Premier League Transfer News

ေနာက္ဆုံးရ အာဆင္နယ္သတင္းမ်ား စုစည္းမွဳ – ၄.၁၀.၂၀၂၀

– အာဆင္နယ္အသင္းအေနနဲ႔ လီယြန္ဘက္ ဆက္မေဆြးေႏြးေတာ့ဘူးလို႔ ဆုိခဲ့အၿပီးမွာ ဟူဆင္းမ္ ေအာဝါကို ေခၚယူဖို႔ မျဖစ္ႏုိင္ေတာ့ဘဲ ေနာက္လွည့္ျပန္ခဲ့ရတဲ့အေပၚ ပရိသတ္ေတြက ေဒါသထြက္ေနၾကၿပီး အေျပာင္းအေရႊ႕ပိတ္ခါနီးအထိ ေႏွာင့္ေႏွးေနခဲ့တာကို ျပစ္တင္ေနၾက။

– အသင္းအေနနဲ႔ ကစားသမား အေရာင္းပုိင္းမွာလည္း ညံ့ဖ်င္းခဲ့တာျဖစ္ၿပီး ရွကိုဒရန္ မူစတာဖီ၊ ဆိုကရာတစ္ ပါပါစတာသိုပူးေလာ့စ္၊ ဆိဒ္ ကိုလာစီနက္ခ်္တုိ႔ကို လက္ရွိအခ်ိန္အထိ မေရာင္းခ်ႏုိင္ေသးသလို ေတာ္ရဲရားအတြက္လည္း အငွားနဲ႔သာ ထြက္ခြာေစခဲ့ရတာကေတာ့ ေဈးကြက္ထဲမွာ မဝင္ဆန္႔မွဳကို ျပသေန။

– ေနာက္ဆုံးမွာေတာ့ နည္းျပ မီခယ္လ္ အာတီတာနဲ႔ အာဆင္နယ္ အေျပာင္းအေရႊ႕အဖြဲ႕အေနနဲ႔ လူႀကဳိက္မမ်ားတဲ့ ကစားသမားျဖစ္တဲ့ ခ်ဲလ္ဆီးရဲ႕ ေဂ်ာ္ဂ်င္ညဳိကိုပဲ ႀကဳိးစားသြားဖြယ္ရွိေနၿပီး ေနာက္ထပ္ Panic Buy ေတြကို ေစာင့္ၾကည့္ရဖို႔ ရွိလာ။

– လူငယ္ေနာက္ခံလူ ဝီလီယမ္ ဆာလီဘာကို အငွားခ်ႏုိင္တဲ့ သေဘာမ်ဳိး အရိပ္အျမြက္ဆုိထားတဲ့ အာတီတာရဲ႕ စကားေၾကာင့္ ျပင္သစ္ ကလပ္ေတြအျပင္ ပရီးမီးယားလိဂ္အသင္းေတြျဖစ္တဲ့ ဖူလ္ဟမ္နဲ႔ လိဒ္စ္ယူႏိုက္တက္တုိ႔က ေခၚယူဖို႔ စိတ္ဝင္စားေန။

– အာဆင္နယ္အသင္းအေနနဲ႔ ေအာဝါကို မရႏိုင္ရင္ အက္သလက္တီကိုရဲ႕ ေသာမတ္စ္ ပါေတးကိုသာ ရေအာင္ ေခၚယူသင့္ေၾကာင္းနဲ႔ တကယ္တမ္းလိုအပ္ေနတာဟာ သူ႕လိုမ်ဳိး ခံစစ္အရည္အေသြးေကာင္းရွိသူျဖစ္လို႔ အေျပာင္းအေရႊ႕မပိတ္ခင္ အျမန္ဆုံးျဖတ္ဖို႔ လီဗာပူးလ္ ကစားသမားေဟာင္း ဂၽြန္ဘန္းစ္တုိက္တြန္း။

– ဗီလာရီးရဲလ္နဲ႔ပြဲမွာ ထိခ်က္အႀကိမ္ေရ ၁၁၀ အထိ ရွိခဲ့တဲ့ ေသာမတ္စ္ ပါေတးကို ေခၚယူေပးဖို႔ အာဆင္နယ္ပရိသတ္ေတြ ေတာင္းဆိုေနၾကၿပီး အသင္းအတြက္ တစ္ခုတည္းေသာ ေမွ်ာ္လင့္ခ်က္အျဖစ္ ရွဳျမင္ေနၾက။

– အာဆင္နယ္အသင္းအေနနဲ႔ အေျပာင္းအေရႊ႕ေဈးကြက္ထဲမွာ ကစားသမားေတြကိုေတာ့ ေရာင္းခ်သြားမွာျဖစ္ၿပီး ေလဗာကူဆင္နဲ႔ ကိုလာစီနက္ခ်္အတြက္ ညႇိႏွဳိင္းေနခဲ့သလို မူစတာဖီနဲ႔ ဆုိကရာတစ္တုိ႔ကိုလည္း အခ်ိန္မီ ေျပာင္းေရႊ႕မွဳလုပ္ေဆာင္ႏုိင္ဖို႔ ႀကဳိးစားေန။

REF: INTERNET SOURCES
PHOTOS CREDIT TO OWNERS
SPORTS A2Z.

UNICODE:

– အာဆင်နယ်အသင်းအနေနဲ့ လီယွန်ဘက် ဆက်မဆွေးနွေးတော့ဘူးလို့ ဆိုခဲ့အပြီးမှာ ဟူဆင်းမ် အောဝါကို ခေါ်ယူဖို့ မဖြစ်နိုင်တော့ဘဲ နောက်လှည့်ပြန်ခဲ့ရတဲ့အပေါ် ပရိသတ်တွေက ဒေါသထွက်နေကြပြီး အပြောင်းအရွှေ့ပိတ်ခါနီးအထိ နှောင့်နှေးနေခဲ့တာကို ပြစ်တင်နေကြ။

– အသင်းအနေနဲ့ ကစားသမား အရောင်းပိုင်းမှာလည်း ညံ့ဖျင်းခဲ့တာဖြစ်ပြီး ရှကိုဒရန် မူစတာဖီ၊ ဆိုကရာတစ် ပါပါစတာသိုပူးလော့စ်၊ ဆိဒ် ကိုလာစီနက်ချ်တို့ကို လက်ရှိအချိန်အထိ မရောင်းချနိုင်သေးသလို တော်ရဲရားအတွက်လည်း အငှားနဲ့သာ ထွက်ခွာစေခဲ့ရတာကတော့ ဈေးကွက်ထဲမှာ မဝင်ဆန့်မှုကို ပြသနေ။

– နောက်ဆုံးမှာတော့ နည်းပြ မီခယ်လ် အာတီတာနဲ့ အာဆင်နယ် အပြောင်းအရွှေ့အဖွဲ့အနေနဲ့ လူကြိုက်မများတဲ့ ကစားသမားဖြစ်တဲ့ ချဲလ်ဆီးရဲ့ ဂျော်ဂျင်ညိုကိုပဲ ကြိုးစားသွားဖွယ်ရှိနေပြီး နောက်ထပ် Panic Buy တွေကို စောင့်ကြည့်ရဖို့ ရှိလာ။

– လူငယ်နောက်ခံလူ ဝီလီယမ် ဆာလီဘာကို အငှားချနိုင်တဲ့ သဘောမျိုး အရိပ်အမြွက်ဆိုထားတဲ့ အာတီတာရဲ့ စကားကြောင့် ပြင်သစ် ကလပ်တွေအပြင် ပရီးမီးယားလိဂ်အသင်းတွေဖြစ်တဲ့ ဖူလ်ဟမ်နဲ့ လိဒ်စ်ယူနိုက်တက်တို့က ခေါ်ယူဖို့ စိတ်ဝင်စားနေ။

– အာဆင်နယ်အသင်းအနေနဲ့ အောဝါကို မရနိုင်ရင် အက်သလက်တီကိုရဲ့ သောမတ်စ် ပါတေးကိုသာ ရအောင် ခေါ်ယူသင့်ကြောင်းနဲ့ တကယ်တမ်းလိုအပ်နေတာဟာ သူ့လိုမျိုး ခံစစ်အရည်အသွေးကောင်းရှိသူဖြစ်လို့ အပြောင်းအရွှေ့မပိတ်ခင် အမြန်ဆုံးဖြတ်ဖို့ လီဗာပူးလ် ကစားသမားဟောင်း ဂျွန်ဘန်းစ်တိုက်တွန်း။

– ဗီလာရီးရဲလ်နဲ့ပွဲမှာ ထိချက်အကြိမ်ရေ ၁၁၀ အထိ ရှိခဲ့တဲ့ သောမတ်စ် ပါတေးကို ခေါ်ယူပေးဖို့ အာဆင်နယ်ပရိသတ်တွေ တောင်းဆိုနေကြပြီး အသင်းအတွက် တစ်ခုတည်းသော မျှော်လင့်ချက်အဖြစ် ရှုမြင်နေကြ။

– အာဆင်နယ်အသင်းအနေနဲ့ အပြောင်းအရွှေ့ဈေးကွက်ထဲမှာ ကစားသမားတွေကိုတော့ ရောင်းချသွားမှာဖြစ်ပြီး လေဗာကူဆင်နဲ့ ကိုလာစီနက်ချ်အတွက် ညှိနှိုင်းနေခဲ့သလို မူစတာဖီနဲ့ ဆိုကရာတစ်တို့ကိုလည်း အချိန်မီ ပြောင်းရွှေ့မှုလုပ်ဆောင်နိုင်ဖို့ ကြိုးစားနေ။

REF: INTERNET SOURCES
PHOTOS CREDIT TO OWNERS
SPORTS A2Z.