La Liga UCL&UEL

ရီးရဲလ်နဲ့ ချဲလ်ဆီးကစားသမားတွေကို ပွဲကစားချိန်အတွင်း တစ်ကွက်ပြခဲ့တဲ့ အန်ချယ်လော့တီ

ရီးရဲလ်မက်ဒရစ်နည်းပြ အန်ချယ်လော့တီဟာ ချဲလ်ဆီးအသင်းကို အနိုင်ရရှိခဲ့တဲ့ ချန်ပီယံလိဂ်ကွာတားဖိုင်နယ်ပွဲစဉ်အတွင်း အံ့မခန်းကောင်းမွန်တဲ့ ဘောလုံးထိန်းသိမ်းပုံအချို့ကို ပြုလုပ်ပြနိုင်ဆဲဆိုတာကို ပြသခဲ့ပါတယ်။

အသက် ၆၄ နှစ်ဟာ ဗုဒ္ဓဟူးနေ့ညက ဘာနေဗျူးကွင်းဘေးစည်းမှာ လှည့်လည်သွားလာနေခဲ့တာဖြစ်ပြီး ရီးရဲလ်မက်ဒရစ်အသင်းဟာ ပွဲကစားချိန်အများစုမှာ ချဲလ်ဆီးအသင်းကို လွှမ်းမိုးထားနိုင်ခဲ့တာ ဖြစ်ပါတယ်။

ယခုရာသီ ကလပ်အသင်းနဲ့ နိင်ငံအသင်းအတွက် ၃၆ ပွဲမှာ ၂၇ ဂိုးသွင်းယူထားနိုင်ခဲ့တဲ့ ကာရင် ဘန်ဇီးမားဟာ ရီးရဲလ်မက်ဒရစ်အသင်းအတွက် အနီးကပ် တစ်ချက်ထိ ပိတ်သွင်းယူသွားခဲ့တာ ဖြစ်ပြီး ဘန် ချေးဝဲလ် ထုတ်ပယ်ခံရပြီးနောက် ဒုတိယပိုင်းလူစားဝင်ကစားခဲ့တဲ့ မာကို အဆန်စီယိုက ဒုတိယမြောက် ဦးဆောင်ဂိုးကို သွင်းယူသွားခဲ့တာဖြစ်ပါတယ်။

ဗုဒ္ဓဟူးနေ့ညပွဲစဉ်က ကစားပုံအပြင် အကြီးမားဆုံး ပြောစရာဖြစ်ခဲ့တဲ့အချက်တွေထဲက တင်္စခုကတော့ ပွဲကစားချိန်နှောင်းပိုင်းက ကာလို အန်ချယ်လော့တီရဲ့ ဘောလုံးထိန်းသိမ်းပုံဖြစ်ပြီး အီတလီလူမျိုးနည်းပြကြီးဟာ အလွန်လျင်မြန်တဲ့ အရှိန်နဲ့ လာနေတဲ့ ဘောလုံးကို ညာခြေနဲ့ ထိန်းသိမ်းပြီး ဘယ်ခြေနဲ့ အရှိန်လျှော့ချခဲ့တာဖြစ်ပါတယ်။

ပြီးတဲ့နောက်မှာ ပေါင်နဲ့ တစ်ချက်ထိန်းပြီးနောက်မှာ ရီးရဲလ်မက်ဒရစ်ကစားသမား ဒါနီ ဆီဘာယော့စ်ဆီကို ပေးပို့ခဲ့တာဖြစ်ပြီး ပရိသတ်တွေဟာ အဲဒီဖြစ်စဉ်နဲ့ပတ်သက်ပြီး အံ့ဩတကြီးနဲ့ ချီးကျူးခဲ့ကြတာဖြစ်ပါတယ်။

“အန်ချယ်လော့တီက အန်ဇို ဖာနန်ဒက်ဇ်ထက်တောင် ဘောလုံးအထိန်းအသိမ်းပိုကောင်းတယ်။ ကျွန်တော် လုံလုံလောက်လောက် မြင်ခဲ့ရပြီးပြီ။ သူ့ကိုပဲ ခေါ်လိုက်ပါတော့”လို့ ချဲလ်ဆီးပရိသတ်တစ်ဦးဖြစ်ပုံပေါ်တဲ့ တွစ်တာအသုံးပြုသူတစ်ဦးက ပြောကြားခဲ့ပြီး နောက်ထပ်ပရိသတ်တစ်ဦးကလည်း “အန်ချယ်လော့တီက ဒီည ချဲလ်ဆီးကစားသမားအများစုထက် ဘောလုံးအထိန်းအသိမ်းပိုကောင်းနေတယ်”လို့ မှတ်ချက်ပေးခဲ့ပါတယ်။

REF: INTERNET SOURCES
PHOTOS CREDIT TO OWNERS
SPORTS A2Z.

ZAWGYI: ရီးရဲလ္မက္ဒရစ္နည္းျပ အန္ခ်ယ္ေလာ့တီဟာ ခ်ဲလ္ဆီးအသင္းကို အႏိုင္ရရွိခဲ့တဲ့ ခ်န္ပီယံလိဂ္ကြာတားဖိုင္နယ္ပြဲစဥ္အတြင္း အံ့မခန္းေကာင္းမြန္တဲ့ ေဘာလုံးထိန္းသိမ္းပုံအခ်ိဳ႕ကို ျပဳလုပ္ျပႏိုင္ဆဲဆိုတာကို ျပသခဲ့ပါတယ္။

အသက္ ၆၄ ႏွစ္ဟာ ဗုဒၶဟူးေန႔ညက ဘာေနဗ်ဴးကြင္းေဘးစည္းမွာ လွည့္လည္သြားလာေနခဲ့တာျဖစ္ၿပီး ရီးရဲလ္မက္ဒရစ္အသင္းဟာ ပြဲကစားခ်ိန္အမ်ားစုမွာ ခ်ဲလ္ဆီးအသင္းကို လႊမ္းမိုးထားႏိုင္ခဲ့တာ ျဖစ္ပါတယ္။

ယခုရာသီ ကလပ္အသင္းနဲ႔ နိင္ငံအသင္းအတြက္ ၃၆ ပြဲမွာ ၂၇ ဂိုးသြင္းယူထားႏိုင္ခဲ့တဲ့ ကာရင္ ဘန္ဇီးမားဟာ ရီးရဲလ္မက္ဒရစ္အသင္းအတြက္ အနီးကပ္ တစ္ခ်က္ထိ ပိတ္သြင္းယူသြားခဲ့တာ ျဖစ္ၿပီး ဘန္ ေခ်းဝဲလ္ ထုတ္ပယ္ခံရၿပီးေနာက္ ဒုတိယပိုင္းလူစားဝင္ကစားခဲ့တဲ့ မာကို အဆန္စီယိုက ဒုတိယေျမာက္ ဦးေဆာင္ဂိုးကို သြင္းယူသြားခဲ့တာျဖစ္ပါတယ္။

ဗုဒၶဟူးေန႔ညပြဲစဥ္က ကစားပုံအျပင္ အႀကီးမားဆုံး ေျပာစရာျဖစ္ခဲ့တဲ့အခ်က္ေတြထဲက တစၤခုကေတာ့ ပြဲကစားခ်ိန္ေႏွာင္းပိုင္းက ကာလို အန္ခ်ယ္ေလာ့တီရဲ႕ ေဘာလုံးထိန္းသိမ္းပုံျဖစ္ၿပီး အီတလီလူမ်ိဳးနည္းျပႀကီးဟာ အလြန္လ်င္ျမန္တဲ့ အရွိန္နဲ႔ လာေနတဲ့ ေဘာလုံးကို ညာေျခနဲ႔ ထိန္းသိမ္းၿပီး ဘယ္ေျခနဲ႔ အရွိန္ေလွ်ာ့ခ်ခဲ့တာျဖစ္ပါတယ္။

ၿပီးတဲ့ေနာက္မွာ ေပါင္နဲ႔ တစ္ခ်က္ထိန္းၿပီးေနာက္မွာ ရီးရဲလ္မက္ဒရစ္ကစားသမား ဒါနီ ဆီဘာေယာ့စ္ဆီကို ေပးပို႔ခဲ့တာျဖစ္ၿပီး ပရိသတ္ေတြဟာ အဲဒီျဖစ္စဥ္နဲ႔ပတ္သက္ၿပီး အံ့ဩတႀကီးနဲ႔ ခ်ီးက်ဴးခဲ့ၾကတာျဖစ္ပါတယ္။

“အန္ခ်ယ္ေလာ့တီက အန္ဇို ဖာနန္ဒက္ဇ္ထက္ေတာင္ ေဘာလုံးအထိန္းအသိမ္းပိုေကာင္းတယ္။ ကြၽန္ေတာ္ လုံလုံေလာက္ေလာက္ ျမင္ခဲ့ရၿပီးၿပီ။ သူ႔ကိုပဲ ေခၚလိုက္ပါေတာ့”လို႔ ခ်ဲလ္ဆီးပရိသတ္တစ္ဦးျဖစ္ပုံေပၚတဲ့ တြစ္တာအသုံးျပဳသူတစ္ဦးက ေျပာၾကားခဲ့ၿပီး ေနာက္ထပ္ပရိသတ္တစ္ဦးကလည္း “အန္ခ်ယ္ေလာ့တီက ဒီည ခ်ဲလ္ဆီးကစားသမားအမ်ားစုထက္ ေဘာလုံးအထိန္းအသိမ္းပိုေကာင္းေနတယ္”လို႔ မွတ္ခ်က္ေပးခဲ့ပါတယ္။

REF: INTERNET SOURCES
PHOTOS CREDIT TO OWNERS
SPORTS A2Z.