Premier League

ထိပ်ဆုံး ၄ နေရာဟောကိန်းကို ပြောင်းလဲလိုက်တဲ့ ဂယ်ရီ နဗီး

မန်ချက်စတာယူနိုက်တက်ဂန္တဝင် ဂယ်ရီ နဗီးက ၎င်းရဲ့ ပရီးမီးယားလိဂ်ထိပ်ဆုံး ၄ နေရာ ဟောကိန်းကို ပြောင်းလဲခဲ့ပါတယ်။

အာဆင်နယ်နဲ့ မန်ချက်စတာစီးတီးတို့ဟာ ပရီးမီးယားလိဂ်ဖလားအတွက် တိုက်ပွဲဝင်နေကြတာဖြစ်ပြီး အခြားအသင်းအများအပြားကလည်း ကျန်ရှိနေသေးတဲ့ ချန်ပီယံလိဂ်ဝင်ခွင့်နေရာကို ရယူနိုင်ဖို့ မျှော်လင့်နေကြတာဖြစ်ပါတယ်။ နယူးကာဆယ်လ် ယူနိုက်တက်ဟာ လက်ရှိမှာ ၅ ပွဲဆက်တိုက် နိင်ပွဲ ရရှိခဲ့ပြီးနောက် အမှတ်ပေးဇယား အဆင့် ၃ နေရာမှာ ရပ်တည်နေတာဖြစ်ပြီး မန်ချက်စတာယူနိုက်တက်အသင်းကလည်း ဘရန့်တ်ဖို့ဒ်နဲ့ အဲဗာတန်တို့ကို ဆက်တိုက် အနိုင်ရရှိခဲ့ပြီးနောက် အဆင့် ၄ နေရာမှာ ရပ်တည်နေတာဖြစ်ပါတယ်။

တော့တင်ဟမ်ဟော့စပါးအသင်းက နယူးကာဆယ်လ်၊ မန်ချက်စတာယူနိုက်တက်တို့နောက်မှာ ၃ မှတ်အကွာ အဆင့် ၅ နေရာမှာ ရပ်တည်နေပြီး အက်စတန် ဗီလာအသင်းက နည်းပြ အမ်မရီလက်အောက်မှာ အံ့အားသင့်ဖွယ် အဆင့် ၆ နေရာအထိ တက်လှမ်းလာနိုင်ခဲ့တာဖြစ်ပါတယ်။ ဘရိုက်တန်နဲ့ လီဗာပူးလ်အသင်းတို့ကတော့ အဆင့် ၇နဲ့ ၈ နေရာတွေမှာ အသီးသီး ရပ်တည်နေကြပြီး ၂၀၂၂-၂၀၂၃ ရာသီ နောက်ဆုံးအချိန်အထိ ထိပ်ဆုံး ၄ နေရာ မျှော်လင့်ချက် ထားရှိနေဆဲဖြစ်ပါတယ်။

ဂယ်ရီ နဗီးက ပြီးခဲ့တဲ့လမှာ နယူးကာဆယ်လ်အနေနဲ့ ချန်ပီယံလိဂ်ဝင်ခွင့်နဲ့ လွဲချော်လိမ့်မယ်လို့ ဟောကိန်းထုတ်ခဲ့ပေမယ့်လည်း လက်ရှိမှာတော့ အက်ဒီ ဟောင်းရဲ့အသင်းအပေါ် ရပ်တည်ချက်ကို ပြောင်းလဲခဲ့ပြီဖြစ်ပြီး မန်ချက်စတာယူနိုက်တက်၊ မန်ချက်စတာစီးတီး၊ အာဆင်နယ်တို့နဲ့အတူ လာမယ့်ရာသီ ဥရောပဝင်ခွင့် ရရှိသွားလိမ့်မယ်လို့ ထင်မြင်နေတာဖြစ်ပါတယ်။

“နယူးကာဆယ်လ်အတွက် ကောင်းလိုက်တဲ့ရက်သတ္တပတ်။ မန်ချက်စတာယူနိုက်တက်၊ ဝက်စ်ဟမ်း၊ ဘရန့်တ်ဖို့ဒ်တို့ကို အနိုင်ယူပြီး ၉ မှတ် ရယူဖို့ ခက်ခဲတဲ့ရက်သတ္တပတ်ဖြစ်ခဲ့ပြီး အရမ်းကောင်းမွန်တဲ့ စွမ်းဆောင်ရည်ပါ။ ကျွန်တော် သူတို့ကို လွန်ခဲ့တဲ့ ၃ ပတ်လောက်က ထိပ်ဆုံး ၄ နေရာထဲ မထည့်ခဲ့ဘဲ မန်ချက်စတာယူနိုက်တက်နဲ့ပွဲအပြီးမှာတောင်မှပဲ သူတို့တွေ အခု ခက်ခဲတဲ့ ဝက်စ်ဟမ်း၊ ဘရန့်တ်ဖို့ဒ်နဲ့ အက်စတန် ဗီလာတို့နဲ့ အဝေးကွင်းပွဲတွေ ကစားရပြီလို့ တွေးခဲ့မိပါတယ်။ ခင်ဗျား အဲဒီပွဲတွေမှာ ရမှတ် လျော့ကျနိင်ပြီး အဲဒါက စပါးစ်နဲ့ လီဗာပူးလ်တို့ကို အခွင့်အရေးပေးမိပါလိမ့်မယ်။ ဒါပေမယ့် အခု သူတို့ကို ကြည့်လိုက်ပါ။ မန်ချက်စတာယူနိုက်တက်နဲ့ပွဲမှာ သူတို့ကို အနီးကပ်ကြည့်လိုက်တော့ သူတို့တွေက လုံးဝကို ကောင်းမွန်ခဲ့တယ်လို့ ထင်ခဲ့မိပါတယ်။ သူတို့တွေ အခု ထိပ်ဆုံး ၄ နေရာထဲမှာ ရာသီပြီးဆုံးလိမ့်မယ်လို့ ကျွန်တော် ထင်ပါတယ်။ ဘာလို့လဲဆိုတော့ သူတို့ရဲ့ ယုံကြည်ချက်က အရမ်းမြင့်မားနေမှာမို့လို့ပါ”

“မန်ချက်စတာယူနိုက်တက်က နယူးကာဆယ်နဲ့ပွဲမှာ တကယ်ကို ဆိုးရွားခဲ့တယ်လို့ ကျွန်တော် ထင်ခဲ့မိတယ်။ ဒါပေမယ့် အဲရစ် တန်ဟက်လက်အောက် ဒီအသင်းနဲ့ပတ်သက်ပြီး ကျွန်တော်မြင်ခဲ့တာက သူတို့တွေ တုံ့ပြန်လိမ့်မယ်။ သူတို့တွေ ပြန်လာလိမ့်မယ်ဆိုတာပါ။ သူတို့တွေ အဲဗာတန်နဲ့ပွဲမှာ လွှမ်းမိုးနိုင်ခဲ့ပေမယ့် ဘရန့်တ်ဖို့ဒ်ကို အနိုင်ယူဖို့က တကယ်ကို အရေးပါခဲ့တယ်။ အဲဒီအပတ်ကနေ ၆ မှတ်ရခဲ့တာက အခုတော့ အရမ်းဆိုးတဲ့ပုံမပေါ်တော့ပါဘူး။ သူတို့တွေ တုံ့ပြန်ပြီး ပြန်လာခဲ့တာက ချန်ပီယံလိဂ်ဝင်ခွင့်နေရာတွေမှာ သူတို့တွေ ရာသီပြီးဆုံးမယ်ဆိုတဲ့ အဓိပ္ပာယ်ပါ။ စပါးစ်ကတော့ ဘရိုက်တန်နဲ့ပွဲမှာ တော်တော်လေး ကံကောင်းခဲ့တာပါ။ ဒါပေမယ့် အဲဒါက သူတို့ကို အခွင့်အရေး ပေးခဲ့ပြီး သူတို့လည်း ထိပ်ဆုံး ၄ နေရာပြိုင်ပွဲထဲမှာ ရှိနေဆဲပါ”လို့ ပြောကြားခဲ့ပါတယ်။

REF: INTERNET SOURCES
PHOTOS CREDIT TO OWNERS
SPORTS A2Z.

ZAWGYI: မန္ခ်က္စတာယူႏိုက္တက္ဂႏၲဝင္ ဂယ္ရီ နဗီးက ၎ရဲ႕ ပရီးမီးယားလိဂ္ထိပ္ဆုံး ၄ ေနရာ ေဟာကိန္းကို ေျပာင္းလဲခဲ့ပါတယ္။

အာဆင္နယ္နဲ႔ မန္ခ်က္စတာစီးတီးတို႔ဟာ ပရီးမီးယားလိဂ္ဖလားအတြက္ တိုက္ပြဲဝင္ေနၾကတာျဖစ္ၿပီး အျခားအသင္းအမ်ားအျပားကလည္း က်န္ရွိေနေသးတဲ့ ခ်န္ပီယံလိဂ္ဝင္ခြင့္ေနရာကို ရယူႏိုင္ဖို႔ ေမွ်ာ္လင့္ေနၾကတာျဖစ္ပါတယ္။ နယူးကာဆယ္လ္ ယူႏိုက္တက္ဟာ လက္ရွိမွာ ၅ ပြဲဆက္တိုက္ နိင္ပြဲ ရရွိခဲ့ၿပီးေနာက္ အမွတ္ေပးဇယား အဆင့္ ၃ ေနရာမွာ ရပ္တည္ေနတာျဖစ္ၿပီး မန္ခ်က္စတာယူႏိုက္တက္အသင္းကလည္း ဘရန႔္တ္ဖို႔ဒ္နဲ႔ အဲဗာတန္တို႔ကို ဆက္တိုက္ အႏိုင္ရရွိခဲ့ၿပီးေနာက္ အဆင့္ ၄ ေနရာမွာ ရပ္တည္ေနတာျဖစ္ပါတယ္။

ေတာ့တင္ဟမ္ေဟာ့စပါးအသင္းက နယူးကာဆယ္လ္၊ မန္ခ်က္စတာယူႏိုက္တက္တို႔ေနာက္မွာ ၃ မွတ္အကြာ အဆင့္ ၅ ေနရာမွာ ရပ္တည္ေနၿပီး အက္စတန္ ဗီလာအသင္းက နည္းျပ အမ္မရီလက္ေအာက္မွာ အံ့အားသင့္ဖြယ္ အဆင့္ ၆ ေနရာအထိ တက္လွမ္းလာႏိုင္ခဲ့တာျဖစ္ပါတယ္။ ဘ႐ိုက္တန္နဲ႔ လီဗာပူးလ္အသင္းတို႔ကေတာ့ အဆင့္ ၇နဲ႔ ၈ ေနရာေတြမွာ အသီးသီး ရပ္တည္ေနၾကၿပီး ၂၀၂၂-၂၀၂၃ ရာသီ ေနာက္ဆုံးအခ်ိန္အထိ ထိပ္ဆုံး ၄ ေနရာ ေမွ်ာ္လင့္ခ်က္ ထားရွိေနဆဲျဖစ္ပါတယ္။

ဂယ္ရီ နဗီးက ၿပီးခဲ့တဲ့လမွာ နယူးကာဆယ္လ္အေနနဲ႔ ခ်န္ပီယံလိဂ္ဝင္ခြင့္နဲ႔ လြဲေခ်ာ္လိမ့္မယ္လို႔ ေဟာကိန္းထုတ္ခဲ့ေပမယ့္လည္း လက္ရွိမွာေတာ့ အက္ဒီ ေဟာင္းရဲ႕အသင္းအေပၚ ရပ္တည္ခ်က္ကို ေျပာင္းလဲခဲ့ၿပီျဖစ္ၿပီး မန္ခ်က္စတာယူႏိုက္တက္၊ မန္ခ်က္စတာစီးတီး၊ အာဆင္နယ္တို႔နဲ႔အတူ လာမယ့္ရာသီ ဥေရာပဝင္ခြင့္ ရရွိသြားလိမ့္မယ္လို႔ ထင္ျမင္ေနတာျဖစ္ပါတယ္။

“နယူးကာဆယ္လ္အတြက္ ေကာင္းလိုက္တဲ့ရက္သတၱပတ္။ မန္ခ်က္စတာယူႏိုက္တက္၊ ဝက္စ္ဟမ္း၊ ဘရန႔္တ္ဖို႔ဒ္တို႔ကို အႏိုင္ယူၿပီး ၉ မွတ္ ရယူဖို႔ ခက္ခဲတဲ့ရက္သတၱပတ္ျဖစ္ခဲ့ၿပီး အရမ္းေကာင္းမြန္တဲ့ စြမ္းေဆာင္ရည္ပါ။ ကြၽန္ေတာ္ သူတို႔ကို လြန္ခဲ့တဲ့ ၃ ပတ္ေလာက္က ထိပ္ဆုံး ၄ ေနရာထဲ မထည့္ခဲ့ဘဲ မန္ခ်က္စတာယူႏိုက္တက္နဲ႔ပြဲအၿပီးမွာေတာင္မွပဲ သူတို႔ေတြ အခု ခက္ခဲတဲ့ ဝက္စ္ဟမ္း၊ ဘရန႔္တ္ဖို႔ဒ္နဲ႔ အက္စတန္ ဗီလာတို႔နဲ႔ အေဝးကြင္းပြဲေတြ ကစားရၿပီလို႔ ေတြးခဲ့မိပါတယ္။ ခင္ဗ်ား အဲဒီပြဲေတြမွာ ရမွတ္ ေလ်ာ့က်နိင္ၿပီး အဲဒါက စပါးစ္နဲ႔ လီဗာပူးလ္တို႔ကို အခြင့္အေရးေပးမိပါလိမ့္မယ္။ ဒါေပမယ့္ အခု သူတို႔ကို ၾကည့္လိုက္ပါ။ မန္ခ်က္စတာယူႏိုက္တက္နဲ႔ပြဲမွာ သူတို႔ကို အနီးကပ္ၾကည့္လိုက္ေတာ့ သူတို႔ေတြက လုံးဝကို ေကာင္းမြန္ခဲ့တယ္လို႔ ထင္ခဲ့မိပါတယ္။ သူတို႔ေတြ အခု ထိပ္ဆုံး ၄ ေနရာထဲမွာ ရာသီၿပီးဆုံးလိမ့္မယ္လို႔ ကြၽန္ေတာ္ ထင္ပါတယ္။ ဘာလို႔လဲဆိုေတာ့ သူတို႔ရဲ႕ ယုံၾကည္ခ်က္က အရမ္းျမင့္မားေနမွာမို႔လို႔ပါ”

“မန္ခ်က္စတာယူႏိုက္တက္က နယူးကာဆယ္နဲ႔ပြဲမွာ တကယ္ကို ဆိုး႐ြားခဲ့တယ္လို႔ ကြၽန္ေတာ္ ထင္ခဲ့မိတယ္။ ဒါေပမယ့္ အဲရစ္ တန္ဟက္လက္ေအာက္ ဒီအသင္းနဲ႔ပတ္သက္ၿပီး ကြၽန္ေတာ္ျမင္ခဲ့တာက သူတို႔ေတြ တုံ႔ျပန္လိမ့္မယ္။ သူတို႔ေတြ ျပန္လာလိမ့္မယ္ဆိုတာပါ။ သူတို႔ေတြ အဲဗာတန္နဲ႔ပြဲမွာ လႊမ္းမိုးႏိုင္ခဲ့ေပမယ့္ ဘရန႔္တ္ဖို႔ဒ္ကို အႏိုင္ယူဖို႔က တကယ္ကို အေရးပါခဲ့တယ္။ အဲဒီအပတ္ကေန ၆ မွတ္ရခဲ့တာက အခုေတာ့ အရမ္းဆိုးတဲ့ပုံမေပၚေတာ့ပါဘူး။ သူတို႔ေတြ တုံ႔ျပန္ၿပီး ျပန္လာခဲ့တာက ခ်န္ပီယံလိဂ္ဝင္ခြင့္ေနရာေတြမွာ သူတို႔ေတြ ရာသီၿပီးဆုံးမယ္ဆိုတဲ့ အဓိပၸာယ္ပါ။ စပါးစ္ကေတာ့ ဘ႐ိုက္တန္နဲ႔ပြဲမွာ ေတာ္ေတာ္ေလး ကံေကာင္းခဲ့တာပါ။ ဒါေပမယ့္ အဲဒါက သူတို႔ကို အခြင့္အေရး ေပးခဲ့ၿပီး သူတို႔လည္း ထိပ္ဆုံး ၄ ေနရာၿပိဳင္ပြဲထဲမွာ ရွိေနဆဲပါ”လို႔ ေျပာၾကားခဲ့ပါတယ္။

REF: INTERNET SOURCES
PHOTOS CREDIT TO OWNERS
SPORTS A2Z.