Bundesliga

အသင်းဖော်ကို ထိုးကြိတ်ခဲ့လို့ ကြီးမားတဲ့ပြစ်ဒဏ်ချမှတ်ခံလိုက်ရတဲ့ မာနေး

ဆာဒီယို မာနေးဟာ ဘိုင်ယန်မြူးနစ်အသင်းဖော် လီရွိုင်း ဆာနေးကို ထိုးကြိတ်ခဲ့ပြီးနောက် ဘွန်ဒက်စ်လိဂါထိပ်သီးအသင်းကြီးရဲ့ မျက်လုံးပြူးလောက်ဖွယ် ဒဏ်ကြေး တပ်ရိုက်ခြင်း ခံခဲ့ရပါတယ်။

မာနေးနဲ့ ဆာနေးတို့ဟာ အင်္ဂါနေ့က အစ်တီဟတ်ကွင်းမှာ မန်ချက်စတာစီးတီးနဲ့ ကစားခဲ့တဲ့ ချန်ပီယံလိဂ်ကွာတားဖိုင်နယ်ပထမအကျော့မှာ ၃-၀ နဲ့ ရှုံးနိမ့်ခဲ့ပြီးနောက် အဝတ်လဲခန်းထဲမှာ ခိုက်ရန်ဖြစ်ပွားခဲ့ကြတာဖြစ်ပါတယ်။

ဂျာမန်မီဒီယာရဲ့ ဖော်ပြချက်အရ ဘိုင်ယန်မြူးနစ်ကြယ်ပွင့် ၂ ဦးကို သီးခြားစီ ခွဲထားခဲ့ရပြီး မာနေးဟာ ဆာနေးရဲ့ နှုတ်ခမ်းတည့်တည့်ကို လက်သီးနဲ့ ထိုးခဲ့တာ ဖြစ်ပါတယ်။ အဲဒီပြဿနာဟာ ကွင်းအတွင်း အငြင်းပွားမှုကနေ မြစ်ဖျားခံခဲ့တာဖြစ်ပြီး မာနေးဟာ ဂျာမန်တောင်ပံကစားသမား စကားပြောပုံက အချိုးမပြေတာကြောင့် စိတ်မထိန်းနိုင်ဖြစ်ခဲ့ရတာဖြစ်ပါတယ်။

ဘိုင်ယန်မြူးနစ်အသင်းက မာနေးနဲ့ ဆာနေးတို့ရဲ့ သတင်းဟာ အမှန်တကယ်ဖြစ်တယ်လို့ အတည်ပြုခဲ့ပြီး ၎င်းတို့ရဲ့ နွေရာသီကစားသမားခေါ်ယူမှုဟာ ယာယီ ပွဲကစားခွင့်ဆိုင်းငံ့ခံထားရပြီး ဟော်ဖန်ဟိမ်းနဲ့ ကစားမယ့် ဘွန်ဒက်စ်လီဂါပဲွအတွက် လူစာရင်းကနေ ထုတ်ပယ်ခြင်းခံထားရမှာဖြစ်တယ်လို့ ပြောကြားခဲ့ပါတယ်။

ဒါ့အပြင် ဆာဒီယို မာနေးဟာ ဆာနေးနဲ့ ဖြစ်စဉ်က ၎င်းရဲ့ အပြုအမူကြောင့် ဘိုင်ယန်မြူးနစ်အသငး်ရဲ့ ယူရို ၅ သိန်းဝန်းကျင် ဒဏ်ငွေ တပ်ရိုက်ခြင်းကိုလည်း ခံခဲ့ရတယ်လို့ GOAL ကဖော်ပြခဲ့ပါတယ်။

REF: INTERNET SOURCES
PHOTOS CREDIT TO OWNERS
SPORTS A2Z.

ZAWGYI: ဆာဒီယို မာနေးဟာ ဘိုင်ယန်မြူးနစ်အသင်းဖော် လီရွိုင်း ဆာနေးကို ထိုးကြိတ်ခဲ့ပြီးနောက် ဘွန်ဒက်စ်လိဂါထိပ်သီးအသင်းကြီးရဲ့ မျက်လုံးပြူးလောက်ဖွယ် ဒဏ်ကြေး တပ်ရိုက်ခြင်း ခံခဲ့ရပါတယ်။



ဘိုင်ယန်မြူးနစ်အသင်းက မာနေးနဲ့ ဆာနေးတို့ရဲ့ သတင်းဟာ အမှန်တကယ်ဖြစ်တယ်လို့ အတည်ပြုခဲ့ပြီး ၎င်းတို့ရဲ့ နွေရာသီကစားသမားခေါ်ယူမှုဟာ ယာယီ ပွဲကစားခွင့်ဆိုင်းငံ့ခံထားရပြီး ဟော်ဖန်ဟိမ်းနဲ့ ကစားမယ့် ဘွန်ဒက်စ်လီဂါပွဲအတွက် လူစာရင်းကနေ ထုတ်ပယ်ခြင်းခံထားရမှာဖြစ်တယ်လို့ ပြောကြားခဲ့ပါတယ်။

ဒါ့အပြင် ဆာဒီယို မာနေးဟာ ဆာနေးနဲ့ ဖြစ်စဉ်က ၎င်းရဲ့ အပြုအမူကြောင့် ဘိုင်ယန်မြူးနစ်အသင်းရဲ့ ယူရို ၅ သိန်းဝန်းကျင် ဒဏ်ငွေ တပ်ရိုက်ခြင်းကိုလည်း ခံခဲ့ရတယ်လို့ GOAL ကဖော်ပြခဲ့ပါတယ်။

REF: INTERNET SOURCES
SPORTS A2Z.