Match Report Premier League

ဗီလာလူၾကမ္းေတြရဲ႕ အုံၾကြမွဳကို လက္ရွိခ်န္ပီယံလီဗာပူးလ္တုိ႔ မယွဥ္ႏုိင္ခဲ့တဲ့ပြဲ

ပရီးမီးယားလိဂ္ရဲ႕ ပြဲစဥ္ ၂ မွာမွ သူတုိ႔ရဲ႕ ရာသီကို စတင္ခဲ့ၿပီး အဖြင့္ပြဲႏွစ္ပြဲကို ဆက္တုိက္အႏုိင္ရထားတဲ့ ဗီလာတုိ႔ကေတာ့ သုံးပြဲေျမာက္အျဖစ္ ကစားခဲ့ရာမွာ ရာႏွဳန္းျပည့္အႏုိင္ခ်င္း ဆုံေတြ႕ေနတဲ့ ဧည့္သည္ လီဗာပူးလ္အသင္းအေပၚ မထင္မွတ္တဲ့ ရလဒ္နဲ႔ ဂိုးျမဴးခဲ့ၿပီး ငါးဂိုးအသာနဲ႔ အႏုိင္ရယူသြားႏုိင္ခဲ့ပါတယ္။

ဒင္းန္ စမစ္ရဲ႕ အသင္းဟာ အဂၤလန္သားအမ်ားစုနဲ႔ စုဖြဲ႕ထားၿပီး ဟိုအရင္ မာတင္ အုိနီးလ္ရဲ႕ အသင္းလိုမ်ဳိး မာေက်ာမွဳနဲ႔ စိတ္ဓာတ္ႀကံ့ခိုင္မွဳကို ျမင္ေတြ႕ေနရၿပီျဖစ္ၿပီး ခ်န္ပီယံလီဗာပူးလ္ကို ေဘာလုံးပုိင္ဆုိင္မွဳကလြဲလုိ႔ ေကာင္းေကာင္းယွဥ္ကစားႏုိင္ခဲ့သလို ပြဲခ်ိန္ ၄ မိနစ္မွာ ဂိုးသမား အက္ဒရီယန္ အမွားကေန ေဘာလုံးရသြားခဲ့တဲ့ ဂရီးလစ္ရွ္က ခ်ဳိးေပးတာကို ေပါင္ ၂၈ သန္းတန္ တုိက္စစ္မွဴး ဝပ္ကင္းစ္က ဘယ္ေျခနဲ႔ ခ်ဳိးကန္ၿပီး ဦးေဆာင္ႏုိင္ခဲ့ပါတယ္။

ပြဲခ်ိန္ ၂၂ မိနစ္မွာေတာ့ လီဗာပူးလ္ရဲ႕ လူကၽြံေထာင္ေခ်ာက္ကို ေတာင္ပံကေန ေဖာက္ထြက္ခဲ့တဲ့ ဝပ္ကင္းစ္ရဲ႕ ေျပးလမ္းထဲကို ဂရီးလစ္ရွ္ကပဲ ကြက္တိထည့္ေပးခဲ့တာကို ဘရန္႔ဖို႔ဒ္တုိက္စစ္မွဴးေဟာင္းက ဂ်ဳိးဂိုမက္ဇ္ကို ေခါက္ၿပီး ဗန္ဒိုက္ေရွ႕ကေန ျဖတ္ကန္သြင္းခဲ့ရာမွာ ဂိုးသမား အက္ဒရီယန္ ဘယ္လိုမွ မကာကြယ္ႏုိင္ခဲ့ဘဲ ဒုတိယဂိုး ရခဲ့ပါတယ္။

ဒီေန႔ပြဲမွာ ျမင္ေတြ႕ရတဲ့ လီဗာပူးလ္ေနာက္ခံလူ ဗာဂ်ီးလ္ ဗန္ဒိုက္ရဲ႕ Body Language မွာ ခံစစ္ညံ့တာ သူနဲ႔ မဆုိင္ဘူးဆုိတဲ့ ပုံစံမ်ဳိး ေတြ႕ျမင္ေနရၿပီး သူဟာ အေဝဖန္ခံခဲ့ရတဲ့ ပုံစံမ်ဳိးနဲ႔ တကယ္ပဲ တူေနခဲ့သလို ကြင္းထဲမွာ နည္းျပတစ္ေယာက္လို ျပဳမူေနခဲ့တယ္ဆုိတာကလည္း ေစာင့္ၾကည့္သူေတြအတြက္ လက္ခံယုံၾကည္ခ်င္စရာလည္း ျဖစ္ေနခဲ့ပါတယ္။

ပြဲခ်ိန္ ၃၃ မိနစ္မွာေတာ့ ကီတာရဲ႕ ကန္ခ်က္ကို တားဂက္ပိတ္ဆို႔လို႔ ျပန္ထြက္လာတဲ့ ေဘာလုံးကို ဆာလားက သူကန္ေနက်ပုံစံအတုိင္းပဲ ဘယ္ေျခနဲ႔ Volley အျပင္းကန္သြင္းခဲ့လုိ႔ ေခ်ပဂိုးတစ္ဂိုး ျပန္ရခဲ့ေပမယ့္ ဒါက သိပ္မထိေရာက္ခဲ့ဘဲ အဆုံးသတ္ေကာင္းေနတဲ့ ဗီလာကပဲ ထပ္ၿပီး ဦးေဆာင္ဂိုးေတြ ရသြားခဲ့တာပါ။

ခ်ဲလ္ဆီးက ေျပာင္းလာတဲ့ ဘာကလီက အသင္းနဲ႔ အလ်င္အျမန္ အသားက်ၿပီး ဂိုးသမား အက္ဒရီယန္ကို မၾကာခဏ ၿခိမ္းေျခာက္ေနခဲ့သလို ပြဲခ်ိန္ ၃၅ မိနစ္မွာေတာ့ သူ႕ေၾကာင့္ရတဲ့ ေထာင့္ကန္ေဘာကို သူကိုယ္တိုင္ ကန္တင္ေပးတာကေန ျပန္ထြက္လာတဲ့ ေဘာလုံးကို ကြင္းလယ္လူ မက္ဂင္းက အေဝးကေန ကန္သြင္းခဲ့ရာမွာ ဗန္ဒိုက္ရဲ႕ ေျခေထာက္နဲ႔ထိၿပီး လမ္းေၾကာင္းေျပာင္းဝင္သြားခဲ့လုိ႔ ဗီလာတုိ႔ စတုတၳဂိုးရခဲ့ပါတယ္။

ပြဲခ်ိန္ ၃၉ မိနစ္မွာေတာ့ ဖရီးကစ္ကို လူကၽြံေဘာဖမ္းတဲ့ လီဗာပူးလ္ခံစစ္ကို ဗီလာကစားသမား ေလးဦးအထိ ေက်ာ္ျဖတ္သြားခဲ့ၿပီး ေတာင္ပံက ေဘာလုံးရသြားတဲ့ ထေရဇီေဂးရဲ႕ ျဖတ္တင္ေဘာကို ဝပ္ကင္းစ္က ေခါင္းတုိက္သြင္းယူခဲ့ပါတယ္။ ဝပ္ကင္းစ္အတြက္ေတာ့ ဒါဟာ Perfect Hat Trick လို႔ ေခၚတဲ့ ဘယ္ေျခ၊ ညာေျခ၊ ေခါင္း သုံးမ်ဳိးစလုံးနဲ႔ သြင္းယူႏုိင္ခဲ့တာလည္းျဖစ္ၿပီး ပရီးမီးယားလိဂ္အဆင့္ တုိက္စစ္မွဴးလို႔ ျပသႏုိင္ခဲ့တာလည္းျဖစ္ပါတယ္။

ပထမပုိင္းမွာ ေလးဂိုး-တစ္ဂိုးနဲ႔ ဗီလာက ဦးေဆာင္ႏုိင္ခဲ့အၿပီး လီဗာပူးလ္တုိ႔ ဒုတိယပုိင္းမွာ တုံ႔ျပန္ႏုိင္ဖို႔ ႀကဳိးစားခဲ့ေပမယ့္ ေဘာလုံးပုိင္ဆုိင္မွဳ ၇၀ ရာခိုင္ႏွဳန္းရတာက လြဲရင္ ဘာမွ မလုပ္ႏုိင္ခဲ့ဘဲ အိမ္ရွင္ကစားသမား ဘာကလီကေတာ့ ကြင္းလယ္ကေန ေတာက္ေလွ်ာက္ ကန္သြင္းဖို႔ ႀကဳိးစားေနခဲ့ပါတယ္။

ပြဲခ်ိန္ ၅၅ မိနစ္မွာေတာ့ သူနဲ႔ ဂရီးလစ္ရွ္ အျပန္အလွန္ အေပးယူၿပီး ဂိုးဧရိယာအျပင္နားမွာ ရလာတဲ့ ေဘာလုံးကို ဘာကလီက ဘယ္ေထာင့္ကို ရည္ရြယ္ၿပီး ကန္သြင္းရာမွာ ဝင္တားတဲ့ အလက္ဇန္းဒါး-အာႏုိးလ္ဒ္ရဲ႕ ေျခေထာက္နဲ႔ထိၿပီး ညာေထာင့္ကို ေဘာလုံးက လမ္းေၾကာင္းေျပာင္းသြားခဲ့လုိ႔ အက္ဒရီယန္ေပၚကေန ေက်ာ္ၿပီး အိမ္ရွင္တုိ႔အတြက္ ပဥၥမဂိုးလည္းျဖစ္သြားခဲ့ပါတယ္။

ပြဲခ်ိန္ မိနစ္ ၆၀ မွာေတာ့ ဗီလာကစားသမား ထရီဇီေဂးရဲ႕ အမွားကေန လီဗာပူးလ္တုိ႔ ေဘာလုံးရသြားခဲ့ၿပီး ဖာမီႏိုက ဘယ္ျခမ္းမွာ အဆင္သင့္ ေနရာယူထားတဲ့ ဆာလားဆီ ေမွ်ာေပးရာကေန အီဂ်စ္တုိက္စစ္မွဴးက ဂိုးသမား မာတီနက္ဇ္ရဲ႕ လြတ္ေနတဲ့ ညာဘက္ထဲကို ကန္သြင္းၿပီး ႏွစ္သိမ့္ဂိုးအျဖစ္ အဆုံးသတ္ခဲ့ပါတယ္။

ဗီလာတုိ႔ရဲ႕ ဂိုးသြင္းအားကေတာ့ မရပ္တန္႔ေသးဘဲ ပြဲခ်ိန္ ၆၆ မိနစ္မွာ ဆ႒မေျမာက္ ဦးေဆာင္ဂိုးကို ထပ္မံရယူႏုိင္ခဲ့ၿပီး ဖာမီႏိုဆီက ေဘာလုံး လုယူသြားခဲ့တဲ့ ဝပ္ကင္းစ္က ဘယ္ျခမ္းက ဂရီးလစ္ရွ္ကို ထိုးေပးတာကို ပင္နယ္တီဧရိယာထဲအထိ ဆြဲဝင္လာခဲ့တဲ့ ဗီလာအသင္းေခါင္းေဆာင္က ကန္သြင္းခဲ့ရာမွာ ဖာဘင္ညဳိနဲ႔ထိၿပီး လမ္းေၾကာင္းေျပာင္းဝင္သြားခဲ့လုိ႔ ဒီေန႔ပြဲမွာ တတိယအႀကိမ္ လမ္းေၾကာင္းေျပာင္းမွဳနဲ႔ ဗီလာတို႔ ထပ္ၿပီး ဦးေဆာင္ခဲ့တာပါ။

ဒီေန႔ပြဲမွာ ေဘာလုံးပုိင္ဆုိင္မွဳ ၃၀ ရာခိုင္ႏွဳန္းသာ ရခဲ့ေပမယ့္ ဂိုးကန္သြင္းမွဳ ၁၈ ႀကိမ္မွာ ၁၁ ႀကိမ္ ဂိုးေပါက္တည့္ခဲ့တဲ့ ဗီလာကေတာ့ ရတာနဲ႔ ဂိုးသြင္းဖို႔ပဲ လုပ္ေဆာင္ေနခဲ့ၿပီး ပြဲခ်ိန္ ၇၅ မိနစ္မွာေတာ့ ကြင္းလယ္အထိ Pressing လုပ္ေနခဲ့တဲ့ လီဗာပူးလ္ရဲ႕ လူကၽြံေထာင္ေခ်ာက္ကို ဂရီးလစ္ရွ္ကပဲ ျဖတ္ေက်ာ္သြားခဲ့ၿပီး ဂိုးသမား အက္ဒရီယန္နဲ႔ တစ္ဦးခ်င္းအေတြ႕မွာ ပြဲသိမ္းဂိုးကို သြင္းယူသြားႏုိင္ခဲ့ပါတယ္။

ဗီလာပါ့ခ္မွာ ဒီလိုရလဒ္မ်ဳိး ထြက္ေပၚမယ္လို႔ မထင္ခဲ့တဲ့ ခုနစ္ဂိုး-ႏွစ္ဂိုးဆုိတဲ့ ပြဲရလဒ္အတြက္ေတာ့ အားလုံးပဲ အံ့အားသင့္ခဲ့ရေပမယ့္ အိမ္ရွင္ အက္စ္တန္ဗီလာတုိ႔အတြက္ေတာ့ တကယ့္ျမင့္ျမင့္မားမား တုိးတက္လာမွဳလုိ႔ ဆုိရမွာျဖစ္သလို အသင္းနဲ႔အတူ ေျခစြမ္းျပခဲ့ၾကတဲ့ ဘာကလီ၊ ဝပ္ကင္းစ္နဲ႔ တျခားကစားသမားေတြအတြက္လည္း အဂၤလန္လက္ေရြးစင္အျဖစ္ ပုံမွန္ေရြးခ်ယ္ခံႏုိင္ဖို႔ အခြင့္အေရးရွိလာခဲ့ၿပီျဖစ္ေၾကာင္းလည္း သုံးသပ္လိုက္ရပါတယ္။

REF: DAILY MAIL
PHOTOS CREDIT TO OWNERS
SPORTS A2Z.

UNICODE: ပရီးမီးယားလိဂ်ရဲ့ ပွဲစဉ် ၂ မှာမှ သူတို့ရဲ့ ရာသီကို စတင်ခဲ့ပြီး အဖွင့်ပွဲနှစ်ပွဲကို ဆက်တိုက်အနိုင်ရထားတဲ့ ဗီလာတို့ကတော့ သုံးပွဲမြောက်အဖြစ် ကစားခဲ့ရာမှာ ရာနှုန်းပြည့်အနိုင်ချင်း ဆုံတွေ့နေတဲ့ ဧည့်သည် လီဗာပူးလ်အသင်းအပေါ် မထင်မှတ်တဲ့ ရလဒ်နဲ့ ဂိုးမြူးခဲ့ပြီး ငါးဂိုးအသာနဲ့ အနိုင်ရယူသွားနိုင်ခဲ့ပါတယ်။

ဒင်းန် စမစ်ရဲ့ အသင်းဟာ အင်္ဂလန်သားအများစုနဲ့ စုဖွဲ့ထားပြီး ဟိုအရင် မာတင် အိုနီးလ်ရဲ့ အသင်းလိုမျိုး မာကျောမှုနဲ့ စိတ်ဓာတ်ကြံ့ခိုင်မှုကို မြင်တွေ့နေရပြီဖြစ်ပြီး ချန်ပီယံလီဗာပူးလ်ကို ဘောလုံးပိုင်ဆိုင်မှုကလွဲလို့ ကောင်းကောင်းယှဉ်ကစားနိုင်ခဲ့သလို ပွဲချိန် ၄ မိနစ်မှာ ဂိုးသမား အက်ဒရီယန် အမှားကနေ ဘောလုံးရသွားခဲ့တဲ့ ဂရီးလစ်ရှ်က ချိုးပေးတာကို ပေါင် ၂၈ သန်းတန် တိုက်စစ်မှူး ဝပ်ကင်းစ်က ဘယ်ခြေနဲ့ ချိုးကန်ပြီး ဦးဆောင်နိုင်ခဲ့ပါတယ်။

ပွဲချိန် ၂၂ မိနစ်မှာတော့ လီဗာပူးလ်ရဲ့ လူကျွံထောင်ချောက်ကို တောင်ပံကနေ ဖောက်ထွက်ခဲ့တဲ့ ဝပ်ကင်းစ်ရဲ့ ပြေးလမ်းထဲကို ဂရီးလစ်ရှ်ကပဲ ကွက်တိထည့်ပေးခဲ့တာကို ဘရန့်ဖို့ဒ်တိုက်စစ်မှူးဟောင်းက ဂျိုးဂိုမက်ဇ်ကို ခေါက်ပြီး ဗန်ဒိုက်ရှေ့ကနေ ဖြတ်ကန်သွင်းခဲ့ရာမှာ ဂိုးသမား အက်ဒရီယန် ဘယ်လိုမှ မကာကွယ်နိုင်ခဲ့ဘဲ ဒုတိယဂိုး ရခဲ့ပါတယ်။

ဒီနေ့ပွဲမှာ မြင်တွေ့ရတဲ့ လီဗာပူးလ်နောက်ခံလူ ဗာဂျီးလ် ဗန်ဒိုက်ရဲ့ Body Language မှာ ခံစစ်ညံ့တာ သူနဲ့ မဆိုင်ဘူးဆိုတဲ့ ပုံစံမျိုး တွေ့မြင်နေရပြီး သူဟာ အဝေဖန်ခံခဲ့ရတဲ့ ပုံစံမျိုးနဲ့ တကယ်ပဲ တူနေခဲ့သလို ကွင်းထဲမှာ နည်းပြတစ်ယောက်လို ပြုမူနေခဲ့တယ်ဆိုတာကလည်း စောင့်ကြည့်သူတွေအတွက် လက်ခံယုံကြည်ချင်စရာလည်း ဖြစ်နေခဲ့ပါတယ်။

ပွဲချိန် ၃၃ မိနစ်မှာတော့ ကီတာရဲ့ ကန်ချက်ကို တားဂက်ပိတ်ဆို့လို့ ပြန်ထွက်လာတဲ့ ဘောလုံးကို ဆာလားက သူကန်နေကျပုံစံအတိုင်းပဲ ဘယ်ခြေနဲ့ Volley အပြင်းကန်သွင်းခဲ့လို့ ချေပဂိုးတစ်ဂိုး ပြန်ရခဲ့ပေမယ့် ဒါက သိပ်မထိရောက်ခဲ့ဘဲ အဆုံးသတ်ကောင်းနေတဲ့ ဗီလာကပဲ ထပ်ပြီး ဦးဆောင်ဂိုးတွေ ရသွားခဲ့တာပါ။

ချဲလ်ဆီးက ပြောင်းလာတဲ့ ဘာကလီက အသင်းနဲ့ အလျင်အမြန် အသားကျပြီး ဂိုးသမား အက်ဒရီယန်ကို မကြာခဏ ခြိမ်းခြောက်နေခဲ့သလို ပွဲချိန် ၃၅ မိနစ်မှာတော့ သူ့ကြောင့်ရတဲ့ ထောင့်ကန်ဘောကို သူကိုယ်တိုင် ကန်တင်ပေးတာကနေ ပြန်ထွက်လာတဲ့ ဘောလုံးကို ကွင်းလယ်လူ မက်ဂင်းက အဝေးကနေ ကန်သွင်းခဲ့ရာမှာ ဗန်ဒိုက်ရဲ့ ခြေထောက်နဲ့ထိပြီး လမ်းကြောင်းပြောင်းဝင်သွားခဲ့လို့ ဗီလာတို့ စတုတ္ထဂိုးရခဲ့ပါတယ်။

ပွဲချိန် ၃၉ မိနစ်မှာတော့ ဖရီးကစ်ကို လူကျွံဘောဖမ်းတဲ့ လီဗာပူးလ်ခံစစ်ကို ဗီလာကစားသမား လေးဦးအထိ ကျော်ဖြတ်သွားခဲ့ပြီး တောင်ပံက ဘောလုံးရသွားတဲ့ ထရေဇီဂေးရဲ့ ဖြတ်တင်ဘောကို ဝပ်ကင်းစ်က ခေါင်းတိုက်သွင်းယူခဲ့ပါတယ်။ ဝပ်ကင်းစ်အတွက်တော့ ဒါဟာ Perfect Hat Trick လို့ ခေါ်တဲ့ ဘယ်ခြေ၊ ညာခြေ၊ ခေါင်း သုံးမျိုးစလုံးနဲ့ သွင်းယူနိုင်ခဲ့တာလည်းဖြစ်ပြီး ပရီးမီးယားလိဂ်အဆင့် တိုက်စစ်မှူးလို့ ပြသနိုင်ခဲ့တာလည်းဖြစ်ပါတယ်။

ပထမပိုင်းမှာ လေးဂိုး-တစ်ဂိုးနဲ့ ဗီလာက ဦးဆောင်နိုင်ခဲ့အပြီး လီဗာပူးလ်တို့ ဒုတိယပိုင်းမှာ တုံ့ပြန်နိုင်ဖို့ ကြိုးစားခဲ့ပေမယ့် ဘောလုံးပိုင်ဆိုင်မှု ၇၀ ရာခိုင်နှုန်းရတာက လွဲရင် ဘာမှ မလုပ်နိုင်ခဲ့ဘဲ အိမ်ရှင်ကစားသမား ဘာကလီကတော့ ကွင်းလယ်ကနေ တောက်လျှောက် ကန်သွင်းဖို့ ကြိုးစားနေခဲ့ပါတယ်။

ပွဲချိန် ၅၅ မိနစ်မှာတော့ သူနဲ့ ဂရီးလစ်ရှ် အပြန်အလှန် အပေးယူပြီး ဂိုးဧရိယာအပြင်နားမှာ ရလာတဲ့ ဘောလုံးကို ဘာကလီက ဘယ်ထောင့်ကို ရည်ရွယ်ပြီး ကန်သွင်းရာမှာ ဝင်တားတဲ့ အလက်ဇန်းဒါး-အာနိုးလ်ဒ်ရဲ့ ခြေထောက်နဲ့ထိပြီး ညာထောင့်ကို ဘောလုံးက လမ်းကြောင်းပြောင်းသွားခဲ့လို့ အက်ဒရီယန်ပေါ်ကနေ ကျော်ပြီး အိမ်ရှင်တို့အတွက် ပဉ္စမဂိုးလည်းဖြစ်သွားခဲ့ပါတယ်။

ပွဲချိန် မိနစ် ၆၀ မှာတော့ ဗီလာကစားသမား ထရီဇီဂေးရဲ့ အမှားကနေ လီဗာပူးလ်တို့ ဘောလုံးရသွားခဲ့ပြီး ဖာမီနိုက ဘယ်ခြမ်းမှာ အဆင်သင့် နေရာယူထားတဲ့ ဆာလားဆီ မျှောပေးရာကနေ အီဂျစ်တိုက်စစ်မှူးက ဂိုးသမား မာတီနက်ဇ်ရဲ့ လွတ်နေတဲ့ ညာဘက်ထဲကို ကန်သွင်းပြီး နှစ်သိမ့်ဂိုးအဖြစ် အဆုံးသတ်ခဲ့ပါတယ်။

ဗီလာတို့ရဲ့ ဂိုးသွင်းအားကတော့ မရပ်တန့်သေးဘဲ ပွဲချိန် ၆၆ မိနစ်မှာ ဆဋ္ဌမမြောက် ဦးဆောင်ဂိုးကို ထပ်မံရယူနိုင်ခဲ့ပြီး ဖာမီနိုဆီက ဘောလုံး လုယူသွားခဲ့တဲ့ ဝပ်ကင်းစ်က ဘယ်ခြမ်းက ဂရီးလစ်ရှ်ကို ထိုးပေးတာကို ပင်နယ်တီဧရိယာထဲအထိ ဆွဲဝင်လာခဲ့တဲ့ ဗီလာအသင်းခေါင်းဆောင်က ကန်သွင်းခဲ့ရာမှာ ဖာဘင်ညိုနဲ့ထိပြီး လမ်းကြောင်းပြောင်းဝင်သွားခဲ့လို့ ဒီနေ့ပွဲမှာ တတိယအကြိမ် လမ်းကြောင်းပြောင်းမှုနဲ့ ဗီလာတို့ ထပ်ပြီး ဦးဆောင်ခဲ့တာပါ။

ဒီနေ့ပွဲမှာ ဘောလုံးပိုင်ဆိုင်မှု ၃၀ ရာခိုင်နှုန်းသာ ရခဲ့ပေမယ့် ဂိုးကန်သွင်းမှု ၁၈ ကြိမ်မှာ ၁၁ ကြိမ် ဂိုးပေါက်တည့်ခဲ့တဲ့ ဗီလာကတော့ ရတာနဲ့ ဂိုးသွင်းဖို့ပဲ လုပ်ဆောင်နေခဲ့ပြီး ပွဲချိန် ၇၅ မိနစ်မှာတော့ ကွင်းလယ်အထိ Pressing လုပ်နေခဲ့တဲ့ လီဗာပူးလ်ရဲ့ လူကျွံထောင်ချောက်ကို ဂရီးလစ်ရှ်ကပဲ ဖြတ်ကျော်သွားခဲ့ပြီး ဂိုးသမား အက်ဒရီယန်နဲ့ တစ်ဦးချင်းအတွေ့မှာ ပွဲသိမ်းဂိုးကို သွင်းယူသွားနိုင်ခဲ့ပါတယ်။

ဗီလာပါ့ခ်မှာ ဒီလိုရလဒ်မျိုး ထွက်ပေါ်မယ်လို့ မထင်ခဲ့တဲ့ ခုနစ်ဂိုး-နှစ်ဂိုးဆိုတဲ့ ပွဲရလဒ်အတွက်တော့ အားလုံးပဲ အံ့အားသင့်ခဲ့ရပေမယ့် အိမ်ရှင် အက်စ်တန်ဗီလာတို့အတွက်တော့ တကယ့်မြင့်မြင့်မားမား တိုးတက်လာမှုလို့ ဆိုရမှာဖြစ်သလို အသင်းနဲ့အတူ ခြေစွမ်းပြခဲ့ကြတဲ့ ဘာကလီ၊ ဝပ်ကင်းစ်နဲ့ တခြားကစားသမားတွေအတွက်လည်း အင်္ဂလန်လက်ရွေးစင်အဖြစ် ပုံမှန်ရွေးချယ်ခံနိုင်ဖို့ အခွင့်အရေးရှိလာခဲ့ပြီဖြစ်ကြောင်းလည်း သုံးသပ်လိုက်ရပါတယ်။

REF: DAILY MAIL
PHOTOS CREDIT TO OWNERS
SPORTS A2Z.