Bundesliga

ဆာနေးကို ထိုးခဲ့လို့ ရောင်းထုတ်ခံရတော့မယ့် မာနေး

ဆာဒီယို မာနေးဟာ ဘိုင်ယန်မြူးနစ်အသင်းက ၎င်းကို ရောင်းထုတ်ဖို့ စဉ်းစားနေပြီလို့ သတင်းတွေ မထွက်ပေါ်ခင်မှာ လီဗာပူးလ်အနေနဲ့ အကောင်းဆုံးပုံစံကို ပြန်လည်ရရှိလိမ့်မယ်လို့ ယုံကြည်ကြောင်း ဝန်ခံပြောကြားခဲ့ပါတယ်။

ဘိုင်ယန်မြူးနစ်အသင်းဟာ အင်္ဂါနေ့က မန်ချက်စတာစီးတီးကို ချန်ပီယံလိဂ်မှာ ရှုံးနိမ့်ခဲ့ပြီးနောက် အသင်းဖော် ဆာနေးကို လက်သီးနဲ့ မျက်နှာကို ထိုးကြိတ်ခဲ့တဲ့ မာနေးကို ပွဲကစားခွင့် ဆိုင်းငံ့ထားခဲ့တာ ဖြစ်ပါတယ်။ အသက် ၃၁ နှစ်အရွယ် တိုက်စစ်မှူးဟာ ဒဏ်ငွေလည်း ပေးဆောင်ရမှာဖြစ်ပြီး စနေနေ့ ဟော်ဖန်ဟိမ်းနဲ့ ကစားရမယ့် ဘိုင်ယန်မြူးနစ်ရဲ့ အိမ်ကွင်းပွဲစဉ်အတွက် အသင်းလူစာရင်းထဲမှာလည်း ပါဝင်နိုင်မှာမဟုတ်ဘူးလို့ သိရပါတယ်။

Sky Sports Germany သတင်းထောက် ဖလိုရီယန် ပလက်တန်ဘာ့ဂ်က ဘိုင်ယန်မြူးနစ်အသင်းဟာ ယခုနွေရာသီမှာ မာနေးကို ရောင်းထုတ်ဖို့တောင် စဉ်းစားနေပြီလို့ ပြောကြားခဲ့တာဖြစ်ပါတယ်။

မာနေးကို ဘိုင်ယန်မြူးနစ်အသင်းက အပြစ်ပေးတဲ့သတင်းမထွက်လာခင်မှာ ပလက်တန်ဘာ့ဂ်က တွစ်တာမှာ “မာနေးက ဒီမနက် လေ့ကျင့်ရေးစင်တာကိုတောင် ရောက်ရှိခဲ့ပြီးဖြစ်ပါတယ်။ သူ ပြုံးပျော်နေခဲ့ပါတယ်။ အသင်းတာဝန်ရှိသူတွေက မနေ့က ကိစ္စအတွက် နောက်ဆက်တွဲဖြစ်နိုင်ခြေတွေကို ဆွေးနွေးခဲ့ကြပါတယ်။ ဒဏ်ကြေး၊ ပွဲပယ်ပြစ်ဒဏ်၊ သီးခြားခွဲထားဖို့တောင် ပါပါတယ်။ ဒီနေ့ အသင်းလေ့ကျင့်ရေးက မနက် ၁၁ နာရီပါ။ သူ့ရဲ့ တစ်သင်းလုံးရှေ့မှာ တောင်းပန်မှုက ဒီနေ့ပဲဖြစ်လိမ့်မယ်လို့ မျှော်မှန်းခြင်းခံထားရပါတယ်”လို့ ရေးသားခဲ့တာဖြစ်ပါတယ်။

မာနေးဟာ လက်ရှိမှာတော့ ဘိုင်ယန်မြူးနစ်အသင်းရဲ့ ရောင်းထုတ်ခံရဖွယ်ရှိနေတာကြောင့် လီဗာပူးလ်ပရိသတ်တွေဟာ ဆီနီဂေါကြယ်ပွင့်အနေနဲ့ အန်းဖီးကို ပြန်လာမလားလို့ မေးခွန်းထုတ်နေကြပြီ ဖြစ်ပါတယ်။

အန်းဖီးမှာ အောင်မြင်တဲ့ ၆ နှစ်တာကာလကို ပိုင်ဆိုင်ခဲ့ပြီးနောက် မာနေးဟာ ပြီးခဲ့တဲ့နွေရာသီကမှ ဘွန်ဒက်စ်လီဂါချန်ပီယံတွေဆီကို ပြောင်းရွှေ့သွားခဲ့တာဖြစ်ပြီး ၎င်းရဲ့ ထွက်ခွာမှုဟာ ယခုရာသီ ထိပ်ဆုံး ၄ နေရာနဲ့ ၁၂ မှတ်အကွာ အဆင့် ၈ နေရာမှာ ရပ်တည်နေရတဲ့ ကလော့ပ် လက်ထက် အသင်းရဲ့ အဆိုးရွားဆုံးရာသီနဲ့ တိုက်ဆိုင်နေတာဖြစ်ပါတယ်။

မာနေးရဲ့ မကြာသေးမီက ပြောကြားခဲ့တဲ့မှတ်ချက်ကြောင့် သိပ်မကြာမီ ကာလအတွင်း အသင်းဟောင်း လီဗာပူးလ်ကို ပြန်လာနိုင်ခြေရှိတယ်လို့ ယူဆရပြီး ဆီနီဂေါကြယ်ပွင့်က ဆာနေးနဲ့ ပြဿနာမတိုင်ခင် တစ်လခန့်တုန်းက Bild နဲ့ အင်တာဗျူးမှာ “လီဗာပူးလ် ပြန်လာပါလိမ့်မယ်။ ကျွန်တော် သူတို့တွေ ဒီအခြေအနေကို ဖြတ်ကျော်နိုင်လိမ့်မယ်လို့ ယုံကြည်ပါတယ်။ သူတို့တွေမှာ ဒဏ်ရာပြဿနာတွေ အများကြီးရှိခဲ့ပြီး ခက်ခဲတဲ့စမ်းသပ်မှုတွေ ရှိခဲ့တယ်။ ဒါပေမယ့် ယာဂန် ကလော့ပ်က သင့်တော်တဲ့သူဆိုတာ ကျိန်းသေပါတယ်။ သူက လီဗာပူးလ်ကို ပုံမှန်ခြေစွမ်းပြန်ရအောင် ဦးဆောင်ပေးပါလိမ့်မယ်။ ကစားသမားတွေက သူ့ကို ချစ်မြတ်နိုးတယ်”လို့ ပြောဆိုခဲ့တာဖြစ်ပါတယ်။

REF: INTERNET SOURCES
PHOTOS CREDIT TO OWNERS
SPORTS A2Z.

ZAWGYI: ဆာဒီယို မာေနးဟာ ဘိုင္ယန္ျမဴးနစ္အသင္းက ၎ကို ေရာင္းထုတ္ဖို႔ စဥ္းစားေနၿပီလို႔ သတင္းေတြ မထြက္ေပၚခင္မွာ လီဗာပူးလ္အေနနဲ႔ အေကာင္းဆုံးပုံစံကို ျပန္လည္ရရွိလိမ့္မယ္လို႔ ယုံၾကည္ေၾကာင္း ဝန္ခံေျပာၾကားခဲ့ပါတယ္။

ဘိုင္ယန္ျမဴးနစ္အသင္းဟာ အဂၤါေန႔က မန္ခ်က္စတာစီးတီးကို ခ်န္ပီယံလိဂ္မွာ ရႈံးနိမ့္ခဲ့ၿပီးေနာက္ အသင္းေဖာ္ ဆာေနးကို လက္သီးနဲ႔ မ်က္ႏွာကို ထိုးႀကိတ္ခဲ့တဲ့ မာေနးကို ပြဲကစားခြင့္ ဆိုင္းငံ့ထားခဲ့တာ ျဖစ္ပါတယ္။ အသက္ ၃၁ ႏွစ္အ႐ြယ္ တိုက္စစ္မႉးဟာ ဒဏ္ေငြလည္း ေပးေဆာင္ရမွာျဖစ္ၿပီး စေနေန႔ ေဟာ္ဖန္ဟိမ္းနဲ႔ ကစားရမယ့္ ဘိုင္ယန္ျမဴးနစ္ရဲ႕ အိမ္ကြင္းပြဲစဥ္အတြက္ အသင္းလူစာရင္းထဲမွာလည္း ပါဝင္ႏိုင္မွာမဟုတ္ဘူးလို႔ သိရပါတယ္။

Sky Sports Germany သတင္းေထာက္ ဖလိုရီယန္ ပလက္တန္ဘာ့ဂ္က ဘိုင္ယန္ျမဴးနစ္အသင္းဟာ ယခုေႏြရာသီမွာ မာေနးကို ေရာင္းထုတ္ဖို႔ေတာင္ စဥ္းစားေနၿပီလို႔ ေျပာၾကားခဲ့တာျဖစ္ပါတယ္။

မာေနးကို ဘိုင္ယန္ျမဴးနစ္အသင္းက အျပစ္ေပးတဲ့သတင္းမထြက္လာခင္မွာ ပလက္တန္ဘာ့ဂ္က တြစ္တာမွာ “မာေနးက ဒီမနက္ ေလ့က်င့္ေရးစင္တာကိုေတာင္ ေရာက္ရွိခဲ့ၿပီးျဖစ္ပါတယ္။ သူ ၿပဳံးေပ်ာ္ေနခဲ့ပါတယ္။ အသင္းတာဝန္ရွိသူေတြက မေန႔က ကိစၥအတြက္ ေနာက္ဆက္တြဲျဖစ္ႏိုင္ေျခေတြကို ေဆြးေႏြးခဲ့ၾကပါတယ္။ ဒဏ္ေၾကး၊ ပြဲပယ္ျပစ္ဒဏ္၊ သီးျခားခြဲထားဖို႔ေတာင္ ပါပါတယ္။ ဒီေန႔ အသင္းေလ့က်င့္ေရးက မနက္ ၁၁ နာရီပါ။ သူ႔ရဲ႕ တစ္သင္းလုံးေရွ႕မွာ ေတာင္းပန္မႈက ဒီေန႔ပဲျဖစ္လိမ့္မယ္လို႔ ေမွ်ာ္မွန္းျခင္းခံထားရပါတယ္”လို႔ ေရးသားခဲ့တာျဖစ္ပါတယ္။

မာေနးဟာ လက္ရွိမွာေတာ့ ဘိုင္ယန္ျမဴးနစ္အသင္းရဲ႕ ေရာင္းထုတ္ခံရဖြယ္ရွိေနတာေၾကာင့္ လီဗာပူးလ္ပရိသတ္ေတြဟာ ဆီနီေဂါၾကယ္ပြင့္အေနနဲ႔ အန္းဖီးကို ျပန္လာမလားလို႔ ေမးခြန္းထုတ္ေနၾကၿပီ ျဖစ္ပါတယ္။

အန္းဖီးမွာ ေအာင္ျမင္တဲ့ ၆ ႏွစ္တာကာလကို ပိုင္ဆိုင္ခဲ့ၿပီးေနာက္ မာေနးဟာ ၿပီးခဲ့တဲ့ေႏြရာသီကမွ ဘြန္ဒက္စ္လီဂါခ်န္ပီယံေတြဆီကို ေျပာင္းေ႐ႊ႕သြားခဲ့တာျဖစ္ၿပီး ၎ရဲ႕ ထြက္ခြာမႈဟာ ယခုရာသီ ထိပ္ဆုံး ၄ ေနရာနဲ႔ ၁၂ မွတ္အကြာ အဆင့္ ၈ ေနရာမွာ ရပ္တည္ေနရတဲ့ ကေလာ့ပ္ လက္ထက္ အသင္းရဲ႕ အဆိုး႐ြားဆုံးရာသီနဲ႔ တိုက္ဆိုင္ေနတာျဖစ္ပါတယ္။

မာေနးရဲ႕ မၾကာေသးမီက ေျပာၾကားခဲ့တဲ့မွတ္ခ်က္ေၾကာင့္ သိပ္မၾကာမီ ကာလအတြင္း အသင္းေဟာင္း လီဗာပူးလ္ကို ျပန္လာႏိုင္ေျခရွိတယ္လို႔ ယူဆရၿပီး ဆီနီေဂါၾကယ္ပြင့္က ဆာေနးနဲ႔ ျပႆနာမတိုင္ခင္ တစ္လခန႔္တုန္းက Bild နဲ႔ အင္တာဗ်ဴးမွာ “လီဗာပူးလ္ ျပန္လာပါလိမ့္မယ္။ ကြၽန္ေတာ္ သူတို႔ေတြ ဒီအေျခအေနကို ျဖတ္ေက်ာ္ႏိုင္လိမ့္မယ္လို႔ ယုံၾကည္ပါတယ္။ သူတို႔ေတြမွာ ဒဏ္ရာျပႆနာေတြ အမ်ားႀကီးရွိခဲ့ၿပီး ခက္ခဲတဲ့စမ္းသပ္မႈေတြ ရွိခဲ့တယ္။ ဒါေပမယ့္ ယာဂန္ ကေလာ့ပ္က သင့္ေတာ္တဲ့သူဆိုတာ က်ိန္းေသပါတယ္။ သူက လီဗာပူးလ္ကို ပုံမွန္ေျခစြမ္းျပန္ရေအာင္ ဦးေဆာင္ေပးပါလိမ့္မယ္။ ကစားသမားေတြက သူ႔ကို ခ်စ္ျမတ္ႏိုးတယ္”လို႔ ေျပာဆိုခဲ့တာျဖစ္ပါတယ္။

REF: INTERNET SOURCES
PHOTOS CREDIT TO OWNERS
SPORTS A2Z.