Ligue1

အဓိကအချက် ၂ ချက်ညှိမရဖြစ်နေတဲ့ ပီအက်စ်ဂျီနဲ့ မက်ဆီ

လီယွန်နယ် မက်ဆီနဲ့ ပီအက်စ်ဂျီအသင်းတို့ဟာ စာချုပ်သစ် ချုပ်ဆိုဖို့အတွက် ဆွေးနွေးရာမှာ အဓိကအချက် ၂ ချက်အပေါ်မှာ သဘောမတူဖြစ်နေကြတယ်လို့ Le Parisien သတင်းထောက် ဒေါမနစ် ဆဗဲရက်ရဲ့ ပြောကြားချက်အရ သိရပါတယ်။

အာဂျင်တီးနားကြယ်ပွင့်တိုက်စစ်မှူးရဲ့ လီဂူးဝမ်းချန်ပီယံတွေနဲ့ ချုပ်ဆိုထားတဲ့ စာချုပ်သက်တမ်းဟာ ယခုရာသီကုန်မှာ ကုန်ဆုံးတော့မှာဖြစ်ပြီး ပီအက်စ်ဂျီအသင်းဟာ လီယွန်နယ် မက်ဆီကို စာချုပ်သစ် ချုပ်ဆိုချင်တဲ့ဆန္ဒကို လျှို့ဝှက်ထားခြင်းမရှိခဲ့တာဖြစ်ပါတယ်။

မက်ဆီဟာ ဇန်နဝါရီလတုန်းက ပီအက်စ်ဂျီအသင်းနဲ့ စာချုပ်သက်တမ်းတိုးဖို့ သဘောတူညီမှု ရရှိခဲ့တယ်လို့ သတင်းတွေက ဖော်ပြခဲ့ပေမယ့်လည်း ဘလွန်ဒေါ ၇ ဆုရှင်ဟာ ပဲရစ်ကို စွန့်ခွာဖို့ ကြိုးပမ်းနေပြီလို့ L’Equipe က ဖော်ပြခဲ့ပါတယ်။

L’Equipe du Soir ကို စကားပြောရာမှာ ဆဗဲရက်က ဘာကြောင့် လီယွန်နယ် မက်ဆီနဲ့ ပီအက်စ်ဂျီတို့ကြားက စာချုပ်သစ်အတွက် ဆွေးနွေးမှုဟာ မှန်ကန်တဲ့ဦးတည်ချက်အတိုင်း တိုးတက်လာခြင်းမရှိရတဲ့အကြောင်းအရင်းကို အတွင်းကျကျ ပြောပြခဲ့ပြီး အာဂျင်တီးနားကြယ်ပွင့်က လီဂူးဝမ်းချန်ပီယံတွေနဲ့ အဓိကအချက် ၂ ချက်အပေါ်မှာ သဘောမတူဖြစ်နေကြတယ်လို့ ထုတ်ဖော်ပြောကြားခဲ့ပါတယ်။

မက်ဆီက ၂ နှစ်စာချုပ် ချုပ်ဆိုချင်နေတာဖြစ်ပေမယ့်လည်း ပီအက်စ်ဂျီအသင်းက တစ်နှစ်စာချုပ်သာ ကမ်းလှမ်းခဲ့ပြီး နောက်တစ်ချက်အနေနဲ့ နှစ်ဖက်စလုံးက လစာနဲ့ပတ်သက်ပြီး သဘောမတူညီကြဘူးလို့ သိရပါတယ်။

ပီအက်စ်ဂျီအသင်းသာ ဒီပြဿနာကို ပြေလည်အောင် မဖြေရှင်းနိုင်ဘူးဆိုရင် လီယွန်နယ် မက်ဆီက ပဲရစ်ကို စွန့်ခွာတော့မှာဖြစ်ပြီး အသင်းဟောင်း ဘာစီလိုနာ၊ မေဂျာလိဂ်နဲ့ ဆော်ဒီ ပရိုလိဂ်တို့ကို ပြောင်းရွှေ့ဖို့ သတင်းတွေ ထွက်ပေါ်နေတာဖြစ်ပါတယ်။

REF: INTERNET SOURCES
PHOTOS CREDIT TO OWNERS
SPORTS A2Z.

ZAWGYI: လီယြန္နယ္ မက္ဆီနဲ႔ ပီအက္စ္ဂ်ီအသင္းတို႔ဟာ စာခ်ဳပ္သစ္ ခ်ဳပ္ဆိုဖို႔အတြက္ ေဆြးေႏြးရာမွာ အဓိကအခ်က္ ၂ ခ်က္အေပၚမွာ သေဘာမတူျဖစ္ေနၾကတယ္လို႔ Le Parisien သတင္းေထာက္ ေဒါမနစ္ ဆဗဲရက္ရဲ႕ ေျပာၾကားခ်က္အရ သိရပါတယ္။

အာဂ်င္တီးနားၾကယ္ပြင့္တိုက္စစ္မႉးရဲ႕ လီဂူးဝမ္းခ်န္ပီယံေတြနဲ႔ ခ်ဳပ္ဆိုထားတဲ့ စာခ်ဳပ္သက္တမ္းဟာ ယခုရာသီကုန္မွာ ကုန္ဆုံးေတာ့မွာျဖစ္ၿပီး ပီအက္စ္ဂ်ီအသင္းဟာ လီယြန္နယ္ မက္ဆီကို စာခ်ဳပ္သစ္ ခ်ဳပ္ဆိုခ်င္တဲ့ဆႏၵကို လွ်ိဳ႕ဝွက္ထားျခင္းမရွိခဲ့တာျဖစ္ပါတယ္။

မက္ဆီဟာ ဇန္နဝါရီလတုန္းက ပီအက္စ္ဂ်ီအသင္းနဲ႔ စာခ်ဳပ္သက္တမ္းတိုးဖို႔ သေဘာတူညီမႈ ရရွိခဲ့တယ္လို႔ သတင္းေတြက ေဖာ္ျပခဲ့ေပမယ့္လည္း ဘလြန္ေဒါ ၇ ဆုရွင္ဟာ ပဲရစ္ကို စြန႔္ခြာဖို႔ ႀကိဳးပမ္းေနၿပီလို႔ L’Equipe က ေဖာ္ျပခဲ့ပါတယ္။

L’Equipe du Soir ကို စကားေျပာရာမွာ ဆဗဲရက္က ဘာေၾကာင့္ လီယြန္နယ္ မက္ဆီနဲ႔ ပီအက္စ္ဂ်ီတို႔ၾကားက စာခ်ဳပ္သစ္အတြက္ ေဆြးေႏြးမႈဟာ မွန္ကန္တဲ့ဦးတည္ခ်က္အတိုင္း တိုးတက္လာျခင္းမရွိရတဲ့အေၾကာင္းအရင္းကို အတြင္းက်က် ေျပာျပခဲ့ၿပီး အာဂ်င္တီးနားၾကယ္ပြင့္က လီဂူးဝမ္းခ်န္ပီယံေတြနဲ႔ အဓိကအခ်က္ ၂ ခ်က္အေပၚမွာ သေဘာမတူျဖစ္ေနၾကတယ္လို႔ ထုတ္ေဖာ္ေျပာၾကားခဲ့ပါတယ္။

မက္ဆီက ၂ ႏွစ္စာခ်ဳပ္ ခ်ဳပ္ဆိုခ်င္ေနတာျဖစ္ေပမယ့္လည္း ပီအက္စ္ဂ်ီအသင္းက တစ္ႏွစ္စာခ်ဳပ္သာ ကမ္းလွမ္းခဲ့ၿပီး ေနာက္တစ္ခ်က္အေနနဲ႔ ႏွစ္ဖက္စလုံးက လစာနဲ႔ပတ္သက္ၿပီး သေဘာမတူညီၾကဘူးလို႔ သိရပါတယ္။

ပီအက္စ္ဂ်ီအသင္းသာ ဒီျပႆနာကို ေျပလည္ေအာင္ မေျဖရွင္းႏိုင္ဘူးဆိုရင္ လီယြန္နယ္ မက္ဆီက ပဲရစ္ကို စြန႔္ခြာေတာ့မွာျဖစ္ၿပီး အသင္းေဟာင္း ဘာစီလိုနာ၊ ေမဂ်ာလိဂ္နဲ႔ ေဆာ္ဒီ ပ႐ိုလိဂ္တို႔ကို ေျပာင္းေ႐ႊ႕ဖို႔ သတင္းေတြ ထြက္ေပၚေနတာျဖစ္ပါတယ္။

REF: INTERNET SOURCES
PHOTOS CREDIT TO OWNERS
SPORTS A2Z.