏိုင္ခဲ့ပါတယ္။

အမ္ဘာေပဟာ စေနေန႔ညက အိမ္ကြင္းမွာ ကစားခဲ့တဲ့ လီဂူးဝမ္းပြဲစဥ္ ၃၁ မိနစ္မွာ ဦးေဆာင္ဂိုး သြင္းယူေပးခဲ့ၿပီးေနာက္ ၂၁ ရာစုအတြင္း လီဂူးဝမ္းရဲ႕ ထိပ္တန္းဂိုးသြင္းရွင္ ျဖစ္လာခဲ့တာျဖစ္ၿပီး ပီအက္စ္ဂ်ီကြင္းလယ္လူ ဗီတင္ညာက ၆ မိနစ္အၾကာမွာပဲ ဒုတိယေျမာက္ ဦးေဆာင္ဂိုးကို သြင္းယူေပးသြားခဲ့တာျဖစ္ပါတယ္။

ေနာက္ထပ္ ၃ မိနစ္အၾကာမွာ လီယြန္နယ္ မက္ဆီက ေမွာ္ဆန္တဲ့ အခိုက္အတန႔္ကို လုပ္ျပသြားခဲ့တာျဖစ္ၿပီး အာဂ်င္တီးနားတိုက္စစ္မႉးဟာ ေဘာလုံးလက္ခံရယူၿပီးေနာက္ လြန္းစ္ ပင္နယ္တီဧရိယာထဲကို ေျပးဝင္ရာမွာ အမ္ဘာေပနဲ႔ အလြန္ေကာင္းမြန္တဲ့ ဝမ္းတူး႐ိုက္ခဲ့တာျဖစ္ပါတယ္။

ပင္နယ္တီဧရိယာအစြန္မွာရွိေနတဲ့ အမ္ဘာေပက မက္ဆီ ေပးပို႔လိုက္တဲ့ ေဘာလုံးကို ဖေနာင့္နဲ႔ ခင္းေပးခဲ့ရာမ်ာ ဘလြန္ေဒါ ၇ ဆုရွင္က လ်င္ျမန္တဲ့ ေျပးလႊားမႈကို ျပဳလုပ္ခဲ့ၿပီးေနာက္ လြန္းစ္ဂိုးသမား ဆမ္ဘာ ကာကြယ္ဖို႔ အခြင့္အေရးမရွိခဲ့တဲ့ အားပါတဲ့ အနိမ့္ေဘာ ကန္သြင္းယူသြားခဲ့တာျဖစ္ပါတယ္။

ပရိသတ္တစ္ဦးက “အမ္ဘာေပနဲ႔ မက္ဆီတို႔ဆီက စစ္မွန္တဲ့ အခ်ိတ္အဆက္မိမႈကို ျမင္ေတြ႕ရတာ ႏွစ္သက္မိတယ္။ သူတို႔ေတြ တစ္ေယာက္သြင္းတဲ့ဂိုးအတြက္ တစ္ေယာက္ ေပ်ာ္႐ႊင္ေနတာကို ႏွစ္သက္တယ္”လို႔ ပရိသတ္တစ္ဦးက ေျပာၾကားခဲ့ၿပီး ေနာက္ထပ္ပရိသတ္တစ္ဦးကလည္းက “ဒါက အမ္ဘာေပရဲ႕ ကစားသမားဘဝမွာ အခုအခ်ိန္အထိ အေကာင္းဆုံး ဂိုးဖန္တီးမႈမ်ားလား။ လီယြန္နယ္ မက္ဆီက ဆန႔္က်င္ဘက္အျခမ္းမွာ ရွိေနခဲ့တယ္ဆိုတာ သံသယျဖစ္စရာမရွိပါဘူး”လို႔ မွတ္ခ်က္ေပးခဲ့ပါတယ္။

ပီအက္စ္ဂ်ီအသင္းဟာ စေနေန႔ညက ဒုတိယေနရာမွာ ရပ္တည္ေနတဲ့ လြန္းစ္နဲ႔ ပြဲစဥ္မတိုင္ခင္ အမွတ္ေပးဇယား ထိပ္ဆုံးမွာ ၆ မွတ္ျဖတ္ ဦးေဆာင္ထားခဲ့တာျဖစ္ၿပီး လီယြန္နယ္ မက္ဆီရဲ႕ ျပင္သစ္က ကာလရွည္အနာဂတ္ဟာ ၂၀၂၂ ကမာၻ႔ဖလားေအာင္ပြဲအၿပီးကတည္းက မေရရာမေသခ်ာျဖစ္ေနဆဲျဖစ္ပါတယ္။

အသက္ ၃၅ ႏွစ္အ႐ြယ္ တိုက္စစ္မႉးဟာ ဘာစီလိုနာအသင္းကို ျပန္လည္ေျပာင္းေ႐ႊ႕ဖို႔ သတင္းေတြထြက္ေပၚေနသလို ေဆာ္ဒီ အာေရဗ်နဲ႔ ေမဂ်ာလိဂ္ကေန စိတ္ဝင္စားမႈေတြလည္း ရရွိထားတာ ျဖစ္ပါတယ္။

REF: INTERNET SOURCES
PHOTOS CREDIT TO OWNERS
SPORTS A2Z.