Premier League

အာဆင်နယ်ကို သရေ ၁ မှတ်ရတာတောင် ပျော်သင့်တယ်လို့ ပြောခဲ့တဲ့ ကလော့ပ်

လီဗာပူးလ်နည်းပြ ယာဂန် ကလော့ပ်က တနင်္ဂနွေနေ့ အန်းဖီးမှာ ၎င်းရဲ့အသင်းက ၂-၀ နဲ့ ရှုံးနိမ့်နေရာကနေ ၂-၂ နဲ့ သရေရလဒ်ရရှိအောင် ချေပဂိုးတွေ လိုက်သွင်းခဲ့တာ မြင်တွေ့ခဲ့ရပြီးနောက် အာဆင်နယ်အနေနဲ့ သရေ ၁ မှတ်ရတာကို ပိုပြီး ပျော်ရွှင်ခဲ့သင့်တယ်လို့ ပြောကြားခဲ့ပါတယ်။

အာတီတာရဲ့အသင်းဟာ ပထမပိုင်း မိနစ် ၃၀ အတွင်းမှာပဲ မာတီနယ်လီ၊ ဂျေဆူးစ်တို့ရဲ့ သွင်းဂိုးတွေကြောင့် ဦးဆောင်နိုင်ခဲ့ပေမယ့်လည်း လီဗာပူးလ်အသင်းက ပထမပိုင်းမပြီးခင်မှာပဲ ဆာလားရဲ့ ချေပဂိုးနဲ့ တုံ့ပြန်နိုင်ခဲ့တာဖြစ်ပါတယ်။

ဒုတိယပိုင်းအစောပိုင်းမှာ ဆာလား ပင်နယ်တီ လွဲချော်ခဲ့ပေမယ့်လည်း လီဗာပူးလ်အသင်းက ချေပဂိုးအတွက် ဆက်လက် တွန်းအားပေးခဲ့ပြီး နောက်ဆုံးမှာတော့ လူစားဝင်ကစားပေးခဲ့တဲ့ ဖာမီနိုက ၈၇ မိနစ်မှာ ခေါင်းတိုက်ပြီး ချေပဂိုးကို သွင်းယူပေးသွားခဲ့တာဖြစ်ပါတယ်။

လီဗာပူးလ်အသင်းဟာ နောက်ကျ ဦးဆောင်ဂိုး ရရှိအောင် အရှိန်အဟုန်ပြင်းပြင်းနဲ့ ဆက်လက် ထိုးဖောက်တိုက်စစ်ဆင်ခဲ့ပြီး ဆာလားနဲ့ ကိုနာတီတို့ နာကျင်အချိန်ပိုမှာ ကြီးမားတဲ့အခွင့်အရေးတွေ ရရှိခဲ့ပေမယ့်လည်း ၂ ကြိမ်စလုံးကို ရမ်းစ်ဒေးလ်က အံ့အားသင့်ဖွယ် ကာကွယ်ခဲ့တာဖြစ်ပါတယ်။

အန်းဖီးက ပွဲစဉ်အပြီးမှာ ကလော့ပ်က ၎င်းရဲ့အသင်းအနေနဲ့ ပွဲကစားချိန်အများစုကို နောက်ကနေ လိုက်ကစားခဲ့ရပေမယ့်လည်း အနိုင်ရရှိခဲ့သင့်တယ်လို့ ပြောကြားခဲ့တာဖြစ်ပါတယ်။

“ဒီရာသီမှာ ကျွန်တော်တို့အတွက် နည်းနည်း ပုံမှန်ဖြစ်နေပါပြီ။ ပွင့်နေတဲ့ပွဲစဉ်၊ လုံးဝကို ပွင့်နေတယ်။ သူတို့တွေ ပထမဆုံး အခြေအနေမှာပဲ ဂိုးသွင်းခဲ့ပြီး ဒုတိယဂိုးကို သွင်းသွားခဲ့တယ်။ ကျွန်တော်တို့ တုံ့ပြန်မှုက ကောင်းခဲ့တယ်။ အဆုံးမှာတော့ ထူးခြားဆန်းကြယ်တဲ့ပွဲဖြစ်ခဲ့တယ်”

“ကျွန်တော်တို့ ဒီလို နောက်ကျအခွင့်အရေးတွေနဲ့ ဘယ်လိုဖြစ်ပြီး အနိုင်မရခဲ့တာလဲ မသိပါဘူး။ ကျွန်တော် ပျော်တာနဲ့ မပျော်တာရဲ့ ကြားထဲမှာ ဖြစ်နေတယ်။ ကျွန်တော် သရေနဲ့ပတ်သက်ပြီး ပြဿနာမရှိပါဘူး။ အာဆင်နယ်က ကောင်းမွန်ခဲ့ပေမယ့် သူတို့တွေ ဒီပွဲကို ရှုံးသွားနိုင်ခဲ့တယ်။ ရှုံးခဲ့သင့်တယ်။ သူတို့အတွက် တစ်မှတ်က ပိုပြီးကောင်းပါတယ်”လို့ ပြောကြားခဲ့ပါတယ်။

REF: INTERNET SOURCES
PHOTOS CREDIT TO OWNERS
SPORTS A2Z.

ZAWGYI: လီဗာပူးလ္နည္းျပ ယာဂန္ ကေလာ့ပ္က တနဂၤေႏြေန႔ အန္းဖီးမွာ ၎ရဲ႕အသင္းက ၂-၀ နဲ႔ ရႈံးနိမ့္ေနရာကေန ၂-၂ နဲ႔ သေရရလဒ္ရရွိေအာင္ ေခ်ပဂိုးေတြ လိုက္သြင္းခဲ့တာ ျမင္ေတြ႕ခဲ့ရၿပီးေနာက္ အာဆင္နယ္အေနနဲ႔ သေရ ၁ မွတ္ရတာကို ပိုၿပီး ေပ်ာ္႐ႊင္ခဲ့သင့္တယ္လို႔ ေျပာၾကားခဲ့ပါတယ္။

အာတီတာရဲ႕အသင္းဟာ ပထမပိုင္း မိနစ္ ၃၀ အတြင္းမွာပဲ မာတီနယ္လီ၊ ေဂ်ဆူးစ္တို႔ရဲ႕ သြင္းဂိုးေတြေၾကာင့္ ဦးေဆာင္ႏိုင္ခဲ့ေပမယ့္လည္း လီဗာပူးလ္အသင္းက ပထမပိုင္းမၿပီးခင္မွာပဲ ဆာလားရဲ႕ ေခ်ပဂိုးနဲ႔ တုံ႔ျပန္ႏိုင္ခဲ့တာျဖစ္ပါတယ္။

ဒုတိယပိုင္းအေစာပိုင္းမွာ ဆာလား ပင္နယ္တီ လြဲေခ်ာ္ခဲ့ေပမယ့္လည္း လီဗာပူးလ္အသင္းက ေခ်ပဂိုးအတြက္ ဆက္လက္ တြန္းအားေပးခဲ့ၿပီး ေနာက္ဆုံးမွာေတာ့ လူစားဝင္ကစားေပးခဲ့တဲ့ ဖာမီႏိုက ၈၇ မိနစ္မွာ ေခါင္းတိုက္ၿပီး ေခ်ပဂိုးကို သြင္းယူေပးသြားခဲ့တာျဖစ္ပါတယ္။

လီဗာပူးလ္အသင္းဟာ ေနာက္က် ဦးေဆာင္ဂိုး ရရွိေအာင္ အရွိန္အဟုန္ျပင္းျပင္းနဲ႔ ဆက္လက္ ထိုးေဖာက္တိုက္စစ္ဆင္ခဲ့ၿပီး ဆာလားနဲ႔ ကိုနာတီတို႔ နာက်င္အခ်ိန္ပိုမွာ ႀကီးမားတဲ့အခြင့္အေရးေတြ ရရွိခဲ့ေပမယ့္လည္း ၂ ႀကိမ္စလုံးကို ရမ္းစ္ေဒးလ္က အံ့အားသင့္ဖြယ္ ကာကြယ္ခဲ့တာျဖစ္ပါတယ္။

အန္းဖီးက ပြဲစဥ္အၿပီးမွာ ကေလာ့ပ္က ၎ရဲ႕အသင္းအေနနဲ႔ ပြဲကစားခ်ိန္အမ်ားစုကို ေနာက္ကေန လိုက္ကစားခဲ့ရေပမယ့္လည္း အႏိုင္ရရွိခဲ့သင့္တယ္လို႔ ေျပာၾကားခဲ့တာျဖစ္ပါတယ္။

“ဒီရာသီမွာ ကြၽန္ေတာ္တို႔အတြက္ နည္းနည္း ပုံမွန္ျဖစ္ေနပါၿပီ။ ပြင့္ေနတဲ့ပြဲစဥ္၊ လုံးဝကို ပြင့္ေနတယ္။ သူတို႔ေတြ ပထမဆုံး အေျခအေနမွာပဲ ဂိုးသြင္းခဲ့ၿပီး ဒုတိယဂိုးကို သြင္းသြားခဲ့တယ္။ ကြၽန္ေတာ္တို႔ တုံ႔ျပန္မႈက ေကာင္းခဲ့တယ္။ အဆုံးမွာေတာ့ ထူးျခားဆန္းၾကယ္တဲ့ပြဲျဖစ္ခဲ့တယ္”

“ကြၽန္ေတာ္တို႔ ဒီလို ေနာက္က်အခြင့္အေရးေတြနဲ႔ ဘယ္လိုျဖစ္ၿပီး အႏိုင္မရခဲ့တာလဲ မသိပါဘူး။ ကြၽန္ေတာ္ ေပ်ာ္တာနဲ႔ မေပ်ာ္တာရဲ႕ ၾကားထဲမွာ ျဖစ္ေနတယ္။ ကြၽန္ေတာ္ သေရနဲ႔ပတ္သက္ၿပီး ျပႆနာမရွိပါဘူး။ အာဆင္နယ္က ေကာင္းမြန္ခဲ့ေပမယ့္ သူတို႔ေတြ ဒီပြဲကို ရႈံးသြားႏိုင္ခဲ့တယ္။ ရႈံးခဲ့သင့္တယ္။ သူတို႔အတြက္ တစ္မွတ္က ပိုၿပီးေကာင္းပါတယ္”လို႔ ေျပာၾကားခဲ့ပါတယ္။

REF: INTERNET SOURCES
PHOTOS CREDIT TO OWNERS
SPORTS A2Z.